This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

Wednesday, August 12, 2009

ဘုရားဟူသည် အပြစ်လွတ်ပိုင်ပါသလော?

ယနေ့၌ကားအဘယ်အကြောင်းကို ဆွေးနွေးတင်ပြလိုပါသလည်းဟူ၍ဆိုရပါက၊ ဘုရားရှင်သည် လူသားတို့အားအပြစ်လွှတ်နိုင်ခြင်းရှိ၊ မရှိကို ဆွေးနွေးအကြံပြုတင်ပြလိုပါတယ်။ လောကမှာ လူရယ်လို့ဖြစ်လာသည်နှင့်အမျ၊ အဖြူ အမဲ မခွဲခြား၊ မွေးရာနာမ်အသိစိတ်ကြောင့် ဘုရားကိုရှာကြံ မှီဝဲဆည်းကပ်ကြတာဓမ္မတာ တခုလိုပါပဲ၊ သို့သော် အချို့ သည်ကား ဘုရားဆိုသောအရှင် ကိုမိမိ၏ထင်မြင်ရာအတိုင်းသာ ပုံသွင်းပြုပြင်ကိုးကွယ်လိုကြပြီး၊ အကယ်၍ မိမိတို့၏ ရိုးရာ ဓလေ့ထုံးတမ်းတို့ဖြင့် မကိုက်ညီဟူ၍ ယူဆသောအခါ၊ ဘုရားကို ဘုရားသို့မမြင်၊ တရားကိုလည်း တရားသို့မမြင် ရှိကြသည်သာမက၊ အခြားသူများအားလည်း၊ မိမိတို့နည်းတူဖြစ်ရန်အရေး အစွမ်းကုန်ကြိုးစား အားထုတ်ကြကာ၊ ဗုဒ္ဓစာရေ ဘေးလည်းမမြင်၊ ဓမ္မစာရေ ဘေးလည်းမမြင်နိုင်ရှိကြလေသည်တကား ။ လက်တွေ့ အားလုံးသော ဓမ္မမိတ်ဆွေတို့ အမြင်ရှင်းကြည်လင်ရန် အရေးမီးမောင်းထိုးပြလိုသည်ကား ၊ ၊ ဘုရားဟူသည် လူသားတို့၏အပြစ်ကို လွှတ်ပိုင်ခွင့်ရှိသည် မရှိသည်ကို ဆွေးနွေးတင်ပြလိုပါသည်…….. သို့သော်ငြားလည်း အရိုးစွဲနေသော ကျွနုပ်တို့မြန်မာဓလေ့ထုံးနှင့်အညီ၊ ပုဂ္ဂိုလ်ခင်မှ တရားမင်ဆိုသည့်အတိုင်း၊ ဓမ္မဆောင်ပုဒ်တခုအားဖြင့်ဦးစွာ အတည်ပြုနိုင်ရန်အရေးမို့ …… ပါဠိပါတ်သားလေးကို ကြည့်ကြပါဆို့ ။သြကာသ သြကာသ၊ ကာယကံ၊ ၀စီကံ၊ မနောကံ၊ သပ္ပဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အလို့ငှါ၊ ပဌမ၊ ဒုတိယ၊ တတိယ၊ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်စုံမိုး၍ရှိခိုးပူဇော် ဖူးမြော်မန်လျှော့ ရှိခိုးကန်တော့ပါ၏ဘုရား။
အမှန်ဧကန်၊ ကိုယ်ဖြစ်ကိုခံ၊ အတ္တာဟိအတ္တနောနာထော၊ မိမိကိုသာမိမိကိုးစားရာ ဆိုပါက အဘယ်သူသည် ဘုရား၊ တရား၊ သံဃာဟူသော ထိုရတနာမြတ်သုံးပါးအား လိုပါတော့အံ့နည်း။လူတိုင်း လူတိုင်းတို့၏ တမလွန်အရေးသည် တဦးချင်း တယောက်ချင်းစီ၌သာ ဆိုင်သောကြောင့်၊ အကျွတ်တရားကိုရှာရာတွင် မိမိ၏အတွင်းသဏ္ဍာန်ကိုသာကြည့်ခြင်းအးဖြင့်သာ ထိုအကျွတ်တရားလမ်းကို မျက်မှောက်ပြုကာ၊ ရရှိ၊ ရောက်ရှိနိုင်ပေမည်ဖြစ်သည်၊ အမျိုး ချစ်ခြင်းသည်ကား ကောင်းသောအရာဖြစ်လင့်ကစား၊ ဘုရားနှင့်နှိုင်းစာရန်ပြုခြင်းသည်ကား၊ လွန်စွာမိုက်မဲ လှလေစွတကား။တနည်းအားဖြင့်ဆိုရပါမူ၊အတ္တသဘောဖြင့်ပြည့်နှက်နေသောသူသည်၊ အမျိုးစွဲ၊ ဒေသစွဲ၊ အရပ်စွဲ၊ ဘာသာဓလေ့စွဲ၊ ရိုးရာတို့တွင် နစ်မှန်းမသိနစ်ဝင်ကာ၊ အ၀ိဇ္ဇာအမှောင်ထုသည်သာသနာ့ရောင်ခြည်ကိုတွေ့ခြင်းငှာဆုံးရှုံးရသည့်နည်းတူ၊ ရခဲလေစွ လုဘ၀ဟူသောစကားကို အပ်ကြောင်းထပ်အောင်သိ၍ ၊ အာပေါက်အောင် ဟောပြောခြင်း၊ကို ခံရသော်လည်း ဆင်ခြင်နိုင်စွမ်းငှာ မတတ်စွမ်းရှာတော့ပေ။
``မနုဿတ္တဘာဝေါဒုလ္လဘော´´ဆိုသောစကားကိုကြားသော်လည်းမသိ၊ဆိုသော်လည်းမာဂ်မ၀င်ဖြစ်ကာနေကြရခြင်းမှာကားအဘယ့်အတွက်ကြောင့်ပါသနည်းဟူမူကား `` သမ္မာတရားတည်းဟူသော´´ မြတ်စောရှင်၏တရားများကိုပယ်ပြီး၊ မစလာရောသော `` အမှန်တရားကို ´´ သာဗူးတလုံးဆောင်အိုတောင်မဆင်းရဲ ဆိုသောစကားပုံအတိုင်း၊ ငါ့လူမျိုး၏တရားသာအမှန်၊ ငါ့လူမျိုးတို့၏ဘုရားသာအမှန်၊ ငါတို့၏ဓလေ့ထုံးတမ်းသည်သာ စစ်စစ်စစ်ဖြင့်သာ မည်နေကြောင်း အသံကုန်ဟစ်အော်ကာ `` ကိုးစားရာဘုရားရှင်အား ´´ မိမိတို့ထင်ရာမြင်အတိုင်း `` ခိုင်းစားရာဘုရားအဖြစ်သာလိုချင်သောကြောင့် ´´ မသိကျိုးကျွန် ပြုကာ။ အစွဲတွေ တလှေလုံးအပြည့်တင်ပြီး ၊ အယူတိမ်းကာနတ်စိမ်းသို့နယ်ဖြစ်နေကြရခြင်းသာဖြစ်လေသည်။ အပြစ်လွတ်ပိုင်ခွင့်မရှိပါက အဘယ့်ကြောင့် ဘုရားရှင်အား တောင်းဆုတွေချွေ ၊ နှုတ်ဖွင့်ကာ ဘယ့်အတွက်ကြောင့်ဦးတိုက်နေရပါသနည်း။ ဗုဒ္ဓံသရဏံဂစ္ဆာမိ ဟူသောပုဒ်သည် ဘုရားအား အားကိုးရာအဖြစ် သေတပန်သက်တဆုံး ခိုလှုံကိုးစားအဖြစ်အသိအမှတ်ပြုဝန်ခံခြင်းပင်ဖြစ်သည်။့ 

သမ္မာတရားအား လိုတိုးပိုချဲ့ ပြုကအပြစ်ဖြစ်နိုင်ပါ၏လော ?


ဘုရားဟောတရားတို့သည်ကား ဧကဧကန်အမှန်သာဖြစ်သောကြောင့် ဧက၀ါစာတခွန်းသောစကားကိုသာ ဟောဖေါ် ညွန်ပြတော်မူသော ဧကောဗုဒ္ဓေါ၏စကားတော်အား အားမထားရပါက အပြောနှင့်အလုပ် မညီသော ထိုအရှင်သာကား အဘယ်မှာသာလျှင်အားကိုးရာဖြစ်ပါတော့အံနည်း။ တဖန် ငါတို့သည်ကား ဘုရားကိုသာယုံ၏ ထိုစာပေ ကျမ်းဂန်တို့ကိုကား မယုံဟူ၍ ဆိုခြေက၊ ဘုရားကားဧကဧကန် အပ္ပမေယျ အရှင်ဖြစ်သော်လည်း သူ၏စကားတော်ကား သုံးခွက်တခွက်တင်သာယုံရပေမည် ဆိုခြေက ဆိုသောသူသည်လည်း၊ အတူတူနှင့်အနူနူ သာလျှင်ဖြစ်ပေတော့မည်တကာ။ အနန္တဘုရားရှင်မြတ်ကား ဧက၀ါစာတခွန်းသောစကားကိုသာ ဆိုလေသောကြောင့် ၎င်းကျမ်းဂန်ပါဠိတို့တွင် ဘုရားရှင်သည် ခွင့်လွှတ်နိုင်သော တန်ခိုးနှင့်ပြည့်စုံခြင်းသက်သက်သာမက၊ ခွင့်လွတ်တော်မူသော ဘုရားလည်းဖြစ်ပါပေသည်။ သို့မဟုတ်ပါက `` သြကာသ ´´ ဟူသော ဘုရားရှင်၏ စကားတော်တို့သည်ကား၊ အဘယ်မှရောက်လာ၍၊ အဘယ်သူသည် ``လူသားတို့၏ အကျိုးစီးပွားဆုတ်ယုတ်စေရေးအတွက်´´ ပြုခဲ့ပါလသနည်း။
ယခုမူကား မြန်မာနိုင်ငံတော်တွင် အထင်ကြီးလေးစား နေသော ဓမ္မရေးရာအချို့ကောက်နှုတ်ပြလိုသည်မှာ …..
`` ဘုရားဟောဒေသနာအတိုင်းမဟုတ်ဘဲ ချပ်လှန်၍၎င်း၊ အပိုများထည့်သွင်း၍၎င်း၊ အမှန်အတိုင်းမဟုတ်ဘဲ အမှားတို့ကိုဟောမိသော ဓမ္မကထိကတို့အား၎င်း၊ ရဟန်းတို့အား၎င်း၊ စာရေးဆရာအား၎င်း သံသရာတွင် အပြစ်ရှိ၊ မရှိ ဖြေကြားပါ ´´ ရန်တောင်းဆိုသော၊ အရှင်ဇာနေယျ၊ မင်္ဂလာစမ်းကျောင်း၊ နတ်စင်ကုန်းတောင်ပိုင်း၊ ကော့မူးမြိုနယ်၏ အမေးကို ဖြေကြားသော ဟံသာသီရိ ၏ စကားသည် လေသက်သက်သာမဟုတ်၊ ကျမ်းကိုး ကျမ်းကား နှင့်တကွမို့ ဘုရားရှင်၏တရားတော်အားလိုတမျိုး၊ မလိုတမျိုးလုပ်ခြင်းသည် အဘယ်မျ အပြစ်ကြီးကြောင်းကို သိသာစေနိုင်ရန် အရေးဖေါ်ပြလိုက်ပါသည်၊`` ရဟန်းတို့ငါဘုရား မဟောထားတဲ့ တရားတခုခုကိ ငါဘုရား အဟောလုပ်တဲ့ရဟန်း၊ ငါဟောထားတဲ့ တရားတခုခုကို ငါဟောထားတာမဟုတ်ဘူးလို့ဆိုတဲ့ရဟန်း၊ ငါပညာတ်မထားတဲ့ သိက္ခာပုဒ်ကို ငါပညာတ်ထားတာလို့ဆိုတဲ့ ရဟန်းဟာ၊ လူ နတ်များစွာတို့ အကျိုးစီးပွားမဲ့အောင်၊ ဆင်းရဲဒုက္ခရောက်အောင်ကျင့်သူ၊ သူကိုယ်တိုင်အတွက်လည်း မကောင်းမူများစွာတို့ကို ပွားများသူ၊ သာသနာတော်ကို ကွယ်ကျောက်စေသူဖြစ်တယ် ´´ဟူ၍အင်္ဂုတ္ထိုရ် ပမာဒါဒိဝဂ်မှာ တိုက်ရိုက်ရှင်းရှင်း လင်းလင်းဖြင့် ဟောကြားထားကြောင်း ကိုကြည့်လျှင်၊ တရားကို မိမိလိုရာစွဲသူ၊ ဘုရားကို မိမိအထင်အမြင်ဖြင့်သာ ကိုးကွယ်သူတို့သည် အဘယ်မျကြောက်စရာကောင်းလှကြောင်း အထူပြောစရာ မလိုတော့ကြောင်းကိုတွေ့ရပါလျှက်နှင့်၊ အဘယ့်ကြောင့် ဘုရားထက် အစွဲတရားတို့ကို အားကိုးအားထားပြုနေနိုင်ကြပါလေသနည်း။ ။ဥပမာ သဘောအားဖြင့်ပြရပါလျှင်ကား၊ သညလိုပုဂ္ဂိုလ်မျိုးဟာ ဒေ၀ဒတ်ကို ကိုးကွယ်ချဉ်းကပ်မှားမိတဲ့ အဇာတသတ်လို အမြတ်မထွက်ဘဲ အရှုံးသက်သက်နှင့်သာ ရင်ဆိုင်ရမှာဖြစ်ပါတယ်၊ တစ်ခဏ၊ တစ်ဘ၀၊ တစ်သက်စာ ကောင်းစားကောင်း ကောင်းစားမည်၊ သံသရာ တလျှောက်တော့ ဒုက္ခအရောက်ကြီး ရောက်မှာသေချာပါတယ်။အဇာတသတ်မင်းကြီး ဒေ၀ဒတ်ကို ဆရာတင်ချီးမြှောက်မိတာဟာ ကျားသေကို အသက်သွင်းတတ်တဲ့ သဉ္စီဝက လုင်ဟာ သူအသက်သွင်းပေးလိုက်လို့ ပြန်ရှင်လာတဲ့ကျားရဲ့ ကိုက်သတ်ခြင်းကိုခံရပြီး ကိုယ်ကျိုးနည်းရသလိုအဇာတသတ်လည်း ကိုယ်ကျိုးနည်း အ၀ီစိငရဲမှာ အဆင်းရဲကြီး ဆင်းရဲနေရတယ်ဆိုတာ အားလုံသော ဓမ္မမိတ်ဆွေ တို့ သိထားပြီးဖြစ်ပါကြောင်း ဆွေးနွေး တင်ပြရင်းဖြင့်………၎င်းအရားများကိုလည်း၊ ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ (ပဌမတွဲ)၊ စာမျက်နှာ ၇၃ နှင့် ၇၄ တွင် ကြည့်ရှုနိုင်ပါကြောင်း ပြောကြားရင်း….ဗုဒ္ဓစာရေ နှင့် ဓမ္မစာရေ ဆိုသော ၀ဲသြောဃထဲမှ လွက်မြောက်နိုင်ပါစေကြောင်း မေတ္တာဖြင့်ရေးသားတင်ပြလိုက်ပါသည်။ ။

မှန်သောဘုရားကိုရှာပုံပြခြင်း (သို့ ) သရဏဂုံတည်သည်ကိုပြခြင်း။။

မှန်သောဘုရားကိုရှာပုံပြခြင်း (သို့ ) သရဏဂုံတည်သည်ကိုပြခြင်း
လူအပေါင်းတို့သည်၊ ဘုရားမှန်ကို ဆည်းကပ်ကိုးကွယ်မှသာလျှင်၊ အပါယ်ငရဲဒုက္ခမှကင်းဝေး၍၊ နိဗ္ဗာန်ချမ်းသာတည်းဟူသော နိစ္စထာဝရ သုခချမ်းသာကိုခံစား၊ စံစားကြရမည်ဖြစ်သည်။ ဘုရားမှားကို ကိုးကွယ်ဆည်းကပ်လျှင် အပါယ်ငရဲ ဒုက္ခဘုံသို့ရောက်၍။ နိယတအမြဲခံကြရမည်။ ထို့ကြောင့် ဤကမ္ဘာလောကတွင်ရှိရှိသမျှသောလူအပေါင်းတို့သည်၊ ဘုရားမှန်ကိုဆည်းကပ်ကိုးကွယ်ဖို့ရန်သည် အလွန်လိုအပါသောအကြောင်းကြီးတခုဖြစ်သောကြောင့်အလေးအနက်
တွေးခေါ်ကာ၊ တမလွန်အတွက်ပြင်ဆင်သင့်ပါကြောင်းပြောကြားပါရစေ။
ထိုနည်းတူစွာမှန်သည်၊မှားသည်ကိုလည်း......ခြင့်ချိန်ရင်း ....နန်အမတ သို့တက်လှမ်းနိုင်စေရန်ရည်စူးလျှက်.......
ပိဋကတ်သက်သေခံသည့်အတိုင်း မှန်သောဘုရားသခင်၏ဂုဏ်အင်္ဂါလက္ခဏာများကိုပြခြင်း
အစိန္တေယျ၊ အပ္ပမေယျ ကျေးဇူးတော်အစုံ ဂုဏ်တော်အပေါင်းတို့နှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရားဟူ၍ ရဟန်း၊ ရှင်လူ အပေါင်းတို့သည် ပမာဏပြု၍ ဘုရားသခင်ကို ရှိခိုးကြပေသည။ မိမိကိုးကွယ်သော ဘုရားသခင်သည် အစိန္တေယျ၊ အပ္ပမေယျ၊ ဂုဏ်တော်လက္ခဏာအပေါင်းတို့နှင့်၎င်း ကျေးဇူးတော်ဂုဏ်တော်အပေါင်းတို့နှင့်၎င်း ပြည့်စုံမှသာလျှင်၊ မှန်သောဘုရားကို ကိုးကွယ်ရာဖြစ်ပေလိမ့်မည်။ အစိန္တေယျ၊ အပ္ပမေယျဟုဆိုသော မာဂဓ ပါဠိဘာသာစကားကို မြန်မာလို အဘိဓါန်ကျမ်းလာရှိသည့်အတိုင်း ပြန်ဆိုရလျှင် အစိန္တေယျ သဒ္ဒါ၊ မကြံစည်အပ်ခြင်း၊ အပ္ပမေယျသဒ္ဒါ မနှိုင်းယှဉ်အပ်ခြင်းဟူ၍ အဓိပ္ပါယ်ရလေသည်။ ဤသို့မကြံစည်အပ်၊ မနှိုင်းယှဉ်အပ်သော ပုဂ္ဂိုလ်မှသာလျှင် ဘုရားမှန်ဟုယးအပ်ပါသည်၊ မှန်သောဘုရား၌ အစိန္တေယျ သဒ္ဒါ ၊ အပ္ပမေယျ သဒ္ဒါ နှင့်အညီ မှန်သောဘုရား၌ လူအပေါင်းတို့ထက်ထူးကဲသော၊ သို့မဟုတ် သာလွန်တော်မူသော ဂုဏ်ထူးဝိသေသတို့ကို အကျဉ်းချုပ်၍ ပိဋကတ်တို့ကပြဆိုသည့်အတိုင်း ဖွင့်ပြပေအံ့။ အစိန္တေယျသဒ္ဒါ၊ အပ္ပမေယျသဒ္ဒါတို့နှင့်အညီ၊ ဂုဏ်တော်၏ အချုပ်ကိုဆိုရပါလျှင် လေးပါးရှိလေ၏။
၁.ရူပအစိန္တေ၊ ၂.ဣဒ္ဓိအစိန္တေ၊ ၂. ဥာဏအစိန္တေ၊ ၄. ၀ါစအစိန္တေ ဟူသောမနှိုင်းယှဉ်အပ်သော အနန္တရုပ်တော်၊ အနန္တတန်ခိုးတော်၊ အနန္တဥာဏ်တော်၊ အနန္တစကားတော် အပေါင်းတို့နှင့် ပြည့်စုံတော်မူမှသာလျှင် မှန်သောဘုရားသခင်ဖြစ်တော်မူ၏၊ ကျေးဇူးတော်အစုံဆိုသည်မှာ ဥပမာအားဖြင့်ပြရပါက ဤလောကတွင် မိဘတို့သည် သားသမီးတို့အား သက်သက်ကျွေးမွေးခြင်း ၊ ဆရာသည် တပည့်တို့အား အတတ်ပညာကိုသင်ပေခြင်း၊ တစုံအယောက်သောသူသည်၊ မိမိချစ်ခင်သောသူအား ၀တ္ထုပစ္စည်းတို့ကို သက်သက်ပေးကမ်းခြင်း၊ ကျွေးမွေးခြင်း အရာတို့သည် ကျေးဇူးဟူ၍ခေါ်ကုန်လေ၏ ။ ထို့အတူ မှန်သောဘုရားသခင်သည် ဤကမ္ဘာပေါ်ရှိ လူအပေါင်းတို့အား မိုးကိုရွာပေးတော်မူခြင်း၊ နေ၏အလင်း၊ လ၏အလင်း၊ ကြယ်နက္ခတ်တာရာတို့ကို အလင်းနှင့်တကွ၊ လေကိုရှုဖို့ပေးခြင်း၊ ရေတည်းဟူသော အဟာရမှာစ၍ အချိုအချဉ်၊ ဘေဇာဉ်ခဲဘွယ် အစားအသောက်အမျိုးမျိုးတို့ကို ဥတုရာသီ အလိုက်၊ ဗီဇနိယာမမျိုးနှင့်တကွ၊ ပေသနားတော်မူခြင်းတို့သည်၎င်း၊ ထိုပြင်မှတပါး မွန်မြတ်သောတရားကို ကိုးကွယ်သောသူမှန်သမျှတို့သည် နိစ္စထာဝရ တည်းဟူသော သုခချမ်းသာကို ခံစားစေရန် ပေးသနားတော်မူခြင်းများကြောင့် ကျေးဇူးတော်အစုံဟူ၍ဆိုရပါလေသည်။ ဤသို့ အစိန္တေယျ၊ အပ္ပမေယျ၊ ဂုဏ်တော်များနှင့် ပြည့်စုံသောဘုရားသည် ဘယ်အချိန်အခါ၊ ဘယ်အရပ်ဒေသကဖြစ်သည်၊ မည်သည့်ပုံသဏ္ဍာန်ရှိသည်ဟူ၍ မကြံစည်အပ်၊ မနှိုင်းအပ်ဖြစ်သတည်း၊ မှန်သောဘုရားသည် လောကီပုဂ္ဂိုလ် ဘုရားမဟုတ်၊ လောကုတ္တရာပုဂ္ဂိုလ် ဘုရားသာလျှင်ဖြစ်လေသည်၊ မှန်သောဘုရားသည် ပညာတ်သတ္တ၀ါမဟုတ်၊ ပရမတ်ပုဂ္ဂိုလ်ဖြစ်တော်မူ၏၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားနှင့်မကင်းသော သင်္ခါရနယ် လောကီဘုံအတွင်းမှာ မွေးဖွားခြင်းကိုခံသောပုဂ္ဂိုလ်မဟုတ်၊ အိုခြင်း၊ နာခြင်း၊ သေခြင်းနှင့်အစဉ်ကင်းလွတ်တော်မူ၏၊ နိစ္စ၊ သုခ၊ အတ္တနှင့် ပြည့်စုံတော်မူသော လောကုတ္တရာဘုံရှင်၊ လောကုတ္တရာ၏အရှင်ဖြစ်တော်မူသောကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ နယ်အတွင်းမှာ မွေးဖွားခြင်းခံရသည့်အတွက်၊ ပညာတ်သတ္တ၀ါဖြစ်ကုန်သော၊ လောကီလူသားအပေါင်းတို့က လောကဥာဏ်နု၊ မံသစက္ခု၊ ပညာတ်မျက်စိဖြင့် ကြည့်ရှု၍မေးဖွယ်၊ ကြံဖွယ်ရာမဟုတ်ချေ။ ထိုကဲ့သို့မှန်သောဘုရားသခင်း၏ခြေတော်ရာကို ပိဋကတ်ကသက်သေခံသည့်အတိုင်းပြရပါလျှင်၊ သယမ္ဘူတံဟူ၍ခေါ်သည်၊ သယံ၊ သူမဆိုအလိုလိုဖြစ်တော်မူသောဘုရား၊ အိုခြင်း၊ နာခြင်း၊ သေခြင်းနှင့်မကင်းသော တစုံတယောက်သောသူ၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတို့ကမွေးဖွားသော တရားကျင့်လူဘုရား၊ ဘုရားယောင် ဘုရားတုမဟုတ်ချေ၊ မှန်သောဘုရား၏ အစ၊ ဘုရား၏အခြေကိုလူသည် အဘယ်နည်းနှင့်မျှကြံစည်၍မရနိုင်ါ် ကြံစည်၍မသိနိုင်၊ လူသတ္တ၀ါတို့၏ အစ၊ အဆုံးကို ဘုရားကသာ သိနိုင၍ဘုရား၏အစ၊ အဆုံးကို လူသည်မသိနိုင်၊ ဘုရားမှန်ကား အစအဆံးမရှိချေ၊ ဇာတိတော် နဂိုတော်ကို လူသည်မကြံစည်ပအ်၊ မကြံစည်နိုင်သောကြောင့် ကြံကြီးစည်ရာမပြုသင့်ပါလေ၊ ဤကားပိဋကတ်၏အလိုပင်ဖြစ်လေတော့သတည်း။။
မှန်သောဘုရားသည်၊ ဓမ္မတာတရားဟုခေါ်သော နိယာမတရားကို ပြုပြင်စီရင်တော်မူကြောင်း ပိဋကတ်ကသက်သေခံသည်မှာ။ ဥတု၊ ဗီဇ၊ ကမ္မ၊ စိတ္တ၊ ဓမ္မ၊ ပဉ္စနိယာမော ဗုဒ္ဓင်္ဂလော၊ ဗုဒ္ဓတိဝစနတောအတ္ထော။ ။ဟူ၍န၀မအင်္ဂုတ္ထိုရ်ကျမ်းတွင် ပြဆိုသည့်အနက်ကား၊ ပဉ္စနိယာမော၊ ငါးပါးသောတရားတို့ကို၊ ဗုဒ္ဓင်္ဂလော၊ အလုံးစုံစီရင်ပြုပြင်တော်မူသောကြောင့်၊ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏၊ ဣတိအယံ၊ ဤသည်သာလျှင်၊ ၀စနတော၊ ဟောသော၊ အတ္ထော၊ အနက်တည်း၊။ ၎င်းန်ယာမငါးပါးကို ယထာဓမ္မ သာသနာတော်ဟူ၍ ခေါ်ဆိုလေသည်ကို ပါရာဇိကာဏ်ကျမ်းတွင်ပြဆိုသောအရာမှာ၊ ဓပဉ္စမတ္တေ၊ အဟံမမာ၊ တိညနော၊ ယထာဓမ္မဇတ္တဘာသတိ၊ ယထာဓမ္မသာသနန္တိဝုစ္စတိ၊ ဟူ၍ပါဠိပြဆိုသည်ကိုတွေ့ရလေသည်၊ အနက်ကား၊ ဓပဉ္စမတ္တေ၊ နိယာမတရားငါးပါးတို့နှင့်ပြုပြင်ခြင်းကိုခံရကုန်သော၊ အဟံမမာတိသညာတော၊ ငါကိုငါဟူ၍ အစရှိသဖြင့် စွဲလမ်းမှတ်သားကုန်သော သတ္တ၀ါတို့ကို။ ဇတ္တရထာဓမ္မံ၊ ဤနိယာမအတိုင်း၊ ဗုဒ္ဒ၊ မြတ်စွာဘုရားသခင်သည်၊ ဘာသတိ၊ စီရင်ဆုံးမကုန်၏၊ ဣတိတသမာ၊ ထို့သို့စီရင်ပြုပြင်ကုန်သောကြောင့်။ ဓပဉ္စမတ္တေ၊ ဤနိယာမတရားငါးပါးကိုသာလျှင်၊ ယထာဓမ္မသာသနန္တိ၊ ယထာဓမ္မသာသနာဟူ၍၊ ၀ုစ္စတိ၊ ဆိုကုန်၏၊ ၎င်းကျမ်းပါဠိ၏ အဓိပ္ပါယ်မှာ နိယာမတရားငါးပါး၊ ယထာဓမ္မသာသနာတော်မြတ်သည်၊ ဘုရားသခင်၏သာသနာတော်မြတ်ဖြစ်ကြောင်း၊ ဤလောကနှင့်တကွ လူအပေါင်းတို့သည်၊ ရှိခိုးပူဇော်ထိုက်သည်ဟူ၍ ပြဆိုလေသည်။ ၎င်းကိုကား အသိပညာနှင့်ပြည့်စုံသော သူတို့သာလျှင် သိအပ်သည်၊ မိုက်သောသူတို့မှာမူကား၊ သိအပ်သောအရာမဟုတ်ချေ။ ။
သာသနာတော်ခေါ်ခြင်းအရာကို၊ အဘိဓမ္မတ္ထ၀န္ဒနာကျမ်းတွင်ပြဆိုသည်မှာ၊ ဒိဌဓမ္မိကသပ္ပရာယီက ပရမတ္တေဟိ ယထာရဟံ၊ သတ္တေသာသတိ၊ ဧတေနာတိ သာသနံဟူ၍ ပါဠိလာရှိသည်။ အဓိပ္ပါယ်ကား၊ ဤနိယာမတရားငါးပါးသည်၊ လူသတ္တ၀ါအပေါင်းတို့အား၊ ယခု ပစ္စုပ္ပန်ဘ၀၌ ဓိဌဓမ္မ အကျိုးစီးပွားကို ခံစားရခြင်း၊ တမလွန်ဘ၀၌လည်း အိုခြင်း၊ နာခြင်း၊ သေခြင်နှင့်ကင်းလွတ်စေသော အကျိုးစီးပွားကို ရစေခြင်းငှာ ပြုစုတတ်သော အရာဖြစ်သောကြောင့် သာသနာဟု၍ခေါ်ဆိုလေသည်။ ဤကား ကျမ်းဂါနပါဠိ လာရှိသည့်အတိုင်း ပြဆိုလိုက်ခြင်းပင်ဖြစ်သည်။
၎င်းပြဆိုခဲ့သော နိယာမတရား ငါးပါး၊ ယထာဓမ္မသာသနာတော်မြတ်ကို၊ ဘုရားဖန်ဆင်းပြုပြင်တော်မူပြီးလျှင်၊ ယခုတိုင် ကပ္ပိနိယာမ အမှုဖြင့် အစဉ်ပြုလုပ်တော်မူလျှက်နေတော်မူသည်ကို ပိဋကတ်ကို မသိသောသူတို့ကအလိုလိုဖြစ်သည်ဟုပြောဆိုကြလေသည်မှာ အမှားကြီးတချက်ပင်ဖြစ်လေတော့သည်။ သစ်ပင်ပေါ်တွင်ငှက်သိုက်ကိုမြင်လျှင်၊ ငှက်တကောင် ပြုလုပ်နေသည်ကိုမမြင်ရသော်လည်း၊ ငှက်၏လက်ရာဖြစ်ကြောင်း သိနိုင်ပေသည်။ အိမ်တဆောင်ကိုမြင်လျှင်လည်း၊ လက်သမားတဦးတည်ဆောက်သောကြောင့်သာဖြစ်ကြောင်း သိနိုင်ပေသည်၊ အကြောင်းမဲ့ဖြစ်သောအရားသည်မရှိနိုင်။ နေ၊ လ၊ ကြယ်နက္ခတ်၊ မိုး၊ မြေ၊ သမုဒ္ဒရာ၊ သစ်ပင်ပန်းမာလာ စသည်တို့သည်တို့ကို မြင်လျှင်လည်း။ တန်ခိုးကြီးမားသော ဘုရားသခင်၏ တန်ခိုးတော်ကြောင့်ဖြစ်သည်ကို ဥာဏ်အားဖြင့်သိနိုင်ပေသည်။ ဤကမ္ဘာကိုဖန်ဆင်းပြုပြင်၍ အစဥမပြတ် ကြည့်ရှုစီရင်တော်မူသော အရှင်မရှိလျှင်၊ ဤကမ္ဘာကြီးသည် အလိုအလျှောက်တည်၍ နေနိုင်လိမ့်မည်မဟုတ်။ ထို့ကြောင့် လူမှန်က လူ၏တန်ဖိုးကို သိတန်သလောက်သိရပေမည်၊ ပိုင်းခြားနိုင်စွမ်းငှာလည်းရှိရပေမည်။ ပိဋကတ်ကျမ်းဆရာတို့၏ အလိုမှာကား၊ နိယာမတရားငါးပါး တည်းဟူသော ဓမ္မတာတရား၊ ဥတု၊ ဗီဇ၊ ကမ္မ၊ စိတ္တ၊ ဓမ္မတို့သည် ဘုရားသခင်စီရင်ပြုပြင်ကြောင်း သက်သေခံကြလေသည်။ ဥတု၊ နွေ၊ မိုး၊ ဆောင်းတည်းဟူသော နိယာမတရား၊ ဗီဇစပါး၊ သစ်သီး၊ လူ၊ တိရိစ္ဆာန် အစရှိသော နိယာမတရား။ ကမ္မ၊ ပြုပြင်စီရင်ခြင်း၊ အစရှိသော နိယာမတရား၊ စိတ္တ၊ အဆန်းအကျယ်နှစ်သက်ဖွယ်ရာ အစဉ်ဖြစ်ခြင်း နိယာမ။ ဓမ္မကုသလ၊ ကုသလတရားတို့ကို အစဉ်ထားခြင်း၊ နိယာမတရားငါးပါးတို့ကိုစီရင်၍ အစိုးပိုင်တော်မူသော အရှင်ဖြစ်သောကြောင့် ဘုရားမည်၏။ ထိုကဲ့သို့ နိယာမတရားငါးပါး တို့ကို ပြုပြင်နိုင်သောအရှင်ဖြစ်သောကြောင့်သာလျှင်၊ ဒမ္မသာမိအသျှင်ဖြစ်၍ ဘုရားမှန်တော်မူလေ၏၊။ ဤနိယာမတရားငါးပါးအောက်တွင် မွေးဖွားခြင်းကိုခံ၍၎င်း၊ နိယာမတရားငါးပါးတို့၏ ပြုပြင်ခြင်းကိုခံရသော ပုဂ္ဂိုလ် သတ္တ၀ါမှန်သမျှတို့သည် မုချဘုရားမှန်မဟုတ်ချေ။ ဤကမ္ဘာမိုး၊ မြေနှင့်ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းပြုပြင် စီရင်တော်မူသော အရှင်မရှို ဟု ယူသောအယူဝါဒသည်၊ ရှေးအထက်ကပင် ရှိပေသည်။ ဤသို့ယူဆသောသူတို့အား၊ အဟေတုကဒိဌိဟူ၍၊ ပိဋကတ် အင်္ဂုတ္တရအဌကထာ၊ အင်္ဂုတ္တမဧကနိပါတ်၊ မိစ္ဆာဒိဌိသုတ်အဖွင့်တို့တွင်ပြဆိုထားလေသည်မှာ၊ နတ္ထိအယံလောကော၊ နတ္ထိဟေတုပစ္စယော၊ သတ္တာနံဝိသုဒ္ဓိယာ၊ သံကိလေသာယ၊ အဟေတုကဒိဌိယာနာမ၊ အဓိပ္ပါယ်မှာကား၊ မြေနှင့် ခပ်သိမ်းသော လောကဓါတ်တို့ကိုပြုပြင်စီရင်သောအရှင် မရှိဟု ယူဆခြင်း၊ ထိုလောကဓါတ်ပေါ်၌ ရှိသောသတ္တ၀ါ၊ ပုဂ္ဂိုလ်တို့ကို ညစ်ညူး စေခြင်းငှာ၎င်း၊ သန့်ရှင်းဖြူစင်စေခြင်းငှာ၎င်း၊ ပြုပြင်စီရင်တော်မူသော အရှင်မရှိဟူသော အယူဝါဒသည်၊ ရှေးအထက်ကပင် ရှိပေသည်၊ ဤသို့ယူဆသောသူတို့အား အဟေတုကဒိဌိဟူ၍ ပိဋကတ်အင်္ဂုတ္ထရအဌကထာ၊ အင်္ဂုတ္တမဧကနိပါတ်၊ မိစ္ဆာဒိဌိသုတ်အဖွင့်တို့၌ပြဆိုသည်။ နတ္ထိအယံလောကော၊ နတ္ထိ ဟေတုပစ္စယော၊ သတ္တာနံဝါသုဒ္ဓိ၊ သံတိလေသာယ၊ အဟေတုကဒိဌိနိယာမ။ အဓိပ္ပါယ်ကား၊ ဤကမ္ဘာမိုး၊ မြေနှင့်ခပ်သိမ်းသော လောကဓါတ်တို့ကို ပြုပြင်စီရင်တော်မူသောအရှင်မရှိဟုယူခြင်း၊ ထိုကဲ့သို့သောသူတို့သည် အဟေတုကမိစ္ဆာဒိဌိဟူ၍ခေါ်ဆိုသည်။ဘုရားအတုကိုလုပ်၍ မကိုးကွယ်အပ်ကြောင်း၊ ဆွမ်း၊ ကွမ်း၊ မုန့်ပဲသားရေစာ အစရှိသော အရာတို့မှစ၍ မလှုအပ်ကြောင်းကို ဒိဌိဝိသောဒနီကျမ်းတွင်ပြဆိုသည်မှာ။ ။ အတုလဘဂ၀တော၊ သက္ကာယပူဇစြ၊ အနိစ္စသဇီဝတော၊ အနိဇ္ဇီဝဏေ၊ ကန္တကယေကုဿီဓါ၊ ပိဏ္ဍိပါဒံအလက္ကဋူပါဒါနံ၊ သတ္တအတ္တော မစ္ဆာဒိဌိဟူ၍ပါဠိလာရှိသည်။ အဓါပ္ပါယ်ကား၊ အစိန္တေယျ၊ အပ္ပမေယျ အရှင်ဖြစ်တော်မူသော၊ အတုမရှိသော မြတ်စွာဘုရားကို၊ အတုသဏ္ဍာန်လုပ်၍ ကိုးကွယ်ခြင်း။ ထိုပြင်မှတပါး၊ ဤလောကအတွင်းမှာ လူထက်မမြတ်သော အရာဌာနတို့ကို လူထက်အမြတ်ထား၍ရိုသေစွာပြုလုပ်ပူဇော်ခြင်း။ တမလွန်သို့ပြောင်းသွားပြီးသောလူသေတို့အား၎င်း၊ ၎င်းတို့၏ ကာယအလောင်းကို ထမင်း၊ ဟင်း အစရှိသောအရာတို့ဖြင့် လူရှင်ကဲ့သို့မှတ်ပြီး လက်မကွာကျွေးမွေးခြင်း၊ ပေးကမ်းခြင်း၊ လှုဒါန်းပြုလုပ်ခြင်းများသည်၊ မသိသောပုထုဇဉ်သတ္တ၀ါတို့၏ မှားသောမိစ္ဆာဒိဌိဟူ၍ဆိုသည်။ရှင်တော်ဂေါတမသည်၊ အဂ္ဂိဝဇ္ဈပုဏ္ဏားအား ရုပ်တု၊ စေတီ တို့ကို မကိုးကွယ်ရန် ဟောကြားဆုံးမတော်မူခဲ့လေသည်။ ထိုမှတပါး မိမိကာယရုပ်အလောင်းကို အရိုအသေ မပြုလုပ်ရဟုတားမြစ်ပါတ်ပင်တော်မူခဲ့လေသည်မှာ အထင်းအရှားပိဋကတ်တွင်တွေ့နိုင်ပေသည်။
သံဃာဟူ၍ခေါ်သော စကား၏အဓိပ္ပါယ်ကို ပိဋကတ်ပါဠိတော်၌ပြဆိုသည်မှာ၊ သံသုဌုံ၊ ကိလေသေဟိသဘိတိသံယော ဟူ၍၀ိနည်း အဌကထာဒက္ခိဏသုတ်၌ပြဆိုသည်။ ၎င်း၏အဓိပ္ပါယ်မှာကား၊ လူတို့၏အတွင်း၌ဖြစ်သော လောဘ၊ ဒေါသ၊ မောဟ ဟုဆိုအပ်သော ကိလေသာတရားတို့ကို ပယ်ရှားသုတ်သင်၍ လူတို့၏စိတ်နှလုံးကို သန့်ရှင်းဖြူစင်စေအောင် ပြုပြင်စီရင်သောအရာသည်သာလျှင် ပရမတ္ထ သန့်ရှင်းတော်မူသော ၀ိညာဉ်တော် သံဃာစစ်စစ်ဖြစ်လေသည်။ ထို့ကြောင့် အ၀တ်ဖြူဖြူ၊ အ၀တ်ဝါ၀ါ ၀တ်သော်လည်း ဤလောကတွင်း၌ မွေးဖွားခြင်းကိုခံရသော အနိစ္စ၊ အနတ္တ၊ ဒုက္ခ ရှိသောပုဂ္ဂိုလ်မှန်ဟူသမျှတို့ကား လူ၏စိတ်ကို ညစ်ညူးစေတတ်သော လူ၏အတွင်း၌ရှိသော ဒုစရိုက်အပြစ်ကိုနှုတ်ပစ်၍ သန့်ရှင်းခြင်းအဖြစ်သို့ရောက်အောင် မဆောင်ကျဉ်းနိုင်ချေ။ သန့်ရှင်းသော ၀ိညာဉ်တော်တည်းဟူသော အတွင်းပရမတ်သံဃာမှတပါး မည်သည့်ပုဂ္ဂိုလ် တစုံတယောက်ကမျှ မတတ်စွမ်းနိုင်ချေ၊ ရှင်ဂေါတမကလည်း `` သဗ္ဗေသတ္တာကမ္မသကာ´´ ဟူ၍ဟောဆိုလေသည်။ ထို့ကြောင့် လူတိုင်းပင်လျှင် မိမိအတွင်း၌ရှိသော ဒုစရိုက်တရားတို့ကိုသော်လည်းကောင်း၊ မသန့်ရှင်း မစင်ကြယ်စေနိုင်ကြောင်းကို၎င်း၊ ပိဋကတ်တို့၌ အတိအလင်းပြဆိုလေသည်။ အဏုမြူဗုံးအကြောင်းကို စဉ်းစားလျှင်၊ ကမ္ဘာကြီးကုန်ဆုံးတော့မည်ဆိုသော ဘုရားသခင်၏ အမိန့်တော်သည်ပြည့်စုံလျှက်ရှိကြောင်းကို၎င်း သိသင့်ပါလေပြီ။ အဏုမြူတန်ခိုးသည် လေတွင်ရှိသော ရေဒီယိုဓါတ်ကို ရုတ်ချည်းချုပ်ချယ်လိုက်လျှင် လူသတ္တ၀ါတို့အသက်ရှင်နိုင်ကြဦးမည်လော။ အဏုမြူတလုံးသည် မိုင် ၁၀၀၀ စတုရန်း ပါတ်ဝန်းကျင် ရှိသမျကို ရှင်းရှင်းဖျက်ဆီးနိုင်ကြောင်း သတင်းစာတွင်ဖေါ်ပြသည်ဖြစ်၍ မြန်မာပြည်အတွက် ဖျက်ဆီးရန် ဗုံးတလုံးသာ လိုပါလေသည်၊ ရှေးအခါက ဘုရားကြွလာမည်မည်ဟူသောစကား၊ ကမ္ဘာကိုမီးနှင့်ဖျက်ဆီးမည်ဟူသောသစကားသည်၊ ပျက်ရယ်ပြုစရာ ဖြစ်ခဲ့ကြသော်လည်း၊ ယခုမူကား လူအပေါင်းတို့သည် ပျက်ရယ် မပြုနိုင်ကြတော့ပေ၊။ နိဂုံးချုပ်စကားဟူမူကား၊ ဤစာကိုဖတ်သောမိတ်ဆွေအပေါင်းတို့ ပိဋကတ်တွင်ပြခဲ့သော အစိန္တေယျ၊ အပ္ပမေယျ ကျေးဇူးတော်ဂုဏ်တော် ကံတော်အနန္တဟူသောစကား ၊ ကျေးဇူးတော်ဂုဏ်တော် ကံတော်အနန္တနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် လူမျိုးအပေါင်းတို့ကိုးကွယ်ထိုက်သော ဘုရားဖြစ်၍၊ ဤဘုရားသည် နိစ္စထာဝရတည်တော်မူသဖြင့်၊ နိစ္စ၊ သုခ၊ အတ္တဖြစ်သော လောကုတ္တရာ ပုဂ္ဂိုလ်ကြီးဖြစ်၍ နိယာမတရားငါးပါးတည်းဟူသော ဓမ္မတရား၊ ဥတု၊ ဗီဇ၊ ကမ္မ၊ စိတ္တ တို့ကို ဖန်ဆင်းစီရင်အုပါချုပ်ပိုင်သော ဘုရားစစ် ဘုရားမှန်ဖြစ်ပေတော့သည်။ ဤဘုရားသည်သာလျှင် လူသတ္တ၀ါအပေါင်းတို့ကို ဖန်ဆင်းတော်မူ၍၊ အကျိုးအဖြစ်ကို ဆပ်ပေးပိုင်သည်။ ဤမှန်သော ဘုရားကို ကိုးကွယ်၍ တရားတော်ကို လိုက်လျှောက်သောသူတို့သည် အဖြစ်ငရဲမှ လွတ်ကင်း၍ ကောင်းကင်ချမ်းသာကို ခံစားစံစားနိုင်ကြပေသည်တကား။ ဤသို့သောသူတို့သည် သံဃာအစစ်ဖြစ်၍ လောဘ၊ ဒေါသ၊ မောဟဟု ဆိုအပ်သော ကိလေသာ တရားတို့ကို ဖယ်ရှားသုတ်သင်နိုင်သောသူဖြစ်၍ အမောဟ ပညိန္ဒစေသတိတ်ဖြစ်ကြမည်။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူကို အဖိုးအခမပေးဘဲ အသက်ရေကိုယူပါစေ။ ငါသည်အလျှင်အမြန်လာမည်၊ မှန်၏ဟု ဤအရာများကို သက်သေခံသောသူမိန့်တော်မူ၏။ `` ၀န်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော ငါသည်ချမ်းသာပေးမည်၊ ငါထမ်းပိုးကို တင်၍ထမ်းကြလော၊ ငါ့ထံ၌နည်းခံကြလော၊ ငါသည် နုညံ့သိမ်မွေ့နှိပ်ချသော သဘောရှိ၏၊ သင်တို့စိတ်နှလုံးသည် သက်သာခြင်းရလိမ့်မည်၊ အကြောင်းမူကား ငါ့ထမ်းပိုးသည် ထမ်းလွယ်၍ ငါ့ဝန်လည်းပေါ့၏ ´´ ဟုခရစ်တော်မိန့်တော်မူလေသည်။ `` တောင်းကြလော၊ တောင်းလျှင်ရမည်၊ ရှာကြလော၊ ရှာလျှင်တွေ့မည်၊ တံခါးကိုခေါက်ကြလော၊ ခေါက်လျှင်ဖွင့်မည်´´ ဟု သခင်ခရစ်တော်က ဓမ္မမိတ်ဆွေအားဖိတ်ခေါ်နေပါသည်။ မိမိတို့၏ ဒုက္ခဆင်းရဲခြင်းမှ ကင်းလွတ်ပြီးသကာလ အေးငြိမ်းချမ်းသာ နေလိုကြကုန်သော ပုဂ္ဂိုလ်အပေါင်းတို့သည်၊ မိမိတို့မျှော်လင့်တောင့်တလျှက်ရှိသော အေးငြိမ်းချမ်းသာ သုခဘုံသို့ ပို့ဆောင်နိုင်သော တရား (၀ါ ) ကောင်းကင်ရွှေပြည်သို့ပို့နိုင်သော`` အသက်ရှင်တော်မူ၍ နိစ္စထာဝရမည်ရှိတော်မူသော အစိန္တေယျ၊ အပ္ပမေယျ အရှင်ဘုရားတကာတို့၏သခင်´´အား စူးစမ်းရှာဖွေရန်အခါအခွင့်သင့်လေပြီ။ အချိန်မနှေင်းမီ ခရစ်တော်၏ သြ၀ါဒစကားအရ ( ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကိုရှေးဦးစွာရှာကြလော့) ဟူသည်နှင့်အညီ ယခုပင် ဤစာအားဖတ်မိသည့်အချိန်မှစ၍ -
သုဏေယျ-ကြားနာကြပါကုန်လော။
စိန္တေယျ-ကြံစည်တွေးစကြပါကုန်လော။
ပုစ္ဆေယျ-မသိမရှင်းသမျှကို မေးမြန်းကြပါကုန်လော။
ဝိစာရေယျ-မှားသည်မှန်သည်ဤနှစ်လီကို ဒွိဟ၀ိဝါမထင်ရှား၊ စိတ်ဝယ်သံသယရှိသမျှကိုဆင်ခြင်ကြကုန်လော။
သိက္ခေယျ-အထူးလေ့လာကြပါကုန်လော။
အမှောင်ခွင်း၍ အလင်းဆောင်နိုင်ကြပါစေသတည်း။
မဂ်ဖိုလ်၊ နန်းအမတသို့ မျက်မှောက်ပြုနိုင်ကြပါစေသော်ဝ်………။။

