သံဃာခေါ်သောအရာကို၊ ယခုမြန်မာပြည်သူ၊ ရဟန်း၊ ရှင်လူအပေါင်းတို့က အ၀တ်ဝါ၀ါဝတ်၍၊ ခေါင်းတုံးနှင့်နေသော သူတို့ကို၊ သံဃာဟူ၍ ထင်မှတ်ကြသည်။ အချို့သော သူတို့ကလည်း၊ ဤပုဂ္ဂိုလ်တို့သည် ပရမတ္ထသံဃာအစစ်မဟုတ်၊ သမုတိသင်္ဃာမျသာဖြစ်သည်ဟု အယူရှိကြသည်။ သမုတိ ဆိုသောစကား၏ အဓိပ္ပါယ်မှာ၊ လူတို့က အတုအယောင်လုပ်ခြင်း၊ အတုပလုပ်၍ ခေါ်ခြင်းကို သမုတ်ပြုစုခြင်းအရာကိုသာလျှင် သမုတိဟူ၍ ခေါ်ဆိုသည်။ အချို့တို့ကလည်း ရှင်တော်ဂေါတမလက်ထက်က၊ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလန်တို့မှအစပြု၍၊ နိဗ္ဗာန်ဝင်သော ပုဂ္ဂိုလ်တို့သာလျှင်၊ ပရမတ္ထ အရိယာ သံဃာဖြစ်သည်ဟု အယူရှိကြသည်။ ထိုကဲ့သို့ယူကြ၊ ပြောကြသည့်အတိုင်း၊ ပိဋကတ်ကျမ်းဂန်တို့က ပြသည်မဟုတ်ချေ။ ပိဋကတ်ကျမ်းဂန်တို့က ပြဆိုသည်မှာ။ ။သံသုဋ္ဌုံတိ လေဟိံ သတီတိသံဃော။ ။ဟူ၍ ၀ိနည်းအဌကထာဒက္ခိဏ၀ိဘင်းသုတ်တို့၌ ပြဆိုသည်။ ။ မြန်မာလို အနက်ဆိုရလျှင်ကား။ သံသုဋ္ဌုံ၊ ကောင်းစွာ၊ ကိလေသေ၊ ကိလေသာတို့ကို။ ဟိံသတိ၊ ညှင်းဆဲသုတ်သင် ကင်းစင်စေတော်မူတတ်၏။ ဣတိတသ္မာ၊ ထိုသို့ကိလေသာတို့ကို ညှင်းဆဲသုတ်သင် ကင်းစင်စေတော်မူတတ်သော သတ္တိကြောင့်။ သံဃော၊ သံဃာမည်ကုန်၏။ ။ထို့ကြောင့် ၎င်းပါဠိတော်အရ အဓိပ္ပါယ်ဆိုရလျှင်။ လူတို့၏ အတွင်း၌၊ လောဘ၊ ဒေါသ၊ မောဟ ဟုဆိုအပ်သော၊ ကိလေသာတရားတို့ကို ပယ်ရှားသုတ်သင်၍၊ လူတို့၏ စိတ်နှလုံးကို သန့်ရှင်းဖြူစင်စေအောင် ပြုပြင်စီရင်သောအရာသာလျှင်။ ပရမတ္ထ သန့်ရှင်းတော်မူသော ၀ိညာဉ်တော် သံဃာအစစ်ပင်ဖြစ်သည်။ ဤကဲ့သို့သန့်ရှင်းအောင် ပြုပြင်သောအရာကို၊ သင်္ဂြိုဟ်ဆရာ အရှင်အနုရုဒ္ဓါက၊ အမောဟ ပညိနြေ္ဒစေတသိတ်ဟူ၍ ခေါ်ဆိုသည်။ ၎င်းခေါ်ဆိုသော အဓိပ္ပါယ်မှာ။ လောဘ၊ ဒေါသ၊ မောဟ ဟုဆိုအပ်သော ကိလေသာ တရားတို့ကို၊ ပယ်ရှားသုတ်သင်သောကြောင့်၊ အမောဟပညိနြေ္ဒစေတသိတ်ဟုခေါ်သည်။ ထို့ကြောင့် အ၀တ်ဝါ၀ါဝတ်သော်၎င်း၊ ဖြူဖြူသော်၎င်း၊ ၀တ်သည်ဖြစ်စေ၊ မ၀တ်သည်ဖြစ်စေ၊ ခေါင်းတုံးတုံးသည်ဖြစ်စေ၊ မတုံးသည်ဖြစ်စေ၊ အရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလန်ဖြစ်စေ၊ ဤလောကအတွင်း၌ မွေးဖွားခြင်းကို ခံရသော၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပုဂ္ဂိုလ်မှန်သမျှတို့သည်။ လူ၏စိတ်သဘောကို ညစ်ညူးစေသော၊ လူ၏အတွင်း၌ရှိသော ဒုစရိုက်အပြစ်ကို နှုတ်ပစ်ခြင်းငှါ၎င်း၊ သန့်ရှင်းစေခြင်းငှါ၎င်း၊ စုံလင်ခြင်းသို့ရောက်ရန် အပြီးအပိုင် အမြစ်ပြုတ်နှုတ်ရန် သန့်ရှင်းသော အတွင်းပရမတ္ထသံဃာမှတပါး မည်သည့်ပုဂ္ဂိုလ်မှ မတတ်နိုင်ချေ။ ရှင်တော်ဂေါတမ ကိုယ်တိုင်ကလည်း၊ သဗ္ဗေသတ္တာ ကမ္မသကာ ဟူ၍ ဟောဆိုထားခဲ့လေသည်။ ထိုကဲ့သို့သော ခေါင်းတုံးရိတ်၍ အကျင့်သီလကို ကျင့်သော ပုဂ္ဂိုလ်၊ ဆံကျစ်ထိုး၍၊ အကျင့်ကျင့်သောပုဂ္ဂိုလ်တို့သည်။ မိမိတို့၏ အတွင်း၌ ရှိသော လောဘ၊ ဒေါသ၊ မောဟ တရားတို့ကို၎င်း၊ မသန့်ရှင်း မစင်ကြယ်စေနိုင်ကြောင်းကို၊ ပိဋကတ်ကျမ်းတို့ကပြဆိုသည်။ ပြဆိုသောအရာကို ပထမ ပိုင်းတွင် ပြခဲ့ပြီးဖြစ်သော်လည်း သိလိုပါက ကံသုံးပါးဖြင့်ပင် မိမိကိုယ်ကို မိမိမညာစတမ်း စစ်တမ်းထုတ်ကာ နေကြည့်ပါလေ။
0 comments:
Post a Comment