Thursday, March 25, 2010

ဗုဒ္ဓ၏အနာဂတ၀ံစကားတော်


``အရင်ကျသည် နောက်ကျသည်ကအရေးမကြီး၊ မည်သူမည်ဝါဖြစ်သည်နှင့် ရည်ရွယ်ချက်သည်သာအရေးကြီးသည့် ပဓါနဖြစ်သည်၊ ဂေါတမနှင့် ယေရှုခရစ်တော်ဘုရား၏ ရှုထောင့်နှစ်မျိုးလုံးတွင် ကွဲပြားခြားနားလှပေသည်´´
Inta Chanthavongsouk

၁။ဗုဒ္ဓကျမ်းဂန်မှစကားများ။

လများကုန်သည်နှင့်အမျ၊ ကျွန်တော် ဂေါတမ၏ စကားများကို လေ့လာနေလိုက် သမ္မာကျမ်းစာနှင့် ချိန်ထိုးလိုက်ဖြင့် ဗုဒ္ဓ၏ ( ၇ ) ကြိမ်မြောက်တည်းဖြတ်ခြင်း စာမျက်နှာ ၃၃၀ တွင် ဤသို့တွေ့ရလေသည်။
``ကြည့်ရှုလော အမျိုးသမီးတစ်ဦးသည် ရဟန်းမအဖြစ် ( သင်္ကန်းဝတ်) မရှိလာပါက၊ ဗုဒ္ဓဘာသာသည့် ၅၀၀၀ ကြာလိမ့်မည်၊ အကယ်၍ရှိလာပါက ၅၀၀ သာဖြစ်လိမ့်မည်၊ ဤကားငါ၏ သွန်သင်ချက်၏ အရှည်တည်တံ့ရာကာလဖြစ်လိမ့်မည်´´။
              ထို့နောက် ၂၃ ကြိမ်မြောက် စာမျက်နှာ ၃၈၉ တွင် ဂေါတမီအမည်ရှိသော အမျိုးသမီးသည် သာသနာ့ဘောင်ဝင်ရောက်ရန် ခွင့်တောင်းလေရာတွင် ခွင့်ပြုချက်ရ၍ သာသာနာ့ဘောင်သို့ဝင်ရောက်ခဲ့လေသည်။ ထို့ကြောင့် ဗုဒ္ဓ၏စကားတော်အရ သွန်သင်ချက်တို့သည် နှစ် ၅၀၀ သာတည်ရှိခဲ့လေသည်။
              သာသနာနှစ်နှင့် သက္ကရာဇ်ကို ချိန်ထိုးကြည့်ရာတွင် ဗုဒ္ဓ၏နောက်နှစ်ပေါင်း ၅၀၀ အကြာတွင် ခရစ်တော်မြတ်ဘုရားကြွလာတော်မူကြောင်းကို မြင်တွေ့ရခြင်းက အဘယ်မျှ ဆန်းကြယ်မှုနည်း။
ထို့အတူ တဘောင့်စကားလည်းရှိခဲ့၍ လူအသီးသီးတို့က သီဆိုကြသည်မှာ ``ဗုဒ္ဓကွယ်သွား၊ မေတ္တာဘုရား၊ ကြွမြန်း၍လာ၊ ကယ်မည်အမှန်´´ ဟူ၍ပင်ဖြစ်သည်။ ၎င်းတဘောင်စကားနှင့် ဗုဒ္ဓ၏ အနာဂတ္တိစကားအရ သာသနာနှစ် ၅၀၀ နောက်တွင် မေတ္တာတော်ရှင် ဘုရားပေါ်ထွန်းတော်မူမည်ဟူ၍ပင်ဖြစ်သည့်အတိုင်း ဘုရားရှင်က သားတော် ယေရှုခရစ်တော်ကိုစေလွတ်၍ လူ့ဇာတိကိုခံယူစေကာ လူတို့အားအပြစ်မှ ရွေးနှုတ်ကယ်တင်တော်မူခဲ့လေသည်။ အထက်ပါ အကြောင်းအရာတို့သည် တိုက်ဆိုင်မှုလား? ဘုရားမြတ်၏ အကြံအစည်တော်လား? စသည်တို့ကို သိမြင်တတ်ကြပါစေ။ လူမျိုးအပေါင်းတို့အတွက် သမ္မာကျမ်းစာတော်မြတ်က ဤစကြာဝဠာကို ဖန်ဆင်းတော်မူသော အရှင်ကစေလွတ်တော် အကြံအစည်တော်မြတ်ဖြစ်ကြောင်း ဖေါ်ပြထားခဲ့ပါသည်။