ဗြဟ္မဏတို့စီရင်ရေးထားသောကျမ်းစကားအချို့တို့ကိုရှင်ဂေါတမအဟောလုပ်၍ပိဋကတ်ထဲသို့သွင်းထားသည်ကိုပြခြင်းအကြောင်း ။ ။

ဧကနိပါတ်အင်္ဂုတ္ထိုလ်ဋီကာကျမ်း၌ ဖုဿရသန္တိမင်္ဂရတံဟူသောစကားသည် ၊ အာကာသသျှတ္တရဗေဒင်ကျမ်းစကားဖြစ်သည် ။ သေဌိနိပါတ်သံကိစ္စဇာတ်တွင် ၊ မင်းတို့၏ဘိသိပ်မြောက်ရာကိုပြသောအခဏ်ဖြစ်၏ ။ နိက္ခိပ္ပဉ္စကတုဓာနီ ၊ ကာသိနံရဌ ၀ဍ္ဎနော ၊ ၀ါနဗီဇဥဏှိဿံခံသတ္တဉ္စပါဟနံ။ ။ဟူသောပါဠိစကားသည် ။ လောကီသတ္တနိပါတ် ၊ မနောဇဇာတ်များတွင်လည်း၎င်းစကားထည့်ခားသည်။ အာယောဃရဇာတ် ။ ဥမင်္ဂလဇာတ်တို့၌ကိုယ်ဝန်ဆောင်ရာအခဏ်း ။ ယမေကရတ္တထပဌမံဂဗ္ဘောသတိမာဏဝေါ ။ ။ဟူသောပါဠိစကားသည် ။ သရကောတိဆေးကျမ်းစကားဖြစ်သည် ။ ၎င်းစကားအတိုင်း မူလပဏ္ဏာသ အဌကထာမဟာတဏှာသင်္ခါရသုတ်အစရှိသည်တို့၌လည်းခည့်ခားလေသည်။အင်္ဂုတ္တိုလ်ကျမ်း၊ စးဠ၀ါကျမ်းတို့၌ ၊ တမန်အရာအင်္ဂါရှစ်ပါးကိုပြသော ။ အင်္ဂေတိသမ္ပန္နာဂတောဒူတော၊ အစရှိသောပါဠိစကားသည်ဗြဟ္မဏတို့စီမံရေးသားသော ။ ရဇန၀ါကျဓမ္မသတ်ကျမ်းစကားဖြစ်သည် ။ ပရိတ်ကြီး ရတနသုတ်တွင်လည်း။ ပစာရဒိဝါစရတ္တောစတရန္တိယေဗလီ ။ ။ဟူသောပါဠိစကားသည် ။ ပုစ္ဆန်းဆရာတို့နတ်ကိုပင့်ခေါ်သောဇောတတ္တကျမ်းစကားဖြစ်သည် ။ ။သီလက္ခန်ပါဠိတော်၌ ။ ။ဒိသာဒါဟောတိ ၊ ဒိသာကာလုဿိယံ . အဂ္ဂိသိခါမုဘိခါဒိဟိအာကုလတ ဝေဟိယ ။ ။ဟူ၍ပြသောပါဠိစကားသည် ဗြဟ္မဏဆရာတို့စီမံရေးသားသော ။ သရောဒယဇောတိတတ္တကျမ်းရင်းစကားဖြစ်သည် ။ ၎င်းပါဠိစကား၏အဓါပ္ပါယ်မှာ ။ ကျတ်ဂြိုလ်တွက်ရာ ၊ ကိတ်နိမိတ်လက္ခဏာအခဏ်းအနားကိုဟောဘော်ပြသောပါဠိစကားဖြစ်သည် ။ ယခုရဟန်း ၊ ရှင်လူတို့က ရှင်ဂေါတမဟောသောပါဠိအဖြစ် ဒေသနာတော်တင်ကြသည် ။အဌကထာဋီကာကျမ်းတို့၌ ။ ပထ၀ီ ။ အာပေါ ။ ၀ါယော ။တေဇော ဟုဆိုအပ်သော။ဓါတ်လေးပါးအခြင်းအရာကိုပြခြင်းမှာ ။ ဒပ္ပဂုဏပကာသဆေးကျမ်းစကားသာဖြစ်လေသည်။
သင်္ဂြိုလ်ကျမ်း ။ သံယုတ်ကျမ်းအဌကထာအစရှိသောကျမ်းတို့၌ ၊ ပဌမံကလသံဟောတိ ၊ အစရှိသောပါဠိစကားတို့မှာ ။ သမုတိဆေးကျမ်း၊ သုဿူကဆေးကျမ်း ၊ မဟာဘဂ၀ဆေးကျမ်း ၊ ၎င်းသုံးကျမ်းတို့၏ပါဠိစကားရင်းများဖြစ်သည် ။ ၎င်းပါဠိတို့၏အဓါပ္ပါယ်မှာ ၀မ်းဆွဲမိန်းမတို့နားလည်စေဘို့ရန် ၊ မိန်းမတို့၌ကိုယ်ဝန်တည်ပုံ ၊ ဘွားမြင်ပုံ အခဏ်းအနားတို့ကိုပြဆိုသောပါဠိဖြစ်သည် ။ ရှင်ဂေါတမဟောဖေါ်ပြသောကျမ်းစကားလုံးလုံးမဟုတ်ပါလေ ။
ဗုဒ္ဓ၀င်ကျမ်းကြီးတစောင်လုံးကိုစစ်ဆေးကြည့်ရှုလျှင် ။၎င်းကျမ်းကိုစီရင်ရေးသားထားသော ။ သထုံမြိ့ သား ရှင်ဗုဒ္ဓတ်သည် အဘယ်ကျမ်းစုကို အမှီပြု ရေးသားထားပါသနည်းဟုဆိုရပါလျှင် ။ ရှင်ဂေါတမမပေါ်ထွန်းမီဗြဟ္မာဏအမျိုး ၀ါလမိဂရသေ့စီရင်ရေးသားသော ဘင်္ဂလီရာမ ၊ ကလယ်ရာမ ၊ ပုံတော်ရာမ သုံးကျမ်းနှင့် ဗျာသစသောရသေ့ ဆရာတို့စီရင်ရေးသားသော ပူရာဏကျမ်းတို့ကိုအမှီပြုပြီးလျှင်ရေးသားသောဗုဒ္ဓ၀င်ကျမ်းဖြစ်လာရလေတော့သတည်း ။
ဤကားပိဋကတ်ကျမ်းတို့၌၊ရှင်ဂေါတမ၊မပေါ်ထွန်းမှီဗြဟ္မဏတို့စီရင်ရေးသားသောကျမ်းစကားတို့ကိုရှင်ဂေါတမအဟောလုပ်၍သွင်းထားသောပါဠိစကားအရပ်ရပ်တို့ကို ရွေးချယ်ထုတ်နှုတ်စစ်ဆေးပြီးလျှင်ခွဲခြားထုတ်နှုတ်၍ပြခြင်းမျလောက်သာဖြစ်ကြောင်းပေတည်း ။။ဤကဲ့သို့ရွေးချယ်ထုတ်နှုတ်ပြသော်လည်း ။ အမှန်ကိုမယုံလိုသောသူတို့က ။ ကိုယ်တိုင်လည်းမရှာလို ၊ သူတပါးစစ်ဆေး၍ပြသော်လည်းမယုံကြည်လို ။ မယုံနိုင်ဖြစ်ကြပြန်လေသည်။

ရှင်ဂေါတမရသောသဗ္ဗညုတညာဏ်တော်ကိုပြခြင်းအကြောင်း။ ။

ရှင်တော်ဂေါတမသည်၊ အလုံးစုံအကြွင်းမရှိသိမြင်နိုင်သောရွှေညာဏ်တော်ရသည်ဆိုသည်၊ သို့သော်လည်း၊ ရှင်တော်ဂေါတမသည်၊ လောကီ၊ လောကုတ္တရာနှစ်ဖြာသောအရာတို့ကို အကြွင်းမရှိသိမြင်သည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော်၊ ပိဋကတ်ကျမ်းတို့ကပြဆိုသောပါဠိကို ထောက်၍သိရသည်။ ပိဋကတ်ကျမ်းတို့ကဆိုသောအရာကိုပြဆိုဦးမည်။ ။သဗ္ဗညုတဥာဏမ္ပနကာမာဝါစရဓမ္မံလောကီယမေ၀ါတိ။ ။မြန်မာလိုအနက်ဆိုရပါက၊ သဗ္ဗညုတဥာဏမ္ပန၊ သဗ္ဗညုတဥာဏ်ဟူသည်ကား၊ ကာမာဝစရဓမ္မံ၊ ကာမ၀ါစရတရားဖြစ်သော၊ လောကီယမေ၀၊ လောကီဓါတ်နှင့်ယှဉ်သောဥာဏ်ပေတည်း၊ ဣတိ၊ ဤသို့၊ ဒဌဗ္ဗံ၊ မှတ်အပ်ကုန်၏။ ။ မဟာသီဟနာဒသုတ်အဌကထာတွင်ပြဆိုသောကြောင့်၊ ၎င်းကျမ်းဆရာတို့အလိုအားဖြင့်၊ ရှင်တော်ဂေါတမရသောဥာဏ်သည်၊ လောကုတ္တရာဥာဏ်မဟုတ်၊ လောကီဥာဏ်ဖြစ်သည်၊ ၎င်းအပြင်တနည်းအားဖြင့်၊ ဆအာသဓရဥာဏ်တော်ခြောက်ပါးဟူသည်ကား၊ ဣန္ဒြိယပရော ပရိယတ္တိဥာဏ်၊ အာသာနုသဥာဏ်၊ ကရုဏာသမာပတ္တိဥာဏ်ဟူ၍။ ၎င်းခြောက်ပါးသောဥာဏ်ကိုရှင်ဂေါတမသာရသည်မဟုတ၊ မြေကြီးပေါ်မှာရှိသောာယောင်္ကျား၊ မိန်းမ၊ မည်သည့်လူမျိုးမဆိုတို့ရနိုင်သောဥာဏ်စုဖြစ်သည်၊ ၎င်းခြောက်ပါး၏အရာကိုအခြေအနေနှင့်ပြဦးမည်၊ ၎င်းခြောက်ပါးသောဥာဏ်တို့သည်၊ မနောဒွါရစိတ်နှင့်ယှဉ်သောအာရုံသဘောပင်ဖြစ်သည်၊ ၎င်းမနောဒွါရစိတ်နှင့်ယှဉ်၍ဖြစ်သောအကြောင်းကို အထောက်အထားပါဠိနှင့်ယှဉ်၍ ပြဦးမည်။ ။ဣဒံစိတ္တံတီသုဘဝေသုသဗ္ဗသံသစိတ္တစိတ္တာနံ။ သာဓါရဏံနတဿစိတ္တကဿနဥပ္ပဇ္ဇမာနံဆအာသာဓါရဏဥာဏနိပိဣမိနာဂတိတာရမ္မဏံမေ၀ ဂဏှန္တိမဟာဂဇံနာမေတံစိတ္တံ နဣမဿအာရမ္မဏံနာမအတ္ထိသဗ္ဗသုတဥာဏဂဟိတံနာမကတမန္တိဝုတ္တေနဣဒန္တိဝတ္တပ္ပံ။ ။အနက်ကား၊ ဣဒံစိတ္တံ၊ မနောဒွါရ၀ဇ္ဇာန်းစိတ်သည်၊ တိသု၊ သုံးပါးကုန်သော၊ သစိတ္တကကသတ္တာနံ၊ စိတ်ရှိကုန်သောသတ္တ၀ါအပေါင်းတို့၌၊ သာဓါရနံ၊ ဆက်ဆံကုန်၏၊ ကဿစိ၊ တစုံတခုသောသတ္တ၀ါအား၊ နဥပ္ပဇ္ဇတိနာမံ၊ မဖြစ်မည်သည်၊ နတ္ထိ၊ မရှိ၊ ဥပ္ပဇ္ဇမာနံပန၊ ဖြစ်သည်ကား၊ ပဉ္စဒွါရေ၊ ငါးပါးသောဒွါရတို့၌၊ ဝေါဌပ္ပနံဝုဌော၊ ဤအရာသည်၊ ဟောတိ၊ ဖြစ်၏၊ မနောဒွါရေ၊ မနောဒွါရတို့၌၊ အာဝဇ္ဇနံ၊ အာဝဇ္ဇာန်းသည်၊ ဟောတိ၊ ဖြစ်၏၊ ဆအာသာဓါရဏညာဏနီပိ၊ ခြောက်ပါးသောအာသာဓါရဏဥာဏ် တို့သည်လည်း၊ ဣမိနာ၊ ဤမနောဒွါရအာဝဇ္ဇန်းစိတ်သည်၊ ဂဟိတရမ္မဏမေ၀၊ ယူအပ်ပြီးသောအာရုံကိုသာလျှင်၊ ဂဏှန္တိ၊ ယုံကုန်၏၊ ဧတံစိတ္တံ၊ ထိုမနောဒွါရ၀ဇ္ဇန်းစိတ်သည်၊ မဟာဂဇံနာမ၊ ဆင်ပြောင်ကြီးနှင့်တူသောစိတ်မည်၏၊ ဣမဿ၊ ဤမနောဒွါရ၀ဇ္ဇန်းစိတ်၏၊ အာရမ္မဏံ၊ အာရုံမဟုတ်သောအရာမည်သည်၊ နတ္ထိ၊ မရှိ၊ အသဗ္ဗညုတညာဏဂတိဟံ၊ သဗ္ဗညုတညာဏ်မည်သည်ကား၊ ကတံနာမ၊ အဘယ်စိတ်နည်း၊ ဣတိ၊ ဤသို့၊ ၀ုတ္တေ၊ ဆိုသော်၊ ဣဒံနာမ၊ ဤမနောဒွါရစဇ္ဇန်းစိတ်ပေတည်း၊ ဣတိ၊ ဤသို့၊ ၀တ္တပ္ပံ၊ ဆိုအပ်၏၊ ဤသို့အဌသာလိနီ စတ္တပ္ပါဒကဏ္ဍတွင်ပြသောကြောင့်၊ ၎င်းဆအသာဓါရခြောက်ပါးသောအာရုံတို့၌ပင်ရကြောင်းသိအပ်သည်၊ ၎င်းမနောဒွါရ အာဝဇ္ဇန်းစိတ်၏ပြဌာန်းရာ၊ ခြောက်ပါးသောအာရုံသဘောနှင့်၊ ဆက်ဆံ၍သိသော၊ မြင်သောဥာဏ်ကိုသာလျှင် ရှင်တော်ဂေါတမ ရသည်သာတည်း၊ လောကီ၊ လေကုတ္တရာ နှစ်ဖြာသောအရာတို့ကို၊ အကြွင်းမရှိမြင်နိုင်သောအနန္တသဗ္ဗညုတဥာဏတော်ကိုသော်၎င်း၊ ကမ္ဘာမိုးမြေနှင့်တကွ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း စီရင်ပြုပြင်တော်မူနိုင်သော ဥာဏ်တော်ကို၎င်း၊ ရှင်တော်ဂေါတမသည် မည်သည့်အခါကမျှမရခဲ့သလို၊ ဘယ်သောအခါမျှလည်း ရမည်မဟုတ်ချေ၊ ရှင်တော်ဂေါတမသာလျှင် မရသည်ဟုအမှတ်အပ်၊ ရှင်တော်ဂေါတမကဲ့သို့၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ မကင်းနိုင်းသော မြေကြီးသား အပေါင်းတို့ သည်လည်း မည်သူတဦးတယောက်မျှရသည့် အရာဟူ၍မမှတ်အပ်ပါလေ။ ။ ဆအသာဓရဥာဏ်ခြောက်ပါးကိုရှင်ဂေါတမရသည်ဆိုသောအရာကို၊ နားမလည်သောသူတို့က၊ တကဲ့အကြီးအကျယ်ဥာဏ်ဟူ၍၊ ဗုဒ္ဓဘာသာ၊ ရဟန်း၊ ရှင်လူတို့သည်၊ အမှန်ဧကောဗုဒ္ဓေါဟူ၍ထင်မှတ်မှားကြလေ၏။ ။ ထိုကဲ့သို့ထင်မှတ်သည့်အတိုင်း၊ ပိဋကတ်ကျမ်းကမပြဆိုသည့်အပြင်၊ သစိတ္တကသတ္တာနံ၊ ဆိုသောပါဠိကို၊ အဓိပ္ပါယ်ကုန်စင်အောင်ယူလျှင်၊ တိရိစ္ဆာန်ပင်ဟူ၍ရသည်၊ ယူရန်ရှိသည်။ သို့သော်လည်းဤကျမ်းကိုရေးသားသောအကျွန်ုပ်မှာ၊ ရှင်တော်ဂေါတမဥာဏ်တော်ခြောက်ပါးကို၊ တိရိစ္ဆာန်ပင်ရသည်ဟုမဆိုလိုပါပေ၊ အဌသာဠိနီဆရာဆိုသည်ကိုသာဘော်ပြလိုက်ပါသည်။ ။ရှင်တော်ဂေါတမသည်အလုံးစုံတို့ကို အကြွင်းမဲ့မသိမမြင်ကြောင်းကိုကျမ်းသက်သေခံသည်မှာ။ ။ အနမတဂ္ဂါယံဘိက္ခဝေသံသာရောပုပ္ပကောဋိနပညာယတိအာဝိဇ္ဇာနိဝရဏာနံသတ္တာနံတဏှာသံယောဇနံသန္ဓာဝတံသိံသရတံ။ ။အနက်ပြန်ရလျှင်။ ဘိက္ခဝေ၊ ရဟန်းတို့၊ အယံသာရော၊ ဤခန္ဓာအာရတနာဓါတ်တို့၏အစဉ်မပြတ်ဖြစ်ခြင်းသည်၊ အနမတဂ္ဂေါ၊ အတိုင်းအရှည်မရှိ၊ အ၀ိဇ္ဇာန်ဝရဏာနံ၊ အ၀ိဇ္ဇာနိဝရရှိကုန်သော၊ တဏှာသံယောဇနာဏံ၊ တဏှာသံယောဇဉ်တည်းဟူသောကြိုးဖြင့်ဖွဲ့ အပ်ကုန်သော၊သန္ဓာဝတုံ၊ ဤဘ၀မှသည်၊ သံသရန္တ၊ ပြောင်းသွားကုန်သော၊ သတ္တာနံ၊ သတ္တ၀ါတို့၏၊ ပုဗ္ဗေ ရှေးဖြစ်ကုန်သော၊ ကောဋိ၊ အစွန်းကို၊ နကညာယတိ၊ ငါမသိငါမထင်နိုင်ကုန်။ ။ ဤကဲ့သို့ နိဒါန၀ါရသံယုတ်အနမတဂ္ဂသုတ်တွင်ပြသည်၊ ထိုသို့ပြဆိုသည်ဖြစ်သောကြောင့်၊ ရှင်တော်ဂေါတမ၌အလုံးစုံအရာတို့ကို၊ သိမြင်နိုင်သောဥာဏ်မရှိကြောင်းကိုသိရလေသည်။ ။၎င်းနိဒါန၀ရံသံယုတ်ကျမ်းသည်လည်း၊ ရှင်ဗုဒ္ဓဃောသ၊ သီဟိုဠ်မှပြန်ရောက်၍နှစ်ပေါင်းတထောင်အတွင်း၊ သထုံပြည်မှာရေးသောကျမ်းဖြစ်သည်၊ ၎င်းအပြင်ရှင်တော်ဂေါတမသည်၊ ကိုယ်တိုင်ရှိစဉ်ကပင် မသိကြောင်းကိုထင်ရှားစွာဟောကြားထားသည်ကို၊ ဗုဒ္ဓ၀င်ကျမ်းတို့၌တိုက်ရိုက်ပြဆိုသည်မှာ၊ ရှင်တော်ဂေါတမသည်၊ ဗေဓိညောင်ပင်သို့ရောက်၍၊ သတ္တဌာန၊ လေးဆယ့်ကိုးရက်စေ့ပြီးသည့်နောက်။ ကပ္ပိလ၀တ်ပြည်မှမိမိထွက်လာစဉ်အခါက၊ ရှေးဦးစွာလောကဈာန်ရှစ်ပါးကို၊ သင်ယူခဲ့ဘူးသောပဌမဆရာ၊ အာဠာရရသေ့ထံ တရားစောသွားမည်ဟု့အကြံရှိရာ၊ ၎င်းအကြံကို နတ်သားတယောက်ကသိ၍ပြောသည်မှာ၊ အာဠာရရသေ့သည်လွန်ခဲ့သောခုနှစ်ရက်မြောက်ကပင် သေဆုံးသွားပါပြီဟူ၍ဆိုရလေ၏၊ တဖန်၊ ရှင်တော်ဂေါတမသည်၊ ဒုတိယ ဆရာဖြစ်သော ဥဒက ရသေ့ထံသို့သွားမည်ဟုအကြံရှိလေပြန်ရာတွင်၊ အထက်နည်းတူ နတ်သားကဆိုလေသည်မှာ၊ ယမန်ညသံခေါင်းယံအချိန်ကပင် ၎င်းလည်းသေဆုံးသွားပြီဖြစ်ကြောင်းကြားပြောလေ၏၊ ဤသည်ကိုကြည့်ခြင်းအားဖြင့်၊ ထိုရသေ့ဆရာညီနောင်တို့ဆုံးသွားသည်ကိုပင် မသိကြောင်းဗုဒ္ဓ၀င်တို့တွင် တိုက်ရိုက်ဖေါ်ပြထားလေသည်။ ထို့ကြောင့် ရှင်တော်ဂေါတမ၌အကြွင်းမဲ့သိကြွမ်းသောနိုင်သောဥာဏ်မရှိကြောင်းကို ရှင်းလင်းစွာသိရှနိုင်ပေသည်။ ယခုဆိုပြခဲ့သောအရာတို့ကိုမစဉ်းစားလိုသောသူတို့က၊ နတ်သားမပြောဘဲနှင့်သိပါသည်ဟူ၍ မဖြေမိပါစေနှင့်ဦးလေ။ ကထေဋက မျသာပုစ္ဆာဖြစ်မည်၊ အသိပေးလိုပါသည်။ ။ အကယ်၍ယခုဗုဒ္ဓဘာသာရဟန်း၊ ရှင်လူတို့ ယူကြသည့်အတိုင်း၊ ရှင်ဂေါတမ၌အကြွင်းမရှိသိနိုင်၊ မြင်နိုင်သော သဗ္ဗညုတဥာဏ်ကိုရရှိပါစေဦးတော့၊ အလုံးစုံတို့ကို ဖန်ဆင်းပြုပြင်စီရင်နိုင်သော၊ ဥာဏ်ရှင်မဟုတ်သောကြောင့်၊ ဘုရားဟူ၍အခေါ်မခံထိုက်ပါပေသေး။ ရှင်တော်ဂေါတမသည်၊ ဥပမာပြရပါကအဘယါ သို့သောသူနှင့်တူပါသနည်းဟူမူကား၊ ဆပ်ကပ်ပွဲတွင် ပဌမတန်းက၀င်၍ကြည့်သောသူနှင့်တူစရာရှိပါ၏။ ဆပ်ကပ်ပွဲ၏အကြောင်းကိုပြောမည်၊ တခါတရံအနောက်နိုင်ငံကြီးမှလာ၍မြန်မာပြည်၌ရှိသော၊ ရန်ကုန်၊ မန္တလေး၊ ပြည်၊ မော်လမြိုင် အစရှိသည်တို့တွင်ကွဲခင်းလျှင်၊ ထိုဆပ်ကပ်ဆရာသည်ပြလျှင်၊ ထိုအခါမြို့သူမြို့ သားတို့သည်။ မိမိတို့ငွေအနည်း၊ အများတို့ကိုလိုက်၍၊ ပဌမတန်း၊ ဒုတိယတန်း၊ တတိယတန်း အစရှသည်တို့ဖြင့်ထိုပွဲကြီးကို ၀င်၍ကြည့်ကြပေမည်၊ထိုအခါဆပ်ကပ်ဆရာတို့ပြသော အရာတို့ကိုလူတိုင်းကတိုးဝှေ့ကာဝင်၍ ကြည့်နိုင်မည်မဟုတ်ချေ။ ကြည့်ရသည်လည်းမဟုတ်သောကြောင့်၊ ဆပ်ကပ်ပွဲကို ပဌမတန်းက၀င်၍ ကြည့်သောသူသာလျှင်၊ တခါမျှမမြင်၊ မကြားဘူးသောကျေးတောသူတို့အား၊ မိမိမြင်သည့်အတိုင်းပြောသောအခါတွင်၊ ကျေးရွာသူ/သားတို့က သူတို့ကိုယ်တိုင် မမြင်ရသောကြောင့် ပြောပြသောသူအားအလွန်အံသြချီးမွမ်းကြလေ၏၊ ၎င်းဥပမာကိုဤမျှနှင့်တော်ဦးမည်။။ ၎င်းဥပမာတွင်စဉ်းစားရန်ရှိသည်မှာ၊ ဆပ်ကပ်ပွဲအကြောင်းကိုပြောဆိုနိုင်သောသူသည်၊ ဆပ်ကပ်ဆရာပြသ၍သာမြင်ရ၍ပြောပြနိုင်သည်၊ ၎င်းဆပ်ကပ်ဆရာမပြသောအရာတို့ကိုကား၊ မမြင်၊ မသိရသောကြောင့်ပြောပြနိုင်မည်မဟုတ်ပေ၊ သို့သော်လည်း၎င်းဆပ်ကပ်ပွဲက အခမ်းအနားအကြောင်းကို တခမ်းမနားပြောပြသွားသောအခါတွင်၊ ကုန်စဉ်အောင်တခုမကျန် ပြောဆိုနိုင်သော်လည်း (အထူးသတိပြုရန်မှာ) ထိုသူသည်၊ ဆပ်ကပ်ကွဲကိုပြုပြင်စီရင်နိုင်သောသူကား လုံးလုံးမဟုတ်ပါလေ။ ဥပမေယျ ထိုနည်းတူစွာဆိုရပါလျှင်၊ ပဌမတန်းရှင်ဘုရင်၏သားဖြစ်သော ရှင်တော်ဂေါတမသည်၊ ဘုရားသခင်ပြတော်မူသောလောကီ၊ လောကုတ္တရာအရာတို့ကိုသိမြင်ရ၍၊ ပစ္စ န္တရစ်အရပ်သားတို့ အားအကြွင်းမရှိဟောပြောပြသနိုင်သော်လည်း၊ ဆပ်ကပ်ကိုကြည့်ရသောသူသည်၊ ဆပ်ကပ်ဆရာမဖြစ်နိုင်သကဲ့သို့၊ ထိုနည်းတူရှင်တော်ဂေါတမသည်လည်း၊ အလုံးစုံတို့ကိုစီရင်ပြုပြင်နိုင်သောအနန္တ၊ အစိန္နေယျ၊ အပ္ပမေယျ သဗ္ဗညုတရွှေဥာဏ်ရှင်ကားမဖြစ်နိုင်ရာ။ ။

