Wednesday, August 12, 2009

ခရစ်တော်၏အတ္ထုပ္ပတ္တိအကြောင်းအရာကိုအကျဉ်းချုပ်၍ပြခြင်း ။ ။

သခင်ယေရှုခရစ်သည်၊ ငရဲသို့ကျထိုက်သောသတ္တ၀ါအပေါင်းတို့ကိုနှုတ်တော်မူရန်အရေး ။ ဘုရားသခင်း၏ နိုင်ငံတော်မှ ဆင်းသက်တော်မူပြီးလျှင် ။ ဤကမ္ဘာမြေကြီး၏ဗဟိုဖြစ်သော မဇ္ဈိမဒေသအရပ်ဖြစ်သော ။ ပါလေသ်နတိုင်းပြည် ၊ ဗက်လင်မြိုသူ အပျိုကညာမာရိဝမ်း၌ ဘုရားသခင်၏တန်ခိုးတော်အားဖြင့်။ သန့်ရှင်းသော ၀ိညာဉ်တော်ဖြင့်ပဋိသန္တေတည်နေကိန်းအောင်းပြီးလျှင် ။ ဘွားမြင်ခြင်းကိုခံယူလေ၏ ။ အသက်တော်သုံးဆယ့်သုံးနှစ်ပါတ်လုံး ။ဤမြေကြီးပေါ်မှာနေပြီးလျှင် ။ ဘုရားဇာတိတော် ။ နဂိုရ်တော်များကို ပြတော်မူသည်မှာ ။ ရှေးဦးစွာ မာရ်နတ်မင်း၏အရက်လေးဆယ်ပါတ်လုံးတိုက်ခိုက်သည်ကိုအောင်မြင်တော်မူပြီးလေ၏ ။ ထို့နောက်ပါလတ္တိနတိုင်းပြည်။ ကာနမြို့ မင်္ဂလာဆောင်ပွဲတွင် အိုးစရည်ခြောက်လုံးထဲမှထည့်ထားသောပကတိရေကို လူအပေါင်းတို့ရှေ့ တွင် စပျစ်ရည်ဖြစ်စေတော်မူခြင်း ။ ၎င်းအပြင်နှစ်ကြာရှည်စွာစွဲကပ်နေပြီး ခွန်အားမရှိသူ ၊ ချည့်နဲ့ တုံးလုံးနေရသောသူ ၊ ကျိုးသောသူ ၊ ကန်းသောသူ ၊ ၀က်ရူးရောဂါစွဲသောသူမှစ၍ အမျိုးမျိုးသောရောဂါဝေဒနာခံစားနေရသောသူတို့အား ။ သူ၏တန်ခိုးတော်အားဖြင့်ကင်းပျောက်စေလေသည်။ သူတပါး၏ ကိုယ်ခန္ဒာမာန်ကိုအောင်သည့်နည်းတူ ။ လူသားအားလုံးအတွက် ကိုယ်စားပြု ယတြာချေခြင်းအမှုကိုလည်း အောင်နိုင်စွမ်းသူဖြစ်သောကြောင့် ၊ ယတြာအမှုပြီးနောက်တွင် သေခြင်းမဇ္စိမာန်ကိုလည်းအောင်တော်မူခဲ့လေသည်။ ၎င်းအပြင်တရက်မြောက်သောလူသေ ၊ နှစ်ရက်မြောက်ရှိသောလူသေ ၊ ကျောက်သင်္ချိုင်းသို့ချ၍ လေးရက်မြောက်ရှိသော ဗေသနိရွာမှ မာရိ၊ မာသ တို့၏မောင် လာဇရုအားလည်းသေခြင်းမှတဖန်ရှင်စေခဲ့လေသည်။ ထိုကဲ့သို့သော မာရ်တို့ကိုအောင်မြင်၍သာမက ၊ ဧကောဗုဒ္ဓေါ တဆူတည်းသောခရစ်တော်ဘုရားသခင်သည် ။ ဘုရားဇာတိကို လူအပေါင်းတို့အားမြင်စေခြင်းငှာ ။ လူအများရှေ့တွင် အခြားသောရေဂါဝေဒနာများတို့နှင့်သေခြင်းခံ၍ပြတော်မမူဘဲ ။ နောင်မြေကြီးသား အပေါင်းတို့ သံသယ ကုက္ကစ္စယုံမှားခြင်းမရှိရလေအောင် လက်ဝါးကပ်တိုင်တော်ပေါ်တွင်။ ခေါင်းတော်ကိုညိတ်၍ ။ အသက်တော်ကိုစွန့်တော်မူပြီးလျှင် ။ စစ်သူရဲတို့သည်နံဘေးတော်ကိုလှံဖြင့်ထိုးခြင်း ။ အသွေးနှင့် ရေစီးကျခြင်းရှိသောအဖြစ် ၊ နောက်ကျောက်သင်္ချိုင်းတွင်း၌ ။ သုံးရက်ပါတ်လုံးသင်္ဂြိုလ်ခြင်းခံပြီးမှ ။ သေမင်းတည်းဟူသော ရန်မြူခပင်း ၊ သင်္ခါရမာရ်ဖြင့်အောင်တော်မူ၍ ။ ဘုရားဇာတိ လောကုတ္တရာ ကိုယ်ခန္ဓတော်နှင့်တကွ ထမြောက်တော်မူခြင်း ။ ထိုကဲ့သို့ထမြောက်တော်မူပြီးသည့်နောက် အရက်လေးဆယ် အတွင်းတွင် ဆယ်ကြိမ်တိုင်တိုင် ဘုရားဇာတိတော် ၊ လောကုတ္တရာကိုခန္ဓာတော်ကိုထင်ရှားပြတော်မူလျှက်။ တပည့်တော်တို့အား တရားရေအေးအမြိုက်ဆေးကိုတိုက်ကျွေးတော်မူပြီးလျှင် ၊ သံလွင်တောင်ပေါကလာရင်းဖြစ်သော ကောင်းကင် နိုင်ငံတော်သို့ ၊ တပည့်တော်အပေါင်းတို့ရှေ့တွင် ထင်ရှားစွာကြွသွားတော်မူလေ၏ ။ ဘုရားသခင်၏နိုင်ငံတော်သို့ သခင် ခရစ်တော်ရောက် ရှိကြောင်းကို ။ ကောင်းကင်တမန် နှစ်ပါးဆင်းသက်၍ ပြောကြားကြောင်းကို ။ ကျမ်းသက်သေအများနှင့်တကွတွေ့နိုင်ပေသည်။ ထိုကဲ့သို့သခင်ယေရှုခရစ်တော်သည် ။ မိုးကောင်းကင်သို့တက်ကြွတော်မူခါနီးတွင် ။ မိန့်မှာတော်မူခဲ့သော ဗျာဒိတ်တော်စကားဟူမူကား ။ ယုံကြည်၍ နှစ်ခြင်းကိုခံယူသောသူသည် ကယ်တင်တော်မူခြင်းသို့ရောက်လတံ့ဟူ၍၎င်း ။ ကတ္တီပါနှင့်အမျ နီသော်လည်း မိုးပွင့်ကဲ့သို့ ဖြူစေမည် ။ ငါ့ကိုယုံကြည်သောသူသည် နောင်သေလွန်သောအခါ ၊ အိုခြင်း၊ သေခြင်း ၊နာခြင်း နှင့်အစဉ်ကင်းလွတ်သောနိစ္စထာဝရ သုခနိုင်ငံတော်ထဲသို့ငါနှင့်အတူ ဘုန်းဝင်စားမည်ဟူ၍သမ္မာကတိတော်ကိုပေးတော်မူလေသည်။
အထူးမှတ်ရန်မျာ …… ခရစ်တော်သည်ဘုရား၌ ရှင်ဂေါတမကဲ့သို့ ယသော်ဓယာမင်းသမီးမှစသော ကာမစည်းစိမ်ကိုခံစားခဲ့သည်မဟုတ်ပါ ။ ဇာတိတော်အားဖြင့်ဘုရားဖြစ်တော်မူသောကြောင့် ။ ကိုယ်တော်၌ဘယ်အခါမျှမကိလေသာမာရ်ရှိတော်မမူချေ ။ဤကား ၊ ဗုဒ္ဓ၀င်နှင့် ခရစ်ဝင်ကို အကျဉ်းချုပ်၍ပြခြင်းသာဖြစ်ပါသည်။ ၎င်းပြဆိုခဲ့သော ရှင်တော်ဂေါတမ၏ အကြောင်းအရာအတ္ထုပ္ပတ္တိတို့နှင့် ခရစ်တော်၏အကြောင်းအရာအတ္ထုပ္ပတ္တိတို့မိမိတို့အတွင်း၌ရှိသောဥာဏ်ကိုအလကားမြုပ်၍မထားဘဲ ။ ထုတ်၍ စဉ်းစားကြပါ ။ အဘယ်ပုဂ္ဂိုလ်သည် ဘုရား၏ဂုဏ် အင်္ဂါလက္ခဏာနှင့်ပြည့်စုံသည်။ အဘယ်ပုဂ္ဂိုလ် သည်မပြည့်စုံသည်ကိုလည်းရွေးချယ်တတ်ကြပါစေ ။ဘုရား၏ဂုဏ်အင်္ဂါနှင့်ပြည့်စုံသောအရှင်ကိုကိုးကွယ်မှသာလျှင် ။ အကျိုးရှိမည်ဖြစ်သောကြောင့် ။ ဘုရားမှား ဘုရားမှန် ၊ တရားမှား ၊ တရားမှန် ကိုသိစေဖို့ရန် ၊ ဤစာတမ်းကို ပြုစုရခြင်းသာဖြစ်ပါတော့လေသတည်း ။

0 comments:

Post a Comment