              ခရစ်တော်ဘုရားသည် လူ့ဇာတိကို ခံယူခဲ့ခြင်းမှာ လူသားတို့မျှော်လင့်စောင့်စားနေသည့်အတိုင်း မေတ္တာတော်ရှင်၊ ကယ်ချွတ်အရှင်ဖြစ်ကြောင်း ဘုရားမြတ်ကသိရှိစေပါသည်။ အဘယ်ကဲ့သို့သောအားဖြင့် ယေရှုခရစ်တော်ဘုရားကို ကျွန်ုပ်တို့ငြင်းပယ်၍ ဥပေက္ခာပြုနိုင်ပါအံ့နည်း။ ဗုဒ္ဓက သူ၏နောက်တွင် ကြွလာတော်မူမည့် မေတ္တာတော်ရှင်ဘုရားတည်ရှိကြောင်းနှင့် ထိုကယ်ချွတ်ရှင်ဖြစ်ကြောင်းကို ပေါ်လွင်စေခဲ့ပါသည်။ ထိုအချိန်က ခရစ်တော်ဘုရားအား ကယ်တင်ရှင်ဘုရားအဖြစ် လက်ခံယုံကြည်ခြင်းက ဗုဒ္ဓ၏အနာဂတ္တိစကားတော်ကို လက်ခံယုံကြည်ခြင်းနှင့် ထပ်တူထပ်မျှကျခဲ့လေသည်။
ဘုန်းတော်ကြီးကျောင်းတွင် ဗုဒ္ဓဂေါတမက အလင်းမရခင်မှာ သိဒ္ဓတ္ထအမည်ဖြင့်ဖြစ်ကြောင်း သင်ယူခဲ့ရလေသည်။ ဘီစီ ၅၄၃ တွင် သုဒ္ဓေါဓနနှင့်  မယ်တော်မဟာမာယာတို့၏ သားဖြစ်ပြီး အိန္ဒိယမြောက်ပိုင်း ကပိလ၀တ်ပြည်ရှင်ဘုရင်တို့မှ မွေးဖွားခဲ့သည်။ ထိုအချိန်က မိဘများတို့ ဟိန္ဒူဘာသာနှင့် ဘုရားအများကို ကိုးကွယ်ယုံကြည်၍ သံသရာကိုလည်း လက်ခံယုံကြည်ခဲ့ကြလေသည်။
              သိဒ္ဓတ္ထမင်းသားသည် အတတ်ပညာများကို သင်ယူတတ်မြောက်ပြီးသော်လည်း နိုင်ငံရေးထက် ဘ၀နောင်ရေးကိုသာစိတ်ဝင်စားခဲ့သည်။ အကြောင်းမှာ လူဆိုတာဘာလဲ? ဘယ်ကလဲ? ဘာကြောင့် ဤကမ္ဘာမှာရှိနေရသနည်း? ဘယ်ကိုသွားကြမည်နည်း? စသောအကြောင်းတရားတို့ကြောင့်ပင်ဖြစ်သည်။
              ထိုမေးခွန်းမျိုးကို ကျွန်တော်လည်း ခံစားခဲ့ရလေသည်။ သိဒ္ဓတ္ထသည် ထိုအဖြေများကို ရရန်အရေး ဟိန္ဒူဘာသာဆရာကြီးများထံတွင် သင်ကြားခြင်းများပြုခဲ့သော်လည်း ကျေနပ်လောက်သော အဖြေကိုမရရှိခဲ့ပေ။
              အသက် ၁၆ နှစ်တွင် ယသော်ဓယာ နှင့် လက်ထပ်ထိမ်းမြားပြီး၊ သားတော်ရာဟုလာနှင့် အခြားသော သားသမီးများကို ဖွားမြင်ခဲ့လေသည်။  သို့တိုင်အောင် သူသည် ဘ၀အတွက် အဖြေများကို ရှာကြံရန် လက်မလျှော့ခဲ့၊ အသက် ၂၉ နှစ်အရွယ်တွင် သမ္မာတရားကို ရှာဖွေရန် စည်းစိမ်ဥစ္စာ၊ သား၊ မယားတို့ကိုစွန့်ခွါ၍ ခြောက်နှစ်တိုင်တိုင် ရှာဖွေခဲ့လေသည်။ သမ္မာတရားအလင်းကို သိရှိလာပြီးနောက်တွင် ဗုဒ္ဓဘာသာတို့၏ ခေါင်းဆောင်ဖြစ်လာလေတော့သည်။