ရှင်ဂေါတမသည်ဘုရားရှိခိုးကြောင်းကို ပိဋကတ်တို့ကပြခြင်းကြောင်း ။ ။

ရှင်ဂေါတမသည်၊ ဗောဓိညောင်ပင်အောက်သို့ရောက်ပြီးနောက် ၊ မြက်ခင်းနေရာမှာထ၍ ၊ မတ်တပ်ရပ်ရှိခိုးပြီးလျှင် ၊ မမှိတ်သောအနိမိဿစက္ခုဖြင့် ၊ ခုနှစ်ရက်ပါတ်လုံးဘုရားရှိခိုးကြောင်းကို ၊ ပါရာဇိကာဏ်အဌကထာကျမ်းတွင်တိုက်ရိုက်ဖွင့်ပြသည်မှာ ။ ။ ဗုဒ္ဓရူပံပဿန္တော သတ္တဒီဝသနီအက္ခီပူဇံနာမအကာသိ ။ ။အနက်ကား ၊ ဗုဒ္ဓရူပံ ၊ ဘုရားရှင်၏ဗျာဒိတ်ရူပါရုံကို ၊ ပဿန္တော ၊ ကြည့်ရှုလျှက် ၊ သတ္တဒီဝသနီ ၊ ခုနှစ်ရက်ပါတ်လုံး ၊ အက္ခီ ၊ မမှိတ်သောမျက်စိဖြင့် ၊ ပူဇံနာမ ၊ ပူဇော်ခြင်းအမှုကို ၊ အကာသိ ၊ ပြု၏ ။ ။ဤကဲ့သို့ပိဋကတ်ကျမ်းဂါန်တို့၌ ၊ ရှင်တော်ဂေါတမသည် ဘုရားရှိခိုးကြောင်းကို ပြပါလျှက်နှင အမှန်ကိုမယုံကြည်လိုသောသူတို့ကိုယ်တိုင်ကလည်းပိဋကတ်ကိုမစစ်ဆေးဘဲနှင့် ၊ လွှဲရှောင်၍ပြေကြသည်မှာ ၊ ရှင်ဂေါတမသည်ဘုရားရှိခိုးသည်မဟုတ် ။ ညောင်ပင်နှင့်ပလ္လင်ကိုသာရှိခိုးသည်ဟူ၍ ငြင်းဆိုကြသည်များမှာ ၊ မစဉ်းစားပြေဆိုခြင်းဖြစ်သည် ၊ အဘယ့်ကြောင့်ဆိုသော် ၊ ၎င်းညောင်ပင်နှင့် မြက်ခင်းနေရာပလ္လင်သည် ၊ ရှင်တော်ဂေါတမအတွက်အဘယ်အရာများကျေးဇူးပြု၍ ရှိခိုးစရာအကြောင်းရှိပါသနည်း ။ ဤကဲ့သို့ရှင်ဂေါတမ ဘုရားရှိခိုးကြောင်းကို ပိဋကတ်ကျမ်းတို့ကပြဆိုသောကြောင့် ။ ရှင်ဂေါတမထက် ကြီးမြတ်တော်မူသောဘုရားသခင်ရှိကြောင်းကိုသိစေဘို့ရန်စစ် ဆေး၍ပြလိုက်သည် ၊ ထိုကဲ့သို့ပိဋကတ်ကရှင်ဂေါတမသည် ၊ ဥာဏစက္ခုအားဖြင့် ၊ ဘုရားသခင်၏ဗျာဒိတ်ရူပါရုံကိုကြည့်ရှု၍ ၊ ဘုရားသခင်ရှိကြောင်းကို သိ၍ ရှိခိုးကြောင်းကို ပြဆိုပါလျှက်နှင့်အဘယ့်ကြောင့်၊ တလိုင်းမြန်မာလူမျိုးတို့က ၊ ရှိခိုးကိုးကွယ်ခြင်းမပြုကြပါသနည်းဆိုလျှင် ၊ ရှင်ဂေါတမရှိခိုးသောကြောင့် သူတို့သည်ရှိမခိုးဘဲနေကြလေသလော ၊ ရှင်တော်ဂေါတမကထိုဘုရားသခင်အားရှိမခိုးခဲပါက သူတို့သည်ရှိခိုးကြပေလိမ့်မည်လော ။

အတုမရှိသောဘုရားသခင်ကို၎င်း၊ ဘုရားသခင်ဖန်ဆင်းတော်မူသောလေကဓါတ်ကို၎င်း ၊ မကြံစည်အပ်သည်ကို ပိဋကတ်ကပြခြင်း။ ။

လောကေ ၊ လောကကို ၊ နစိန္ဆိယံ ၊ မကြံစည်အပ်သည်ကို ၊ စိန္တာယံဿ ၊ ကြံစည်သောသူသည်ကား ၊ ဥမ္မာတဿ ၊ သူရူးနှင့်လည်းတူ၏ ၊ အ၀ိဂတဿစိတ်ဖေါက်ပြန်သောသူနှင့်လည်းဆူ၏ ၊ ဗုဒ္ဓဿ ၊ အတုမရှိသောမြတ်စွာဘုရားသခင်ကိလည်း ၊ နစိန္တိယံ ၊ မကြံစည်အပ်သည်ကို ၊ စိန္တာယဿ ၊ ကြံစည်သောသူအားလည်း ၊ ဥမ္မာတဿ ၊ သူရူးနှင့်လည်းတူ၏ ၊ အ၀ိဂတဿ ၊ စိတ်ဖေါက်ပြန်သောသူနှင့်လည်းတူ၏ ။ ။ဤသို့ပိဋကတ် လောကဒီပကာသာရ ကျမ်းကပြဆိုပါလျှက်နှင့် ။ မြန်မာရဟန်း ၊ ရှင်လူတို့သည် ၊ ဘုရားသခင်၏ဇာတိတော် ၊ တဂိုရ်တော်ကိုကြံစည်ယုံသာမက ၊ မိမိတို့ကိုယ်ကိုပင်ဘုရားဖြစ်ဖို့ရာ ၊ အ၀ိညာဏအသက်မရှိသော အနေကဇာတင်ရုပ်တု့ရှေ့မှာပင်ဘုရားဖြစ်ရန်အရေးဆုတောင်းသောသူလည်းအများရှိ၏ ။ဘုရားသခင်၏ဇာတ်တော်ကို၎င်း ၊ နဂိုရ်တော်ကို၎င်း ၊ ကြံစည်ဖို့ရာမဆိုထားပါလေနှင့်ဦး ဘုရားသခင်ဖန်ဆင်းထားတော်မူသော ပန်းတပွင့်၏ အဖြစ်ကိုပင် ဆုံးခန်းတိုင်အောင် သိနိုင်အောင်ပင်ကြံစည်ပါလေဦး ။ မီးခြစ်ဆံတချောင်းကိုမျလုပ်နိုင်သောဉာဏ်မရှိပါဘဲလျှက်ဘုရားဖြစ်ဖို့ရာကြံစည်ဖြင်းမှာအဘယ်မှာလျှင်ဖြစ်နိုင်ပါအံ့နည်း အိုဘယ့်အဆွေ ။ ။

ဘုရားသခင်၏ရုပ်တော်သည်ဖေါက်ပြန်ပျက်ဆီးခြင်းမရှိကြောင်းကိုပဋကတ်တို့ကသက်သေခံခြင်း ။ ။

ဧကောဗုဒ္ဓေါ နာမရူပကာယော ၀ိပရိနာမတော နတ္ထိ ။ ။ အနက်ကား၊ ဧကော ၊တဆူတည်းသော ၊ ဗုဒ္ဓေါ ၊ ဘုရား၏ ၊ ရူပကာယော ၊ ရုပ်တော်သည် ၊ ၀ိပရိနာမတော ၊ ဖေါက်ပြန်ပျက်ဆီးခြင်းမည်သည် ၊ နတ္ထိ ၊ မရှိ။ ။ဟူ၍၀ိသုဒ္ဓိမာဂ်အဌကထာကျမ်းကသက်သေခံလေ၏ ၊ထို့ကြောင့် ဘုရားဟူသည် လူသားများကဲ့သို့ သေဆုံးနိုင်ခြင်းမရှိပါ အကယ်၍ သူလိုငါလိုသေဆုံးပါက အဘယ်မှာလျှင်ဘုရားဟုအမည်ခံသင့်ပါသနည်း၊ ထို့အတူအဘယ်မှာလျှင် ကိုးကွယ်ရန်ထိုက်ပါတော့အံ့နည်း..
၎င်းအရ ကိုးကွယ်နေပါက `` ငါလည်းငါ့အပူနှင့်မို့ နင်ထိုက်ရာနင်သွားဆိုသောစကား ´´ အတိုင်းသာဖြစ်ပေတော့မည်မို့...ကြည့်၍သာလုပ်ဆောင်ပါတော့ အဆွေ..

ဗုဒ္ဓဘာသာမြန်မာတို့သည်အထင်အမြင်မှားသည်ကိုပြခြင်းအကြောင်း။ ။

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည်၊ အချို့ သော၊ ရဟန်း၊ ရှင်လူတို့က ဘာသာစကားဖြစ်သော၊ မိမိတို့နားမလည်သည့် မာဂဓဘာသာပါဠိကိုရွက်ဖတ်နိုင်လျှင်၊ ပြောနိုင်လျှင်၊ ထိုပုဂ္ဂိုလ်ကိုပညာရှိဟူ၍ထင်မှတ်အယူမှားကြလေသည်။ အမေး၊ ပုစ္ဆာပြဿနာစကားများကို ဖြေဆိုနိုင်လျှင်လည်းကျမ်းတတ်၊ စကားတတ်သည်ဟုထင်မှတ်ကြလေသည်။ ဆွမ်း၊ သင်္ကန်း၊ ကျောင်းအစရှိသောဗဟိဒ္ဓဒါနအလှုတို့ကိုလည်း၊ ဒါနအလှုစစ်ဟူ၍ထင်မြင်မှတ်မှား၊ မှတ်သားကြလေသည့်အတိုင်း။ ပိဋကတ်ကျမ်းတို့ကပြဆိုသည်မဟုတ်ချေ။ ပိဋကတ်ကျမ်းတို့ကထွက်ဆိုသည်ကိုပြဦးမည်။ ။ ဇိနောဇယန္တော၊ ပိဋကတ္တရမ္ပိနပဏ္ဍိတောသဟဿဝါစာနစရိယောအယုတ္တဒါနေနဒါနံ၊ ပဉ္စိန္ဒြိယာနိသံဝရောဘိက္ခဝေသစ္စ၀ါဒိဓမ္မံစရေယ ။ ပရိသုဒ္ဓဓမ္မဒါနံ ။ သုတ်မဟာဝါပါဠိတော်ဖြစ်သည်။ ။အနက်ဆိုရလျှင်။ ။ယော၊ အကြင်သူသည်၊ ဇိနော၊ ရန်ကို၊ ဇယန္တော၊ အောင်ပါများသော်လည်း၊ နသရော၊ သူရဲကောင်းမဟုတ်၊ ပိဋကတ္တရမဉိ၊ ပိဋကတ်သုံးပုံကိုအာဂုံဆောင်တတ်ငြားလည်း၊ နပဏ္ဍိတော၊ ပညာရှိမဟုတ်၊ သဟဿဝါစာ၊ တသောင်းသော အမေးပုစ္ဆာ ပြဿနာများကို ဖြေဆိုနိုင်သေည်လည်း၊ နစရိယော၊ စကားတတ်မဟုတ်၊ အယုတ္တဒါနေ၊ ဆွမ်း၊ သင်္ကန်း၊ ကျောင်းဟုဆိုအပ်သောဗဟိဒ္ဒ၀တ္ထုပစ္စည်းတို့ကိုပေးလှုခြင်းသည်၊ ဒါနံ၊ ဒါနမဟုတ်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ပဉ္စိန္ဒြိယာနိ၊ ငါးပါးသောဣနြေ္ဒတို့ကို၊ သံဝရော၊ စောင့်ရှောက်ခြင်းသည်၊ သူရော၊ သူရဲကောင်းမည်၏ ။ သစ္စပါဒီ၊ ဟုတ်မှန်သောစကားကိုပြောဆိုသောသူသည်၊ ခိရာ၊ စကားတတ်မည်၏ ၊ ဓမ္မံ၊ တရားကို၊ စရေ၊ စောင့်ရှောက်ခြင်းသည်၊ ပဏ္ဍိတော၊ ပညာရှိမည်၏၊ ပရိသုဒ္ဓိဓမ္မံ၊ ကိုယ်တွင်း၌စင်ကြယ်အောင်၊ ဒုသီလစေတနာကိုစွန့် ခြင်းသည်၊ ဒါနံ၊ ဒါနမည်၏၊ ဣတိ၊ ဤသို့၊ ၀ုတ္တံ၊ မိန့်ဆိုအပ်၏ ။ ။ ထို့ကြောင့်အထင်မှား၊ အမြင်မှားမဖြစ်စေခြင်းငှာ၊ ရွေးချယ်၍ပြလိုက်သည် ။ မုချဒါနစစ်စစ်မှာကား၊ ဒုသီလစေတနာကိုစွန့်လွတ်ခြင်း၊ ၎င်းကိုသတ်ဖြတ်ခြင်းသာဒါနအစစ်ဖြစ်ကြောင်းကိုပိဋကတ်ကပြဆိုလေသည်။ ။၎င်းစကားကိုပိဋကတ်မှပြဦးမည် ။ တရတေဒ၀ါတိသင်္ခတံဒုသီလစေတနာဒန္တေတိလုနာတီတိဒါနံ။ ။ယံဓမ္မဇာတံ၊ အကြင်တရားသဘောသည်၊ တရတေဒ၀ါတိသင်္ခတံ၊ တထောင့်ငါးရာကိလေသာတို့၏တည်ရာဖြစ်သော၊ ဒုသီလစေတနာကို၊ ဒန္တေတိ၊ လူနာကိုရိတ်သတ်တတ်၏၊ ဣတိတသ္မာ၊ ထို့ကြောင့် ။ ရိတ်သတ်တတ်သောသတ္တိကြောင့်၊ ဒါနံ ၊ ဒါနမည်၏၊ ပါဏာတိပါတ၊ မုသာဝါဒ၊ သူရာမေရယ အစရှိသောဒုစရိုတ်အမှုတို့ကိုပြုလုပ်ခြင်းသည် ။ မနောဒုစရိုတ်စေတနာကသာပြုသောကြောင့်၎င်းဒုစရိုတ်စိတ်ကိုနှုတ်မှပါယ်သတ်မှသာလျှင်သုသီလပုဂ္ဂိုလ်ဖြစ်ချေမည်။ ဆွမ်း၊ သင်္ကန်း၊ ကျောင်းစေရှိသောဗဟိဒ္ဓ၀ုတ္တုပစ္စည်းတို့ကဒုစရိတ်အမှုကိုရိတ်သတ်တတ်သည်မဟုတ်ချေ။ ထို့ကြောင့်ရှင်ဂေါတမကိုယ်တိုင်က ဗဟိဒ္ဓ၀တ္ထုပစ္စည်းဖြစ်သော အာမိဿအလှုတို့သည်အကျိုးမရှိဟူ၍ဟောကြောင်းကိုဝိသုဒ္ဓိမာဂ်ကျမ်းတွင်သက်သေခံလေသည်။ ၎င်းမှာ။ အာမဿပူဇယ၊ ဗဟုကမ္ပိပူဇိယမာနော၊ ပူဇိတောနာမဟောတိ ။ ။ အာမိဿပူဇာယဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးလေးပါးသောပစ္စည်းအနည်းနည်းတို့ဖြင့်အစရှိကုန်သော၊ လူဘုံ၊ နတ်ရပ်ကိုတက်၍လှုအပ်သောအထူးထူးသောဝတ္ထုတို့ဖြင့် ၊ ဗဟုကမ္ပိ၊ များစွာသောအရာကိုလှုမူလည်း၊ ပူဇိမယာနော၊ ပူဇော်ပါသည်ရှိသော်၊ ပူဇိရကောနာမ၊ ပူဇော်ရာမည်သည် ၊ နဟောတိ၊ မဖြစ်၊ ထိုကဲ့သို့ဗဟိဒ္ဓ၀တ္ထုပစ္စည်းဖြစ်သောအာမိဿအရာတို့ကိုလှုသော၊ ဒါယကာ၊ ဒါယကာမတို့အားသာအကျိုးမရှိဟူ၍ ပိဋကတ်ကပြဆိုသည်သာမက၊ အလှုခံပုဂ္ဂိုလ်များလည်းအကျိုးမရှိကြောင်း ပြယုံသာမကသူတော်ကောင်းမဟုတ်ကြောင်းပြလေသည်၊ ပါဠိ ၊ ၀တ္ထုပရိယေသနာယ ၊ ဥတုကောဗာလောနထေရောတွေဝသင်္ချာဂစ္ဆတိ၊ ဟူ၍ဒုကအင်္ဂုတ္ထိုလ်ပါဠိဖြစ်သည်၊ အနက်ကား၊ ယောဘိုက္ခူ ၊ အကြင်ရဟန်းသည်၊ န၀ုက္ကောဋိ၊ အသက်ကိုးဆယ် ၊ တရာရှိသော်လည်း ၊ ၀တ္ထုပရိယေသနာယ ၊ ပရိက္ခရာအသုံးအဆောင်အစရှိသောလှုဖွယ်ဝတ္ထုပစ္စည်းတို့ကိုသိုမှီးသိမ်းဆည်းခြင်း၌ ၊ လုံ့လကြိုးစားအားထုတ်၏ ၊ သောဘိက္ခော၊ ထိုရဟန်းအသက်ကြီးသည်။ လေရေတွေဝ ၊ ထေရ်ကြီးပုဂ္ဂိုလ်ဟူ၍သည်လျှင် ၊ သင်္ချံ ၊ ခေါ်ဝေါ်ရေတွက်သမုတ်အပသည်၏အဖြစ်သို့ ၊ နဂစ္ဆန္တိ ၊မရောက်ကုန် ၊ ဗာလေတွေဝ ၊ သာသနာပျက်ရဟန်းမိုက်ကလေးဟူ၍သာလျှင် ၊ သင်္ချံ ၊ ခေါ်ဝေါ်ရေတွက်သမုတ်အပ်ခြင်းအဖြစ်သို့ ၊ ဂစ္ဆန္ဆိ ၊ေ၇ာက်ကုန်၏ ၊ ဤကးပိဋကတ်ကျမ်းတို့၌လာသည့်အတိုင်းပြဆိုလိုက်သည် ၊ ယခုဗုဒ္ဓဘာသာဟူ၍ခေါ်ဝေါ်ခံကုန်သော ရဟန်း ၊ ရှင်လူတို့သည် အလုပ်နှင့် ၊ ပိဋကတ်ပြဆိုသည်တို့မှာ ၊ နာမည်သာခံရုံရှိပြီး ၊ အလုပ်မှာမူကား ဗုဒ္ဓဘာသာဝင်မဟုတ်ပါချေ။ ။

ဗြဟ္မဏတို့ ၏ကျမ်းမည်ကိုပြခြင်းအကြောင်း။ ။

ကဏ္ဍပေါင်း ၁၀၁၇ ခဏ်း၊ ဂါထာပေါင်း ၁၀၅၈၀ ရှိသော ဣသျှဗေဒင်ကျမ်း၊ သောမဂြိုလ် နတ်ဘုရားကို ပူဇော်သောအခမ်းအနား ပြသောဗေဒင်ကျမ်း၊ ယဇုကျမ်း၊ ယဇုအသိုကျမ်း၊ အရည်တင် ဓူတင်ကျင့်စဉ် အခမ်းအနားကိုပြသော ဥပနိသျှကျမ်း၊ ဗြဟ္မဏတို့ ကျင့်စဉ်တရားကိုပြသောကျမ်း၊ ကြားခြင်းအနက်ကို ဟောသောသုတိကျမ်း၊ မုချသာရအနက စကားပိုဒ်များပြုလုပ်ရန်၊ ပညာတ် ဥပဒေသကို ပြသောသုတ္တံကျမ်း။ အလွန်ရှည်ကြာသော ရှေးဟောင်း စကားတို့ ကိုအဆက်မပြတ် အနက်ပေးသော ပေါရာဏကျမ်း။ ။ပါဏိနိသဒ္ဒါကျမ်း။ ။အတတ်ပညာကို ထင်စေရန် စိတ်ကူးခြင်း ပုံကိုပြသော စိန္တာမယိကျမ်း ။ ။ ဂြိုလ် နက္ခတ် တာရာတို့ကို ပြသော အာကာသျှတ္တရငါးကျမ်း။ ။လူတို့ပဋိသန္ဓေ တည်ပုံကိုပြသော မဟာဘဂ၀င်ကျမ်း။ ။သုဿုတဆေးကျမ်း။ ။ ရသေ့ ဆရာအစဉ်အဆင့် ကိုပြသော ပူရာဏိ ၁၈ကျမ်း။ ။ဒေ၀ီပူရာဏီကျမ်း။ ။ဗြဟ္မဏပူရာဏီကျမ်း။ ။အဘိဓါန်ကျမ်း။ ။အက္ခရာအစဉ်ကိုပြသောကျမ်း။ ။အိပ်မက်ဟောကျမ်း။ ။နိမိတ္တကျမ်း။ ။ဆန်းအစရှိသော ဗေဒင်သုံးပုံ၏ အစိတ်ခြောက်ကျမ်း။ ။စကားဆက်ပြောသောကျမ်း။ ။သာဝက္ကကျမ်း။ ။မိဂပတ္တကျမ်း။ ။အန္တရစက္ကကျမ်း။ ။မိဿကကျမ်း။ ။ဘာဝပ္ပကာသဆေးကျမ်း။ ။သာရပ္ပသင်္ဂဟဆေးကျမ်း။ ။ဓာနွန္ဒရိကျမ်း။ ။မဟာဘာရာသ၀တ္ထု။ ။ကုမာရသမ္ပ၀ကျမ်း။ ။တူရိယာ အမျိုးမျိုးနှင့် ကချေသည် သဘင်ပြုလုပ်ရန် ကာလီဒါသ ဆရာရေးသော၊ သကုဏ္ဍလပြဇာတ်။ ။မြိစ္ဆာကဋီပြဇာတ်။ ။တိရိစ္ဆာန်ပုံပြင်ဝတ္ထု။ ။နာဂတဇာတ် အမျိုးမျိုး၊ ရတုရကန် အမျိုးမျိုးဖြစ်ကုန်၏။ ။၎င်းပြခဲ့သောကျမ်းသောကျမ်းတို့သည်၊ ရှင်တော်ဂေါတမ၊ မပေါ်ထွန်းမှီ၊ နှစ်ပေါင်း ၃၇၀ အထက်လောက်က၊ ဗြဟ္မဏဆရာ ရသေ့တို့ စီကုံး ရေးသားထားသော ကျမ်းစုဖြစ်သည်။၎င်းပြဆိုခဲ့သော ကျမ်းစာထဲက၊ အချို့ သောကျမ်းစကားကို ရှင်တော်ဂေါတမ အဟောလုပ်၍ ပိဋကတ်ထဲသို့ သွင်းထားလေသည်၊ အချို သောပုံဝတ္ထုတို့ကို၊ ရှင်တော်ဂေါတမ အဖြစ်တော်ပေါင်းလုပ်၍ သွင်းထားလေ၏၊ ၎င်းသွင်းထားသောအရာများကို နောက်မှခွဲ၍ပြပါမည်။

ရှင်တော်ဂေါတမအတ္ထုပ္ပတ္တိကိုအကျဉ်းပြခြင်းအကြောင်း

ရှင်တော်ဂေါတမ သည်အသက် ၂၉ နှစ် ရှိသောအခါ၊ ယသော်ဒယာမင်းသ္မီးနှင့်၊ သားရာဟုလာကို စွန့်ပစ်၍၊ ဗြဟ္မဏတို့၏ ကျင့်စဉ်အတိုင်း တောထွက်၍၊ ဆရားကိုကျင့်လေ၏ အသက်၃၅ နှစ် ပြည့်သောအခါတွင် ဗြဟ္မဏတို့  ဘာသာတရားလမ်းကိုစွန့်၍၊ အသစ်သော တရားလမ်းကို မိမိဥာဏ်အားဖြင့် လူအပေါင်းတို့ကို ဟောလေ၏။ ထိုအခါ အများသောသူတို့သည်၊ သူ၏ဘက်သို့ ပါသွားလေတော့သည်၊ ထို့ကြောင့် သောဠသ ပြည်အနှံ့ အပြားဖြစ်၍၊ သူ၏ သာသနာသည် တည်ထွန်းလေ၏။၎င်းအချိုန်တွင်၊ သာဝတ္ထိပြည်၊ ပသေနဒီ ကောသလမင်းကြီးသား ၀ိဋဒူပနှင့်၊ ကပ္ပိလ၀တ်ပြည် ရှင်တော်ဂေါတမအမျိုး၊ မဟာနာမ်မင်းတို့သည် စစ်ဖြစ်ကြသောအခါ၊ စစ်ရှံး၍ သာကီဝင် အမျိုးအပေါင်းတို့ ကို၊ ၀ိဋဒူပသည်၊ ရက်စက်စွာ နှိုပ်စက် ညှင်းဆဲ သောကြောင့်၊ ပါတဠိပုတ် ပြည်မှစ၍၊ သီဟိုဠ်ကျွန်းးတိုင်
အောင်၊ တိမ်းရှောင် ထွက်ပြေးကြရလေသည်။ရှင်ဂေါတမသည်လည်း၊ အသက် ၈၀ ပြည့်သောအခါ၊ ကုသိန္ဒာရုံပြည် မလ္လာမင်းတို့ ၏ အင်ကြင်းတော၌ ကွယ်လွန်လေသည်၊ ၎င်းအချိန်၌၊ ရှင်တော်ဂေါတမ ဟောသောတရားတို့ကို၊ စာအက္ခရာ ဖြင့်ရေးသားထားသော ကျမ်းစာမရှိသေးချေ။ ။

ဗြဟ္မဏကျမ်းတို့ ကိုရေးသားစီရင်သောရသေ့ဆရာတို့ ၏အမည်ကြို့ပခြင်းအကြောင်း

ဝကျဆရာ။ ။ဝဂ္ဂဆရာ။ ဟရိတဆရာ။ ဂေါတမဆရာ။ ယ၀နဆရာ။။ ၀ဟာရမိတိရဆရာ။ ဗျာသဆရာ။ ဟာရိတဆရာ။ ယနာမိပတိဆရာ။ ဘဂုရိဆရာ။ ဂီရိဒိသဆရာ။ ပ၀နေရသဆရာ။ ဗာရာသနဆရာ။ သကျဆရာ။ ဇီဝဆရာ။ ဘဂုဇဆရာ။ သမိတဆရာ။ အဌကဆရာ။ ၀ါမကိဆရာ။ ၀ါမဒေ၀ဆရာ။ ဝေသာမိတ္တဆရာ။ ၀ါမဒေ၀ဆရာ။ ယမတဂ္ဂိဆရာ။ အင်္ဂီရသဆရာ။ဘာရဒွါဇဆရာ။ ၀ါသေဌာဆရာ။ ကဿဖဆရာ။ဘရဂုဆရာစသည်တို့ သည်၊ ရှင်တော်ဂေါတမ မပေါ်ထွန်းမှီ အထက်ကပြခဲ့သောကျမ်းတို့ ကို ရေးသားသော ရသေ့ ဆရာတို့  ဖြစ်လေကုန်ကြလေသည်။

သီဟိုဠ်ကျွန်းတွင်ပေထက်အက္ခရာတင်ထားခြင်းအကြောင်း။ ။

ရှင်ဂေါတမ၊ မရှိသည့်နောက် နှစ်ပေါင်း ၄၅၀ နှစ် ရှိသောအခါ၊ ရှင်မဟိန္ဒမှ ဆင်းသက်သော။ သီဟိုဠ် ရဟန်းဆရာတို့သည်၊ အထက်က ပြခဲ့သော ဗြဟ္မဏဆရာတို့ စီရင်ရေးထားသည့် ကျမ်းစာတို့ကို အမှီပြုပြီးလျှင် အချို့သောစကားတို့ကို ရှင်တော်ဂေါတမ အဟောလုပ်သည်၊ အချို့သော ပုံပြင် ၀တ္ထုတို့ ကို ရှင်တော်ဂေါတမ အဖြစ်တော်ပေါင်းလုပ်၍၊ မိမိတို့ညာဏ် ဖြင့်များစွာသော ကျမ်းတို့ကိုစီရင်ပြီးမှ၊ သက္ကသ ဘာသာဖြင့် ပေထက်အက္ခရာ တင်ထားလေ၏။ ၎င်းမှတဖန် ၀ဋ္ဋဂါမဏီမင်းလက်ထက်၊ အနုရာဒမြို့ တောင်မလာ ဇနပုဒ်၊ အာသောကလှိုင်၌ သွင်းထားလေ၏၊ ဤကား သီဟိုဠ်ကျွန်း၌ ရှေးဦးစွာ ပေထက်အက္ခရာ တင်ထားခြင်းဖြစ်သတည်း။ ၎င်းအချိန်တွင်ပိဋကတ် ၃ ပုံဟူ၍ အမည်နာမ မရှိသေးချေ၊ ဓမ္မခန္ဓာဟူ၍သာ အမည်တွင်လျှက်ရှိသည်၊ ၎င်းဓမ္မခန္ဓာဆိုသော စကား၏အဓိပ္ပါယ်မှာ၊ ဓမ္မ=တရား၊ ခန္ဓာ=အစု၊ တရားအစုဟူ၍ဆိုသည်။၎င်းပေထက်အက္ခရာ တင်ထားသောကျမ်းတို့ကို၊ မည်သည့်ကျမ်းတို့ကို မည်သည့်ဆရာရေးသည်ဟူ၍ မြန်မာလို ပဌမရေးထားသော မဟာဝင်ကျမ်း၊ စူဠ၀င်ကျမ်းတို့ ၌ မဘော်ပြသောကြောင့် မသိရချေ။ ။

ရှင်တော်ဂေါတမဘာသာကိုနောက်ဆက်၍အသစ်ပြုပြင်ခြင်းအကြောင်း

ရှင်တော်ဂေါတမ ကွယ်လွန်သည့်နောက်၊ ပါတဠိပုဒ်ပြည်ကို အစိုးရသော သီရိဓမ္မာသောကမင်း လက်ထက်တွင်၊ ဗြဟ္မဏဘာသာ၊ ရှင်တော်ဂါတမ ဘာသာ၊ မဟာသေရ၊ မဟာပိန္နဲ၊ နတ်ရုပ်ဘာသာတို့ သည် များစွာရှုပ်ထွေးကြ၏။ သီရိဓမ္မာသောကမင်းသည်၊ မိမိဆရာဖြစ်သော ရှင်မဟာမောက္ကလိတိဿကို၊ ဦးစီးနာယက ပြုလုပ်စေပြီးလျှင်၊ ၉ လတိုင်တိုင် မင်း၏အာဏာနှင့်၊ ဘာသာမှုကို သုတ်သင် ရှင်းလင်းစေပြီးမှ၊ ရှင်မဟိန္ဒ။ ရှင်မတိဋိယ၊ ရှင်သမ္ပလ၊ ရှင်ဘဒ္ဒသေလ၊ သုမဏသာမဏေ၊ ဗန္ဓုသိက ဥပါသကာတို့ကို ရှင်ဂေါတမ ကွယ်လွန်သည့်နောက်၊ ၂၃၅ ခုနှစ်မြောက် နယုန်လပြည့်နေ့တွင်၊ သာသနာပြုရန် သီဟိုဠ်ကျွန်းသို့ စေလွတ်လေ၏။ ၎င်းနောက် တပြိုင်တည်း၊ သောဏထေရ်၊ ဥတ္တရထေရ် ၂ ပါးကိုလည်း၊ နောက်ပါ ရဟန်းငါးပါးနှင့်၊ သုဝဏ္ဏဘုမ္မိတိုင်း သထုံပြည်သို့ စေလွတ်လေကြောင်း မဟာရာဇ၀င်ကျမ်းတွင် ပြထားလေ၏၊ စူလ၀င်။ ဒီပ၀င်ကျမ်းတို့၌ကား၊ ကိုးတိုင်း ကိုးဌာနသို့ စေလွတ်သည်ဟု၊ အရိပ်မျှ မြွတ်ဆိုလေ၏။ သို့ သော်လည်း မည်သည့်တိုင်း ဌာနသို့၊ မည်သည့် ရဟန်းကို စေလွတ်သည်ဟု သေချာစွာ အမည်မဖေါ်ပြသောကြောင့်၊ ရမ်းဆ၍ အလိုရှိရာရေးသည်ဟု ဆိုဘွယ်ရာရှိ၏။ဤအချိန်ကစ၍၊ သီဟိုဠ်ကျွန်း မြန်မာ၊ ရှမ်း၊ ယိုးဒယားပြည်၌၊ တဖြည်းဖြည်း ရှင်ဂေါတမ သာသနာသည် ပြန့်ပွားလာကုန်၏။ ၎င်းအချိန်တွင် ပေထက်အက္ခရာ တင်သော ပိဋိကတ်သုံးပုံသည် မပေါ်မရှိသေး။

