ရှင်တော်ဂေါတမသည်။ ရုပ်တုစေတီတို့ကို တည်၍ကိုးကွယ်ဘို့ရာ မဟောသည်သာမက၊ ရုပ်တုစေတီတို့ကို မလုပ်အပ်ကြောင်း၊ လက်နှင့်စေတီရုပ်တု အရုပ်မျှ မရေးအပ်ကြောင်းကို၊ ပိဋကတ်သုတ္တမဟာပဒေသ ပါဠိတော်ကျမ်းတို့တွင် ရှင်တော်ဂေါတမ တားဖြစ်သော ပါဠိကိုတွေ့ရသည်မှာ။ ။ကမ္မံသံဃုပ္ပစေတီဒပဌပနာဒိနံနကရေယ။ ။မြန်မာဘာသာဖြင့်ဆိုရပါက။ ။ သံဃုပ္ပေစေတီယုပ္ပါဒပဌ၊ စေတီရုပ်ပွား ပုထိုးအစရှိသော အရာတို့ကို။ ပနာဒီနံ၊ ရေးသားခြင်း၊ တည်ထားခြင်းဖြစ်သော။ ကမ္မံ၊ အမှုကို။ နကရေယ၊ မပြုရာ။ ။ ထိုကဲ့သို့သောအနေဖြင့် ရှင်ဂေါတမသည် မြစ်တားပိတ်ပင်သော၊ သုတ္တမဟာပဒေသပါဠိတော်ရင်းတို့ကို ကွယ်ဝှက်ဖျောက်ဖျက်၍၊ အသစ်သော ပါဠိတို့ကို၊ မိမိတို့သဘောအလျှောက် ထပ်သွင်းခြင်း၊ ပြင်ဆင်တည်းဖြတ်ခြင်းပြုပြီးလျှင်၊ အသစ်သော ထပ်မံစီရင်၊ရေးသားကုန်၍ တထုံးတဖွဲ့တကျမ်းရေးသားကြကုန်၏။ ပရိနိဗ္ဗာနသုတ်အဌကထာ၊ မိလိန္ဒပညာကျမ်း၊ ၀ိနည်းကျမ်းတို့၌ ပရိယာယ်ဥာဏ်အားဖြင့် သွင်းထားလေသည်။ ၎င်းသွင်းထားခြင်း၏ အကြောင်းမှာ။ ၎င်းပါဠိတော်တို့ကို အကုန်လည်း မပျောက်ပျက်ဝံ့၍၊ ၀ိနည်းပရိယာယ်အားဖြင့် ရဟန်းတို့သာလျှင်၊ စေတီ၊ ရုပ်တု၊ ဓါတ်တော်အစရှိသည်တို့ကို၊ တည်လုပ်ကိုးကွယ်ခြင်း အမှုတို့ကိုသာလျှင် မလုပ်အပ်သည်။ လူတို့တည်လုပ် ကိုးကွယ်အပ်သည်ဟူ၍ စီရင်ရေးသားထားကြလေသည်။ ထိုကဲ့သို့ ဘုန်းကြီးရဟန်းတို့စီရင်ပြုလုပ်သော အရာတို့ကို ၀ိသုဒ္ဓိမဂ်ဋီကာ၊ မသန္တပါသာဒိက အဌကထာ၊ သုတ္တမဟာပဒေသာ ပါဠိတော်ရင်းများနှင့် တိုက်ဆိုင်၍။ ပါဠိကိုနားလည်သော ပုဂ္ဂိုလ်တို့ကြည့်ရှုလျှင်၊ ကွယ်ဝှက်ထားသော အကြောင်းအရာတို့သည် ကောင်းစွာ သိမြင်ပေလိမ့်မည်။ ပိဋကတ်ကျမ်း အမျိုးမျိုးတို့သည် ရေးနည်းတနည်းနှင့် ရေးကြသည်မဟုတ်။ အနည်းနည်းအားဖြင့် ရေးသားထားကြသည်။ ထို့ကြောင့် ပိဋကတ်ကို ကြည့်ရှုသောသူတို့သည် နည်းအမျိုးမျိုးတို့ကို တတ်သိလိမ္မာမှ ပိဋကတ်ကျမ်းတို့ကို နားလည်ပေလိမ့်မည်။ မည်ကဲ့သို့သောနည်းဖြင့် ဖတ်သိ၊ နားလည်နိုင်သနည်းဆိုလျှင်ကား အနွတ္တနည်း၊ ယုံလည်နည်း၊ သညီသညာနည်း၊ ဂါထာနည်း၊ လိင်အံနည်း၊ ဆန်းဂိုဏ်းနည်း၊ ဌာန်ကရိုဏ်းနည်း၊ ပုပ္ပဒ်နည်း၊ ၀ိဘတ်နည်း၊ ကံနည်း၊ ကတ္တာနည်း၊ ပစ္စည်းနည်း။ စသော နည်းကြီးနည်းငယ် အထွေထွေဖြင့်ပင်ဖြစ်သည်။တနည်းတွေနှင့် မစေ့မစပ် မလျှပ်ပေါ်လာဆိုသောစကားနှင့်အညီ၊ တနည်းတတ်နှင့် အရပ်ရပ်ကျမ်းဂန်ပါဠိတို့ကို ၊ လှေနံထားထစ်ဆိုသော အရာကဲ့သို့၊ မယူရာဖြစ်သတည်း။ ဤကား ရုပ်တုစေတီမလုပ်အပ်သည်ကို ကျမ်းဂန်ပါဠိလာရှိသည့်အတိုင်း ပြဆိုခြင်းပင်ဖြစ်သည်။
0 comments:
Post a Comment