ရှင်တော်ဂေါတမသည်၊ အသက်ရှစ်ဆယ်ပြည့်သောနှစ် သက္ကရာဇ် တရာ့လေးဆယ့် ရှစ်ခုနှစ်တွင်။ ဝေသာလီပြည်၏ အရှေ့မျက်နှာစပလစေတီအနီးသစ်ပင်ရိပ်၌ ထိုင်နေစဉ်။ မာရ်နတ်သည်လာ၍၊ ပရိနိဗ္ဗာန်ပြုတော်မူပါဟူ၍ အခွင့်တောင်းသောအခါ။ ကောင်းပြီငါသည် သင်အခွင့်တောင်းသည့်အတိုင်း၊ ဤလမှစ၍သုံးလလွန်လျှင်၊ ငါပရိနိဗ္ဗာန်ပြုမည်ဟု မာရ်နတ်၏အလိုသို့လိုက်ရလေ၏။ အဓိပ္ပါယ်တည့်တည့်ဆိုရပါလျှင်။ ရှင်ဂေါတမသည်။ မိမိအသက်ကိုမာရ်နတ်လက်သို့ အပ်ရချေသည်တကား၊ သူ၏အလိုအားဖြင့် အသက်တကမ္ဘာပါတ်လုံးနေထိုင်လိုသောဆန္ဒရှိသည်။ သို့သော်မာရ်နတ်ကို နောက်ကအခွင်းတောင်းထားသောအချိန်ကာလရောက်လာသောအခါ၊ ကာလစေ့သောအခါ၊ ထိုအတိုင်းသာအသက်ရှင်ရလေသည်။ အခွင့်တောင်းသောဒေသ၊ အရပ်ကိုဆိုရလျှင်၊ အသက်သုံးဆယ့်ငါးနှစ်ရှိစဉ်အခါ၊ အဇ္ဇပါလညောင်ပင်၊ သတ္တဌာနအရပ်တွင်၊ မာရ်နတ်အခွင်းတောင်းထားလေ၏၊ ယခုပြဆိုခဲ့သောအကြေင်းအရာတို့မှာ၊ ဗုဒ္ဓ၀င်အဌကထာ၏၊ ပရိနိဗ္ဗာနသုတ်အဖွင့်ကျမ်းတို့၌ပြဆိုသောကြောင့်သိရလေသည်။ ဤကား၊ ရှင်တော်ဂေါတမသည် ဒေ၀ပုတ္တမာရ်မအောင်ကြောင်းကိုပြခြင်းအကြေင်းပေတည်း။ ။
0 comments:
Post a Comment