၂။အရင်ကျခြင်း၊ နောက်ကျခြင်း ဘယ်ကအရေးကြီးသနည်း?

ခရစ်တော်၏အကြောင်း သက်သေခံဝေငှရာတွင် ကျွန်ုပ်တို့အရပ်ဒေသ၌ မကြာမကြာကြားရသည်မေးခွန်းမှာ အထက်ပါအရာတွင် မည်သည်က အရေးပါသနည်း? အရင်ဦးသူလား? နောက်ကျသူလား? ဆိုသော အရာပင်ဖြစ်သည်။ တစ်စုံတစ်ဦးက -
              ``ဂေါတမက အရင်ကျတော့ သာ၍ကြီးမြတ်တယ်၊ သူကအလင်းကိုရရှိပြီး အနာဂတ္တိစကားကိုပြောကြားခဲ့တယ်၊ ဒါ့ကြောင့် သူသာပဓါန´´
              အခြားသူက-
              ``ယေရှုက နောက်မှကြွလာတယ် ဒါ့ကြောင့် သူကသာ၍ကြီးမြတ်တယ်`` ဟူသတည်း။
              သာ၍လေ့လာသည်နှင့်အမျှ ကျွန်ုပ်နားလည်လာရသည်ကား `နှစ်ဦးလုံးသည် ကောင်းသော်လည်း ဂုဏ်အင်္ဂါနှင့် ရည်ရွယ်ချက်တို့သည် လွန်စွာကွဲပြားခြားနားလှပေသည်၊ ၎င်းတို့မှာ-

ဗုဒ္ဓဂေါတမ                                                                                   
- သူမဖွားမီသူ့ကိုဘယ်ကလာသည်ကိုမသိရကြ။                           
-အိန္ဒိယဘုရင်တို့မှမွေးဖွား။                                                       
-လူသာမန်ဖြစ်၍ တရားကျင့်၍ဘုရားဖြစ်သည်ဟု လူတို့သတ်မှတ်။             
-မယ်တော်အိမ်မက်မှ သာမန်ဖွား။                                                       
-လူတို့အသွေးအသားဖြင့် သန္ဓေတည်။                                         
- နိမိတ်လက္ခဏာကြီးစွားမပြခဲ့။                                                                                                 
-ဇနီးမယးများရှိခဲ့။                                                                     
-တက်သားအဆိပ်တက်၍ အသက် ၈၀ တွင် ရည်ရွယ်ချက်မဲ့ဖြင့် ဆုံးပါးခဲ့ရ။
-ထာဝရသေခြင်း။
-သေပြီးနောက်ဘယ်ရောက်သည်ကို မည်သူမျမသိ။
-သူ၏လက်ရှိကိုမည်သူမျှ မသိ။
-ဘယ်သောအခါမှ ပြန်လာနိုင်မည်မဟုတ်။             

ယေရှုခရစ်တော်
-ဘုရားဖြစ်၍၊ ဖန်ဆင်းရှင်ဖြစ်တော်မူသည်။
-အစ္စရေးဘုရင်အနွယ်တို့မှ ၀ိညာဉ်တော်ဖြင့်ဖွား။
- ထာဝရဘုရားဖြစ်၍ ကယ်တင်အံ့သောငှါကြွလာ။
-ဘုရားအကြံတော်မြတ်အတိုင်းပြည့်စုံလာသူ။
-သွေးသားမပါ ၀ိညာဉ်တော်ဖြင့်ဖွား။
- သာမန်လူတို့ကဲ့သို့ပညာသင်ယူခဲ့ရ။
-ကြီးစွာသော နိမိတ်လက္ခဏာပြခဲ့။
-ဥာဏ်ပညာတို့၏အရှင်ဖြစ်သည်။
-ဇနီးသားမယားမရှိခဲ့။
- သက်တော် ၃၃  တွင် ကားစင်ထက်တွင် အပြစ်တရားအတွက် အသက်စွန့်လှူပူဇော်ရင်း အသက်စွန့်တော်မူခဲ့။
-အနာဂတ္တိစကားအတိုင် သေခြင်းမှ အောင်မြင်တော်မူခဲ့။
-ရက်လေးဆယ် ကိုယ်ထင်ရှားပြသခဲ့၍ ကောင်းကင်ဘုံသို့ချီဆောင်ခြင်းခံရာမျက်မြင်သက်သေရှိခဲ့။
-ခမည်းတော်လင်္ကျာဘက်တွင် ကျွန်ုပ်တို့အတွက် ကိုယ်စားပြုပေးနေသည်။
- ပြန်ကြွလာ၍ တရားစီရင်အုပ်စိုးတော်မူမည်။

အထက်ပါကွဲပြားခြားနားသော ဆယ့်သုံးချက်က သိဒ္ဓတ္ထနှင့် ခရစ်တော်ယေရှုဘုရား၏ သဘောသဘာဝကို ကွဲကွဲပြားပြားသိမြင်စေပါသည်။ ထိုကြောင့် အရင်ကျသည် နောက်ကျသည် ဆိုသည်တို့သည် အဓိကမကျ ဂုဏ်ရည်နှင့် ကြွလာခြင်းပန်းတိုင်သာ အဓိကကျ၍ အရေးပါလှပေသည်။

ဗုဒ္ဓဂေါတမသည် သမ္မာတရားကို ရှာဖွေသူ။
ယေရှုခရစ်က `ငါသည်သမ္မာတရားဖြစ်၏´ ဟုမိန့်တော်မူသောအရှင်ဖြစ်သည်။ ယောဟန် ၁၄း၆၊ ၅း၂၄။

0 comments:

Post a Comment