ယောနကတိုင်းတွင်ရှိသောရှေးဦးစွာကျမ်းရေးခြင်းအကြောင်း။

ယောနကတိုင်းဟု ခေါ်ခြင်းမှာ။ ညောင်ရွှေ၊ မိုးနဲ၊ ဗန်းမော်၊ ခွေးလံစန္ဒာ၊ ကျိင်းချိုင်း၊ ကျိုးတုံ၊ ကျင်းခေါင်၊ ဇင်းမယ်၊ စိန်တိုင်း၊ ကျိင်းရုံ၊ ယွန်း၊ ကတူး၊ လ၀လူမျိုးတို့ နေသော နယ်ပယ်အစုတို့ကို၊ ယောနကတိုင်းဟူ၍ ခေါ်ဝေါ်သမုတ်သည်။ ၎င်းယောနကတိုင်း အမည်သည်၊ နောက်ဆုံး အမည်ဖြစ်သည်။ ပဌမအမည်မှာ၊ ယွန်းဘာသာအားဖြင့် လဘိုမြို့ နောက်မာဂဓ ဘာသာအားဖြင့်၊ ဟရိဘုဉ္ဇတိုင်း ဟူ၍၎င်း၊၊ ယွန်းပြည်ဟု၎င်း ခေါ်သည်။ ၎င်းနယ်ပါယ်စုကို ရှင်ဂေါတမ မရှိသည့်နောက်၊ နှစ်ပေါင်း ၅၀၀ အတွင်းက။ ယွန်းလူမျိုး ဖြစ်သော မိလိန္ဒ စော်ဖွားမင်း အုပ်စိုးသည်၊ ၎င်းမင်းသည်၊ ဗုဒ္ဓဘာသာ၊ စာပေကျမ်းဂန်များကို၊ ငယ်စဉ်ကပင် လေ့ကျင့်တတ်မြောက်လေ၏၊ ၎င်းမင်းလက်ထက်တွင် ရှင်နာဂသေန အမည်ရှိသော၊ ယွန်းဘုန်းကြီး တပါး ပေါ်ထွန်းလေ၏။ ၎င်းယွန်းဘုန်းကြီး နာဂသေန ရဟန်းနှင့်၊ မိလိန္ဒမင်းတို့သည် တယောက်နှင့် တယောက်၊ ဗုဒ္ဓဘာသာ ခဲရာခဲစစ် တရားစာများကို အမေးအဖြေ ပြုလုပ်သော အရာများကို၊ မိလိန္ဒပညာကျမ်းဟူ၍၊ ယွန်းဘာသာ အက္ခရာဖြင့်ရေးသားသည်။ ၎င်းနောက် ရှင်သတ္တမဓမ္မစာမိသည်၊ မင်္ဂလာဒီပဏီကျမ်းကို ရေးသည်၊ ရှင်သီရိမင်္ဂလာသည်၊ မင်္ဂလာသာရတ္တကျမ်းရေးသည်၊ ဇင်းမယ်ဘုန်းကြီးက ဥပတသန္ဓိကျမ်းရေးသည်။ ၎င်းယောနကတိုင်းတွင်၊ ထို ၅ ကျမ်းသာ ရေးသည်မဟုတ်။ ကျမ်းစာအများပင်၊ ယွန်းဘုန်းကြီးတို့ ရေးသားကြကုန်သည်၊ ၎င်းယွန်းဘုန်းကြီးများ ရေးသားသောကျမ်းဂန်အချို့တို့ကို။ မြန်မာဘုန်းကြီးတို့သည် သဘော မနှစ်ခြိုက်ကြ၍ ၊ မြန်မာဘုရင် ရှင်ဖြူရှင်လက်ထက်တွင်။ ရာဇ၀လ္လဘ ဖြစ်သော ရှင်ဘုရင် ဆရာသာသာနာပိုင်ရဟန်းတို့က။ မင်းအာဏာကို အမှီပြု ပြီးလျှင်။ ရသမျှတို့ကို စုသိမ်း၍။ မီးရှို့ပစ်လေ၏။ ထို့ကြောင့် ယခုတိုင်အောင်၊ အ၀တ်ဝါ၀ါ၊ ခေါင်းတုံးခြင်းတူသော်လည်း။ ယွန်းဘုန်းကြီး။ ယိုးဒယား ဘုန်းကြီးတို့နှင့်။ မြန်မာဘုန်းကြီးတို့သည်။ အယူဝါဒခြင်း မတူဖြစ်ကြလေသည်။ မြန်မာ အက္ခရာစာပေမှယူ၍၊ ယခုပုံနှိပ်ရောင်းချသော၊ မိလိန္ဒကျမ်းသည်၊ ရှင်နာဂသေနရေးခဲ့သော ယွန်းဘာသာမူနှင့်တိုက်ကြည့်လျှင်၊ အချို့သောနေရာမှာ အပို၊အမို ထပ်ဆင့်၍၊ မြန်မာဘုန်းကြီးတို့သည်သွင်းထားလေသည်။ အချို့ သောနေရာက စကားတို့ကို ပယ်နှုတ်ပစ်၍ ထားလေသည်။ယခုအခါ ၎င်းယောနကတိုင်း၌၊ ဗုဒ္ဓဘာသာသာ သနာသသည်မရှိချေ၊ တောင်ကြို တောင်ကြားအရပ်တို့တွင်၊ စေတီပျက်၊ တန်ဆောင်ပျက်၊ ကျောင်းပျက်များသာရှိသည်၊ လ၀ လူမျိုးနှင့်၊ ဖွယ်ဆိုသောလူရိုင်းတမျိုးလည်း အများရှိချေသည်။ ။

သထုံပြည်တွင်ကျမ်းရေးသောဆရာနှင့်၊ ကျမ်းတို့ ၏အမည်ကိုပြခြင်းအကြောင်း။ ။

သုဝဏ္ဏဘုမ္မိ တိုင်းဟုခေါ်သော သထုံပြည်တွင်၊ အထက်ကပြခဲ့သော၊ သောနထေရ်၊ ဥတ္တရထေရ်တို့ မှ ဆင်းသက်သော၊ ရှင်ဓမ္မပါလရေးသော ကျမ်းပေါင်းကား၊ ဣတိဝုတ်အဌကထာ၊ ဥဒါန်းကျမ်း၊ ၀ိမာန၀တ္ထုအဌကထာ၊ ပေတ၀တ္ထုအဌကထာ၊ နေတ္တိအဌကထာ၊ သစ္စသံခိပ်၊ မူလပဏ္ဏာသဋီကာ၊ မဇ္ဇျိမပဏ္ဏာသဋီကာ၊ ဥပရိပဏ္ဏာသ၊ သဂ္ဂနိဒါန၀ဂ္ဂသံယုတ်၊ ဇာတ်ဋီကာ၊ ၀ိသုဒ္ဓိမဂ်ဋီကာ၊ ၎င်း ၁၂ ကျမ်းတို့ သည်၊ ရှင်ဓမ္မပါလရေးသော ကျမ်းမည်ကုန်၏။ ရှင်မဟာကစ္စည်းရေးသော ကျမ်းပေါင်းကား၊ ပေတကောပဒေသကျမ်း၊ နေတ္တိပါဠိကျမ်း၊ ကစ္စည်းသဒ္ဒါကျမ်း၊ စူဠနိရုတ္တိကျမ်း၊ ၎င်း ၄ ကျမ်းကို၊ ရှင်ဓမ္မပါလနှင့် တကျောင်းတိုက်တည်းနေ ရှင်မဟာကစ္စည်း ရေးသောကျမ်းဖြစ်သည်။ ။သာရတ္ထသင်္ဂဟကျမ်းကို၊ ရှင်ဗုဒ္ဓပီယ ရေးသည်၊ တထာဂထုပ္ပတ္တိကျမ်းကို ရှင်ဥာဏဂမ္ဘီရ ရေးသည်၊ ဓူတင်ကျမ်း ၂ စောင်နှင့် ကေသဓာတုဝင်။ နလာဋဓာတုဝင်။ ၎င်းသုံးကျမ်းကို ရေးသားသော ဆရာ၏ အမည်ကို မသိရချေ၊ နေတ္ထိပါဏိသဒ္ဒါကျမ်းကို၊ ရှင်သိဒ္ဓိပါလ ရေးသည်၊ နယာသကျမ်းကို၊ ရှင်ဝိမလှုဒ္ဓိ ရေးသည်၊ ရူပသိဒ္ဓိကျမ်း၊ ၎င်း၏ အဖွင့်ဋီကာကို ရှင်ဒီပကိရာ ရေးသည်၊ ပစ္စဂုဏသာရကျမ်း၊ ကစ္စာယနဘေဒကျမ်း၊ ၎င်း ၂ ကျမ်းကို ရှင်မဟာရသ ရေးသည်။ ၀ဇနတ္တဇောတိပါလ ကျမ်းကို၊ ရှင်ဝေပုလ္လ ရေးသည်။ လေကပညတ္တိကျမ်း၊ ဆဂတိပါလကျမ်းကို ရှင်ဝေပုလ္လ ရေးသည်။ လောကပညတ္တိကျမ်း၊ ဆဂတိဒီပဏီကျမ်းကို၊ ရှင်သဒ္ဒမဂေါလ ရေးသည်။ ၎င်းကျမ်းစုသည်၊ ဇမ္ဗူဒိပ်ဟု ခေါ်သော သထုံပြည်တွင် ရှေးဦးစွာ ရေးသောကျမ်းစု ဖြစ်ကုန်လေ၏။ သို့ သော်လည်း မည်သည့် ခုနှစ်၊ မည်သည့်မင်း လက်ထက်တွင် ရေးသည်ဟု မသိရချေ။ အချို့သောကျမ်းစာတို့ ၌၊ ကျမ်းပြီး သက္ကရာဇ် လင်္ကာအတိုကောက်လေးများ ဆိုသောအရာများကို ထောက်လျှင်၊ ရှင်တော်ဂေါတမ မရှိသည့် နောက်နှစ်ပေါင်း ၃၀၀ ကျော် ၄၀၀ အတွင်းမှာ ရေးသော ကျမ်းစုဖြစ်လေသည်ကိုတစ်ချက်။ ၎င်းအပြင်၊ နှစ်ပေါင်း ၅၀၀ အတွင်းမှာ ရေးသော၊ မိလိန္ဒပညာ၊ မင်္ဂလာဒီပ၊ ၀ိသုဒ္ဓိမဂ္ဂဒီပဏီ၊ မင်္ဂလာဒီပဏီ၊ ဥပါသေသသန္ဓီ
ကျမ်း၊ ၎င်း ၅ ကျမ်း တို့၏ အထောက်အခံ စကားတို့ကို ထောက်သောအားဖြင့်လည်း သိရသည်တချက်။ ၎င်းအထက်ပါ ကျမ်းစုတို့ ပင်ဖြစ်လေသည်။

သထုံပြည်မှသီဟိုဠ်ကျွန်းသို့ ၊ရှင်ဗုဒ္ဓဃောသကူးသည်ကိုပြခြင်းအကြောင်း။ ။

ရှင်ဂေါတမ၊ မရှိသည့်နောက် နှစ်ပေါင်း ၉၀၀ ကျော်လောက်အတွင်းမှာ။ သုဝဏ္ဏဘုမ္မိတိုင်းဟု ခေါ်သောသထုံပြည်ကို အစိုးရသော မဟာနာမ်မင်း လက်ထက်၌၊ ယခုမြန်မာရဟန်းတို့။ ကံဒွါယဂိုဏ်း ကွဲပြားသည်နည်းတူ၊ တလိုင်းရဟန်းတို့သည် အယူဝါဒကွဲပြား၍၊ အငြင်းအခုံ ဖြစ်ပွားကြသောအခါ။ ၎င်းသထုံမြို့ နေ။ မွေးဖွားရင်း ဇာတိ၊မဇ္ဇျိမဒေသ။ ဃောသကရွာက ဗြဟ္မဏ အမျိုးဖြစ်သော၊ ရှင်ဗုဒ္ဓဃောသကို၊ သူ၏ဆရာ ရှင်ရေ၀ဒက၊ သီဟိုဠ်ကျွန်း၌ ရှင်မဟိန္ဒမှ ဆင်းသက်သော သီဟိုဠ် ရဟန်းဆရာတို့သည်၊ ရေးသားစီရင်၍။ သက္ကသ ဘာသာဖြင့်။ ပေထက်အက္ခရာ တင်ထားခဲ့သော။ ဓမ္မခန္ဓာအစဉ်ကို မာဂဓဘာသာ ဖြင့်ပြန်ဆိုရေးကူးချေဟု စေခိုင်းသောအခါ၊ ရှင်ဗုဒ္ဓဃောသသည်၊ သီဟိုဠ်ကျွန်းသို့ကူး၍။ မာဂဓဘာသာဖြင့် ပြန်ဆိုရေးကူးပြီးလျှင်၊ သက္ကရာဇ် ၉၃၀ ပြည့်နှစ်တွင်။ သီဟိုဠ်ကျွန်းမှ၊ ရှင်ဗုဒ္ဓဃောသသည် သထုံပြည်သို့ ပြန်၍ရောက်ကြောင်းကို ၊စူဠ၀င် ဗုဒ္ဓဃောသသုပ္ပတ္တိကျမ်း၌ ပြလေ၏။

သထုံပြည်တွင်ရဟန်းအဆက်ဆက်တို့ ရေးသောကျမ်းအမည်နှင့်ကျမ်းရေးဆရာတို့ ၏အမည်ကိုပြခြင်း။။

မဟာအဠကထာ။ မဟာပစ္စရိပ်။ ၀ိသုဒ္ဓိမဂ်အဠကထာ။ အဠသာလိနီ။ ပါရာဇိကဏ်။ ပါစတ္တရာဒိ။ သုတ်သီလက္ခံ။ သုတ်မဟာဝါ။ သုပ္ပါထေယျ။ ပါစိတ္တရာဒိ။ မူလပဏ္ဏာသ။ မဇ္ဇျိမပဏ္ဏာသ။ သဂါထာဝါရသံယုတ်။ သသာရကနမဟာဝါသံယုတ်။ နိဒါန၀ါရသံယုတ်။ ဧကနိပါတ်အင်္ဂုတ္ထိုရ်။ ဓမ္မပဒခုဒ္ဒကပါဠိ။ ပဋီသမ္ဘီဒါမဂ်။ အပါဒါဏ်။ ကင်္ခါဝိတရနီ။ သမန္တပါသာဒိအဠကထာ။ ၎င်းကျမ်းတို့ကို ရှင်ဗုဒ္ဓဃောသ ရေးသည်။ပါရာဇိကဋီကာ။ ထေရသကဏ်ဋီကာ။ အင်္ဂုတ္ထိုရ်ဋီကာကြီး။ ၎င်းဋီကာငယ်။ ၀ိနည်းသင်္ဂြီုလ်ကြီး။ ၀ိနည်းသင်္ဂြီုလ်ငယ်။ ၎င်းခြောက်ကျမ်းတို့ ကို။ သထုံမြို့နေ ရှင်သာရိပုတြာ ရေးသည်။ ဗုဒ္ဓ၀င်အဠကထာ။ အဘိဓမ္မာဝိဘာဂ။ ရူပါရူပ၀ိဘာဂ။ ၀ိနည်းဝိနိစ္စယ အဠကထာ။ ၎င်း ၄ ကျမ်းတို့သည် ရှင်ဗုဒ္ဓတ် ရေးသည်ဖြစ်ကုန်၏။မောဟ၀ိစ္ဆေဒနီလက်သန်း။ အဠကထာဋီကာစုံ။ အဘိဓမ္မာအနှုဋီကာ။ ၎င်း ၃ ကျမ်းကို ရှင်ကဿပရေးသည်။ အဘိဓမ္မာသင်္ဂြီုလ်။ ပရမတ္ထ၀ိနိစ္စယ။နာမရူပပရိစ္ဆေဒ။ ၎င်း ၃ ကျမ်းကို ရှင်အနုရုဒ္ဓါ ရေးသည်။ ၎င်းရှင်အနုရုဒ္ဓါကိုလည်း။ သီဟိုဠ်ကျွန်းသားဟုဆိုသည်။ မဟာနိဒ္ဒေသအဠကထာကျမ်းကို ရှင်ဥပသောန ရေးသည်။ အဘိဓမ္မာ ၇ ကျမ်း။ ၎င်းအဖွင့်ဋီကာကျမ်းတို့ကိုလည်း သထုံမြို့ နေ ရှင်အာနန္ဒရေးသည်။ သုတ္တသင်္ဂဟနှင့်  ၎င်း၏အဠကထာ။ မောဟ၀ိစ္ဆေဒနီပါဠိ။ ၎င်း ၃ ကျမ်းကို မည်သည့်ရဟန်း ရေးသားစီရင်သည်ဟူ၍ အတတ်မသိရချေ။ပါတိမုတ်ဋီကာ။ သင်္ခါဝိတရဏီဋီကာ။ ၎င်း ၂ ကျမ်းကို ရှင်ဗုဒ္ဓနာဂ ရေးသောကျမ်းစုဖြစ်သည်။ ခေမာကျမ်းကို ရှင်ခေမာရေးသည်။ ၀ိနည်းခန္ဓကတိဒ္ဒေသ။ သစ္စသံခိပ်ဋီကာဟောင်း။ သုဘောဓရလင်္ကာဟောင်း။ မဟာဝင်ဋီကာ။ အဘိဓမ္မာဝကာရဋီကာ။ နာမရူပ ပရိစ္ဆေဒ ဋီကာသစ်။ ၎င်းကျမ်းစုကို ရှင်မဟာသာမိရေးသည်။အဘိဓမ္မတ္ထသင်္ဂြီုလ်ဋီကာဟောင်းကို။ ရှင်နာဂ၀ိမလဗုဒ္ဓိရေးသည်။ အနာဂတ၀င်အဠကထာ။ ပရမတ္ထ၀ိနိစ္ဆယ ဋီကာကျမ်းတို့ကို ရှင်ရေ၀တရေးသည်။ ၀ိနည်းဂဏ္ဍိကျမ်းကို။ ရှင်ဇောတိပါလရေးသည်။ ခုဒ္ဒသိက္ခာကျမ်းကို ရှင်ဓမ္မသီရိရေးသည်။ ခုဒ္ဒသိက္ခာဋီကာ ဟောင်းကို ရှင်မဟာရသရေးသည်။ ခုဒ္ဒသိက္ခာဋီကာသစ်ကို ရှင်သင်္ဃရက္ခိတရးသည်။ ဓါတုဝင်ဋီကာ။ မူလသိက္ခာ၎င်း ၂ ကျမ်းကို ရှင်မဟာသာမိရေးသည်။ မူလသိက္ခာ ဋီကာဟောင်း။ ဒဿဝတ္ထု။ သီဟဠ၀တ္ထု။ ဥပသကာလင်္ကာရ။ သမာသ၀တ္ထု။ ၎င်း ၅ ကျမ်းကို ရှင်မဟာသာရ ရေးသည်။ ဇိနလင်္ကာရနှင့်  ၎င်း အဖွင့် ဋီကာကို ရှင်ဗုဒ္ဓရက္ခိတရေးသည်။ ၎င်း ကျမ်းသည် ရှင်ဗုဒ္ဓဃောသ သီဟိုဠ်ကျွန်းသို့မကူးခင်။ ဇမ္ဗူဒိပ်ဟူ၍ ခေါ်သော ။ သုဝဏ္ဏဘုံမိ သထုံပြည်တွင်။ ရေးသားသော ကျမ်းဟူ၍။ ပိဋကတ်သမိုင်းတွင် ပြဆိုလေသည်။ သမ္ဗန္ဒစိတ္တာကျမ်း။ ၀ုတ္တောဒယကျမ်း။ သုဘောဒလင်္ကာရကျမ်း။ ၎င်း ၃ ကျမ်းကို ဒုတိယ ရှင်သင်္ဂရက္ခိတ ကရေးသည်။ ဗာလ၀တာရဓာတုဝင်။ မဟာဝင်။ စူဠ၀င်။ ဒီပ၀င်။ ဗောဒိဝင်။ဒါဓာတုဝင်။ ဗောဒိဝင်ဋီကာ ၎င်း ၇ ကျမ်းကို ရှင်မဟာနာမရေးသည်။ ဇာတဂ္ဂ။ သောတဂ္ဂ ၎င်း ၂ ကျမ်း ကို ရှင်စူဠဗုဒ္ဓပေသရေးသည်။ ပဋိသမ္ဘိတာဂဏ္ဍီပုဒ်ကို ရှင်မဟာဘိဓာန ရေးသည်။ မောဂ္ဂလာန်ကျမ်းကို ရှင်မောဂ္ဂလာန်ဗုဒ္ဓိ။ မာဂဓအဘိဓါန်။ ၎င်း ၃ ကျမ်း ကို သထုံမြို့ နေ ရှင်မောဂ္ဂလာန် ရေးသည်။ ၎င်းပြဆိုခဲ့သောကျမ်းအမည်နှင့် ကျမ်းရေးသောဆရာတို့သည်။ ရှင်ဂေါတမ ဟောပြောသောတရားတို့ကို။ ကိုယ်တိုင်ကြား၍။ ကိုယ်တိုင်တွေ့မြင်သောအရာတို့ကို။ ရေးသားကြသည်မဟုတ်။ ၎င်း ရှင်တော်ဂေါတမ ကွယ်လွန်သည့်နောက်။ နှင်ပေါင်း ၉၀၀ ကျော်ကစ၍ နှစ်ပေါင်း ၁၆၀၀ အတွင်းမှာ။ ရေးသားစီရင်ကြသော ကျမ်းစုဖြစ်သည်။ ပိဋကတ်သမိုင်း။ ပိဋကတ်ကထာကျမ်းကျယ်တို့ တွင်လည်း ၎င်းဖေါ်ပြသောခုနှစ်တွင်းရေးသားကြောင်းညွန်ပြထားလေသည်။ ။

ရှင်ဗုဒ္ဓဃောသသည်သီဟိုဠ်ကျွန်းမှမာဂဓဘာသာဖြင့်ပြန်ဆိုကူးယူခဲ့သောကျမ်းတို့ အမည်ကိုပြခြင်း။။

၎င်းကူးယူခဲ့သော ကျမ်းတို့အမည်ကား။ ၀ဇီရဗုဒ္ဓိဒီပဏီ။ သာရတ္တဒီပဏီ။ ၀ိမတိဝိနောဒဏီ။ ၎င်း၏အဖွင်းအဌကထာ ၃ ကျမ်း။ ပေါင်းခြောက်စောင်သော ကျမ်းတို့ကို။ ရှင်ဗုဒ္ဓဃောသ သီဟိုဠ်မှ။ မိမိတို့ အယူဝါဒနှင့်ညှိနှိုင်းရန် မာဂဓဘာသာဖြင့်။ ပြန်ဆိုရေးကူးခဲ့သော သီဟိုဠ်ကျမ်းစု ဖြစ်ကုန်၏။ ၎င်းသီဟိုဠ်ကျမ်းစုကို။ သုတ္တံပါဠိတော်ဟူ၍၎င်း ခေါ်သည်။ ၎င်းကျမ်းစုကို ရှင်ဗုဒ္ဓဃောသသည် သက္ကသ ဘာသာဖြင့်။ မာဂဓဘာသာဖြင့် ပြန်ဆိုသော်လည်း။ ၎င်းကျမ်းတွင် သီဟိုဘာသာဖြင့် ပြသောတရားသဘော အကြောင်းအရာလက္ခဏာတို့ကို။ မာဂဓဘာသာဖြင့် ကျနသေချာစွာ။ မုချအမှန်ဟူ၍ ၀န်မခံ။ အချို သောနေရာမှာ သူ၏သဘောအတိုင်း ပြန်ဆိုသည် ဖြစ်သောကြောင့်။ နောင်မှားယွင်းခြင်းအရာတွေ့ လျှင်။ အပြစ်တင်ဖွယ်မှ ကင်းလွတ်စေခြင်းငှာ။ သမန္တပါဒိကအဠကထာကျမ်းကို စီရင်ရေးသားသော အခါ၌ တက္ကကာရဏနဒိဿတိ။ ဂဝေသိသဗ္ဗာတောယုတ္တိဟူ၍ ပါဠိညွန်းပြထားလေ၏။ ၎င်းပါဠိ၏အဓိပ္ပါယ်မှာ။ တဘာသာမှ တဘာသာသို့ ကူးပြန်ဆိုရခြင်းသည်။ သိမြင်ခြင်းငှာ ခဲယဉ်းလှသောကြောင့် ၎င်းပါဠိကိုဘော်ပြလေသည်။ ဤသီဟိုဠ်ကျမ်းကို ပဌမကူးသူ အရှင်ဗုဒ္ဓဃောသ သော်မှ။ သူကူးယူခဲ့သောကျမ်းတို့ သည် မုချမှန်ကန်သည်ဟု ၀န်မခံပါလျှင်။ နောက်ဆရာတို့ က ၎င်းပိဋကတ် ၃ ပုံသည်အမှန်ဟူ၍ ဆိုခြင်းသည်။ ရှင်ဗုဒ္ဓဃောသ ထက်သာလွန်ရာ ရောက်လေ၏။ သို့သော်လည်း အချို့သောရဟန်းရှင်တို့သည် ယခုသင်ကြားနေသော ပိဋကတ်စာပေတို့ သည်။ ရှင်ဗုဒ္ဓဃောသ ကူးယူခဲ့သော ပိဋကတ်စာပေဟူ၍ အမှတ်ရှိကြသည်။ ၎င်းရှင်ဂေါတမ ဘာသာလည်း။ သီဟိုဠ်မှဆင်းသက်ဆက်နွယ်၍ လာသည်ဟူ၍လည်းကောင်း ထင်မှတ်ခြင်းရှိကြသည်။ ပိဋကတ်အခြေအနေကို စစ်ဆေးကြည့်လျှင်။ မြန်မာနိုင်ငံတွင် ယခုတည်ရှိနေသော ရှင်ဂေါတမ ဘာသာသည်။ သီဟိုဠ်မှ ဆက်ခံသောဘာသာ မဟုတ်ကြောင်း ထင်ရှားသိရသည်။

အဘိဓမ္မာခုနစ်ကျမ်း၏အဓိပ္ပါယ်ကိုအကျဉ်းချုပ်ပြခြင်းအကြောင်း

၎င်းအဘိဓမ္မာ ခုနစ်ကျမ်းတို့တွင်။ ဓမ္မသင်္ခဏိကျမ်း၏ အဓိပ္ပါယ်မှာ။ လူတို့ အတွင်း၌ ရှိသောစိတ်၏အခြေအနေကို တခဏ်းပြ၏။ ရုပ်၏အခြေအနေကို တခဏ်းပြ၏။ ၎င်းစိတ်နှင့် ရုပ်တို့ ကိုတွဲ၍ အကျဉ်းချုပ်တခဏ်းပြ၏။ အကျယ်အားဖြင့်တခဏ်းပြခြင်းကို မာဂဓဘာသာအားဖြင့်။ ကဏ္ဍလေးပါးဟုခေါ်သည်။ စိတ်ကိုပြသည့်အခဏ်းကို။ စိတ္တုပ္ပါဒကဏ္ဍဟူ၍ခေါ်သည်။ ရုပ်ကိုဆိုရာပြသည့်အခဏ်းကို ရူပကဏ္ဍဟူ၍ခေါ်သည်။ ၎င်းစိတ်နှင့်ရုပ်ကိုတွဲ၍ အကျဉ်းပြသော အခဏ်းကို နိက္ခေပကဏ္ဍ ဟူ၍ခေါ်သည်။ အနိပါဒ်မုဒ်တို့သည် ရုပ်မပြီးသောကြောင့် သုတ်ဟူ၍ခေါ်သည်။ ၎င်းနိပါဒ်ပုဒ် ၈၀ ဆိုသည်မှာ။ အကျဉ်းအားဖြင့် သုတ်ဝတ္ထုပေါင်း ၈၀။ အကျယ်အားဖြင့်ဆိုလျှင် ဒီဃနိကာယ် သုံးဆယ့်သုံးသုတ်။ မဇ္ဇျိမနီကယ် ၁၅၂ သုတ်ရှိသည်။ သံယုတ္တနိကာယ် ၉၅၅၂ ရှိသည်ဟူ၏။ သဂါထာပါရသံရုပ်ကျမ်းတွင် သုတ္တံပိဋကတ် အကျယ်ကို ရေတွက်၍ ပြသည်။ သို့သော်လည်း ဤကဲ့သို့ ရေတွက်၍ပြသော။ ဒဏ္ဍာရီ ရှေးပုံပြင်ဟောင်းဝတ္ထုတို့ကို။ မည်သူတစုံတရောက်မျှ ကုန်စင်အောင်တွေ့ဘူးကြသည်မဟုတ်။ ဤသုတ်ဝတ္ထုတို့ သည်။ ဥဒါဟာရုဏ်ပုံသက်သက်ဖြစ်သည်။လူမှာအ၀တ်တန်ဆာဆင်ယင်သကဲ့သို့။ ထိုနည်းတူစွာ သုတ္တံပိဋကတ်သည် လူတို့ ၏ စိတ်အတွင်းသဘောတရား၏ တန်ဆာဖြစ်သောကြောင့်။ သုတ္တံဟူ၍ခေါ်လေသည်။ သုတ္တံပကာသေတိ ဟူ၍ ပါဠိလာသည်ကို ထောက်၍။ သုတ်တရားသည်။ ဒဏ္ဍာရီပုံသက်သက် ဖြစ်ကြောင်းကို သိရလေ၏။ ရှင်ဗုဒ္ဓဃောသ ရေးသားသော ပါရာဇိကဏ်ကျမ်း။ ရှင်မဟာနာမ ရေးသားသော မဟာဝါ။ စူဠ၀ါ နှစ် ကျမ်း။ ရှင်ဓမ္မပါလရေးသားသော ထေရကထာ။ ထေရီကထာ နှစ်ကျမ်း။ ပေါင်းငါးကျမ်းနှင့်တကွ။ ၀ိနည်းအဠကထာ အနု။ မစု။ လက်သန်းတွင် အဘယ်အရာကို ညွန်ြ့ပသနည်းဟုဆိုလျှင် တရားကျင့်သော ပုဂ္ဂိုလ်၏၊ စိတ်နှလုံးသက်ရွှင်မြူးစေလျှက် အားရစေရန်။ ဥဒါဟရုဏ် ပုံဆောင်တင် ပြသော၊ ဒဏ္ဍာရီပုံပြင်ဝတ္ထု။ ဇာတ်နိပါတ်ကျမ်းစုဖြစ်သည်၊ ဤကဲ့သို့သော ကျမ်းစုကျမ်းများတို့ကို ရေးသားတင်ပြသော အရာတို့ကို စုစီးတင်ပြသော ကျမ်းစုတို့ဖြစ်သည်။ ၎င်းကိုခွဲဝေပြီးလျှင် မနူဟာမင်းသည်။ အုတ်တိုက်ကြီးတခုကို တည်ပြီးလျှင် ထည့်ထားသောကြာင့်။ ပိဋကတ်တိုက်ဟူ၍၎င်းခေါ်လေ၏။ မြန်မာလိုတည့်တည့် အဓိပ္ပါယ်ပြန်ရလျှင်၊ တိ=သဒ္ဒါသုံးခုဟုခေါ်သည်၊ ပိ=အပေါင်း၊ ဋက=၀တ္ထုပစ္စည်းတို့ဖြင့် ထည့်၍သိုထားသောတောင်း၊ ခြင်းအစရှိသည်တို့ ကို ခေါ်လေသည်။ ဥပမာဆိုရလျှင်၊ ၀တ္ထုပစ္စည်းအစုစုတို့ကို၊ ရွေးချယ်၊ သီသန့်ပြီးလျှင်၊ တခုသောတောင်းနှင့် ထည့်ထားဘိသကဲ့သို။ ထိုနည်းတူစွာ။ ကျမ်းစာအများတို့ကို။ ရွေးချယ်သီသန့်၍ သုံးပုံ၊သုံးရပ် ပြုပြီးလျှင် တိုက်ကြီးတခုတွင်ထားသောကြောင့်။ တိပဋကတ်တိုက်ဟူ၍ ခေါ်ရခြင်းဖြစ်လေသည်။ ၀ိသဒ္ဒေနအနေက၀ိတိသမ္ပိ။ ဟူ၍အဘိဓါန်ဋီကာတို့တွင် ပြဆိုသောကြောင့်။ ၀ိသဒ္ဒေန။ ၀ိသဒ္ဒါဖြင့်။ အနေကပိယံ။ အများအပြားရှိသော အကြောင်းအရာကို၊ သမ္ပိဏ္ဍေတိပေါင်း၏။

ပိဋကတ်သုံးပုံဟူ၍အမည်တွင်သည်ကိုပြခြင်းအကြောင်း

ရှင်တော်ဂေါတမ ကွယ်လွန်၍ နှစ်ပေါင်း ၁၅၀၀ ပြည့်သောအခါ။ သုဝဏ္ဏဘုမ္မိတိုင်း။ သထုံပြည်ကို အစိုးရသော။ မနူဟာမင်းလက်ထက်။ တလိုင်းရဟန်းတို့သည်။ ယခုမြန်မာ ရဟန်း၊ ရှင်လူတို့သည်။ ကံဒွါယ ကွဲပြားကြသည်နည်းတူ။ တလိုင်း ရဟန်း၊ ရှင်လူတို့သည်လည်း။ အယူဝါဒ ကွဲပြားကြ၍။ ၀ိဝါဒအဓိကရုဏ်းဖြစ်ကြသောအခါ။ မနူဟာမင်းသည်။ ဤအမှုကို ပြေငြိမ်းစေခြင်းငှာ။ မူးမတ်တို့နှင့် တိုင်ပင်၍ မိမိနိုင်ငံတော်အတွင်းရှိသော။ ကျမ်းစာအများတို့ကို စုသိမ်းစေပြီးလျှင်။ ရှင်ဗုဒ္ဓဃောသ မှစ၍ ဆင်းသက်ဆက်နွယ်သော ရဟန်းဆရာတို့ စီရင်ရေးသားထားခဲ့သော ကျမ်းဂန်တို့နှင့် တိုက်စေကြရမည်။ ၎င်းရဟန်းဆရာတို့ စီရင်ရေးသားခဲ့သော ကျမ်းဂန်တို့နှင့် အယူအဆ ၀ါဒကွဲပြားခြင်းမရှိရ။ ကွဲပြားမညီညွတ်သော ကျမ်းဂန်တို့ကို သုတ်သင်ပယ်ရှင်းရမည် ဟူ၍ အမိန့်တော် ထုတ်ပြန်သောအခါ။ မူးမတ်အစရှိသောမြို့ချုပ်။ မြို့အုပ်တို့သည်။ အရပ်ရပ်၌ ရှိသောကျမ်းဂန်တို့ကို စုသိမ်းပြီးလျှင်။ အမိန့်တော် ရှိသည့်အတိုင်း။ တိုက်ကြည်စေ၍။ အဓိပ္ပါယ်တူရာ။ ကျမ်းရင့်။ ကျမ်းနု။ ကျမ်းလတ်။ သုံးစု ၊ သုံးပုံ ရွေးချယ်စီရင် စေပြီးလျှင်။ မဟာနာမ်မင်းလက်ထက်က။ ရှင်အာနန္ဒာရေးသားထားခဲ့သော။ အဘိဓမ္မာ ၇ ကျမ်း နှင့် တကွ ၎င်း ကျမ်းသဘောကို အမှီပြု ၍။ အကျယ်ဖွင့်ပြရေးသားထားသော အဠကထာ။ ဋီကာ။ အနု။ မဓု။ လက်သန်း။ ဂဏ္ဍိယောဇနာ အစရှိသော ကျမ်းတို့ ကိုအဘိဓမ္မာ ၇ ကျမ်း၏အင်္ဂါနိကာယ်ဟု ရေတွက်ပေါင်း၍။ များသောအပြားရှိသော အရာတို့ကို သမ္ပိဏ္ဍေတိပေါင်း၏ ။ ။

