ဤကဲ့သို့အမှားနှင့်အမှန်ကိုပိုင်းခြား၍သိစေဘို့ရန် ။ ပိဋကတ်သုံးပုံ၏ မူလအတ္တုပ္ပတ္တအခြေအနေတို့ကို ။ ကိုယ်တိုင်အပင်ပန်းခံကာ ကျွန်ုပ်တို့မြန်မာ လူမျိုးတို့အဖို့ စစ်ဆေး၍ပြလိုက်ခြင်းသာဖြစ်ပါသည်။ အစမှသည် အဆုံးတိုင်အောင် ကြည့်ရှုသောအချို တို့သည် ။ အမှားအမှန်ကို သိနားလည်ပိုင်းခြားတတ်၍ သာမက ၊ အမှားကိုစွန့်ပယ်ပြီးလျှင် မှန်သောဘုရားအားကိုးကွယ်ခြင်းအမှုကိုပြုလုပ်၍တပည့်တေည်အဖြစ်သို့များစွာရောက်ကြလိမ့်မည်ဟုမျှော်လင့်ပါသည် ။ ။ အချို လည်းဤစာအုပ်ကိုကြည့်ခြင်းအားဖြင့်။ အမှားအမှန်ကိုအတတ်သိ၍ ၀န်ခံနိုင်သည့်တိုင်အောင်ရှိသော်လည်း ၊ ဥာတိဆွေမျိုး ၊ မိရိုးဖလာတည်းဟူသော ၊ ကာမသံယောဇဉ်အနွယ်ကိုမဖြတ်ဝံ့၍လူ၏မျက်နှာကိုငဲ့ကာ။ မှန်သောဘက်သို့မရောက်နိုင်သောသူများလည်းရှိပေလိမ့်မည် ။ အချို့ သောသူများလည်း ။ ဤစာအုပ်၏ အမှန်အရာကိုပြဆိုကြောင်းသိသော်လည်း ။ အမှန်ကိုမျက်ကွယ်ပြုပြီးလျှင် ။ မိမိတို့ဘက်အကြောင်းကိုငါ့လောက်တတ်သူမရှိ ဟူ၍ခိုင်မာသောစိတ်နှင့်နေသောသူများလည်းရှိပါလိမ့်မည်။
၎င်းဖေါ်ပြခဲ့သောလူသုံးမျိုးတွင် ။ ဒုတိယနှင့် တတိယ လူစားမှာကားအဘယ်အရာနှင့်ပုံဥပမာတူပါသနည်းဟုဆိုလျှင်…….. တိုက်မောင်းဆိုသောဆင်နှင့်အလားတူပါ၏ ။ တိုက်မောင်းဆိုသောဆင်၏အကြောင်းကိုအနည်းငယ်ပြဦးမည် ။ တိုက်မောင်းဆိုသောဆင်သည်။ ဆင်ချော၊ ဆင်လှဖြစ်သည်။ ၎င်းဆင်သည်ပင်လယ်ကမ်းနားအရပ်တွင်နေသည်။ ၎င်းဆင်ကျက်စားရာအရပ်နှင့်မနီးမဝေးတွင်၊ အဘိုးကြီးလင်မယားတို့သည်။ ယာခင်းခုတ်ကြ၏ ၊ ထိုအခါ၊ တိုက်မောင်းသည်။ အဘိုးကြီး၏ယာခင်းကို ၊ ဥာဉ်အခါတိုင်းဖျက်ဆီးသောကြောင့် ။အဘိုးကြီးသည် ။ ညတိုင်းညတိုင်း ခြောက်လှန့်၍ပစ်ရ၏ ၊ တနေ့တ၌တိုက်မောင်းသည် ။ရေအငန်လွန်၍နေ့အခါ ရေသောက်ဆင်းရာ ။ ဒီရေကျနေသည့်အခါနှင့်ကြုံနေ၍ ရေငတ်ကြီးစွာနှင့် ။ ရေရှိရာအရပ်သို့အရောက်ဆင်းရာ ဒီနှုံးထဲ၌ကျွံ၍နစ်နေသည်ကို