ရုပ်တုစေတီတို့ကို ကိုးကွယ်ခြင်း ဘာသာထုံးတမ်းသည် ယခုဤ မြန်မာပြည်တွင်၊ မြန်မာလူမျိုးတို့သာလျှင် ကိုးကွယ်ကြသည်မဟုတ်ချေ။ ရှင်တော်ဂေါတမ မပေါ်ထွန်းမီ ရှေးအထက်ကပင် ရှိသည်။ ရှင်တော်ဂေါတမ လက်ထက်တွင်လည်း၊ ဝေသာဠီပြည်သားတို့သည် ၊ စပလ အမည်ရှိသော စေတီတို့ကို ကိုးကွယ်ကြသည်။ ၎င်းပြင်လည်း၊ ဥရုဝေလ တောကြီး၌ တပည့်အပေါင်း တသောင်းခန့်ရှိသော အဂ္ဂိဒဌပုဏ္ဏားကြီးသည်၊ သဲပုံစေတီ၊ ရုပ်တု အစရှိသည်တို့ကို ပြုလုပ်၍ မီးဖြူ၊ မီးဝါ၊ ချိုချဉ်ဘောဇဉ် တို့နှင့် ပူဇော်ပွဲပြုလုပ်၍ နေသည်ကို၊ ရှင်ဂေါတမတွေ့မြင်လျှင်၊ ၎င်းအဂ္ဂိဒဌအား ရှင်တော်ဂေါတမ ဆုံးမသည်မှာ။ ။ဗဟုဝေသရဏံယန္တိ၊ ပပ္ပတာနိဝနာနိစ၊ အာရာမရုက္ခစေတျာနိ၊ မနုဿာဘယာတဇ္ဇိတာ။ ။နေတံခေါ်သရဏံ ခေမံ၊ နေတံသရဏမုတ္တမံ၊ နေတံသရဏမာဂမ္မ၊ သပ္ပဒုက္ခာနမုစ္စတိ။ ။ ဓမ္မပဒပါဠိ၊ အဂ္ဂိဒဋ္ဌ၀တ္ထုဖြစ်သည်။ မြန်မာပြန်ဘာသာဆိုရပါလျှင်ကား။ ဘောအဂ္ဂိဒဋ္ဌ၊ အိုပုဏ္ဏားရသေ့။ ဗဟု၊များစွာကုန်တတ်သော။ မနုဿာ၊ လူအပေါင်းတို့သည်။ ဘယတဇ္ဇိတာ၊ ဘေးကိုကြောက်ရွံ့ခြင်းကြောင့်။ ပပ္ပတာနိဝနာနိစ၊ တောကြီး၊ တောင်ငယ်၊ သစ်ပင်ကြီးတို့ကိုလည်းကောင်း။ အာရာမရုက္ခေစေတျာနိ၊ အရံတံတိုင်း မီးတားတို့ဖြင့် ပြုလုပ်စီမံကာရံထားသော။ ဗောဓိသစ်ပင်၊ အုပ်ပုံ၊ စေတီ၊ ပုထိုး၊ ရုပ်တုအစရှိသောအရာတို့ကိုလည်းေ






0 comments:
Post a Comment