အဘိဓမ္မာ(၇)ကျမ်း၏အဓိပ္ပါယ်ကိုအကျဉ်းပြခြင်းအကြောင်း။။

၎င်းအဘိဓမ္မာ ၇ ကျမ်းတို့ တွင်၊ ဓမ္မသင်္ခဏီ ကျမ်း၏အဓိပ္ပါယ်မှာ။ လူ၏အတွင်၌ရှိသော စိတ်၏အခြေအနေကို တခဏ်းပြသည်။ ရုပ်၏အခြေအနေကိုတခဏ်း ပြသည်၊ ၎င်းစိတ်နှင့်ရုပ်ကိုတွဲ၍ အကျဉ်းချုပ် တခဏ်းပြသည်၊ အကျယ်အားဖြင့်တခဏ်းပြသည်။ မာဂဓဘာသာအားဖြင့် ကဏ္ဍလေးပါးဟူ၍ခေါ်သည်။ စိတ်ကိုဆိုရာအခဏ်းကို။ စိတ္တုပ္ပါဒကဏ္ဍဟူ၍ခေါ်သည်။ ရုပ်ကိုဆိုရာအခဏ်းကို။ ရူပကဏ္ဍဟူ၍ခေါ်သည်။ ၎င်းစိတ်နှင့်ရုပ်ကိုတွဲ၍ အကျဉ်းချုပ်ပြသောအခဏ်းကို။ နိက္ခေပကဏ္ဍဟူ၍ခေါ်သည်။ အကျယ်ဝေဖန်ရန်ပြသော အခဏ်းကို။ အဌကထာကဏ္ဍဟူ၍ခေါ်သည်။ နောက်ရေးသားသော အဌသာလိနီ။ အဌကထာကျမ်းတို့ သည်၊ ဓမ္မသင်္ခဏီကျမ်း၏ အဓိပ္ပါယ်ကို အကျယ်ချဲ့၍ ဖွင့်ပြသောကျမ်းစုဖြစ်သည်။ ၀ိဘင်းကျမ်း၏အဓိပ္ပါယ်မှာ။ လူ၏ကိုယ်ခဒ္ဓာကို၊ ဆယ့်တပိုင်းဖြင့် ဝေဖန်၍။ ပြရာပြကြောင်းဖြစ်သည်။ သမောဟ၀ိနောဒဏီ အဌကထာကျမ်းသည်၊ ၎င်းကျမ်း၏အဓိပ္ပါယ်ကို အကျယ်ဖွင့်ပြသောကျမ်းဖြစ်သည်။ ဓာတုအဌကထာဆိုသော ကျမ်း၏အဓိပ္ပါယ်မှာ။ ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော ဟူ၍ဆိုအပ်သော။ ဓါတ် လေးပါး တို့၏သရုပ် အခြင်းအရာ ကြိုပကြောင်း အရာဖြစ်သည်။ ပုဂ္ဂလကညာတ်ကျမ်းမှာ။ လူကို ဥပမာ ဥပမေယျ နှင့်။ ခြောက်ပါးသောပညာတို့ကို ပြသောကျမ်းဖြစ်သည်။ ကထာဝတ္ထုကျမ်း၏ အဓိပ္ပါယ်မှာ။ လူပုဂ္ဂိုလ်ကိုခွဲဝေပြီးလျှင်၊ ပရမတ်သဘော၊ ပညာတ်သဘောကို တရားအရာနှင့်တင်၍ ပြောနည်းလုပ်နည်း သုံးပုံတို့ကို အစဉ်ပြသော ကျမ်းဖြစ်သည်။ ယမိုက်ဆိုသောကျမ်း၏အဓိပ္ပါယ်မှာ၊ ပုဂ္ဂိုလ်သဏ္ဍာန်ပရမတ်သဘော၏အခြေအနေကို။အစိတ်အပိုင်းဖြင့်ဆယ်နည်းခွဲဝေပြီးလျှင်အစုံပြု၍ပြရာပြကြောင်းဖြစ်၏။
၎င်းကျမ်း၏သဘောကိုနောက်ဆရာတို့က၊ အကျယ်ဖွင့်၍။ မူလစသော ယမိုက်ဆယ်ကျမ်းဟူ၍ ဖွဲ့ စည်းထားလေ၏။ ပဌာန်းကျမ်း၏ အဓိပ္ပါယ်မှာ ပရမတ်သဘော၊ ပညာတ်သဘောကိုစပ်ပြီးလျှင်၊ အကြိုးအကြောင်းနှင့်တကွ။ နှစ်ဆယ့်လေးပိုင်းပြု၍၊ တိကပဌာန်းစသော အားဖြင့် နှစ်ဆယ့်လေးကျမ်းဟူ၍ နောက်ဆရာတို့ဖွဲ့ထားလေသည်။

သုတ္တံကျမ်း၏အဓိပ္ပါယ်ကိုအကျဉ်းပြခြင်းအကြောင်း။။

သုတ်သီလက္ခန်ဆိုသော ကျမ်း၏အဓိပ္ပါယ်မှာ။ အလှုဒါနပြုရာ။ သီလဆောက်တည်ရာ၊ ကျင့်ဝတ်တရားတို့ ကိုပြသော ကျမ်းဖြစ်သည်။ သုတ်မဟာဝါကျမ်း၏အဓိပ္ပါယ်မှာ အလှုဒါနပြုသောသူ၊ သီလဆောက်တည်သောသူတို့သည်။လူမင်းနတ်မင်းဗြဟ္မာမင်းစီးစိမ်တို့ ကိုရမည်ဟူ၍၎င်း။ရဘူးသောသူတို့ ၏ပုံသက်သေကို။ ရှည်ဝေးသော ပုံဟောင်းဝတ္ထုတို့ဖြင့် ပရိယာယ်တန်ဆာဆင်၍၊ လောကအာရုံကို အဆုံးမသတ်အောင်ပြသောကျမ်းဖြစ်သည်။ သုပ္ပါထေယျကျမ်း၏အဓိပ္ပါယ်မှာ၊ အလှုဒါနမပြုသောသူ၊ သီလမဆောက်တည်သောသူတို့ ၊ အကျိုးဆုတ်ယုတ်သည်ကို ၎င်းကပြသောကျမ်းဖြစ်လေသည်။

မဟာပဒေသလေးပါးခေါ်သည်ကိုပြခြင်းအကြောင်း။။

မဟာပဒေသ လေးပါးဟူသည်ကား။ သုတ္တမဟာပဒေသ၊ သုတ္တနလောမ မဟာပဒေသ၊ အဌကထာဟူသော အာစရိယ၀ါဒ မဟာပဒေသ၊ အတ္တနောမတိဟူသော မိမိအယူဝါဒ မဟာပဒေသဟူ၍ လေးပါးရှိ၏။ ထိုလေးပါးတို့တွင် သုတ္တမဟာပဒေသ ခေါ်သည်မှာ၊ သထုံပြည်တွင်ရှိသော သောဏထေရ်၊ ဥတ္တရထေရ်တို့မှ ဆင်းသက်သောဂိုဏ်းသား ရဟန်း ရှင်သာရိပုတ္တရာ၊ ရှင်အာနန္ဒာ၊ ရှင်ဓမ္မပါလ၊ ရှင်မဟာကစ္စည်း၊ ရှင်အနုရုဒ္ဓါ၊ ရှင်ဗုဒ္ဓဃောသ၊ ရှင်ရေ၀တတို့သည်၊ ရှေးဦးစွာ စီမံရေးသားသော ကျမ်းတို့ကိုမူမှန်အရင်းထား၍၊ ၎င်းကျမ်းစုနှင့်တကွ။ ရှင်ဗုဒ္ဓဃောသ သီဟိုဠ်မှာ နောက်ကူးယူခဲ့သော ကျမ်းတို့ကိုထည့်သွင်း၍ သုတ္တမဟာပဒေသဟူ၍ခေါ်လေသည်၊ ၎င်းတလိုင်းရဟန်းဆရာတို့  စီမံရေးသားသော ကျမ်းကိုအမှီပြုပြီးလျှင်၊ နောက်အကျယ်ဖွင့် ရေးသားသော ကျမ်းစုကို၊ သုတ္တနလောမ မဟာပဒေသာဟူ၍ခေါ်သည်၊ ၎င်းကျမ်းတို့နောက်မှာ အာစရိယ၀ါဒအယူနှင့် စီမံရေးသားသော အဌကထာ ကျမ်းစုကို အဌကထာ အာစရိယ၀ါဒ မဟာပဒေသာဟူ၍ခေါ်သည်။ ၎င်းကျမ်းတို့ကို အမှီပြု၍၊ မိမိအယူဝါဒရှိသည့်အတိုင်း စီမံရေးသားသော ကျမ်းတို့ကိုအတ္တနောမတိမဟာပဒေသာဟူ၍ခေါ်သည်။ ထိုလေးပါးသောမဟာပဒေသာတို့ တွင်။ သုံးပါးသောမဟာပဒေသာတို့ မှာ။ အထက်ကပြခဲ့သော ရှင်သာရိပုတ္တရာ၊ ရှင်အာနန္ဒာ၊ ရှင်ဓမ္မပါလ၊ ရှင်မဟာကစ္စည်း၊ ရှင်အနုရုဒ္ဓါ အစရှိသော တလိုင်းရဟန်းတို့ သထုံပြည်တွင် ရှေးဦးစွာ ရေးသားထားသော သုတ္တမဟာပဒေသဟူ၍ခေါ်သောကျမ်းတို့နှင့် ညီညွတ်မှုရှိရမည်ဟု ရှင်ဗုဒ္ဓဃောသ ရေးသားသော ပါရာဇိကာဏ် အဌကထာ၊ သုတ်မဟာဝါအဌကထာ အဖွင့်တွင်ပြဆိုလေသည် ။ ။

နိကာယ်ငါးပါးဆိုသည်ကိုပြခြင်းအကြောင်း။။

နိကာယ်ငါးပါးဟူသည်ကား၊ ဒိဃနိကာယ်၊ မဇ္ဇျိမနိကာယ်၊ သံယုတ္တနိကာယ်၊ အင်္ဂုတ္တရနိကာယ်၊ ခုဒ္ဒကနိကာယ်ဟူ၍ ငါးပါးရှိ၏။ ထိုငါးပါးတို့တွင်၊ ဒီဃနိကာယ်ခေါ်သည်မှာ၊ နောက်ကပြဆိုခဲ့သောအဘိဓမ္မာ ၇ ကျမ်း၊ သုတ် ၃ ကျမ်း ၊ ၀ိနည်း ၅ ကျမ်း ၎င်း ၁၅ ကျမ်း၏အဓိပ္ပါယ်သဘောကို နောက်ဆရာတို့ က ဖွင့်ပြသောကျမ်းတို့ ကို၊ ဒီဃနီကာယ်ဟူ၍ခေါ်သည်။ မဇ္ဇျိမနီကာယ်ခေါ်ခြင်းမှာ ၎င်း ၁၅ ကျမ်းသဘောကို မကျဉ်းမကျယ်ပြဆိုသော ကျမ်းစုကိုခေါ်သည်၊ သံယုတ္တိနိကာယ် ခေါ်ခြင်းမှာ ၎င်း ၁၅ ကျမ်း၏ သဘောကို၊ အချုပ်သဘောခေါင်းစဉ်အားဖြင့် ရေးသားဖေါ်ပြသောကျမ်းစုကို၊ သုတံ္တနီကာယ် ဟူ၍ခေါ်သည်။ အင်္ဂုတ္တရနီကာယ် ခေါ်သည်မှာ ၎င်း ၁၅ ကျမ်း သဘောသဘောကို၊ အတိုင်းအရှည်ပိုင်းခြားခြင်းမရှိ၊ အလွန်အကျူးဖေါ်ပြသော ကျမ်းစုကို အင်္ဂုတ္တရနီကာယ်ဟူ၍ခေါ်သည်။ ။

ဝိနည်းငါးကျမ်း၏အဓိပ္ပါယ်သဘောကိုအကျဉ်းချုပ်ပြခြင်းအကြောင်း

ထေရကထာဆိုသော ကျမ်း၏အဓိပ္ပါယ်မှာ၊ ရဟန်းယောင်္ကျားတို့ကိုပြသော ကျမ်းဖြစ်သည်၊ ထေရီကထာဆိုသော ကျမ်းမှာဘိက္ခူနီမ။ မယ်သီလတို့ကို ပြသောကျမ်းဖြစ်သည်၊ မဟာဝါကျမ်း၏အဓိပ္ပါယ်မှာ၊ အကြီးဆုံးသော ပညာတ်ကျမ်းတရားတို့ ကို ပြသောကျမ်းဖြစ်သည်။ စူဠ၀ါကျမ်း၏အဓိပ္ပါယ်မှာ အငယ်ဆုံးသော ပညာတ်ကျမ်းတရားတို့ကို ပြသောကျမ်းဖြစ်သည်။ ပါရာဇိကဏ်ကျမ်း၏အဓိပ္ပါယ်မှာ၊ ရဟန်းယောင်္ကျား၊ ရဟန်းမိန်းမတို့သည်၊ သိက္ခာပုဒ်ကြီးငယ်ကို ကျူးလွန်လျှင်၊ ရဟန်းအဖြစ်မှ လျှောကျသည်၊ မအပ်သည်ကိုပြသောကျမ်းဖြစ်သည်။

ရှင်ဂေါတမအလောင်းတောထွက်သည်ကိုပြခြင်းအကြောင်း။ ။

ဘုရားအလောင်းသိဒ္ဓတ္တမင်းသားသည်၊ရာဟုလာဖွားသောရက်တွင်၊ ဥယျာဉ်ကအပြန်၊ ညာဥ့်သံခေါင်ယံအချိန်တွင်၊ မောင်စံကိုတိုင်ပင်ပြီး၍၊ ပြည်ခွင်ကထွက်ပြီးလျှင်၊ တောနက်ရာကိုခိုမှီး၍ ရှေးအဆက်ဆက်က အထက်ဗြဟ္မာတို့နည်းတူ၊ ရသေ့ကြီးအာဠာယ၊ ဥဒကညီနောင်ထံတွင် နည်းနိသျှည်းခံ၍၊ ခုနှစ်တန်သောဈာန်နှင့် သမာပါတ်ရှစ်ခန်းတို့ကို တတ်စွမ်းအောင်သင်ပြီးသောအခါ၊ တကိုယ်တည်းရှောင်ခွာ၍၊ စရိယာဒုက္ခခြောက်နှစ်မျှကျင့်သော်လည်း၊ တရားတော်လမ်းမမှန်သောကြောင့်၊ ၀တိံပြန်ဘုံနန်းကဆင်း၍၊ နတ်ရာဇာသိကြားမင်းသည်၊ စောင်းညှင်းခါတရားပြရသည်ဟု၊ စရိယာကျင်းခန်းတွင်၊ ပြသည့်ကျမ်းအဆိုနှင့်၊ ဟိုပဌမမွေးစကကြိမ်းပသည့်စကားလည်း၊ ညားညားမျှမညီသည့်အပြင်၊ အပြစ်တင်ရန် အများရှင်သိဒ္ဓတ္ထမင်းသားလည်း စိမ်းကား ရက်စက်ငဲ့ကွက်မညှာ၊ ပတ္တဒါရဿသင်္ဂဟဟော၊ မင်္ဂလာတရားမှရွှေ့ လျှော့၍။ ပြောစရာအချက်ကို။ ပိဋကတ်ကျမ်းထွက်နှင့်ပြဆိုဦးမည်။ သာဓုအာစရသမ္ဗန္နာ ဣတ္ထိပီတေကနမကာနိစ္စံရုဇာတုရိတ္တိစဣတ္တေကာနာမဌာပိယထာတေနပဏ္ဍိတောတာသံနဆဋ္ဋောတပ္ပာ။ ။အနက်ကား၊ သာဓုအာစရသမ္ဗန္နာ၊ ကောင်းသော အကျင့်သီလနှင့်ပြည့်စုံသော၊ ဣတ္ထိ၊ မိန်းမသည်၊ပီယေနနာမကာ၊ ချစ်ခင်အပ်သောမယားလည်းမည်၏၊ နိစ္စ၊ အမြဲ၊ ရာဇာတုရိတ္တိစ၊ မပြတ်မလပ်၊ ၀တ်ကြီး ၀တ်ငယ်ကိုပြုတတ်သောမိန်းမကိုလည်း၊ ဣတ္ထေကာနာမဌာဝိယာ၊ အလွန်မြတ်နိုးချစ်ခင်အပ်သောမယားလည်းမည်၏၊ တေန၊ ထိုကြောင့်၊ ပဏ္ဍိတေ၊ ပညာရှိသောသူသည်၊ တာသံ၊ ထိုမိန်းမကို၊ နဆဋ္ဋေတပ္ပါ၊ မစွန့်ပစ်အပ်ဟု ရှင်အနောမဒဿီရေးသောဧကနိပါတ်တွင်၎င်း၊ အနဘိရတိဇာတ်၌ ပြဆိုသည်ကိုထောက်လျှင်၊ ရှင်ဂေါတမအလောင်းသိဒ္ဓတ္ထမင်းသားသည်၊ ယသော်ဓယာမင်းသမီး၌၊ လော်လည်ခြင်းတရားမသင်္ကာများသောကြောင့်၊ စိမ်းကားရက်စက်တရားကို မငဲ့ကွက်ဘဲ၊ တကိုတည်းတောထွက်လေသလားဟုစဉ်းစား ဖို့ရန်တချက်၊ ဗုဒ္ဓ၀င်ကျမ်းထွက်ကို၊ ၀ ကွက်၍ပြလိုက်ပါသည်၊ ဤကားတောထွက်ခဏ်းအကြောင်းအရာကိုစစ်ဆေး၍ပြသလိုက်ပါသတည်း။ ။

သထုံပြည်မှပေါက္ကံမြို့ သို့ ပိဋကတ်ရောက်သည့်အကြောင်းကိုပြခြင်းအကြောင်း။ ။

သထုံပြည်မှ ပေါက္ကံမြိုသို့ ပိဋကတ်ရောက်ခြင်း အကြောင်းမှာ၊ ရှင်ဂေါတမ၊ မရှိသည့်နောက်၊ သာသနာနှစ်ပေါင်းတထောင့် ခြောက်ရာတခုနှစ်၊ သထုံပြည် မနူဟာမင်းလက်ထက်တွင်။ မနူဟာမင်းသည်၊ တိုက်ဖျက်၍ သထုံပြည်မှ ပိဋကတ်ကျမ်းရေအစုံ သုံးဆယ်ကိုဆင်နှင့်တင်ပြီးလျှင်။ တလိုင်းရဟန်းအများနှင့်တကွ ပင့်ဆောင်ယူလာပြီးလျှင်။ ပေါက္ကံပြည်၌ ဗုဒ္ဓဘာသာ သာသနာတည်ကြောင်းကို။ စတုတ္ထမင်းခေါင်လက်ထက် ဓမ္မစက္ကံဓရမဂ္ဂင်ဟူသော ဣန္ဓာဝဇီရာစက ဂါထာကိုကျမ်းဦးပဏာမပြု၍ ရေးသားသည်။ အင်္ဂါတရာ့နှစ်ကျော်ရှိသော မဟာရာဇ၀င်ကျမ်းကြီးတွင် ဘော်ပြသောကြောင့်။ မြန်မာလူမျိုးတွင်ဗုဒ္ဓဘာသာ။ သာသနာတော်ကိုမြန်မာလူမျိုးတို့ သည် ဤကစ၍ ဆက်ခံရကြောင်းကိုသိရပါသည်။ ။

ပေါက္ကံနော်ရထာမင်းစော လက်ထက်မှစ၍ယခုခေတ်တိုင်အောင်ရဟန်းအဆက်ဆက်တို့ကျမ်းရေးသည်ကိုပြခြင်းအကြောင်း။။

ပေါက္ကံမြို့သို့ပိဋကတ်ရောက်မှ၊ နောက်ရေးသားသော ကျမ်းအမည်နှင့် တကွ၊ ရေးသားသော ဆရာတို့ကိုပြဆိုရပါလျှင်၊ သုတ္တနိဒ္ဒေသကျမ်း၊ သင်္ခေပ၀ဏ္ဏနာကျမ်း၊ နာမစာရဒီပကကျမ်း၊ ၀ိနယဇလတ္ထကျမ်း၊ သိမာလင်္ကာရကျမ်း၊ ၎င်းငါးကျမ်းကို ပုသိမ်မြို့ပိုင်၊ ဖွားရင်းဇာတိစ္ဆဆပဒရွာသား ရှင်ဆပဒ ရေးသည်။ ဥိသိကျမ်းကို ပုဂံမြို အလောင်းစည်သူမင်းလက်ထက်၊ ရှင်ဝိမလဗုဒ္ဓိရေးသည်။ ဆန်းဋီကာဟောင်းကို ၎င်းမင်းလက်ထက်၊ ရှင်ဝိမလပုဂ္ဂိုငယ်ရေးသည်။ ဆန်းဋီကာနှင့် ဆန္ဒောသာရ၀ိကာသနီကျမ်းတို့ကို ရှင်သဒ္ဓမညာဏရေးသည်။ ဆန်းဋီကာငယ် ၀ဇနတ္ထဇောတိကကျမ်းကို၊ ရှင်ဝေပုလ္လရေးသည်။ ဥာဏ်ကျမ်းအဖွင့်၊ သံပျင်ဋီကာကျမ်းကို၊ ရဟန်းလူထွက် သံပျင်အမတ်ကြီးရေးသည်။ ကာရိကမူလကျမ်း ။ ကာရိကဋီကာကျမ်း။ ၎င်းနှစ်ကျမ်းကို ပေါက္ကံမြို့ထီးလှိုင်ရှင် မင်းလက်ထက်တွင်ရေးသည်။ သဒ္ဒတ္တ ဘေဒစိန္တာ။ ဗျိဟဒ်ကျမ်းကို ရှင်သဒ္ဓမ္မသီရိရေးသည်။ တေကူရကောသလ္လကျမ်း ကို၎င်းမင်းလက်ထက်။ ရှင်သဒ္ဒမ္မကိတ္တိရေးသည်။ မုခမတ္တသာရကျမ်းကို ၎င်းမင်းလက်ထက်။ ရှင်သဒ္ဓမ္မကိတ္တိရေးသည်။ သဒ္ဒဗိန္ဓုကျမ်းကို။ ပရမတ္တဗိန္ဓုကျမ်းတို့ကို ၎င်းမင်းလက်ထက်တွင် ကျစွာအမတ်မင်းကြီးရေးသည်။ သဒ္ဒနီတိအတတ်ကျမ်း။ သဒ္ဒ၀ုတ္တိကျမ်းကို ရှင်သဒ္ဓမ္မဂုရုရေးသည်။ နာမစာရနကျမ်း။ ပဋိဝတကကျမ်း။ အဘိဓမ္မာဂမ္ဘီရကျမ်း။ သုတ္တနိဒ္ဒေသကျမ်း။ ၎င်းနှစ်ကျမ်းကို ။ ရှင်သဒ္ဓမ္မဇောတိပါလရေးသည်။ သဒ္ဒ၀ုတ္တိဋီကာကျမ်းကို ထီလှိုင်မင်းလက်ထက်တွင် ရှင်သာရိပုတ္တရာရေးသည်။ သမ္ဗန္ဓစိန္တာဋီကာကျမ်းကို ရှင်ဝါမိဿရေးသည်။ ဗာလာဝတာဋီကာကျမ်းကို ရှင်ဥတ္တမရေးသည်။ အဘိဓါန်ဋီကာကျမ်းကို စတုရင်္ဂဗလ အမတ်ကြီးရေးသည်။ လောကသာရကျမ်းကို မင်းကြီးစွာစော်ကဲလက်ထက်၊ ဓာသ၀တီမြို့သား၊ ရခိုင်ဘုန်းကြီးရေးသည်။ မဏီသာရမဇ္ဇျုကျမ်း။ မဏီဒီပဂန္ဓာကျမ်း။ မဟာန်သရကျမ်း။ ဇာတက၀ိသောဒနီကျမ်း။ ၎င်းလေးကျမ်းကို အင်းဝမြို့ ဒုတယမင်းခေါင်လက်ထက်တွင် ရှင်သီဝလံသရေးသည်။ စတုဓမ္မသာရပျို့။ သံဝရပျို့။ ဘူရိဒတ်ပျို့။ တံတားဦးတည်ပျို့။ ၎င်းလေးကျမ်းကို ရှင်ရဌသာရ ရေးသည်။ ဝေသန္တာရာပျို့။ အဌသာလိနီကျမ်း။ ပီသတိဝဏ္ဏာနာကျမ်း။ ရသ၀ဃန၀တ္ထု။ ၀ိနယလင်္ကာရကျမ်း။ သာလွန်မင်းတရားအရေးတော်ပုံအဖြေ။ ၎င်းကျမ်းစုကို တောင်ဖီလာဆရာတော်ကြီးရေးသည်။ ဇာတ်ကြီးဆယ်ဘွဲ့အစရှိသောဇာတ်တော်ပေါင်း တရာ့ငါးဆယ်။ ဇာတ်နိပါတ်နိသျှကျမ်းကို အင်းဝမြို့မင်းရဲကျော်လက်ထက်။ ချင်းတွင်းမြစ်နှင့် အနီး ကြံကူးရွာတွင် သီတင်းသုံးနေသော ရှင်အနောမဒသီရေးသည်။ မနီကုဏ္ဍလ၀တ္ထု။ သတ္တရာဇဓမ္မ၀တ္ထု။ ၎င်းကျမ်းတို့ကိုဥဇနာမင်းကြီးလက်ထက် တရွင်းချေဘုန်းကြီးရေးသည်။ သဒ္ဒါနိသျှည်း။ အဘိဓမ္မတ္တသင်္ဂြိုလ်နိသျှည်း။ အဘိဓမ္မတ္ထသင်္ဂြိုလ်မာတိကာ။ ဓာတုကထာ။ ယမိုက်။ ပဌာန်းအကောက်။ ရာဇ၀င်အချုပ်တို့ကို ပြည်မင်းလက်ထက်။ နန်းကျောင်းဘုန်းကြီးရေးသည်။ အဌသာလိနီအဖွင့်။ သမောဟ၀ိနောဒနီလက်သန်းဋီကာ။ ကင်္ခါဝိသရနီကျမ်း။ သင်္ခေပ၀ဏ္ဏာဝင်ကျမ်းစုတို့ကို။ မဟာသီဟသူမင်းလက်ထက်။ ရွှဦးမင်းဘုန်းကြီးရေးသည်။ ထိုမှတပါးမြန်မာရဟန်းရှင်လူတို့သည် မိမိတို့သဘောနှင့်မတွေ့၍။ မင်းတုန်းရှင်ဘုရင်လက်ထက်။ ပိဋကတ်တိုက်တော်သို့မသွင်း။ စာရင်းမတင် ပါယ်ရှင်းသောကျမ်းတို့သည်လည်း အများရှိသည်။ ယခုတိုင်လည်း`` တကျောင်းတဂါထာ အရွာတပုတ်ဆန်း´´ဆိုသော စကားပုံအတိုင်း မိမိတို့အတ္တနှင့်အညီ့အယူဝါဒ နှင့်မြန်မာဘုန်းကြီးတို့သည်။ မြို တိုင်းရွာတိုင်းကပင်နေ၍ ကျမ်းပြုစုကြလေ၏။ယခုကျမ်းမည်နှင့်တကွ။ ဘော်ပြခဲ့သောကျမ်းတို့သည်။ အချို့သောဗေဒင်ကျမ်းစကားတို့က အမှီပြု၍ရေးသည်။ အချို့ ရှေးကပုံပြင်။ ၀တ္ထုတို့ကိုအမှီပြု ၍သော၎င်း။ သဘောရရာကိုရေးသည်။ အဆုံးမှာ ရှင်တော်ဂေါတမအဟောလုပ်၍ပြသကြသည်။ ။သို့သောကြောင့်ဗုဒ္ဓဘာသာပိဋကတ်တို့ကိုစစ်ဆေး၍ကြည့်လျှင် တခုမျှညီညွတ်ခြင်းမရှိကြောင်း သိရပေမည်။ သို့ကြောင့်ကျွန်ပ်သည်။ အမှားအမှန်ကိုသိဘို့ရန် ပိဋကတ်ကျမ်းဆိုအတိုင်း သိသာအောင်ရေးသားဘော်ပြပါမည်။ စဉ်စားသောဥာဏ်နှင့်ကြည့်ရှုကြပါလေဓမ္မအဆွေ။ ။

ကမ္ဘာပျက်ခြင်းအရောက်ပြခြင်းအကြောင်း။ ။

၎င်းကမ္ဘာကို ပဌမဦးစွာမီးဖျက်သည်။ ၎င်းမီးဖျက်သောအခါ။ ဗြဟ္မာဘုံနှစ်ဆယ်တွင်။ အာသာရဘုံအောက် ကိုအကုန်ပျက်လေသည်။ ဒုတိယ ရေဖျက်သောအခါ။ သုဘကိံဘုံအောက်အကုန်ပျက်လေသည်။ လေဖျက်သောအခါ ဝေဟပ္ဖိုလ်ဘုံအောက်ကို အကုန်ပျက်လေသည်။ ၎င်းဗြဟ္မာဘုံနှစ်ဆယ်တွင်။ ဝေဟပ္ဖိုလ်ဘုံမှစ၍။ ရူပဗြဟ္မာခုနှစ်ဘုံမှစ၍။ အရူပဘုံလေးဘုံပါ။ ပေါင်းတဆယ့် တဘုံသာကြွန်းကျန်လေသည်။ ၎င်းကြွန်းကျန်သောဗြဟ္မာတို့၏ အသက်တမ်းကိုအပိုင်းအခြားဖြင့်ကြည့်ပါက။ ဝေဟပ္ဖိုလ်ဗြဟ္မာတို့၏အသက်မှာ ကမ္ဘာတသောင်း။ အာတပ္ပါဗြဟ္မာတို့၏ အသက်မှာ ကမ္ဘာနှစ်သောင်း။ သုဒဿာ ဗြဟ္မာတို့၏ အသက်မှာကား ကမ္ဘာလေးထောင်။ သုဒဿီဗြဟ္မာတို့၏ အသက်မှာကား ကမ္ဘာရှစ်ထောင်။ အကနိဌဗြဟ္မာတို့၏ အသက်ကား ကမ္ဘာတသောင်းခြောက်ထောင်။ အာကာသနဉ္ဇယတနဗြဟ္မာတို့၏ အသက်မှာကား ကမ္ဘာနှစ်သောင်း။ အာကိဉ္ဇညာယတနဗြဟ္မာ တို့၏အသက်မှာကား ကမ္ဘာခြောက်သောင်း။ ဤသို့ဗြဟ္မာတို့၏အသက်ကိုပိုင်းခြား၍ ၀ိသုဒ္ဓိမာဂ်။ သုပ္ပါထေယျ။ အဂ္ဂညသုတ်အဌကထာ။ သာရတ္တသင်္ဂဟ။ သာရတ္တဒီပဏီဋီကာ။ အဘိဓမ္မတ္ထ၀ိဘာဝနီဋီကာ။ လောကုပ္ပတ္တိ။ လောကဒီပကသာရ။ အဘိဓမ္မတ္ထသင်္ဂြိုလ်ဋီကာ။ အဌကထာကျမ်းတို့တွင်ပြသည်။ ပါဠိကိုလိုလျှင်။ ၎င်းညွန်ပြသော
ကျမ်းတို့တွင်ကြည့်ရှုနိုင်ပါသည်။ ၎င်းပြခဲ့သောဗြဟ္မာတို့သည်။ လူကဲ့သို့သက်တမ်းမစေ့ခင်သေကြရသည်မဟုတ်။ ၎င်းမိမိတို့သက်တမ်းစေ့မှ သေကြရသည်ဟူ၍၎င်းကျမ်းတို့၌ပင်ပြဆိုထားလေသည်။ ဤကား ကမ္ဘာပျက်ခြင်းနှင့်ကြွင်းကျန်သော ဗြဟ္မာတို့၏အသက်ကိုရေတွက်၍ပြသတည်း။ ။

တကမ္ဘာရေတွက်ပိုင်ခြားပုံကိုပိဋကတ်ဆိုသည့်အတိုင်းပြခြင်းအကြောင်း။

တကမ္ဘာပိုင်းခြားပုံကိုရေတွက်ခြင်းမှာ မဟာတကပ်ဟုခေါ်သော အသင်္ချေလေးကပ်တွင်။ တကပ်၏အပိုင်းအခြားအရေအတွာက်မှာ။ ၎င်းအသင်္ချေတကပ်တွင်။ အန္တရကပ်ငယ်ခြောက်ဆယ့် လေးကပ်ရှိသည်ဟု၍ဆိုသည်။ ၎င်းအန္တရကပ်ငယ်တကပ်၏ အရေအတွက်မှာ။ ကမ္ဘတည်သည်ကာလမှစ၍ ကမ္ဘဦးသူတို့၏ အသက်အသင်္ချေယကစ၍။ အသက်တဖန် ဆုတ်ယုတ်လာပြီးလျှင်။ လူတို့အသက်ဆယ်နှစ်တန်း အထိအောင်းဆုတ်ယုတ်သည်မှတဖန်။ လူတို့အသက်သည်တဖန် တဖြည်းဖြည်းရှည်လာပြီး။ အသသက်အသင်္ချေယျတိုင်အောင် တဖန်ရောက်လာသောကာလသည်။ တခုသောအန္တရကပ် တကပ်ဟုဆိုလေသည်။၎င်းအပြင်၊ အသင်္ချေကပ်ကြီးတကပ်ကို အဌကထာကျမ်း၌ုရေတွက်၍ တနည်းပြသည်မှာ။ အလျှား တယူဇနာ၊ အစောက် တယူဇနာ ရှိသော တိုက်ကြီးတွင်။ မုန့်ညင်းစေ့ကိုအပြည့်ထားပြီးလျှင်။ အနှစ်တရာစေ့သောခါမှ ၎င်းတိုက်ထဲမှ။ မုန့်ညှင်းစေ့တစေ့ကိုယူ၍ပစ်သော်။ ၎င်းတိုက်ကြီးတွင်းမှ မုန့်ညှင်းစေ့ကုန်သော်လည်း။ အသင်္ချေ တကပ်၏ ကုန်ဆုံးခြင်းသို့ မရောက်သေးဟူ၍ပြဆိုလေသည်။ ၎င်းအပြင်၊ ၎င်းကပ်၏ရေတွက်ခြင်းကို။ တနည်းပြသေးသည်မှာ။ ဤစကြာဝဠာ အတွင်း၌ သုံးနှစ် သုံးလရွာသောမိုးရေ မိုးပေါက်တို့ကိုရေတွက်၍ကုန်ဘွယ်ရာရှိ၏။ အသင်္ချေကပ်ကို ရေတွက်သော်
မကုန်သေးဟူ၍ ပြဆိုလေသည်။ ဤသို့လျှင်တကမ္ဘာ၏ အပိုင်းအခြားကို။ နှစ်ပရစ္ဆေဒအားဖြင့် ဆုံးခန်းသို့ပိုင်းခြား၍ မပြသောကြောင့်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ သည်။ ဟုတ်လိမ့်နိုးနိုးဖြင့် ၀ိုးတိုဝါးတားမှတ်သားထားကြရလေသည်။ ။၎င်းတကမ္ဘာတွင်လည်း။ သံဝဋကပ်။ သံဝဋဌာရကပ်။ ၀ိဝဋကပ်။ ၀ိဝါဋဌာရိကပ်ဟူ၍
လေးဌာနအားဖြင့်ပိုင်းခြားထားလေသည်။ ၎င်းလေးဌာနတွင်။ လေးဖို့ တဖို့ဖြစ်သော ၀ိဝဋဌာရိကပ်၏အဖို့သို့ရောက်သောအခါမှသာ။လူတို့သည် တည်ရှိကြလေသည်။ ကျန်သော သုံးကပ်တို့တွင်။ နေခုနှစ်ဆင်းထွက်၍ ပဌမဈာန်။ ဗြဟ္မာဘုံတိုင်အောင်မီးလောင်လေသည်။မီးလျှံဆဲသောအချိန်ကာလသည်။ သံဝဋကပ်မည်လေ၏။ ၎င်းမီးလျှံဆဲပြီးသည့်နောက်မှ အထက်ကောင်းကင်နှင့် အောက်ကောင်းကင်တစပ်တည်း အမိုက်နက်တိုက်ကြီးဖြစ်၍။ ကမ္ဘာပြုမိုးရွာသည့် တိုင်အောင်ကာလသည်။ သံဝဋကပ်မည်လေသည်။ ၎င်းရေဆုတ်လျှော့၍ နေ၊ လပေါ်သည့်တိုင်အောင် ကာလသည်။ ၀ိဝဋကပ်မည်၏။ ၎င်းနေ၊ လ ပေါ်ထွက်လာသည့်ကာလမှသည်။ နေခုနှစ်စင်း ထွက်အောင်ကာလသည်။ ၀ိဝဋဌာရီကပ်မည်၏။ ဤသို့လျှင် ပိဋကတ်တွင်ပြဆိုသောကြောင့်။ တကမ္ဘာတွင်လေးဖို့၊ တဖို့ ၌သာ လူရှိကြောင်းသိရလေသည်။ ။