အဘိုးကြီးသည်မြင်၍ ။ တုံးတိုငယ်တခုကိုကိုင်စွဲပြီးလျှင် ။တိုက်မောင်း၏ဦးခေါင်းထက်သို့တက်၍။ ဦးခင်းကို အကြိမ်များစွာရိုက်နှက်လေ၏ ။ တိုက်မောင်းလည်း ဒီနှုံးတွင်အဘိုးကြီးရန်ကိုမမူနိုင်သောကြောင့် နာကျဉ်စွာခံရလေသည်။ နောက်ဒီရေတက်လာသောအခါ ၊ ဒီနှုံးကျွံသောဘေးမှလွတ်၍ ကမ်းခြေသို့တက်ပြီးလျှင် ။ အဘိုးကြီးယာခင်းကိုမျက်စောင်းမျလှည့်ကာမကြည့်တော့ပဲ ၊ တဟုန်တည်းတောအုပ်သို့ဝင်ငပြေလေ၏ ။ နောက်တိုက်မောင်းချေကြောင်း၊ လှကြောင်းကို ၊ ရှင်ဘုရင်ရွှေနားတော်ကြားလျှင် ။ ဇနက်ပတံဆင်ဝန် ၊ ဆင်ဖမ်းသမားများကိုစေလွှတ်၍စမ်းစေပြီးလျှင် ၊ ရှင်ဘုရင်နန်းတော်တွင် ၊ ဆင်ဖြူတော်အရာကိုထား၍ ရှင်ဘုရင်မြို့ ကိုလှည့်တိုင်း။ တိုက်မောင်းကိုစီး၍မြို့ ကိုလှည့်လေ၏ ။နောင်နှစ်အတန်ကြာသောအခါ ၊ ၎င်းအဘိုးကြီးလင်မယားတို့သည် ။ နေကပြည်တော်သို့ဆန်တက်လာကြရာ ၊ ရှင်ဘုရင်သည် တိုက်မောင်းကိုစီး၍ မြို့ လှည့်သည့်အခါနှင့်ကြုံလေ၏ ။ ၎င်းအဘိုးကြီးလင်မယားတို့သည်ဆင်ကိုမြင်လျှင် ၊ အမယ်ကြီးလှည့်၍ပြောသည်မှာ…. ရှင်ဘုရင်စီးတော်မူသောဆင်သည် ။ ငါတို့အရပ်ကတိုက်ထုတ်လိုက်သော တိုက်မောင်းမဟုတ်လားဟူ၍ပြောသောအခါ ။၎င်းတိုက်မောင်းသည်၎င်းတို့အသံကိုကြားလျှင် ။ ကြားသည်နှင့်တပြိုင်တည်း ကျောကုန်းကိုခါပြီးလျှင် အမြီးကိုထောင်၍တဟုန်တည်းမိမိနေရာ ဆင်နန်တော်သို့ပြန်ပြေးလေ၏ ။ရှင်ဘုရင်လည်း ဆင်ကျောထက်မှကျ၍ကျန်ရစ်ခဲ့လေ၏ ။ အလွန်ချွန်ရေးကိုနားလည်သော ၊ တော်ဘွဲ့ ရဆင်ဦးစီးပင်ဖြစ်သော်လည်း ။ ၎င်းနေရာတွင်ချွန်ရေးအုပ်၍မရတော့ချေ ။ ရှင်ဘုရင်လည်းအရှက်တော်ရသည်ဖြစ်၍ ၊ နန်တော်သို့ပြန်ကြွပြီးလျှင် ။ ထိုကဲ့သို့ဖြစ်ရခြင်းအကြောင်းအရာကိုစစ်ဆေးရာတွင် ။ အဘိုးကြီးလင်မယား၏အကြောင်းကိုသိသွားလေလျှင် ၊ ဆင်ဤကဲ့သို့ဖြစ်ရကြောင်းကိုသိ၍ ၊ အဘိုးကြီးနှင့်ငယ်နိုင်ဆင်သို့မဖြစ်ရလေအောင် သတိချပ်သင့်ပေသည်။
0 comments:
Post a Comment