ရှင်ဂေါတမသည်၊ သာဝတ္ထိပြည်။ ဇေတ၀န်ကျောင်း၌နေစဉ်အခါ။ ကိသာဂေါတမီအမည်ရှိသောမိန်းမတရောက်သည်၊ မိမိ၌ရှိသောသားကလေးသေဆုံး၍၊ ထိုသားငယ်ကိုအလွန်ချစ်သောကြောင့်။ မိမိသားငယ်၏ခန္ဓာရုပ်ကျွန်းအားပိုက်ချီပြီးလျှင်၊ ငိုကြွေးမြည်တမ်းလျှက် ရှင်ဂေါတမသည။ သေသောသူကိုရှင်အောင်တတ်နိုင်လိမ့်မည်အထင်ဖြင့်၊ ရှင်ဂေါတမရှိရာ၊ ဇေတ၀န်ကျောင်းသို့ယူလာလေသည်၊ ထိုအကြောင်းအရာကိုရှင်တော်ဂေါတမသိလျှင်၊ သေသောသူကိုငါရှင်အောင်တတ်နိုင်သည်ဟုရုတ်တရက်မပြောဆိုဘဲ၊ သေသောသူကိုရှင်အောင်တတ်နိုင်လေဟန်ဖြင့်၊ ရှင်သောဆေးကိုပေးမည်၊ ယုံချို၊ လိပ်မွေး၊ ပုဇွန်သွေး၊ ခွေးလှေးတင်ပါးငါးကျပ်သားကိုရအောင်သာရှာပါလေဟု၊ ဆေးမှော်ရူးသွေးဝင်သူတို့ကိုခိုင်းနှိုင်းသောဥပမာကဲ့သို့။ ပရိယာယ်ညာဏ်ဖြင့်၊ ကိသာဂေါတမီအားပြောသည်မှာ၊ သင်၏သားငယ်ကိုရှင်စေလိုလျှင်။ သ၀တ္ထိပြည်တွင်းသို့သွား၍ လူမသေဘူးသောအိမ်မှ၊မုန့်ညှင်းစေ့တဆုပ်ရအောင်ရှာပါလေဟုခိုင်းသောအခါ၊ ကိသာဂေါတမီသည်လည်းသားငယ်ဇောဖြင့်၊ ရှင်စေလိုသောဆန္ဒကြောင့်၊ မိခင်မေတ္တာအားကြီးစွာဖြင့်၊ ရှင်ဂေါတမပြောသောစကားကိုမစဉ်းစားမဆင်ခြင်ဘဲဝမ်းသာအားရနှင့်၊ မြို့ တွင်းကိုးကုဋေ၊ မြို့ ပြင်ကိုးကုဋေ၊ အိမ်ခြေလူနေရှိသောသာဝတ္ထိပြည်ကြီးအတွင်းသို့ သွား၍၊ မုန့်ညှင်းစေ့တဆုပ်ကိုရှာလေ၏။ မသေသောသူ၏အိမ်မှ မုန့်ညှင်းတစေ့ကိုမျှမရသည့်အပြင်၊ သားသေသည့်အတွက်စိတ်ဒုက္ခဝေဒနာပေါ်မှာ၊ မုန့်ညှင်းစေ့ရှာရသည့်အတွက်၊ ကိုယ်ကယာပင်ပန်းခြင်းကိုသာထပ်၍ကြုံရလေသည်။ ရှင်ဂေါတမရှိရာ ဇေတ၀န်ကျောင်းသို့ပြန်ရောက်၍လျှောက်ထားသောအခါရှင်ဂေါတမ တရားပြသည်မှာ။ ဤလောက၌၊ ဘုံအားလုံးတွင် မြင်မြင်သမျှ အနိစ္စမို့၊ မရဏာဓူဝံ ငါသော်မှ မလွန်ဆန်နိုင်ဟူသောအခါ။ ကိသာဂေါတမီသည်လည်း။ သားငယ်အသေကောင်ကိုပစ်ထားလျှက်။ စိတ်နှစ်လုံးကိုယ်ကာယပင်ပန်းစွာဖြင့်သွားရလေသည်။ ၎င်းပြဆိုခဲ့သောအကြောင်းအရာတို့သည်။ ဓမ္မပဒ၀တ္ထုကျမ်းထွက်ဖြစ်၏။ ၎င်းဝတ္ထုကိုထောက်၍သူတပါး၏သေခြင်းတည်းဟူသော မစ္ဈုမာရ်ကိုမအောင်ကြောင်းရှင်းလင်းစွာသိရလေသည်။ ။
0 comments:
Post a Comment