ဆင်ခြင်စဉ်းစားဘို့ရန်ပြခြင်းအကြောင်း။ ။

ပိဋကတ်ကျမ်းတို့တွင်ပြဆိုသည့်အတိုင်း။ ဟုတ်သည်၊ မဟုတ်သည်ကိုဆင်ခြင်စဥးစားရန်အကြောင်းမှာ။ ၎င်းဘဒ္ဒကမ္ဘာက ၀ိဝဋ္ဋဌာရီလူတည်ရှိသောကပ်သို့ မရောက်မှီ။ မီး။ ရေ။ လေတို့ဖြင့် ဖျက်ဆီးခြင်းကိုခံရသောသံဝဋ္ဋကပ်။ သံဝဋ္ဋဌာရီကပ်။ ၀ိဝဋ္ဋကပ်ဟုဆိုအပ်သော။ ၎င်းကပ်ကြီးကာလတို့တွင်။ နိယတဗျာဒိတ်ကိုခံယူပြီးသော ရှင်တော်ဂေါတမအလောင်းသည်။ အဘယ်အရပ်ဌာနမှာနေသည်ဟု။ တွေးတောဆင်ခြင်ရန်တကြောင်း။ သို့မဟုတ်ပျက်ဆီး၍နေသောကပ်ကြီးသုံးကပ်ကာလဆွင်။ ရှင်တော်ဂေါတမအလောင်းသည်။ ဗြဟ္မာပါရိသစ္စာ။ ဗြဟ္မာပုရောဟိတာ။ ဗြဟ္မာပရိတ္တာဘာ။ အပ္ပနာဘာ။ အဘသာရ။ အပ္ပမာနာသုဘာ။ သုဘကိဏှာဟုဆိုအပ်သော။ ဗြဟ္မာကိုးဘုံတို့တွင်ဖြစ်နေသည်ဆိုရခြေက။ ၎င်းဘုံတို့သည်လည်း မီး။ ရေ။ လေဖျက်ရာပါသွားသောဘုံစုဖြစ်သောကြောင့်မဖြစ်နိုင်ချေ။ ။ ကြွင်းကျန်သောဘုံတို့တွင်ဖြစ်နေသည်ဆိုရခြေကလည်း။ ပိဋကတ်သုံးဘုံတွင်မပြမဆို။ ဤကဲ့သို့မပြမဆိုသော်လည်း။ ဇွတ်တရွက်ငြင်းခုံလိုသောသူတို့က။ ကြွင်းကျန်သောဘုံတို့တွင်ဖြစ်သည်ဆိုပါက။ ၎င်းဝေဟပ္ဖိုလ်ဘုံဗြဟ္မာတို့၏ အသက်တမ်းမှာကား။ ကမ္ဘာငါးရာအသက်ရှည်သည်ဟူ၍ ပြဆိုသောကြောင့်။ ဝေဟပ္ဖိုလ်ဘုံဗြဟ္မာတွင်ထိုအချိန်ကာလက။ ရှင်တော်ဂေါတမအလောင်း ဗြဟ္မာဖြစ်၍နေလျှင်။ ယခုဘဒ္ဒကမ္ဘာမှာ ဘုရားလာဖြစ်ရန်အခွင့်မရှိသောသောကြောင့်ဆင်ခြင်စဉ်းစားဘို့ရန်ဖြစ်သောကြောင့်။စဉ်းစားကြည့်ပါလေ။ ။
သိုတည်းမဟုတ်။ မီးလွတ်ရာတပါးပါးတွင်။ စကြာဝဠာဖြစ်၍နေသည်ဟူ၍ဆိုပါက။ နိယတဗျာဒိတ်ကိုခံယူပြီးသောဘုရားအလောင်းသည်။
ဤစကြာဝဠာမှတပါး အခြားစကြ၀ဠာတွင် မဖြစ်ရဟုဆိုသောကြောင့်တကြောင်း။ သုဒ္ဓါဝာသဗြဟ္မာ။ အရူပဗြဟ္မာဘုံတို့တွင်လည်းမဖြစ်သောကြောင့်။ ဆင်ခြင်စဉ်းစားဘို့ရန်အကြောင်းမှာ။ နောက်ပြဆိုခဲ့ပြီးသည့်အတိုင်း။ ၎င်းပြဆိုခဲ့သောယခုဘဒ္ဒကပ်ကမ္ဘာတွင်ကပ်ဦးအစတွင်ရှင်ဂေါတမအလောင်းသည် ။ မဟာတမတသင်္ခစကြာမင်းကြီးလာ၍ဖြစ်သောကြောင့်၎င်း။ ထိုအဖြစ်ကိုပြသောကြောင့်လည်း တချက်။ ထို့ကြောင့်အဘယ်အရပ်ကလာ၍ဖြစ်လာပါသနည်း
ဟုစဉ်းစားဘို့ရန်ရှိသည်လည်းတကြောင်း။ သို့ဖြစ်၍ ပြဆိုခဲ့သောအရာတို့တွင်။ နိယတဗျာဒိတ်ခံယူသည်ကို ပြသောကြောင့် ထိုကျမ်းစကားကိုအတည်ယူပါက။ ကမ္ဘာတည်ဘုံ။ ပျက်ပုံတို့ကိုပြသောကျမ်းတို့သည်အမှားဖြစ်မည်။ ၎င်းကျမ်းတို့ကိုအမှန်ယူလျှင်။ နိယတဗျာဒိတ်ခံသည်ကိုပြသောကျမ်းသည်အမှာဖြစ်မည်။ ယခုဘဒ္ဒကမ္ဘာကပ်ဦးအစတွင်၊ မဟာသမတသင်္ခစကြာမင်းကြီး ရှေးဦးစွာဖြစ်သည်ဟု ပြသောကြောင့်၎င်း ကျမ်းတို့သည်လည်းအမှာဖြစ်မည်။ ၎င်းပြဆိုခဲ့သောကျမ်းတို့သည်။ ဗုဒ္ဓဘာသာဝင်ရဟန်း။ ရှင်လူတို့သည် အမြတ်တနိုး။ အားကိုးအားထားအခြေပြု၍။ အလှုအိမ်။ မသာအိမ်တို့၌ အဟောအပြောအငြင်းအခုံပြုလုပ်ကြသော သင်္ဃာရတနာတင်ပိဋကတ်တိုက်ဝင်ကျမ်းစုပင်ဖြစ်သည်။ ။

ယခုဘဒ္ဒကမ္ဘာအန္တရကပ်တဆယ့် တကပ်မြောက်တွင် ရှင်ဂေါတမပွင့်သည်ဟု ပိဋကတ်ကပြသောအရာသည်အမှားဖြစ်သည်ကိုပြခြင်း။ ။

ယခုဘဒ္ဒကပ်ကမ္ဘာဝိ၀ဋ္ဋဌာရီလူနေအဘို့ဖြစ်သော။ အန္တရကပ်ရှစ်ကပ်မြောက်တွင်။ ကောက္ကသန်ဂုံဘုရားပွင့်သည်။ ကိုးကပ်မြောက်၌။ ဂေါဏဂုံဘုရားပွင့်သည်။ ဆယ်ကပ်မြောက်၌။ ကဿပဘုရားပွင့်သည်။ ဆယ့်တကပ်မြောက်၌ ဂေါတမပွင့်သည်ဟူ၍ပိဋကတ်တို့ကပြဆိုသည်။ ၎င်းပြင်ဘုရားတို့မည်သည်လည်း။ တက်ကပ်၌မပွင့်။ ဆုတ်ကပ်၌သာပွင့်သောကြောင့်။ပွင့်မြဲဓမ္မာတာဖြစ်သောကြောင့်။ ရှိသည်ဆိုသောကြောင့်။ ရှင်ဂေါတမအရင်ယခုဘဒ္ဒကမ္ဘာတွင်။ တတိယမြောက်ပွင့်သောကဿပဘုရား။ လူတို့အသက်တသောင်းဆုတ်ကပ်မှာပွင့်သည်။ ရှင်ဂေါတမသည်လည်း။ လူတို့အသက်ဆုပ်ကပ်တရာတမ်းမှာပွင့်သည်။တဆူနှင့်တဆူအကြား။ ကာလအပိုင်းအခြား။ နှစ်ပရစ္ဆေဒကိုဆိုလျှင်။ ကဿပဘုရားသည်ဆုတ်ကပ်ဖြစ်သော တသောင်းတမ်းမှာ။ ပွင့်သောကြောင့် ၎င်းသက်တမ်းမှသည်။ လူတို့အသက်နှစ်ဆယ်တမ်းထိ ဆုတ်လျှော့ပြီးမှတဖန်။ လူတို့၏အသက် တဖြည်းဖြည်းရှည်လာပြန်၍။ အသက်အသင်္ချေယျတိုင် နေရသည်ကာလမှ။ တဖန်ထိုအသက် အသင်္ချေယျမှတဖန်ဆုတ်လျှော့လာပြီး။ အသက်ကာလနှစ်ဆယ်တမ်းထိအောင် ကာလသည်။ ကဿပဘုရားပွင့်ရာ အန္တရကပ်တကပ်၏ ကုန်ဆုံးခြင်းသို့ရောက်သည်။ တဖန်လူတို့၏အသက်နှစ်ဆယ်မှသည် တဖန်တက်လာပြီးလျှင်။ အသက်အသင်္ချေယျတမ်းရောက်မှ တဖန်ဆုတ်လျှော့ပြန်၍။ ယခုလူတို့၏အသက်တရာတမ်းမှာ။ ရှင်တော်ဂေါတမ ဘုရားပွင့်သည်ဟူ၍ ဗုဒ္ဓ၀င်အဌကထာကျမ်း။ အပါဒါန်ကျမ်းတို့၌ပြသောကြောင့်။ ဘုရားတဆူနှင့်တဆူ၏ အကွာအခြားအပိုင်းအခြားအားလုံကို။ နှစ်ပရိစ္ဆဒ၏အပိုင်းအခြားတို့အားဖြင့်သိရလေသည်။ ၎င်းအပြင်။ ရှင်တော်ဂေါတမ ကိုယ်တော်တိုင်ရှိစဉ်က။ အာဠာဝကဘီးလူးသည်။ သူ၏ဗိမ္မာန်သို့ ရှင်ဂေါတမကြွရောက်လာစဉ်အခါက။ ကိံသုဓ၀ိတ္တံပူရိသဿသေဌ၊ ကိံသုခိဏ္ဏောသုခမာဝဟာတိ။ကိံသုမာဝေသဓုတရံရဿနံကတံဇိဝီတဇိတမာတုသေဌံ။။ဟူသောလေးဂါထာကိုမေးလေသည်။၎င်းလေးဂါထာကိုအာဠာဝကသည်အလယ်မှာရပါသနည်းဆိုရလျှင်။ အာဠာဝက၏အမိအဘဖြစ်သော။ ဘီလူးလင်မယားတို့သည်။ ကဿပဘုရားရှင်ထံမှာ အဖြေနှင့်တကွ သင်ခဲကြ၍။ အာဠာဝကငယ်စဉ်ကပင် သင်ကြားဆောင်ရွက်စေ၏။ ၎င်းဂါထာကို အာဠာဝကသည်အဖြေကိုမေ့၍။ ၎င်းအမေးဂါထာကိုမမေ့ရန် ရွှေပြားပေါ်တွင်ဆေးဒါန်မြင်းသီလာဖြင့်ရေးသားပြီးလျှင်။ မိမိဗိမာန်ဦး၌ဆွဲထားသည်ဟု ဗုဒ္ဓ၀င်အဌကထာကျမ်းအာဠာဝကသုတ်တွင်ပြသောကြောင့်။ ၎င်းအကြောင့်ကိုသိရသည်။ ထို့ကြောင့်၊ ၎င်းအကြောင်းကိုစဉ်းစားဆင်ခြင်ရန်မှာ။ ယခုဘဒ္ဒကမ္ဘာတွင်။ ကောက္ကသန်။ ဂေါဏဂုံ။ ကဿပ။ ဂေါတမဟု ဆိုအပ်သောဘုရားလေးဆူတို့သည်။ အန္တရရှစ်ကပ်မြောက်ကစ၍။ အန္တရကပ်တကပ် လူတို့၏ အသက်ဆုပ်ကပ်တမ်းတွင်ပွင့်သည်ကိုရေတွက်၍ပြသောနှစ်၏။ ပရိစ္ဆေဒအပိုင်းအခြားနှင့်။ အာဠာဝကဘီလူး၏အဘ၊ အမိတို့၏ အသက်နှင့် နိုင်းစာလျှင်။ ထိုဘီလူးလင်မယားတို့၏ အသက်သည် ထိုမျလောက်အသက်အသင်္ချေ မရှည်နိုင်ရာပေ။ အဘယ့်ကြောင့်ဆိုသော်။ ၎င်းလင်မယားတို့သည်။ နတ်ဘီလူးဖြစ်၍။ သင်္ဂြိုလ်ဆရာပြသည့်အတိုင်း။ စတုမဟာရ်နတ်တို့၏အသက်နှင့်တူပါစေဦး။ စတုမဟာရ်နတ်တို့၏အသက်သည်။ နတ်တို့၏အရေအတွင်အားဖြင့်နှစ်ပေါင်း သုံးကုဋေခြောက်သန်းရှိသည်ဟုဆိုသောကြောင့်။ ကဿပဘုရားပွင့်သည့်ကာလ။ နှစ်ပရိစ္ဆေဒ အရေအတွက်အပိုင်းအခြားကိုပြသောအန္နရကပ်တကပ်နှင့်။ အာဠာဝကဘီလူး၏အဘ၊အမိတို့၏အသက်အတိုင်းအရှည်ကိုထောက်လျှင်။ အာဠာဝကဘီလူးကပင် ကဿပဘုရားရှင်ရှိစဉ်ကပင်မွေးဖွားသည်ဖြစ်၍။ တဆူနှင့်တဆူအကြား။ အန္တရကပ်ကိုရေတွက်၍ပြသောကျမ်းစကားတို့ကိုအမှန်ယူလျှင်။ အာဠာဝကသုတ်သည်အမှားဖြစ်သည်။ အာဠာဝကသုတ်ကို အမှန်ယူလျှင်။ အန္တရကပ်ကိုပြသော ကျမ်းစကားသည် အမှားဖြစ်ရပေလိမ့်မည်။ ထို့ကြောင့် ၎င်းကျမ်းစကားနှစ်ရပ်တို့၏ အမှား။ အမှန်ကိုပိုင်းခြား၍သိစေဘို့ရန် စစ်ဆေးကြည့်ရန်အလို့ငှာတိုက်တွန်းလိုက်ပါ၏။ ။

မြင့်မိုရ်၊သတ္တရဘန်၊ တောင်စဉ်ခုနှစ်ထပ်နှင့်တကွ၊ လောကဓါတ်တည်ပုံကိုပိဋကတ်ကပြဆိုသောအရာသည်မှားကြောင်းကိုစစ်ဆေးပြခြင်းအကြောင်း။ ။

မြင့်မိုရ်တောင်၏၊ အမြင့်၊ အကျယ်ကို ပိဋကတ်ကပြဆိုသည်မှာ။ သမုဒ္ဒရာ ရေအထက်ကိုလည်း အမြင့်ယူဇနာ ရှစ်သောင်းလေးထောင်၊ ၎င်းသမုဒ္ဒရာရေအထဲ၌လည်း ရှစ်သောင်းလေးထောင်၊ အ၀န်းဖြစ်သော အနံအလျှားလည်း ယူဇနာရှစ်သောင်းလေးထောင်ရှိသည်ဟုပြဆိုလေ၏။ ၎င်းမြင့်မိုရ်တောင်ကို။ ယုဂန်၊ ဣဿိ၊ ကရပိ၊ နေမိ၊ သုဒဿ၊ ၀ိနဿက၊ အဿကဏ်ဟုဆိုအပ်သော၊ တောင်စဉ်ခုနှစ်ထပ်တို့နှင့်တကွ၊ သီတာခုနှဏ်တန်တို့၏အဆုံး၊ တောင်မျက်နှာ၌၊ အခြင်းအားဖြင့် ယူဇနာ သုံးထောင်၊ အ၀န်းအားဖြင့် ယူဇနာကိုးထောင်၊ အမြင့်အားဖြင့် ယူဇနာ ငါးရာခုနှစ်ရှိသော၊ ဟိမ၀န္တာတောင်ရှိ၏၊ ၎င်းဟိမ၀န္တာတောင်၏ခြေရင်း၌လည်း၊ အခြင်းယူဇနာငါးဆယ်၊ အ၀န်းယူဇနာ တရာ့ငါးဆယ်စီရှိသောအနောဒတ္တအိုင်၊ ကဏ္ဏမုဏ္ဍအိုင်၊ ရထာကာရ အိုင်၊ ဆဒ္ဒန္ဒအိုင်၊ ကုဏ္ဍအိုင်၊ မန္ဒာကိန်အိုင်၊ သီဟပ္ပပါတအိုင်ဟူ၍အိုင်ကြီး၊ ခုနှစ်အိုင်ရှိသည်၊ ၎င်းခုနှစ်အိုင်တွင်၊ အနောဒတ္တအိုင်၌၊ ဆင်၊ ခြင်္သေ့၊ နွားခံတွင်းတို့နှင့်ဟုဆိုသော ပြွန်ကြီးလေးဆင်းရှိ၏။ထိုပြွန်ကြီးလေးဆင်းတို့တွင်၊ အနောက်မျက်နှာ၊ ဆင်ခံတွင်းပြွန်မှထွက်သောရေသည်၊ အနောက်သမုဒ္ဒရာသို့စီးဝင်၏။ မြောက်မျက်နှာ၊ မြင်းခံတွင်းပြွန်မှထွက်သောရေသည်၊ မြောက်သမုဒ္ဒရာထဲသို့ စီးဝင်လေ၏။ အရှေ့မျက်နှာ ခြင်္သေ့ခံတွင်းပြွန်မှ ထွက်သောရေသည်၊ တောင်သမုဒ္ဒရာထဲသို့ စီးဝင်၏ဟူ၍၊ ထိုကဲ့သို့အသီးအသီးမြစ်ကြီး၊ မြစ်ငယ်၊ စီးဆင်းသောပုံ၊ ကျွန်းကြီးကျွန်းငယ်တည်ရှိပုံနှင့်တကွ၊ ၎င်းကျွန်းတို့အလယ်တွင်မြင့်မိုရ်တောင်တည်ပုံ၊ ၎င်းမြင့်မိုရ်တောင်ကို အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ သမုဒ္ဒရာလေးစင်းနှင့်တကွ၊ စကြာဝဠာတောင်၊ ကာရန်လျှက်နေပုံကို။ လောကဓါတ်တည်ပုံနှင့်တကွ အလုံးသုံတို့ကိုအစိတ်စိတ်ထုတ်ပြပြီး။ ၎င်းတို့ကို ၊ အဌကထာကျမ်း၊ ဇနလင်္ကာရကျမ်း၊ အဘိဓါန်ကျမ်း၊ မဇ္ဇျိမပဏ္ဏာသဋီကာကျမ်း၊ ပေါတလိယသုတ်အဌကထာ၊ သာရတ္တဒီပဏီဋီကာကျမ်းတို့တွင်၊ အသီးသီးပြဆိုကြကုန်၏။
၎င်းကျမ်းတို့ပြဆိုသောအရာ၌ဆင်ခြင်ရန်အကြောင်းမှာ၊ ဟိမ၀န္တာတောင်၏ခြေရင်း၊ အနောဒတ္ထအိုင် နွားခံတွင်းမှထွက်သောရေသည်၊ တောင်သမုဒ္ဒရာ ထဲသို့စီးဝင်လေသည်ဆိုသောစကားအတိုင်း မှန်ပါစေဦးတော့၊ အနောဒတ္တအိုင်အမြောက်မျက်နှာ၊ မြင်းခံတွင်းမှထွက်သောရေသည်၊ မြောက်သမုဒ္ဒရာထဲသို့စီးဝင်သည်ဆိုခြင်းမှာ။ မြောက်သမုဒ္ဒရာသည် ရေပေါ်မှရှစ်သောင်းလေးထောင်မြင့်သော၊ မြင့်မိုရ်တောင်။ တောင်မျက်နှာ၊ ဟိမ၀န္တာတောင်ခြေရင်း၌တည်ရှိသော အနောဒတ္တအိုင်ကရေသည်၊ မြင်းခံတွင်းပေါက်မှထွက်ပြီးလျှင်၊ မြင့်မိုရ်တောင်၏ မြောက်ဘက်၌ရှိသောမြောက်သမုဒ္ဒရာထဲသို့ အဘယ်ကဲသို့စီးဝင်နိုင်သနည်းဟုတော့ စဉ်းစားဆင်ခြင်ရန်ရှိခြေသည်။ သို့မဟုတ်၊ ၎င်းအနောဒတ္တအိုင် မြောက်မျက်နှာမြင်းခံတွင်းပြွန်မှထွက်သောရေသည်၊ သတ္တရကန်၊ တောင်စဉ်ခုစဉ်ခုနှစ်ထပ်နှင့်၊ ရှစ်သောင်းလေးထောင်သော မြင့်သောမြင့်မိုရ်တောင်ကိုရေပန်းဖြင့်ကျော်၍၊ မြောက်သမုဒ္ဒရာထဲသို့စီးဆင်းစေသည်ဟု၊ အလှုအိမ်၊ မသာအိမ် စသည်တို့၌ ၀ါကြွားဟောပြောသော ဆရာတို့ကကောက်ယူမည်လား။ ။ သို့တည်းမဟုတ်သတ္တရတန်၊ တောင်စဉ်ခုနှစ်ထပ်နှင့် အနံ၊ အလျှားအားဖြင့်ရှစ်သောင်း လေးထောင်အထူရှိသောမြင့်မိုရ်တောင်ကိုထွင်းဖေါက်၍၊ မြောက်သမုဒ္ဒရာထဲသို့စီးဆင်းသည်ဟူ၍ပင်အများသောသူတို့ ခရစ်ယာန်ဘာသာထဲသို့မ၀င်ရလေအောင်၊ နောက်ထပ်လူပြိန်းတို့နားမလည်နိုင်ရလေအောင်၊ လက်သန်းပါဠိ ကလေးများလုပ်၍ ဖြေဆိုမည်လား။ သို့သော်လည်းမြောက်သမုဒ္ဒရာထဲသို့ ရေပန်းဖြင့်ကျော်၍၀င်သည်ဟု ပြောသည်ဖြစ်စေ၊ မြင့်မိုရ်တောင်ထိုးဖေါက်၍၀င်သည်ဟု ရေးသည်ဖြစ်စေ၊ အနောတ္တအိုင်ရေသည်၊ မြောက်သမုဒ္ဒရာထဲသို့။ စီးဝင်သည်ဟုယူရမည်ဆိုကလည်း၊ ပိဋကတ်ကျမ်းတို့တွင် မပြသောကြောင့်၊ မကျေသောဒွိဟနှင့်ဝိ၀ါဒအရ အငြင်းအခုံမဖြစ်ရအောင်၊ ဤကျမ်းကိုရေးသောကျွန်ုပ်ခရစ်ယာန်ဆရာက၊ စောဒကပြုချင်သည်မှာ၊ ပညာတ်ဝတ္ထု၊ မံသစက္ခုဖြင့်ကြည့်ရှု၍ မြင်နိုင်သောအရာဖြစ်သော၊ ဤလောကမြေကြီးဓါတ်ကိုမှန်ကန်စွာရှိအောင် မပြနိုင်ပါလျှင်၊ မံသစက္ခုဖြင့်ကြည့်ရှု၍။ မျက်မြင်မရသော ပရမတ္တသဘော၊ လောကုတ္တရာတရားသဘောတို့ကို။ ထိုသို့သောပိဋကတ်ကျမ်းစာတို့ကဆုံးဖြတ်ခြင်းများသည်၊ ဟုတ်သည်၊ မှန်သည်ဟူ၍ယုံဘွယ်စရာအကြောင်းရှိနိုင်ပါမည်လော။ အို…. ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၊

အို … အဆွေက၀ိတို့ ၊ ၎င်း လောကဓါတ်အကြောင်းအရာတို့ကို၊ ရေးသားစီမံကြကုန်သောပိဋကတ်ကျမ်းဆရာတို့သည်၊ ကိုယ်တိုင်ဤလောကဓါတ်၊ ရေ၊ မြေ၊ တောတောင်တို့ကို၊ လှည့်လည်တိုင်းထွာ၍၊ ရေးသားကျသော ကျမ်းမဟုတ်ပေ။ မိမိတို့ကျောင်းပေါ်ကနေ၍၊ စိတ်ကူးရရာထင်မြင်သလို ရေးသားထားကြသောကျမ်းစုဖြစ်ခြေတော့ပေသည်။ ။

ဇာတ်နုငါးရာငါးဆယ်။ဇာတ်ရင့်ဆယ်ဘွဲ့မှစ၍

ဇာတ်နုငါးရာငါးဆယ်။ဇာတ်ရင့်ဆယ်ဘွဲ့မှစ၍။ဝိနည်းကျင့်စဉ်တရားတို့သည်။ရှင်တော်ဂေါတမ။မဟောခင်။သာတာဂီရိနတ်။ ဟိမ၀န္တာနတ်တို့သည်ရှေးဦးစွာတတ်သည်ကိုပြခြင်းအကြောင်း။ ။
ရှင်ဂေါတမသည်၊ သက္ကရာဇ်တရာ့သုံးခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့တွင်၊ ဗောဒိညောင်ပင်သို့ရောက်၍၊ လေးဆယ့်ကိုးရက်နေပြီးမှ၊ ၎င်းနှစ်ဝါဆိုလပြည့်၊ စနေနေ့တွင် မိဂဒါဝုန်တောသို့ရောက်သောအခါ၊ ပဉ္စ၀ဂ္ဂီငါးယောက်နှင့်တကွ နတ်ဗြဟ္မာအပေါင်းတို့ကို ဓမ္မစကြာတရားကိုဟောသောအခါ။ သာတာဂီရိနတ်သားသည် တရားနာရ၍၊ စိတ်နှလုံးရွင်မြူးသောကြောင့်။ နောက်ဘ၀က၊ မိမိမိတ်ဆွေဖြစ်ဘူးသော၊ ဟိမ၀န္တာနတ်သားထံ၊ ၎င်းအကြောင်းကို ပြောရန်သွားသောအခါ၊ ကောင်းကင်လမ်းခရီးတွင်ဟိမ၀န္တာနတ်သားနှင့်၊ သာတာဂီရိနတ်သားနှင့်တွေ့၍၊ ၎င်းအကြောင်းကိုကြားပြောရာ၊ ဟိမ၀န္တာ နတ်သားသည်၊ ရုတ်တရက်၊ မယုံကြည်သောကြောင့်သာတာဂီရိနတ်သားအား၊ ဟိမ၀န္တာနတ်သားက၊ စစ်ဆေးမေးသည်မှာ။ အဆွေ သာတာဂီရိ၊ ယခုသင်ပြောကြားသောကြောင့်၊ ရှင်သိဒ္ဓတ္တမင်းသားဘုရားဖြစ်သည်ကိုကြားသိရပါ၏။ သို့သော်လည်းရှင်တော်ဂေါတမသည်၊ ဘုရားဂုဏ်အင်္ဂါနှင့်ပြည့်စုံရန်၊ ငုံး၊ ငှက်အစ၊ ဆဒ္ဒာန်ဆင်အဆုံးရှိသော၊ ဇာတ်နုငါးရာ့၊ ငါးဆယ်တို့ကို တတ်ကြွမ်းပါ၏လော၊ တေမိအစ၊ နေမိအပါ၊ ဝေဿန္တရာအဆုံးရှိသော ဇာတ်ရင့်ဆယ်ဘွဲ့ များကိုလည်းတတ်မြောက်ပါ၏လော။ ရဟန်းတို့၏ကျင့်ဝတ်တရားများဖြစ်သော၊ ၀ိနည်းသိက္ခာပုဒ် နှစ်ရာ့ခုနှစ်ဆယ်သောခုနှစ်ပါးကိုလည်း နားလည်ပါ၏ လောဟူ၍ အရာရာတို့ကို မေးမြန်းသောအခါ၊ သာတာဂီရိနတ်သားသည်၊ ဟိမ၀န္တာနတ်သားအား၊ မေးသည့်အတိုင်း၊ တတ်မြောက်ပြည့်စုံကြောင်းကို ဖြေဆိုလေကြောင်းကို၊ ဟိမ၀န္တာသုတ်တွင်ပြဆိုသောကြောင့်သိရပါသည်။ ထို့ကြောင့်ဤအရာကိုထောက်၍ဆင်ခြင်ရန်ရှိသည်မှာ၊ ရှင်တော်ဂေါတမသည်၊ ဗောဒိညောင်ပင်ကိုရောက်၍၊ ကဆုန်လပြည့်နေ့၊ ဘုရားဖြစ်သောနေ့က၊ ရေတွက်သည်ရှိသော်၊ မိဂဒါဝုန်တောတွင်ဓမ္မစကြာတရားကိုဟောသော ၀ါဆိုလပြည့်အထိရေတွက်သော်၊ ရှင်တော်ဂေါတမဘုရားအဖြစ်၌၊ ငါးဆယ့်ကိုးရက်သာရှိသေးသည်ဖြစ်သောကြောင့်၊ ၎င်းနတ်သားနှစ်ယောက်တို့သည်၊ မည်သည့်အချိန်အခါက၊ ရှင်တော်ဂေါတမ
အဖြစ်တော်ပေါင်းဖြစ်သော ဇာတ်ငါးရာ့ငါးဆယ်၊ ဇာတ်ကြီးဆယ်ဘွဲ့၊ ၀ိနည်း၊ပိဋကတ်တို့၏စာများကို ဘယ်ကဲ့သို့တတ်မြောက်ကြပါသနည်းဟု ဆင်ခြင်ရန်ရှိပါသည်။ ၎င်းအပြင်၊ ဓမ္မစကြာတရားကိုဟောပြီးမှ၊ ရာဇဂြိုလ်ပြည်တွင်၊ ကဿပရသေ့တို့ကိုအကြောင့်ပြု၍၊ နာရဒတ်ဇာတ်ကိုဟောတော်မူလေသည်။ ဝေဿန္တရာဇာတ်ကို၊ ကပိလ၀တ်ပြည်တွင်၊ ဆွေတော်မျိုးတော်တို့အားအကြောင်းပြု၍ဟောသည်၊ စန္ဒကိန္နရာဇာတ်ကို၊ ယသော်ဓရာအားအကြောင်းပြု၍ဟောသည်၊ ဓမ္မပါလဇာတ်ကို၊ သုဒ္ဓေါဓနမင်းကြီးအား အကြောင်းပြု၍ဟောပြောလေသည်၊ မဟော်ဇာတ်၊ မဟာဇနက္ကဇာတ်တို့ကို၊ ရှင်ဂေါတမသည်ဘုရားဖြစ်၍၊ တဆယ့်တ၀ါမြောက်တွင်၊ ဝေရဉ္ဖတိုင်းတမာပင်ကြီးအောက်တွင်ဟောသည်။ မဟာကန္ဒဇာတ်၊ အသိကိန်ပါတ်၊ မဟာသုဝဇာတ်၊ ကပိရာဇဇာတ်၊ သောမနသဇာတ်ဂါထာကိုးဆယ်ရှိသော၊ စန္ဒကုမာရဇာတ်အစရှိသည်တို့ကို။ သက္ကရာဇ် တရာ့နှစ်ဆယ်ပြည့်တွင်။ အာဠ၀ီပြည်၌၊ နယုန်လပြည့်နေ့တွင်ဟောသည်။၊ ဤကဲ့သို့အသီးသီးပြသောကျမ်းအစရှိသည်တို့၌ပြလျှက်ရှိပြန်သည်၊ ထို့ကြောင့်အထက်ကဖေါ်ပြခဲ့ပြီးသော၊ ဟေမ၀န္တနတ်၊ သာတာဂီရိနတ်တို့သည်၊ ရှင်ဂေါတမ၊ မဟောကြားခင်၊ ၎င်းဇာတ်ဆယ်ဘွဲ့ အစရှသည်တို့ကိုတတ်မြောက်သိကျွမ်းနှင့်ပြီဖြစ်ကြောင်းအရာကိုထောက်သဖြင့်၊ ချင့်ချိန်လျှင်၊ ၎င်းဇာတ်နိပါတ်၊ ၀တ္တုအစရှိသည်တို့သည်၎င်း၊ ၀ိနည်းကျင့်စဉ်တရားတို့သည်၊ ရှေးအထက်ကဗြဟ္မာဏဆရာတို့စီရင် ရေးထားကြောင်းထင်ရှားလျှက်ရှိပေသည်။ နောက်ပိုင်း တလိုင်းမြန်မာ၊ ရဟန်းတို့ကး
ရှင်တော်ဂေါတမအဖြစ်တော်ပေါင်းလုပ်၍ ချဲ့ထွင်ရေးပြီးလျှင်၊ ပိဋကတ်ထဲသို့ သွင်းထားကြောင်
ပိဋကတ်ကို စစ်ဆေးသောသူတို့သည်၊ မုချအတပ်သိရပါပေလိမ့်မည်ကား မြေကြီးလက်ခတ်မလွဲပါလေ။ ။

ရှင်တော်ဂေါတမ၏ပဋိသန္တေတည်ပုံ၊အယုတ်အမြတ်ကိုပိဋကတ်ကျမ်းဆိုအတိုင်းရွေးချယ်၍ပြခြင်းအကြောင်း ။ ။

ရှင်တော်ဂေါတမအလောင်းနတ်သားသည်၊ ဘုရားလောင်းတို့၏ ဓမ္မတာအတိုင်း ကြည့်ခြင်းကြီးငါးပါးဖြင့် ကြည့်ရှုလျှင်။ သက္ကရာဇ်ခြောက်ဆယ်ခုနှစ်ခု ၀ါဆိုလပြည့်ကြသပတေးနေ့ သန်ခေါင်ယံအချိန်တွင်။ တုသိတာနတ်ပြည်မှစုတေ၍။ မယ်တော်မာယာဝမ်း၌သန္တေစွဲယူလေသည်ဟု၊ ဗုဒ္ဓ၀င်ကျမ်းတို့တွင်ပြဆိုသောကြောင့်၊ ၎င်းပဋိသန္တေတည်ခြင်း၏အကြောင်းအရာကို၊ ပိဋိကတ်စကားအရပ်ရပ်နှင့်အညီအယုတ်အမြတ်ကိုရွေးချယ်၍ပြရလျှင်။ ။ တသ္မိံနိရုဒ္ဓ၀သာ နေတသာ နန္တရ မေ၀ပဋိသန္တိသင်္ခါကံမာ နသံဥပဇ္ဇဓာ နမေ၀ပတိဌာတိဘ၀န္တရေ၊ အနက်ကား ။ တသ္မိံ ထိုစုတေစိတ်သည်၊ နိရုဒ္ဓေ၊ ချုပ်ပြီးသည်ရှိသော်။ တဿ၊ ထိုစုတေစိတ်၏။ အန္တရမေ၀၊ အသစ်ဖြစ်၍သာလျှင်၊ ဘ၀န္တေ။ ဘ၀တပါး၌၊ ပတိဌာတိ၊ တည်၏။ ။ ဟူ၍နောက်ပြခဲ့သော သထုံပြည်၊ မွန်တလိုင်းမဟာနာမ်မင်းလက်ထက်၊ ရှင်အနုရုဒ္ဓါရေးသောအဘိဓမ္မတ္တသဂြိုလ်ကျမ်းတွင်ပြသည်၊ ၎င်းကျမ်းစကား၏အဓိပ္ပါယ်မှာ၊ သတ္တ၀ါ ပုဂ္ဂိုလ်အပေါင်းတို့သည်စုတည်စိတ်ကျပြီးနောက်၊ ဘ၀တပါး၌ သတ္တ၀ါပုဂ္ဂိုလ်သစ်ဖြစ်၍တည်သည်ဟုဆိုလေသည်။ ၎င်းပြင်သတ္တ၀ါပုဂ္ဂိုလ်တို့၏၊ စုတေရာအချိန်ကာလမှာ၊ အမိသည်ဥတုလည်းလာ၍ပြတ်စဲ၊ ၎င်းဥတုလာ၍ပြတ်စဲပြီးနောက်။ ခုနှစ်ရက်အတွင်းမှာ၊ ယောင်္ကျားတို့နှင့်ကာယသံဝါသဂ္ဂ သွားလာနှီးနှောစပ်ရှက်ရာအချိန်ကာလကြုံကြိုက်ဆဲ၊ သတ္တ၀ါပုဂ္ဂိုလ်လည်းစုတေစိတ် ပဋိသန္ဓေစိတ်ယုနေဆဲ။ ဤကဲ့သို့အင်္ဂါသုံးရပ်တို့နှငါ့ညီညွတ်မှ။ ပဋိသန္တေယူစွဲနိုင်သည်ဟု၊ အင်းဝမြိုထူပါရုံဒါယကာနရပတိမင်းလက်ထက်၊ ရှင်အာရိယာဝံသရေးသော မနိသာရအဉ္ဖူကျမ်းတွင်လည်း ဤကဲ့သို့ပြဆိုထားလေသည်။ ။၎င်းပြင်ထိုကဲ့သို့အင်္ဂါသုံးရပ်နှင့်ညီညွတ်၍ ပဋိသန္တေတည်နေကိန်းအောင်းသောသတ္တ၀ါတို့မှာ။ ခုနှစ်ရက်အတွင်းအမိသည်၊ ယောင်္ကျား၏ပစ္စည်းကိုနောက်တကြိမ်နှစ်ကြိမ်ထပ်မိံ၍ယူမိမှ၊ ၎င်းပဋိသန္တေသည်မပျက်မစီးတည်နေသည်ဟု၊ ၀ိမတိဝိနောဓနိကျမ်းတွင်လည်းပြသည်။ ။ ၎င်းအပြင်ဝိနည်းပါဠိတော်၌တွေ့ရပြန်သည်မှာ။ ။နိဒ္ဒေအဿပါဒေဥတုအာဒကေ၊ ဒါနေသီလသမ္ဘာရေ၊ ဂပ္ဘသမ္ဘာရေသတ္တဌာနေစေ၀န္တော ကာမေသုမစ္ဆာစာရောဟောတိ။ ။အနက်ကား။ နိဒ္ဒေ၊ အိပ်ပျော်သောအခါ၌၎င်း၊ အဿပါဒကေ၊ ဖျားနာသောအခါတို့၌၎င်း၊ ဥတုအာဒကေ၊ ဥတုလာနေသောအခါတို့၌၎င်း၊ ဒါနေ၊ အလှုပေးဆဲအခါတို့၌၎င်း၊ သီလေ၊ သီလဆောက်တည်ဆဲကာလတို့၌၎င်း၊ သမ္ဘာရေ၊ ရှစ်ရက်လပြည့်ဟုသိမှတ်အပ်သောအခါတို့၌၎င်း၊ ဂဗ္ဘသာရေ၊ကိုယ်ဝန်အရင့်အမာတို့ရှိသောအခါတို့၌၎င်း၊ ဣမေသတ္တဌာနနေ၊ ဤခုနှစ်ပါးသောဌာနတို့၌။ စေ၀န္တာသ၊ သွားလာနှီးနှောစပ်ယှက်သောသူသည်၊ ကာမေသုမိစ္ဆာစာရော၊ ကာမေသုမစ္ဆာစာရကံသည်၊ ဟောတိဖြစ်၏။ ဤသို့ဝိနည်းပါဠိတော်တွင်ပြဆိုသောကြောင့်။ ရှင်ဂေါတမအလောင်းသည်၊ ပဋိသန္တေယူသောအရာဌာနတို့ကို၊ ပိဋကတ်ကျမ်းတို့ပြဆိုသည့်အတိုင်း ရွေးချယ်စစ်စေးလျှင်။ အင်္ဂါသုံးပါးကာလအချိန်တို့တွင်၊ အခါသတင်းဟုဆိုအပ်သော၊ ၀ါဆိုလပြည့်နေ့ဖြစ်၍။ ၀ိနည်းပါဠိတော် အလိုကိုထောက်လျှင်။ မဟာသုဒ္ဓေါဓနမင်ကြီးသည်၊ ကာမေသုမိစ္ဆာစာရကံကိုကျူးလွန်သောသူ၊ ၎င်းအချိန်တွင် တုသိတာနတ်ပြည်မှ စုတိပဋိသန္ဓေယူသည်ဟုဆိုရန်ရှိသည်။ ။ ၎င်းတိုက်ဆိုင်ညွန်ပြခဲ့သော၊ ကျမ်းစာတို့သည်လည်း၊ ရှင်တော်ဂေါတမအလိုတော်နှင့်ညီလျှော်သောကျမ်းစုဟူ၍ မြန်မာဘုရင်ပညာရှိရှိအဆက်ဆက်၊ ရဟန်းပညာရှိအဆက်ဆက်တို့က၊ သင်္ဃာရတနာတင်ရာ ပါဠိပိဋကတ်တိုက်ဝင်ရွှေချစာစောင်စုဖြစ်ပေသည်။ ။

