ရှင်တော်ဂေါတမသည်။ ဗိမ္မိသာရမင်းကြီးဆောက်လုပ်လှုဒါန်းသောဝေဠုဝန်ကျောင်းမှာနေစဉ်အခါ။ နောက်ပါတပည့်သံဃာနှင့်တကွ။ ရာဇဂြိုလ်ပြည်ဆွင်းသို့ဝင်၍ ဆွမ်းခံသောအခါ။ လမ်းခရီးအကြား၌၊ ယောက်ဖတော် ဒေ၀ဒတ်သည်။ ဂိဇ္ဈကုဋ်တောင်ပေါ်ကနေ၍ ကျောက်တလုံးနှင့်လှိမ့်ချသောအခါ။ ခြေမတော်ကွဲ၍ သွေးပြည်တည်သောဒုက္ခဝေဒနာကိုမခံမရပ်နိုင်၍ ဇီဝကဆရာကိုခေါ်ပြီးလျှင်။ ဆေးကုသမှုကိုရယူမှသာလျှင် ဝေဒနာမှသက်သာခြင်းအခွင့် ရလေသတည်း။ ၎င်းအပြင်လည်း၊ အသက်ရှည်သမျှကာလပါတ်လုံး ခဏခဏဦးခေါင်းတော်ကိုက်ခဲရခြင်း၊ ခါးတော်ခဏခဏနာခြင်း၊ ၀မ်းတော်ချုပ်၍ စမြင်းခံခြင်းအားဖြင့်၊ ဇီဝကဆရာခဏခဏ ၀မ်းကျဆေးတိုက်ရခြင်း၊ ရှင်တော်ဂေါတမကိုယ်တော်တိုင်က၊ ဖြစ်သမျှသောဝေဒနာအပေါင်းတို့ကို၊ ဇီဝကဆရာ၏ ဆေးတန်ခိုးအားဖြင့်ပါယ်ရှားရလေသည်။ ထို့ကြောင့်ရှင်ဂေါတမသည်မိမိ၏ကိုယ်ခန္ဓမာရ်ကိုမအောင်ကြောင်း ပိဋကတ်ကျမ်းကသက်သေခံလေသည်။ ။
0 comments:
Post a Comment