ဗုဒ္ဓ၀င်ကျမ်းဆိုသည်မှာ။ ရှင်ဂေါတမအတ္ထုပ္ပတ္တိအကြောင်းအရာတို့ကို၊ ရေးသားဖေါ်ပြသောကျမ်းဖြစ်သည်၊ သို့သော်လည်း၎င်းကျမ်းကို၊ မည့်သည့်အချိန်တွင်၊ မည်သည့်ကာလတွင် မည်

ဗုဒ္ဓ၀င်ကျမ်းဆိုသည်မှာ။ ရှင်ဂေါတမအတ္ထုပ္ပတ္တိအကြောင်းအရာတို့ကို၊ ရေးသားဖေါ်ပြသောကျမ်းဖြစ်သည်၊ သို့သော်လည်း၎င်းကျမ်းကို၊ မည့်သည့်အချိန်တွင်၊ မည်သည့်ကာလတွင် မည်သူကရေးသားထားပါသနည်းဟုဆိုလျှင်၊ ရှင်တော်ဂေါတမကွယ်လွန်၍၊ နှစ်ပေါင်းငါးရာကျော်မှာ၊ သထုံပြည်တွင် နောက်ကဖေါ်ပြခဲ့သော၊ ရှင်ဗုဒ္ဓတ်ရေးသားသောကျမ်းဖြစ်သည်။ ၎င်းဆရာအခြေပြု၍ရေးသားသည်မှာ၊ ရှင်တော်ဂေါတမမပေါ်ထွန်းမီ၊ ဗြဟ္မဏဆရာတို့စီရင်ရေးသားထားသော ပူရာဏီတဆယ့်ရှစ်ကျမ်း၊ ရာမ၀တ္ထု၊ ရဂုသ၀တ္ထု၊ ဣသျှရဗေဒင်ကျမ်း စသည်တို့ကိုအမှီပြု၍။ ရှင်ဗုဒ္ဓတ်သည်၊ မိမိညာဏ်ဖြင့်ဖြည့်စွက်၍၊ ရှင်ဂေါတမကိုခြီးမြောက်၍ရေးသားသောကျမ်းဖြစ်သည်၊ ၎င်းဗုဒ္ဓ၀င်ကျမ်း၍ပြဆိုသည်မှာ၊ ယခုဘဒ္ဒကမ္ဘာ မဟာသမတ သင်္ခစကြာမင်းကြီးမှစ၍ရေတွက်သော်။ သမတမင်းပေါင်း၊ သုံးသိန်းသုံးသောင်းလေးထောင်ငါးရာ့ခြောက်ဆယ့်ခုနှစ်ဆက်တွင်၊ သက္ကတတိုင်းကပ္ပိလ၀တ်ပြည်ကို အစိုးရသော သုဒ္ဓေါဓနမင်းကြီး၏မိဖုရားဖြစ်သော မာယာဒေ၀ီဝမင်း၌ ရှင်ဂေါတမအလောင်းသည်၊ တုသိတာနတ်ပြည်မှစုတေ၍၊ ဘိုးတော်အဉ္ဖနမင်းကြီးသည်၊ ကမ္ဘာသက္ကရာဇ် ရှစ်ထောင့်ခြောက်ရာလေးဆယ့်ငါးခုကို၊ န၀စန္ဒိကိန်းဖြင့်ဖြိုပြီးသော်၊ လူတို့အရေအတွက်အားဖြင့်၊ ခြောက်ဆယ့်ခုနှစ်ခုနှစ်၊ ၀ါဆိုလပြည်၊ ကြသပတေးနေ့ ဥတ္တရာယှဉ်သည့် နက္ခတ်လနှင့်ယှဉ်သော။ သံခေါင်ယံညအချိန်တွင်။ ပဋိသန္ဓေတည်သည်ဟု့၊ ၎င်းဗုဒ္ဓ၀င်ကျမ်းတို့ကပြဆိုသောကြောင့် ဆင်ခြင်ရန်မှာ၊ ကမ္ဘာဦးမဟာသမတသင်္ခစကြာမင်းကြီးမှစ၍၊ သုဒ္ဓေါဓနမင်းကြီးအထိ၊ ရေတွက်၍ပြသော်မင်းပေါင်း၊ သုံးသိန်း သုံးသောင်း လေးထောင် ငါးရာ့ခြောက်ဆယ့်ခုနှစ်ခုနှစ်ဆက်သောမင်းတို့နှင့်၊ ဘိုးတော်ကဉ္ဖနမင်းကြီးဖြိုပစ်သော ကမ္ဘာသက္ကရာဇ်၊ ရှစ်ထောင်ခြောက်ရာလေး ဆယ်လေးဆယ့်ငါးခု့ကို နှိုင်းယှဉ်၍ကြည့်လျှင်။ နှစ်၏အရေအတွက်ကနည်း၍၊ သမတမင်းပေါင်းကများနေသောကြောင့်။ မင်းတပါးလျှင်။ ထီးနန်းစည်းစိမ်နန်းစံနှစ်ကိုမဆိုထားနှင့်ဦး၊ အမိဝမ်းတွင်းကမွေးဖွား၍၊ သူငယ်အဖြစ်တွင်မှ၊ တစ်ရက်နှင့်သုံးဆယ်နာရီ၊ တဗီဇနာတခရာခန့်သာအသက်ညီမျလေ သောကြောင့်။ ထိုစကားနှစ်ရပ်တွင်။ သမတမင်းပေါင်းကိုအမှန်ယူပါက၊ သက္ကရာဇ်ရှစ်ထောင်ခြောက်ရာလေးဆယ့်ငါးခုသည်အမှားဖြစ်ရပေလိမ့်မည်၊ သက္ကရာဇ်ကိုအမှန်ယူပါက၊ သမ္မတမင်းပေါင်းသုံးသိန်းလေးထောင်ငါးရာ့ခြောက်ဆယ်ခုနှစ်ဆက်သည်အမှားဖြစ်ရပေသည်။ ထို့ကြောင့်အထက်ပါစကားနှစ်ရပ်သည်လည်း၊ နှစ်ယောက်ရေးသားသောကျမ်းမဟုတ်၊ ရှင်ဗုဒ္ဓတ်တဦးတည်းရေးသားသောကျမ်းစကားပင်ဖြစ်လေသည်။ ၎င်းအပြင်ရှင်ဂေါတမမပေါ်ထွန်းခင် သက္ကရာဇ်ကျမ်းဆရာတို့ကပြသေးသည်မှာ၊ ကင်္လံရာရပ္ဗတောဂုဏသမ္ဘပဉ္စဒုကေဂတေ၀ဆရေဗဟုဓဗ္ပေဓမ္မ၀ိဒါဂေါတမာဘိဓာ။ ကင်္လံ၊ ကမ္ဘာနှဏ်ခု၏ အာရပ္ဗတော အဦးအစမှစ၍၊ ဂုဏသမ္ဘေပဉ္စဒုတေ၊ နှစ်ပေါင်းငါးရာ့ခုနှစ်ဆယ်။ ၀ရေ နှစ်သည်၊ ဂတေ ရောက်လေသော်၊ ဓမ္မ၀ိဒါ၊ တရားကိုသိသော၊ ဂေါတမာဘိဓာ၊ ဂေါတမအမည်ရှိသောဆရာသည်၊ ဝေ စင်စစ်၊ ဗဟုဝါ ပေါ်ထွန်း၏၊ ။ ဟူ၍၀ိနယလင်္ကာရကျမ်း၊ အဘိဓမ္မာသမိုင်းကျမ်းတို့တွင်တွေ့ရလေသည်။ ၎င်းစကား၏အဓိပ္ပါယ်မှာ၊ ကမ္ဘာဦးသူတို့နှစ်၏ရေတွက်သည်မှစ၍။ နှစ်ပေါင်းနှစ်ထောင့်ငါးရာခုနှစ်နှစ်ရှိသောအခါ။ ရှင်ဂေါတမပေါ်ထွန်းသည်ဟု၊ ၎င်းကျမ်းဆရာတို့ကပြဆိုလေသည်၊ သို့သော်လည်း၎င်းကျမ်းဆရာတို့ကပြဆိုသောပါဠိသည်၊ စင်စစ်အားဖြင့်၊ ၀ိနယလင်္ကာရဆရာ၊ အဘိဓမ္မာသမိုင်းဆရာတို့၏ကျမ်းရင်းစကားမဟုတ်၊ ထိုပါဠိသည်လည်း၊ သင်္ကရိုက်စကားလည်းမဟုတ်၊ မာဂဓပါဠိစကားလည်းမဟုတ်၊ ဘင်္ဂလီ၊ နာဂလီ စကားတို့သာဖြစ်လေသည်။ ၎င်းစကားသည်မူလရင်းအဘယ်ကျမ်းတွင်မျမပါဘဲ၊ အဘယ်မှထွက်လာရပါသနည်းဟုဆိုရပါလျှင်၊ နောက်ပြခဲ့သောဆရာတို့က စီရင်ရေးသားသော၊ ပူရာဏီ တစ်ဆယ့်ရှစ်ကျမ်းအ၀င်ဖြစ်သော ဂေါတမပူရာဏီကျမ်းစကားသာဖြစ်လေသည်။ ၎င်းခုနှစ်သက္ကရာဇ်ကိုပြသောစကားသည်၊ ယခုဗုဒ္ဓဘာသာလူတို့ကိုးကွယ်သော ရှင်တော်ဂေါတမပေါ်ထွန်းသော၊ ခုနှစ်သက္ကရာဇ်ပြသောကျမ်းစကားမဟုတ်၊ ရှင်တော်ဂေါတမ၊ မပေါ်ထွန်းမီ၊ ရှေးအစဉ်အဆက်ကဗေဒင်ကျမ်း၊ ဆေးကျမ်း၊ ဂြိုလ်နက္ခတ်တာရာကျမ်း အစရှိသည်တို့ကိုစီရင်ရေးသားသော ဗြဟ္မဏပုဏ္ဏားမျိုး၊ ဂေါတမဆရာရသေ့ ပေါ်ထွန်းသောခုနှစ်သက္ကရာဇ်ကိုပြသော ဂေါတမပူရာဏီကျမ်းစကားဖြစ်လေသည်။ ယခုနောက်မှရေးသားသော ၀ိနယလင်္ကာရဆရာ၊ အဘိဓမ္မာသမိုင်းဆရာတို့က။ ယခုဗုဒ္ဓဘာသာလူတို့ ကိုးကွယ်သောရှင်ဂေါတမကိုရည်ညွန်းလို၍ မိမိတို့ကျမ်းတွင်ထည့်တွင်းရေးသားကြောင်း ထင်ရှားစွာသိရလေသည်။ ဤကား။ အမှားအမှန်ကိုပိုင်းခြား၍သိနားလည်စေရန်ရွေးချယ်စီစစ်၍ပြသလိုက်ပါသည်။ ။

၎င်းနောက်ရှင်တော်ဂေါတမ အလောင်းသိဒ္ဓတ္ထမင်းသားအလောင်းသည်၊ အသက်ဆယ့်ရှစ်နှစ်ပြည့်သောအခါ၊ ခမည်းတော်သုဒ္ဓေါဓနမင်းကြီးက၊ ဘုံငါးဆင့်ရှိသော ရမ္မပြဿာဒ်တဆောင်၊ ဘုံခုနှ

၎င်းနောက်ရှင်တော်ဂေါတမ အလောင်းသိဒ္ဓတ္ထမင်းသားအလောင်းသည်၊ အသက်ဆယ့်ရှစ်နှစ်ပြည့်သောအခါ၊ ခမည်းတော်သုဒ္ဓေါဓနမင်းကြီးက၊ ဘုံငါးဆင့်ရှိသော ရမ္မပြဿာဒ်တဆောင်၊ ဘုံခုနှစ်ဆင့်ရှိသော သုရာမပြဿာဒ်တဆောင်၊ ဘုံကိုးဆင့်ရှိသော သုဘုပြဿာဒ်တဆောင်။ ၎င်းပြဿာဒ်သုံးဆောင်တို့ကို ဆောက်လုပ်ပြီးလျှင်၊ သုပ္ပဗုဒ္ဓမင်းကြီး၏၊ သမီးတော် ယသော်ဓယာမင်းသမီးကို၊ လေးတင်ပွဲပြုလုပ်၍၊ ထိမ်းမြားလက်ထပ်မင်္ဂလာ ပြုစေပြီးမှ၊ ယသော်ဓယာမင်းသမီးကို၊ အဂ္ဂမဟေသဒေ၀ီမိဖုရားခေါင်အရာ၍၊ တောင်ညာစံထားပြီးလျှင်၊ မောင်းမလေးသောင်းနှင့်တကွ၊ တဆယ့်သုံးနှစ်ပတ်လုံး၊ သားဆော်ရာဟုလာကို ဖွားမြင်သည့်တိုင်အောင်၊ ကာမစည်းစိမ်ကို၊ အကြိမ်ကြိမ်ခံစားစံစားပြီးလျှက် နေသည်ဟုဗုဒ္ဓ၀င်တို့တွင်ပြဆိုလေသည်။ ထိုအချန်တို့တွင်ကား၊ ဘုရားအလောင်းသိဒ္ဓတ္ထမင်းသားသည်၊ အများသောယောင်္ကျား တကာတို့ထက်၊ ယောင်္ကျားမြတ်ဖြစ်သည်၊ မဖြစ်သည်ကို ပိဋကတ်၌ဆိုသည့်အတိုင်းပြဦးမည်။ ။မာယာစေသောမရိစိဝသောတောရောဂေါဥပ္ပဒ္ဒဝေါ၊ ခရာစဗန္ဓနာစေသ၊ သောနရောဓမ္မော။ ။ အနက်ကား၊ သော ထိုမိန်းမတို့သည်၊ မာယာစ၊ လှည့်ဖြားတတ်သော မျက်လှည့်နှင့်လည်းတူ၏၊ မရိစိဝ၊ သားတကာတို့ အာသာငမ်းငမ်းရေဟုမှတ်၍ နွမ်းရိစေသောတံလျှပ်နှင့်လည်းတူ၏၊ သေကော၊ စိုးရိမ်ပူပန်ခြင်း၏ အကြောင်းလည်းမည်၏၊ ရောဂေါ၊ အနာရောဂါစွဲကပ်ခြင်းနှင့်လည်းတူ၏၊ ဥပ္ပဒ္ဒဝေါ၊ မင်း၊ ခိုးသူတို့၏နှုပ်စက်ခြင်း၏အကြောင်းလည်းမည်၏၊ ခရာစ၊ ကြမ်းတမ်းခက်ထန်စောင်းမံညိုထားပြက်ပျား စေသောအကြောင်းလည်းမည်၏၊ သော၊ ဤမိန်းမတို့မည်သည်ကား၊ ဗန္ဓနာစ၊ ကွန်အုပ်သောငှက်၊ မြုံးပိုက်ဝင်မိသောငါးကဲ့သို့မထွက်သွားနိုင်အောင်၊ ချည်နှောင်ဖွဲ့ရှက်တတ်၏၊ ထို့ကြောင့်၊ ပဏ္ဍိတော၊ ပညာရှိသောသူသည်၊ ဣတ္ထိ၊ ဤမိန်းမကို၊ နပတိသေဝေယျ၊ မမှီဝဲရာ၊ ယောနရော၊ အကြင်ယောင်္ကျားသည်၊ ပဋိသေဝေယျ၊ ပေါင်းဖေါ်ယှဉ်တွဲမှီဝဲငြားအံ့၊ သေနရော၊ ထိုသူသည်၊ နရေသု၊ ယောင်္ကျားတကာအပေါင်းတို့တွင်၊ နရေဓမ္မော၊ ယောင်္ကျားသူယုတ်ပေတည်း၊ ရှင်စူဠဗုဒ္ဓဃောသ ရေးသောနိဒါန၀ဂ္ဂသံရုတ်ကျမ်း၌ပြဆိုသောကြောင့်။ ယသော်ဓရာမင်းသမီးမှစ၍၊ လေးသောင်းသောမောင်းမမိဿံတို့နှင့်တကွ၊ တဆယ့်သုံးနှစ်ပါတ်လုံး၊ ကာမစည်းစိမ်ကိုအကြိမ်ကြိမ်ခံစား၍၊ ဘုရားအလောင်းရှင်သိဒ္ဒတ္ထမင်းသားနေတော်မူသည့်အခါတွင်၊ ဤနိဒါန၀ဂ္ဂသံယုတ်ပိဋကတ်ရွှေ ကျမ်းတော်အလိုအရဖြင့်၊ ရှင်ဂေါတမအလောင်းသိဒ္ဓတ္ထမင်းသားသည်၊ ယောင်္ကျားမြတ်မဟုတ်၊ ယောင်္ကျားတကာတို့တွင်သူတကာထက်အယုတ်ဖြစ်တော့သည်။ ။
၎င်းကျမ်းကိုရေးသားသော၊ ကျွန်ုပ်ဆရာက၊ နှိမ်နင်း၍ဆိုသည်မဟုတ်ပါ၊ ရှင်စူဠဗုဒ္ဓဃောသသည်၊ ငါတို့ရှင်ဂေါတမအလောင်းမယားအများနေသည်ကိုမဆို၊ အခြားသူများနေသည်ကိုသာဆိုသည်၊ ငါတို့ဘုရားမှာ မယားဘယ်လောက်များများ၊ ပစ္ဆိမပူရိသသားဖြစ်၍ ယူခြင်တိုင်းယူနိုင်သည်ဟုဆိုလျှင်လည်း၊ ဤနိဒါန၀ဂ္ဂသံယုတ်ကျမ်းသည်၊ သင်္ဃာရတနာတင်ကျမ်းမဟုတ်ဟူ၍၊ မသိသော ဒါယကာ၊ ဒါယိကယမ၊ တို့အားလှည့်ဖြား၍ပြောမည်လားမသိ၊ သို့သော်လည်း အမှားအမှန်ကိုပိုင်းခြားတတ်သောသူတို့က၊ ပိုင်းခြား၍နားလည်လိုသောသူတို့သည်၊ ပိဋကတ်ကိုစစ်ဆေး၍ကြည့်ပါလျှင်အမှန်သိပါလိမ့်မည်။ ။

ရှင်ဂေါတမအလောင်းမွေးဘွားစဉ်အခါကအတ္ထုပ္ပတ္တိအကြောင်းအရာကိုပြခြင်း။ ။

ဗုဒ္ဓ၀င်ကျမ်း၌ပြဆိုသည်မှာ။ မယ်တ်ာမာယာသည်ကိုယ်ဝန်ရင့်မာ၍၊ ရှင်ဂေါတမအလောင်း သိဒ္ဓတ္တမင်းသားကိုဖွားမြင်ချိန်နီးသောအခါ၊ ကပ္ပိလ၀တ်ပြည်မှ၊ ငါးယူဇနာခရီးကွာသော မောင်တော်သုပ္ပဗုဒ္ဓ ပြည်သို့အသွား၊ လမ်းခရီးအကြား၊ လုမ္ဗနီအင်ကြင်းတောတွင်၊ သက္ကရာဇ် ခြောက်ဆယ့်ရှစ်ခု၊ ကဆုန်လပြည့် သောင်္ကြာနေ့ နံက်တချက်တီးအချိန်၊ သိန်၊ လက်၊ ဗြိစ္ဆာ၊ စန်း၊ ၀ိသာခါနက္ခတ်နှင့်ယှဉ်၍ဘွားမြင်၏။ ထိုသို့ဖွားမြင်၍ပြီးသောအခါ၊ ရှင်ဂေါတမအလောင်းသိဒ္ဓတ္ထ မင်းသားသူငယ်သည်၊ အရှေ့အရပ်မှ၊ မြောက်အရပ်သို့လှည့်၍ ခုနှစ်လှမ်းသွားကြီးသောအခါ၊ မတ်တပ်ခြေစုံရပ်ပြီးလျှင်။ အဂ္ဂေါဟသမိံ လေကဿ၊ လေဌောဟသမိံ လောကဿ၊ အသဒိသောဟသမိံ လေကဿ ဟူ၍၊ သုံးခွန်းသောစကားဖြင့်ကြိမ်းပကြောင်းပြဆိုထားလေသည်၊ ၎င်းကြိမ်းပသောစကားသုံးခွန်း၏အဓိပ္ပါယ်ကိုရှေ့ဦးယျာဉ်တော်ထွက်ခန်းရောက်သောအခါတွင်အသေးစိတ်ပြပါမည်။ ရှင်သိဒ္ဓတ္ထမင်းသားကို၊ ဘွားမြင်သောနောက် တပြိုင်နက်တည်းဘွားမြင်သော ဘွားဖက်တော်ခုနှစ်ပါးတို့တွင်တပါးအပါအ၀င်ဖြစ်သောရွှေအိုးကြီးလေးလုံးတို့သည်၊ နန်းတော်တွင်းမှာတပြိုင်တည်းမြေကြီးမှ၊ အလိုလိုပေါ်ထွက်လာသည်ဟူ၍၎င်း၊ ထိုရွှအိုးကြီးလေးလုံးတို့မှာ၊ သိင်္ဃမည်သောရွှေအိုးသည်တဂါဝုတ်ရှိ၏။ တဂါဝုတ်ဟူသည်ကား၊ မြန်မာတိုင်တတိုင်နှင့်ခုနှစ်တာင်တာ၊ တာခြောက်ရာရှိသည် (တယူဇနာ= ၁၂ မိုင် ၄ ဖါလုံခန့်) ။ ၀ဠ မည်သောရွှေအိုးသည်လည်း၊ ယူဇနာတ၀က်ရှိသည်ဟုဆို၏။ ဥပလမည်သောရွှေအိုးသည်လည်း သုံးဂါဝုတ်ရှိသည်။ ပုဏ္ဍရိကမည်သောရွှေအိုးသည်ကား တယူဇနာရှိသည်ဟူသတည်း။ ။၎င်းရွှေအိုးလေးလုံးတို့၏အစောက်မှာ၊ နှစ်သိန်းလေးသောင်းအထူရှိသောမဟာပထ၀ီမြေကြီးနှင့်အတူအမျှအစောက်ရှိသည်ဟုပြဆို၏။ သို့ဖြစ်၍၎င်းရွှေအိုးလေးလုံးတို့သည်၊ ရှင်ဂေါတမအလောင်းသိဒ္ဓတ္ထမင်းသားဖွားမြင်သည့်အခါက၊ ဗုဒ္ဓ၀င်ကျမ်းဆရာပြဆိုသည်အတိုင်း၊ ၎င်းရွှေအိုးလေးလုံးတို့သည်၊ မြေမှပေါ်ရှိမည်။ မပေါ်ရှိမည်ကိုဥာဏ်အနည်းငယ်ထုတ်၍၊ စဉ်းစားဆင်ခြင်ရန်အကြောင်းမှာ၊ ဤဇမ္ဗူဒိပါကျွန်းတွင်၊မဇ္စျိမဒေသဟုခေါ်ဝေါ်သောအရှေ့ကိုဇင်္ဂလန်ကုန်းရွာ၊ အရှေ့တောင်ကိုလားသော်သလ္လာဝတီမြစ်၊ တောင်ကိုလားသော် သေတကဏ္ဏိကနိဂုံးရွာ၊ အနောက်ကိုလားသော် ဒုနမည်သောပုဏ္ဏားရွာ၊ မြောက်သို့လားသော် ဥဿိရဒ္ဓဇတောင်။ ဤသို့ငါးရပ်သောနယ်နိမိတ်တို့ဖြင့်။ ပိုင်းခြားသတ်မှတ်လျက်။ မဇ္ဈိမဒေသဟုခေါ်သော၊ သောဠသတဆယ့်ခြောက်ပြည်၏ အတွင်းအ၀င်အပါဖြစ်သော အ၀န်းသုံးယူဇနာရှိသည်။ ကပ္ပိညသတ်မြို့၏အတွင်း၌၎င်း။ ပိုင်းခြားတွက်ချက်၍ ပြခဲ့သောရွှေအိုးကြီးလေးလုံး၏ယူဇနာနှင့် ကပ္ပိလ၀တ်မြို့အကျယ်၏ ယူဇနာကိုနှိုင်းစာ၍ကြည့်လျှင်၊ ရွှေအိုးကြီးလေးလုံး၏အနံယူဇနာမှာ၊ နှစ်ယူဇနာနှင့်နှစ်ဂါဝုတ်ရှိသည်။ ကပ္ပိလသတ်မြို့အကျယ်၏ ယူဇနာကိုနှိုင်းစာ၍ကြည့်ရှုလျှင်။ ရွှေအိုးကြီးလေးလုံး၏အနံယူဇနာမှာ။ နှစ်ယူဇနာနှင့်နှစ်ဂါဝုတ်ရှိသည်။ ကပ္ပိလသတ်၏အလျားအကျယ်မှာ။ အရှေ့နှင့်အနောက်တယူဇနာ။ တောင်နှင့်မြောက်တယူဇနာသာရှိချေသည်။ သို့ဖြစ်သောကြောင့်၊ ၎င်းရွှေအိုးလေးလုံးတို့သည်။ သုဒ္ဒေါဓနမင်းကြီးစံနေတော်မူသော နန်းတော်တွင်းမှာပေါ်ဖို့ရန်ကိုမဆိုထားဘိဦး။ ကပ္ပိလသတ်တမြို့လုံး၏ အတွင်းမှာသော်လည်း၊ ၎င်းရွှေအိုးလေးလုံးတို့သည်ပေါ်နိုင်ရန် အကြောင်းမရှိဖြစ်သည်။ ဆင်ဖြူတော်ကိုပြုတ်စားသည်ဟု ပြောသော်လည်းအိုးကိုခြင့်တွက်၍ ယုံရမည်ဟုမြန်မာတို့ခိုင်းနှိုင်းတတ်သော။ ပေါရာဏစကားပုံကဲ့သို့။ ရှင်ဂေါတမ၏ အကြောင်းအရာအတ္ထုပ္ပတ္တိကို ရေးသားထားသောဗုဒ္ဓ၀င်ရွှေချကျမ်းကြီးလည်းစဉ်းစား၍သာ ယုံကြပါတော့။ ။ ၎င်းနောက်ခမည်းတော်သုဒ္ဓေါဓနမင်းကြီး။ ကိုးကွယ်သော ဒေ၀ီလရသေ့ကြီးသည်ဘုရားလောင်းသိဒ္ဓိတ်မင်းသားဘွားမြင်ကြောင်းကို ကြားသိလျှင်၊ နန်းတော်သို့ ၀င်ရောက်လာ၍ သုဒ္ဓေါဓနမင်းကြီးပြင်ဆင်ခင်းကျင်းသောနေရာ၌၊ ထိုင်နေသောအခါ၊ ရှင်သိဒ္ဓတ္ထမင်းသားသူငယ်သည်၊ ခမည်းတော်သုဒ္ဓေါဓနမင်းကြီး ရင်ခွင်ထက်မှဆင်း၍၊ ဒေ၀ီလရသေ့ကြီး၏ထိပ်ပေါ်၌ခြေစုံရပ်၍နေသည်။ ထိုအခါဒေ၀ီလရသေ့ကြီးသည်ရယ်ခြင်း၊ ငိုခြင်းကိုပြုပြီးလျှင်၊ သုဒ္ဓေါဓနမင်းကြီးနှင့်အတူ၊ ရှင်သိဒ္ဓတ္ထမင်းသား၊ ခုနစ်ရက်သားအရွယ်ကို ရှိခိုးကြသည်။ ၎င်းနောက်ရှင်သိဒ္ဓတ်မင်းသားသူငယ်သည်တလသားအရွယ်သို့ရောက်လျှင် သုဒ္ဓေါဓနမင်းကြီးသည် လယ်ထွန်မင်္ဂလာပြုလုပ်၍သိဒ္ဓတ်မင်းသားကို ဇမ္ဗူသပြေပင်ရပ်တွင်၊ ရွှေတင်းတိမ်တို့ဖြင့် ကာတန်းပြီးလျှင် သိပ်ထားသောအခါ ဇမ္ဗူသပြေပင်အရိပ်လည်း အဘယ်သို့မျှမရွှေ့မပြောင်း၊ ထီးမိုးသကဲ့သို့နေသည်။ ထိုအခါသိဒ္ဓတ်မင်းသားသူငယ်သည် ထက်ဝယ်ဖွဲ့ခွေနေထိုင်ပြီးလျှင်၊ အာနာပါနကမဌာန်းကို၊ ဆင်ခြင်သုံးသပ်လျက်၊ ပဌမဈာန်သို့ဝင်သွား၍နေသောအခါကို၊ ခမည်းတော်သုဒ္ဓေါဓနမင်းကြီးသည် ၎င်းအချင်းအရာကိုမြင်လျင်၊ ဗိုလ်ပါပရိတ်သတ် အပေါင်းတို့နှင့်တကွ၊ သိဒ္ဓတ္ထမင်းသားသူငယ်အား ရှိခိုးကြသည်ဟု၊ ၎င်းဗုဒ္ဓ၀င်ကျမ်းတွင်ပြဆိုသည်။

ရှင်တော်ဂေါတမအလောင်းသိဒ္ဓတ္ထမင်းသားသည် ဥယျာဉ်တော်တို့ထွက်သည်ကိုပြခြင်း။ ။

ရှင်ဂေါတမအလောင်းသိဒ္ဓတ္ထအလောင်းသည်၊ အသက်နှစ်ဆယ့်ခြောင်နှစ်ပြည့်သောအခါ၊ ရထားမှုးမောင်စံနှင့်တကွ ဥယျာဉ်တော်အထွက်တွင်၊ ဆံဖြူသွားကျိုး၊ အရေတွန့်တိုနေသောသူအိုကိုမြင်လျှင်၊ ရထားမှုးမောင်စံအားမေးသည်မှာ၊ ထူးကဲယိုယွင်းသော အဆင်းသဏ္ဍာန်နှင့်ပင်ပန်းစွာသွားနေသောသူမည်သည်ကား၊ အဘယ်အမူအရာနည်းဟုမေးသော်၊ ရထားမှုးမောင်စံက သူအိုဖြစ်ပါသည်ဟုလျှောက်တင်သောအခါ၊ ရှင်တော်ဂေါတမအလောင်းသိဒ္ဓတ္ထမင်းသားက မောင်စံကိုပြန်၍မေးလေသည်မှာ၊ ငါလည်းဤကဲ့သို့ အိုရဦးမည်လောဟုမေးတော်မူလျှင်၊ မောင်စံပြန်၍လျှောက်တင်သည်မှာ၊ အရှင်မင်းမြတ် ဤလောကဓါတ်သုံးခွင်တွင်၊ မြင်မြင်သမျသတ္တ၀ါတို့သည်၎င်း၊ ပုပုရွရွပုဂ္ဂိုလ်တိုင်းတို့သည်၎င်း၊ အမှန်အိုရမည့်ဓမ္မတာဖြစ်၍၊ အရှင်မင်းဘုရားလည်း မရှောင်ရှားသာ၊ ဤခန္ဓာတို့သည်၊ အိုရပါမည်ဆက်ဆက်ပါဘုရားဟု လျှောက်တင်သောအခါမှ၊ အိုတတ်သောသဘောကိုသိ၍၊ သတိသံဝေဂ ပူဆွေးခြင်း ဒုက္ခနှင့်နန်းတော်သို့ပြန်လေ၏၊ နောက်လေးလမြောက်သောအခါ၊ တဖန်မောင်စံနှင့်တကွ၊ ဒုတိယအကြိမ် ဥယျာဉ်သို့ကြွပြန်လျှင်၊ သူနာက်ုမြင်ပြန်လေ၏၊ ထိုအခါတွင်လည်း မောင်စံအားမေးပြန်သည်၊ မောင်စံကလည်း သူနာဖြစ်ကြောင်း၊ အထက်ကနည်းတူ၊ လျှောက်ထားသောအခါ၊ ငါလည်းထိုကဲ့သို့ နာရဦးမည်လောဟုမေားပြန်လေသောအခါ၊ အရှင်မင်းမြတ်လည်းဤကဲ့သို့ပင်၊ အမှန်နာရပါဦးမည်ဟု လျှောက်တင်သောအခါ၊ နာတတ်သောသဘောကိုသိပြန်လေ၍၊ ပူဆွေးခြင်းသံဝေဂနှင့် နန်းတော်သို့ပြန်လေ၏၊ နောက်လေးလမြောက်သောအခါ၊ တတိယအကြိမ် ဥယျာဉ်တော်သို့ထွက်ပြန်လေရာ၊ သူသေကိုမြင်လျှင်၊ အထက်ကနည်းတူမေးပြန်၍၊ မောင်စံကလည်းသေရမည်အမှန်ဖြစ်ကြောင်း လျှောက်သောအခါ၊ စိတ်နှစ်လုံးမသာမယာဖြင့် ပြန်ကြွသွားလေ၏၊ နောက်ဆုံးစတုတ္ထအကြိမ်ထွက်ပြန်သောအခါ၊ သူတော်မြတ်ရဟန်းကိုမြင်သောအခါ၊ မောင်စံအားမေးပြန်လေသော်၊ သူတော်မြတ်ရဟန်းဖြစ်ကြောင်းကို မောင်စံလျှောက်ထားသဖြင့်၊ စဉ်းစားဆင်ခြင်၍။ နှစ်လုံးတော်မရွှင်ဖြစ်၍ နန်းတော်သို့ဝင်တော်မူလေသည်။ ဤအခြင်းအရာကိုဆင်ခြင်ရန်အကြောင်းမှာ၊ ရှင်သိဒ္ဓတ္ထမင်းသားသည်၊ မယ်တော်မာယာဝမ်းမှမွေးဖွားစဉ်အခါက၊ မြောက်အရပ်သို့ ခုနှစ်လှမ်းသွားပြီးလျှင်။ အဂ္ဂေါဟဿမွိံလေကဿ။ ။ လောကဿ။ ဤ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါအပေါင်းတို့တွင်၊ အဂ္ဂေါဟသသ္မိံ၊ မြင့်သောအဖြစ်သို့ငါရောက်ပြီ။ ။ သေဌောဟသ္မိံလောကဿ။ ။ လောကဿ။ ဤ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါအပေါင်းတို့တွင်၊ သေဌောဟသ္မိံ ။ ချီးမွမ်းဖွယ်သောအဖြစ်ကိုငါရပြီ။ ။အသဒိသောဟသ္မိံလောကဿ။ ။ ဤ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါအပေါင်းတို့တွင်၊ အသဒိသောဟသ္မိံ၊ တစုံတရောက်သောသူမျနှိုင်းယှဉ်ခြင်းငှာ မရသောအသဒိပုဂ္ဂိုလ်အဖြစ်သို့ ငါရောက်ပြီဟူ၍၊ သုံးခွန်းသောစကားကို မွေးစကပင်ကြိမ်းဝါးသည်ဆိုသော စကားလည်းတချက်။ ၎င်းအပြင်မွေးဖွား၍ ခုနှစ်ရက်မြောက်တွင်။ ဒေ၀ီလရသေ့ကြီးနှင့်၊ ခမည်းတာ် သုဒ္ဓေါဓနမင်းကြီးတို့ရှိခိုးကြသည်လည်းတချက်၊ ၎င်းနောင်၊ တလသားအရွယ်တွင် လယ်ထွန်မင်္ဂလာအထွက်၊ ဇမ္ဗူသပြေပင်အရိပ်အောက်တွင်အာနာပါ၊ ကမ္မဌာန်းစီးဖြန်းခါဆင်ခြင်၍။ ပဌမဈာန်အ၀င်မှာ၊ ဘခင် သုဒ္ဓေါဓနနှင့်တွေ့၍ ဆွေတော်စဉ်
မျိုးတော်ဆက်အပေါင်းတို့ဦးချရသည်ဟု။ နောက်တခဏ်းပြဆိုသောအခြင်းအရာတို့နှင့်၊ ဤအရာတွင်စဉ်းစားဆင်ခြင်လျှင်၊ မောင်စံကဆရာဖြစ်ခြေသောကြောင့်
ဗုဒ္ဓ၀င်ဆရာအမွှန်းတင်သည့်၊ ဆန်း၊ ဗေဒင်ခြောက်ကျမ်းထွက်ကို၊ နည်းမှီ၍ထည့်စွက်သောအလင်္ကာစကားဆက်၊ ဗုဒ္ဓ၀င်များချက်တို့ကို။ ၀ ကွက်၍ပြရသကဲ့သို့
ရှေ့ကိုတက်၍ဆင်ခြင်ရန်ရှိသေးသည်မှာ၊ အသက်တော်နှစ်ဆယ့်ကိုးနှစ်မြောက်။ သားတယောက်ရသည့်တိုင်အောင်မှ၊ အိုတတ်သောသဘော၊ နာတတ်သောသဘော၊ သေတတ်သောသဘော၊ ဟူ၍မသိရခြင်းသဘောမှာ၊ ခမည်းတော်သုဒ္ဓေါဓနမင်းကြီး၏ခန္ဓာနှင့်၊ သူ၏ခန္ဓာအားတခါမျှနှိုင်းစာ၍မကြည့်
သောကြောင့်၊ အိုတတ်သောသဘောတရားကိုဂရုမထားမိဟူ၍ဆိုရအောင်ကလည်း အံ့သြဖွယ်ရာတပါးပင်ဖြစ်လေသည်၊ ၎င်းအပြင် နာတတ်၊ သေတတ်သော သဘောကိုလည်း၊ မောင်စံမပြောဘဲ သိသင့်သောအချက်မှာ၊ ခုနှစ်နှစ်သားအရွယ်က မယ်မာယာသေဆုံး၍၊ သုတိသာကြွခန်းတွင်၊ တုံဝေရန်နတ်နန်းနှင့် စံမြန်းခါတင့်။ လေးတင်ခါဏ်းအဖွင့်တွင်၊ ကတော့ပန်းများလွှတ်ကြောင့်ကို။ ရေးသားကာဖေါ်ပြလျှက်၊ ဤနိမိတ်လေးချက်၊ တောထွက်ခန်း အဆက်တွင်မှ၊ ဥဒေါင်း ငှက်ပုန်းသလို၊ ဗုဒ္ဓ၀င်ကျမ်းဆရာပြဆိုသောကြောင့်။ နဂိုရ်သရုပ်၊ ဟုတ်မဟုတ်ကိုဥာဏ်ထုတ်၍စဉ်းစားသင့်ကြလှပါသည်။ ။ ဤအရာတွင်၊ မာန်မလျှော့ဘဲ၊ ဥာဏ်စကောတို့က၊ ပြောကြသည်မှာ၊ ဘုရားလောင်းတို့ရာဇာသည်၊ လေးဖြာသောနိမိတအချက်တို့ကိုမသိသောအတွက်ကြောင့်မဟုတ်၊ အကြောင်းအကျိုးထုတ်လို၍၊ ၀ိင်္ဂ၀ုတ်ပရိယယ်ဥာဏ်ဖြင့်၊ မသိဟန်ဆောင်၍မေးတော်မူကြောင်းများနှင့်၊ ဆင်ခြေကောင်းဆရာတို့က၊ ဖြေဆိုခြင်းစကားကို၊ တရားနှင့်စစ်စေးသောအခါ၊ ပညာရှသောသူတို့၊ ငါးဖြာသောအမေးပုစ္ဆာတို့တွင်၊ မမေးအပ်ဖယ်ကျဉ်လို့ထားသော၊ အထေဋကမျတာပုစ္ဆာတပါးတွင်ဝင်သောကြောင့် သိလျှက်နှင့်မေးတော်မူသည်ဟုဖြေဆိုသောစကားသည်လည်း၊ ဘုရားလောင်းရှင်တော်ဂေါတမ၊ သိဒ္ဓတ္ထမင်းသားကို ပညာရှိမဟုတ်အောင် ထုတ်ဖေါ်၍ပြောသည်နှင့် တူပေ၏၊ သို့သေည်လည်းဗုဒ္ဓ၀င်ကျမ်းတို့၌တချက်ပြဆိုသည်မှာ၊ ခမည်းတော်သုဒ္ဓေါဓနမင်းကြီးက၊ ယသော်ဓရာမင်းသမီးနှင့်၊ လက်ထပ်ထိမ်းမြားပေးစေလိုသောအခါ၌၊ ယောက်ဖတော်သုပ္ပဗုဒ္ဓမင်းထံအကြောင်းကြားစေတမန်၊ ကာလုဒါ၊ ပကတို့ကိုစေလွှတ်သောအခါ၊ သုပ္ပဗုဒ္ဓမင်းကြီးကဆိုလေသည်မှ။ အတတ်ကညာမရှိ၊ မုဆိုးဖို၏သား၊နိုးပုန်းစားနှင့်ငါ့သမီးမထိုက်မတန်ဟူ၍ ဆိုသည့်အရာများကိုထောက်၍ဆိုရလျှင်၊ နိမိတ်လေးပါးကို မောင်ဆန်အားမေးသောအရာသည်၊ မသိ၍မေးတန်ရာသာရှိလေ၏၊။ ။ဤကားဥယျာဉ်တော်ထွက်ခြင်းအကြောင်းအရာကိုစစ်ဆေး၍ပြသတည်း။

ရှင်ဂေါတမအလောင်းသိဒ္ဓတ္ထမင်းသားသည်ဗောဓိပင်ကိုရောက်၍၊ မာရ်နတ်နှင့်စစ်ပြိုင်သည်ဆိုသည်ကိုပြခြင်းအကြောင်း ။ ။

ရှင်ဂေါတမအလောင်းသိဒ္ဓတ္ထမင်းသားသည်၊ အသက်သုံးဆယ့်ငါးနှစ်စေ့ရောက်သောအခါ၊ သက္ကရာဇ်တရာ့သုံးခုနှစ်၊ ကဆုန်လပြည့်နေ့ ဗောဓိညောင်ပင်အောက်သို့ရောက်၍၊ ၎င်းညောင်ပင်အောက်တွင်ထက်ဝယ်ဖွဲ့ခွေထိုင်နေစဉ်အခါ၊ ၀သ၀တ္တိဘုံကိုအစိုးရသောမာရ်နတ်မင်းသည်၊ ယူဇနာ တရာ့ငါးဆယ်ရှိသော၊ ဂီရိမေခလာ ဆင်ပြောင်ကြီးကိုစီး၍။ လက်ဝဲ တဆယ့်နှစ်ယူဇနာ၊ လင်္ကျာတဆယ့်နှစ်ယူဇနာရှိသောနတ်စစ်သည်အပေါင်းတို့နှင့်လာ၍။ ဗောဓိညောင်ပင်နှင့်ပလ္လင်ကို လုယူတိုက်ခိုက်သည်ဟု၊ ၎င်းဗုဒ္ဓ၀င်ကျမ်းတွင်ပြသည်၊ ထို့ကဲ့သို့ပြသည့်အတိုင်း၊ ဟုတ်သည်မဟုတ်သည်ကိုစဉ်းစားဆင်ခြင်ရန်၊ ပိဋကတ်ကျမ်းတို့ကပြဆိုသောကြောင့်၊ ထိုအကြောင်းအရာတို့ကိုအနည်းငယ်ထုတ်၍ပြဦးမည်။ ။အ၀ိဂ္ဂဟော၊ ကာမော၊ မနောဘူမဒနောအန္တကော၊ ၀သ၀တီပါပီမာပဇာပတိ၊ ပမတ္တဗန္ဓုကဏှောမာရောမူဝိ။ ။ဟူ၍ပါဠိတော်လာသည်နှင့်အညီ၊ မာရ်နတ်၏ပရိယာယ်ကိုတဆယ့်နှစ်ပုဒ်ပြသည်၊ မြန်မာဘာသာအဓိပ္ပါယ်ဆိုရလျှင်၊ မာရ ဆိုသောစကား၏အဓိပ္ပါယ်မှာ၊ တံခွန်ကဲ့သို့သောထောင်လွှားခြင်း ရှိသောမာနစိတ်ကိုဆိုလိုသည်၊ မာရသဒ္ဒါ၏အဓိပ္ပါယ်ကို၊ အဘိဓါန်ဋီကာတွင်ပြဆိုသည်မှာ။ ။ကုသလဓမ္မေ မာရတေတိ၊ မာရော။ ။ဟူ၍၀ိဂြိုလ်ပြုလေ၏၊ ကုသလဓမ္မေ၊ ကုသိုလ်တရားတို့ကို၊ မာရောတိမြစ်တားတတ်၏၊ ဣတိတသမာ၊ ထို့ကြောင့်၊ မာရောမရမည်၏၊ ၎င်းအပြင်၊ လောကပညာတ္တိကျမ်းတွင်ပြသည်မှာ၊ ကေနကာရနေ နမာရေတိ သဗ္ဗေသံသတ္တာနံ ၀ုနဗ္ဘ၀နိပ၌တ္တနံ စတူဟိမာရေတိပုနပုန္နံ မရယတီတိ တသ္မာဟောတိ။ ။ ဟူ၍လည်းပြဆိုသောကြောင့်။ အဓိပ္ပါယ်မှာ။ လူသတ္တ၀ါအပေါင်းတို့ကို၊ အပါယ်ငရဲ၌နစ်မြုတ်သေစေတတ် အောင်အဖန်တလဲလဲသွေးဆောင်ပြုလုပ်တတ်သောကြောင့်။ မာရ်နတ်ဟူ၍ခေါ်ဆိုသည်။
၎င်းအပြင်၊ အမရကောသကျမ်း၌ပြဆိုသည်မှာ၊ မာရသဒ္ဒါသည်၊ ပညာဝိရိယလုံ့လချိုသောသူတို့ကိုသေစေတတ်သောအသင်းအပင်းရှိသည်ဟူ၍နှစ် နည်းပြလေ၏။ ၎င်းတွင်ပြဆိုသည်မှာလည်း၊ ပရနိမ္မိတ္တ၀ဿဝတီလောကေမာရောပန။ ။ဟူ၍အနက်ပြန်ရပါက။ ။လောကေလောက၌၊ ပရနိမ္မိတော၊ အမျိုးမျိုးသောသတ္တ၀ါအပေါင်းတို့ကို။ မာရောပန၊ အစဉ်လှည့်ပတ်သွေးဆောင်လျှက်၊ ၀သတိ၊ နေ၏၊ တတ္တ၊ ထိုသို့လှည့်ပတ်သွေးဆောင်သောအားဖြင့်၊ ရဇ္ဇံ၊ မင်းအဖြစ်ကို၊ ကာရေသိ၊ ပြုမိ၏၊ မာရော၊ မာရ်နတ်သည်၊ ဧကသ္မိပံဒေသေ၊ တခုသောအရပ်၌၊ အတ္တနေ၊ မိမိ၏၊ ပရိသာယ၊ ပရိတ်သတ်၌၊ ဣဿရိယ၊ အစိုးရခြင်းကို၊ ပေါက္ကန္တော၊ ဖြစ်စေလျှက်၊ ရဇ္ဇံပရိယန္တေ၊ ပြည်၏အပိုင်းအခြား၌၊ ဒါမရိကာဇပုတ္တောဝိယစ္ဆရွာကိုဖျက်သောမင်းသားကဲ့သို့။ ၀သတိ၊ နေ၏။ မဇ္ဇျိမနိကာယ်ကျမ်း၌၎င်း။ ၀ုတ္တံ၊ မိန့်ဆိုအပ်၏။ ဤသို့ပိဋကတ်အစောင်စောင်တွင်၊ မာရ်နတ်ကိုပညာတ်အကောင်အထည်အားဖြင့်မပြဆိုကြ၊ ၎င်းကျမ်းတို့၏နောက်မှရေးသားသော၊ ဗုဒ္ဒ၀င်အဌကထာ၊ အပါဒါနါကျမ်းအဌကထာ၊ ဇိနလင်္ကာရဋီကာစသောကျမ်းတို့ငယ်များတို့၌သာ၊ မာရ်နတ်သည်၊ ၀သ၀တ္တိဘုံကနတ်စစ်သည်အပေါင်းတို့နှင့်တကွ၊ လာ၍ရှင်ဂေါတမ၏ညောင်ပင်ပလ္လင်ကို တိုက်ယူလုသည်ဟု့ပြဆိုပြကြသည်၊ အကယ်၍ ဗုဒ္ဒ၀င်ဆရာရေးသည့်အတိုင်း၊ မာရ်နတ်သည်အကောင်အထည်နှင့်လာ၍ တိုက်ဖျက်လုယူလာပါစေဦး။ ဘုရားအလောင်းရှင်သိဒ္ဓတ္ထမင်းသားသည်၊ သက္ကတတိုင်း၊ ကပိလ၀တ်ပြည်ကြီးနှင့်ထီးနန်းကို၎င်း၊ ယသော်ဓယာဒေ၀ီကို၎င်း၊ သားတော်ကို၎င်း၊ မနှမျောဘဲစွန့်ပစ်၍တောထွက်သည်ဟုဆိုပါလျှင်နှင့်၊ ၎င်းညောင်ပင်နှင့်၊ သုဒ္ဓယငစင်လှုသောမြက်ခင်းနေရာလေးကို၊ ရှင်သိဒ္ဓတ္ထမင်းသားသည်။ နှမျောစုံမက်ဖို့ရန်မဟုတ်ချေ၊ ဤကားရွေးချယ်စစ်ဆေး၍ ပိဋကတ်ကျမ်းဆိုသည့်အတိုင်း ပြဆိုလေသည်။

ရှင်တော်ဂေါတမသည်မေတ္တာကရုဏာနှင့်မပြည့်စုံသည်ကိုပြခြင်းအကြောင်း ။ ။

ရှင်တော်ဂေါတမသည် ၀ါနှစ်ဆယ်မြောက်တွင်။ ဂိဇ္ဇကုဋ်တောင်မှာသီတင်းသုံးနေစဉ်အခါ။ ကျောင်းဒယကာဖြစ်သောဗိမ္မိသာရမင်းကြီးသားတော် အဇာတသတ် မင်းသည်၊ ဝေသာလီပြည်ကို၊ တိုက်ဖျက်လုယူမည်ဟုအကြံအစည်ပြုလုပ်သောအခါတွင်၊ တော်မည်၊ မတော်မည်ကိုသိလို၍၊ မိမိမင်းတိုင်ပင်အမတ်ဖြစ်သော၊ ၀ဿကာရပုဏ္ဏားအားစေလွတ်စေကာမေးသောအခါ၊ ရှင်ရေါတမသည်၊ အဇာတသတ်မင်းသားအား၊ မတရားသောအမှုကိုမပြုစေရန်၊ တရားရေအေးအမြိုက်ဆေးကိုတိုက်ကျွေးသင့်ပါလျှင်နှင့်၊ အဇာတသတ်မင်းကိုတိုက်ကျွေးမမြစ်တားသည့်အပြင်၊ ၎င်းဝေသာလီပြည်ကိုအဇာတသတ်မင်းသည်၊ သတိမထားဘဲ တိုက်မည်ကိုစိုးသောကြောင့်။ သတိထား၍ဝေသာလီပြည်ကိုတိုက်စေရန်၊ ပရိယာယ်ဥပါယ်တံမျဉ်ဖြင့်၊ ၀ဿသာရပုဏ္ဏားအား မှာကြားလိုက်သည်မှာ၊ ဝေသာလီပြည် လိစ္ဆ၀ီပြည်သား၊ မင်းအပေါင်းတို့သည်၊ အစည်းအဝေးနှင့်တကွ တညီတညွတ်တည်းရှိကြကုန်၏၊ ထို့ကြောင့်၊ ၎င်းလိစ္ဆ၀ီမင်းတို့ကိုအဇာတသတ်သည်၊ ဖြားယောင်းသွေးဆောင်၍ ထိုမင်းတို့၏အစည်းအဝေးကိုပျက်ပြားစေရန်၊ ရှေးဦးစွာမပြုပါက၊ ၎င်းနည်းမှအပ၊ အဘယ်စစ်လက်နစ်နှင့်မဖြိုခွင်းနိုင်ပေဟူ၍ ရှင်တော်ဂေါတမကဖြေကြားလေ၏၊ ထိုစကားကိုဝဿကပုဏ္ဏားသည်။ အဇာတသတ်မင်းသားအားကြားလျှောက်လေလျှင်၊ အဇာတသတ်မင်းသည်၊ ၀ဿကပုဏ္ဏားနှင့်တိုင်ပင်ပြီးလျှင်။ ၎င်းမင်းသားတို့၏ အစည်းအဝေးကိုပျက်ပြားစေရန်၊ ရှင်တော်ဂေါတမအကြံပေးသည့်အတိုင်းဝဿကပုဏ္ဏားကိုစေလွတ်၍။ လိစ္ဆ၀ီမင်းသားတို့အားပရိယာယ်ပြုစေ၍ အမျိုးမျိုးသောစကားတို့ဖြင့်၊ တယောက်တခြားစီဂုံးချောပြောသောအခါမင်းသားတို့သည် အစည်းအဝေးပျက်၍။ မညီမညွတ်မသင့်မသင့်ရှိသောအခါ။ အဇာတသတ်မင်းသားသည်၊ ၎င်းဝေသာလီပြည်ကိုလက်ရနိုင်ငံအဖြစ်အမြန်သိမ်းလေ၏။ ရှင်ဂေါတမ၌။ မေတ္တာ၊ ကရုဏာ၊ သစ္စာတရားတို့နှင့်မပြည့်စုံဟူ၍ဆိုရခြင်းမှာ၊ အထက်ပါအရာကိုထောက်၍သိရပေသည်။ ထိုကဲ့သို့အဇာတသတ်မင်းအား ရှင်ဂေါတမအကြံပေးသောအရာသည်၊ ၀စီဒုစရိုက်လေးပါးတို့တွင် မုသာဝါဒကံ၏အင်္ဂါမြောက်လေသည်ဟု၊ ဗုဒ္ဓဘာသာဓမ္မနိယာမတရားအတိုင်းကောက်ယူရပေလိမ့်မည်၊ ကောက်ယူပုံကား။ မုသာဝါဒေါတိ၊ မုသာဝါဒကံဟူသည်ကား၊ ၀သံဝါဒနပုရောက္ခာရဿ၊ ချွတ်ယွင်းစေခြင်းအလို့ငှာအလိုရှိသောသူ၏၊ အတ္တအဉ္စနကာ၊ အကျိုးစီးပွားကိုဖျက်ဆီးတတ်သော၊ ကာယ၀စီပရောက၊ သမုဌာပိကာ၊ ကိုယ်ပယောဂ၊ နှုတ်ပယောဂကိုဖြစ်စေတတ်သော၊ အကုသလစေတနာ၊ အကုသိုလ်စေတနာသည်၊ မုသာဝါဒေါနာမ၊ မုသာဝါဒမည်၏၊ သော၊ ထိုမုသာဝါဒသည်၊ ပရဿ၊ သူတပါး၏၊ အတ္တအဉ္စနတောယေ၀၊ အကျိုးစီးပွားကိုဖျက်ဆီးသော်သာလျှင်၊ ကမ္မပဌော၊ ကမ္မပဌမြောက်၏၊ ဤသို့ပိဋကတ်၊ ၀ိနည်း၊ သိက္ခာပုဒ်တို့တွင်ပြဆိုသောကြောင့်၊ ရှင်တော်ဂေါတမသည်၊ မုသာဝါဒကံနှင့်မလွတ်ဟုဆိုဖွယ်ရန်ရှိလေသည်။ ၎င်းအပြငါပိဋကတ်ကပြသေးသည်မှာ၊ ရှင်ဂေါတမလက်ထက်၌၊ သာဝတ္ထိပြည်ကိုအစိုးရသော၊ ပသေနဒီကောသလမင်းကြီး၏သားတော်၊ ၀ိတဒူပသည်၊ ရှက်စိတ်အားကြီးသောကြောင့်အဖိုး၏အရာဖြစ်သောကပိလ၀တပြည်၊ ရှင်ဂေါတမ၏ညီတော်မဟာနာမ်မင်းလက်ထက်၌၊ သာကီဝင်မင်းမျိုးတို့ကိုသတ်ဖြတ်တိုက်ခိုက်ရန်၊ သွားသောအခါ၊ ရှင်တော်ဂေါတမသည်၊ သာဝတ္ထိပြည်နှင့် ကပ္ပိလ၀တ်ပြည်၏အကြား၊ လမ်းခရီးဆုံဖြစ်သော ပညောင်ပင်ကြီးအောက်၌သွား၍ဆီးကြိုပြီးလျှင်။ သူတပါးတိုင်နိုင်ငံကိုသော်၎င်း၊ သူတပါး၏ဥစ္စာကို၎င်း၊ ကာယပယောဂအားဖြင့်၎င်း၊ ၀စီပယောဂအားဖြင့်၎င်း၊ ဖျက်ဆီးဘို့ရန်ကိုမဆိုထားနှင့်၊ မနောစိတ်မျဖြင့်ပင်မပြစ်မှားအပ်ဟူ၍၊ သုံးကြိမ်းတိုင်တိုင်ဝိတဒူပအား ရှင်တော်ဂေါတမသည် တရားပြ၍ဆုံးမလေ၏။ ။နောက်ဆုံးအကြိမ်၌ ၀ိတဒူပသည်၊ ရှင်တော်ဂေါတမ၏စကားကိုနားမထောင်ဘဲ၊ ကပ္ပိလ၀တ်ပြည်သို့သွား၍ သာကီဝင်မင်းမျိုးတို့အား မဟာနာမ်မင်းနှင့်အတူ။ သတ်ဖြတ်တိုက်ယူကြောင့်ကိုဗုဒ္ဓ၀င်အဌကထာ၊ မဟာဝင်ကျမ်းတို့တွင်တိုက်ရိုက်ပြဆိုသောကြောင့်၊ ဤနှစ်ချက်ကိုထောက်၍စဉ်းစားသော်။ ၀ိစ္ဆလီမင်းသားတို့မှာမူကား။ သူ၏အမျိုး၊ သူ၏ဒကာလည်းမဟုတ်သောကြောင့်၊ ဒါယကာဖြစ်သောအဇာတသတ်မင်းသားအား၊ တရားမဟောမမြစ်တားဘဲနေသည်သာမက၊ လွယ်လင့်တကူနှင့် ဒါယကာဖြစ်သောအဇာတသတ်မင်းသားသည်။ ဝေသာလီပြည်ကိုရစေခြင်းငှာ။ ဆန္ဒာဂတိလိုက်၍အကြံပေးသည်ဟူ၍ကောက်ယူရန်အဓိပ္ပါယ်ရောက်ချေသည်တကား။ ကပိလ၀တ်ပြည်မှာမူကား။ မိမိနေထိုင်အုပ်စိုးဘူးသောတိုင်းပြည်လည်းဖြစ်သည်ကတကြောင်း။ မိမိညီဖြစ်သောမဟာနာမ်မင်းနှင့်တကွ၊ ဆွေတော်စဉ်၊ မျိုးတော်ဆက်တို့သေကြေမည်ကတကြောင်း၊ ထိုကဲ့သို့စိုးရိမ်သောကြောင့်၊ ထိုကဲ့သို့သောအကြောင်းနှစ်ပါးကြားတွင်၊ ၀ိတဒူပအား တရားဟေလေသည်။ စင်စစ် ၀ိတဒူပအားငရဲသို့မရောက်စေချင်၍ဟောသည်ကားမဟုတ်ဟူ၍သာဆိုဖွယ်ရန်ရှိလေသည်။ အကယ်၍ ၀ိတဒူပအား ငရဲသို့မလားစေခြင်းငှာဟောသည်ဆိုပါက၊ ဟောရိုးမှန်ပါက၊ အဇာတသတ်မင်းအားလည်း ဟောကြားပေးရန်သင့်လှပေလေသည်။ ထို့ကြောင့်၎င်းအကြောင်းကိုထောက်၍၊ ရှင်တော်ဂေါတမ၌မေတ္တာတရားမရှိ၊ ကရုဏာတရားဖြင့်မပြည့်ဟူ၍ကျွန်ုပ်တို့သိရလေသည်။ ။ဤကားပိဋကတ်ကျမ်း၌ပြဆိုသည့်အတိုင်းစစ်ဆေး၍ပြလိုက်သည်။ ယခုစစ်ဆေးဆုံးဖြတ်၍ပြလိုက်သောအရာကို။ မစဉ်းစားမဆင်ခြင်လိုသောသူတို့က၎င်းဆရာစစ်ဆေး၍ပြလိုက်သည်ကို၎င်း။ ထိုအဖြစ်မှန်တို့ကို၎င်း။ သင်္ဃရတနာတင်ကျမ်းကြီး၊ ကျမ်းခိုင်တို့တွင်မပါဟူ၍မသိသောလူပြိန်းတို့အပေါ်မှာ ၎င်းကျမ်းကိုပျက်ဆီးစေရန်သဘောနှင့် ကွယ်ရာမှာလူတတ်ကြီးလုပ်၍ ပြေကြမည်လားမသိနိုင်တော့ပါပေ။ ထိုသူတို့အပြောကိုမယုံရ။ ၎င်းပြခဲ့သောကျမ်းတို့သည်၊ သင်္ဃာရတနာတင်တကြိမ်မက၊ နောက်ဆုံးပဉ္စမအကြိမ်သင်္ဃရတနာတင်မှာပင်၎င်းကျမ်းစုတို့ပါဝင်လေသည်။ ။

သဟံပတိဗြဟ္မာခေါ်သည်ကိုပြခြင်းအကြောင်း။ ။

ရှင်သိဒ္ဓတ္ထမင်းသားသည်ဘုရားဖြစ်၍ ဗောဓိညောင်ပင်အောက်မှထပြီးလျှင်၊ သတ္တဌာနကိုအစဉ်အတိုင်း ခုနှစ်ရက်စီနေပြီးမှ။ နောက်ဆုံးလေးဆယ့်ကိုးရက်စေ့သောအခါ၊ ရတနာလင်းလွန်းပင်အောက် ထိုင်နေသောအခါ၊ သဟံပတိဗြဟ္မာမင်းသည်လာ၍ တရားတော်ကို ဤလောကသားတို့အားဟောရန်၊ ကယ်ချွတ်တော်မူပါဟု၊ ဒေသေတုဘန္တေဘဂ၀ါဓမ္မံဒေသေတုဂတော။ ဟူ၍ဗုဒ္ဒ၀င်ကျမ်းမဟာဝါကျမ်းတို့၌ ပြဆိုသည့်အရာများမှစ၍၊ စင်စစ်မဟုတ်ကြောင်းကိုသေချာစွာသိရလေသည်။ အဘယ်သို့ထောက်၍မဟုတ်မမှန်ကြောင်းကိုသိရပါသနည်းဟုဆိုရပါလျှင်။ ဗုဒ္ဓ၀င်ကျမ်း၊ မဟာဝင်ကျမ်းတို့၌ ပြဆိုသောပါဠိကိုထောက်၍သိရသည်။ ။၎င်းကျမ်းတို့၌ဆိုသောပါဠိကိုပြဦးမည်၊ အဌခေါဗြဟ္မဏသဟံပတိ ဧကံသံဥတ္တရာသံကံ ကရိတွာဒက္ခိဏဇာနုမဏ္ဍလံပထ၀ိယံနဟန္တ၀ါ။ ယေနဘဂ၀ါတေနအဉ္ဇလိပဏာ မေတွာဘဂ၀န္တံဧတဒါဝေါစ။ ။ဟူ၍ပါဠိတော်လာရှိသည်ကို ထောက်၍မဟုတ်မမှန်ကြောင်းကိုသိရသည်၊ ၎င်းပါဠိကိုမြန်မာအနက်ဆိုရလျှင်၊ အဌခေါ၊ ထိုသို့၊ ဗြဟ္မဏသဟံပတိ၊ ဗြဟ္မဏပုဏ္ဏားမျိုးတို့ အစဉ်မည်သည်ကား၊ ဧတသံ၊ လက်ဝဲပခုံးတဖက်မှ၊ ဥတ္တရာသံ၊ စမ္ပယ်တင်သည်ကို၊ ကရိတွာ၊ ပြု၍၊ ဒကဃိဏဇာနမဏ္ဍလံ၊ လင်္ကျာပဆစ်ဒူးကိုတုပ်၍၊ ပထ၀ီယံ၊ မြေ၌ချလျှက်၊ နဟန္တ၀ါ၊ တုပ်ဝပ်ပြီးလျှင်၊ ယေန၊ အကြင်အရပ်မှ၊ တေနဘဂ၀ါ၊ ထိုဘုရားရှိရာသို့၊ အဉ္ဇလီ၊ လပ်အုပ်ကို၊ ပဏာမေတွာ၊ သွက်၍၊ ဘဂ၀န္တံ၊ ဘုရားသခင်ကို၊ ဧတဒဝေါစ၊ ထိုသို့ဆုတောင်းပဌန်ပြုကုန်၏။ မြန်မာလို အဓိပ္ပါယ်ပြန်ဆိုရလျှင်၊ ဗြဟ္မဏပုဏ္ဏားအမျိုးတို့သည်၊ မိမိတို့ဘာသာအားဖြင့်၊ ဘုရားရှိခိုးမည်ပြုသောအခါ၊ ၀တ်ဖြူတပိုင်းကိုလက်ကတော့ထိုးပြီးလျှင်၊ လင်္ကျာဒူးတဖက်ကိုထောက်၍၊ မိမိတို့ဘုရားရှိရာအရပ်သို့ လက်အုပ်ချီ၍ရှိခိုးမြဲထုံးစံကို၊ ရေးသားဘော်ပြသော စကားဖြစ်သည်။ ၎င်းပါဠိကိုအဘယ်ကျမ်း မူလရင်းထွက်ပါနည်းဟုဆိုရပါလျှင်၊ ရှင်ဂေါတမမပေါ်ထွန်းမီ၊ ဗြဟ္မဏဆရာတို့ရေးသားသော ဗြဟ္မဏပူရာဏိကျမ်းစကားဖြစ်သည်၊ ဗုဒ္ဓ၀င်ဆရာတို့က၎င်း၊ မဟာဝင်ဆရာတို့က၎င်း၊ ၎င်းပါဠိကိုမိမိတို့ကျမ်းမှာထည့်ပြီးလျှင်၊ အထက်မိုးကောင်းကင်ဗြဟ္မဘုံမှဆင်း၍၊ တရားဟောပါဟူ၍ တောင်းပန်လေဟန်ပြု၍၊ အလင်္ကာပြုဆင်ယင် ဖွင့်ပြခြင်းများသည်မဟုတ်မမှန်သော လုပ်ရပ်များသာလျှင်ဖြစ်လေသည်၊ အကယ်၍ရှင်တော်ဂေါတမရှိစဉ်က၊ တရားဟောပါဟူ၍တောင်းဆိုသူရှိစေပါဦးတော့၊ ဗုဒ္ဓ၀င်ဆရာ၊ မဟာဝါဆရာတို့ပြဆိုသကဲ့သို့ မိုးကောင်းကင်ကဗြဟ္မာမင်းမဟုတ်နိုင်၊ ထိုသို့ဗြဟ္မဏပုဏ္ဏားမျိုးတယောက်ယောက်ကသော်လည်း၊ ရှင်ဘုရင်သားဖြစ်သောကြောင့်၊ ရှင်ဂေါတမကိုရှိခိုးတောင်းပန်ကောင်းတောင်းပန်လိမ့်မည်ဟုထင်စရာရှိပါ၏၊ ယခုဗုဒ္ဓဘာသာမြန်မာ၊ ရဟန်းရှင်လူတို့ထင်သည့်အတိုင်း ပန်ချီဆရာများတို့ကထင်ပြီးရေးသားးသော၊ နားခင်း၊ မကိုဋ်၊ သရဖူဆောင်းဗြဟ္မာရုပ်ကဲ့သို့၊ မိုးကောင်းကင်ကဆင်းလာသည် မဟုတ်နိုင်ချေ၊ ဗြဟ္မဏခေါ်သောဆရာသည်၊ မြန်မာလိုပုဏ္ဏားဆရာခေါ်သည်၊ ဥပမာဆိုရလျှင်၊ မြန်မာဘုန်းကြီးများကဲ့သို့ အလှုခံပုဂ္ဂိုလ်ဖြစ်သည်၊ ဤကဲ့သို့၊ ဟိန္ဒူလူမျိုးပုဏ္ဏားဆရာတို့သည်လည်း၊ မိုဃ်းကောင်းကင်၌မရှိသည်ဖြစ်၍။ ။ အဘိဓါန်၌ဗြဟ္မဏကိုပုဏ္ဏားခေါ်ဆိုလေသည်။ ။

ရှင်ဂေါတမသည် သူတပါး၏ ကိုယ်ကာယ၌စွဲကပ်သောဒုက္ခဝေဒနာ ခန္ဓာမာန်ရ်ကိုမအောင်ကြောင်းကိုဖြခြင်း။ ။

ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေစဉ်အခါ။ ဗိမ္မိသာရမင်းကြီး၏သားဖြစ်သော၊ အဇာတသတ်မင်းသားသည်။ ရှင်ဂေါတမ၏ယောက်ဖတော်ဖြစ်သော၊ ဒေ၀ဒတ်၏စကားကိုနားထောင်၍ ဖမည်းတော်ကိုနန်းကချပြီးလျှင်၊ ခြေဖ၀ါးတော်ကို ဓါးဖြင့်မွန်းပြီးလျှင်။ ဆားလူးမီးကင်စေ ဟုထောင်မှုးတို့အားပြုလုပ်စေပြီးသည်။ ထိုအခါ၊ ဗိမ္မိသာရမင်းကြီးသည်၊ အလွန်ပြင်းထန်စွာခံစား၊ နာကျဉ်ပါသောကြောင့်။ ရှင်ဂေါတမသည် တန်ခိုးတော်အားဖြင့် ကယ်မနိုင်လိမ့်မည်ဟုအထင်ဖြင့် အားကိုးအားထားပြု၍။ ကျယ်သောအသံဖြင့် ကယ်တော်မူပါဟူ၍ အော်ဟစ်သောအခါ၊ ရှင်တော်ဂေါတမ တပည့်တို့သည်ကြားလျှင်၊ ညီတော်အာနန္ဒာအားလျှောက်ထားစေသောအခါ၊ ရှင်တော်ဂေါတမကပြန်၍မိန့်တော်မူလေသည်မှာ။ ငါလည်းအိုခြင်း၊ နာခြင်း၊ သေခြင်း၊ စသည့်တရားတို့ကို မလွန်သာနိုင်သောကြောင့်၊ ထိုဓမ္မတာတရားလမ်းသို့ဝင်ရဦးမည်ဟု၊ ညီတော် အာနန္ဒာအားပြန်မိန့်တိုလေသည်။ ထို့ကြောင့် ရှင်တော်ဂေါတမသည် သူတပါး၏အပြင်ခန္ဓာမာရ်ကိုမအောင်ကြောင်းသိရလေသည်။ ။