Friday, February 12, 2010

ဗျာဒိတ်ခံရာ အင်္ဂါရှစ်ပါး။

မည်သည့်ဗုဒ္ဓမဆို၊ ရှေးဦးစွာ ဗုဒ္ဓဖြစ်အောင် ဗျာဒိတ်ကို ၊ ဗုဒ္ဓတပါးပါးထံ၌ခံရမည်။ ထိုသို့ဗျာဒိတ်ခံပြီးမှသာ ဗုဒ္ဓအဖြစ်သို့ရောက်နိုင်သည်။ ယခု နောက်ဆုံးဖြစ်သော ဗုဒ္ဓဂေါတမသည်၊ ဒီပင်္ဂရာ ဗုဒ္ဓထံ၌ ဗျာဒိတ်ရ၍ ဗုဒ္ဓအဖြစ်သို့ ရောက်သည်ဟု ကျမ်းစာ၌ အဆိုရှိ၏။ ထိုသို့ ဗျာဒိတ်ခံရန် လိုအပ်သော အင်္ဂါရှစ်ပါးမှာ။ ။မနုဿတ္တံလိင်္ဂံ သမ္ပတ္တိ။

ဟေတုကသတ္ထာရဒဿနံ။ ပဗ္ဗဇ္ဇဂုဏ သမ္ပတ္တိ။ အဓိကာရောစ ဆန္ဒတာ။ အဌဓမ္မ သမောဓါန။ အဘိနိဟာရောသမိဇ္ဈတိ။ ဗုဒ္ဓဝင် အဌကထာ။ သုတ္တနိပါတ်အဌကထာ။ ဓမ္မသင်္ခဏီအဌကထာ။ သုမေဓါ အဌကထာ စသည့်တို့၌ လာသည်။ အဓိပ္ပါယ်မှာကား။

၁။ လူစင်စစ်ဖြစ်ခြင်း။

၂။ ယောင်္ကျားစင်စစ်ဖြစ်ခြင်း။

၃။ တိဟိတ်ပုဂ္ဂိုလ်ဖြစ်ခြင်း။

၎။ ရသေ့၊ရဟန်ပြုသည်လည်းဖြစ်ခြင်း။

၅။ ဘုရားရှင်အား ကိုယ်တိုင်ကိုယ်ကြပ်ဖူးတွေ့ရခြင်း။

၆။ ဈာန်သမာပါတ်နှင့်လည်း ပြည်စုံခြင်း။

၇။ ဘုရားဆုကို အလိုဆန္ဒလည်းရှိခြင်း။

၈။ ဘုရားဆုကိုလည်း တောင်းယူခြင်း။



မှတ်ရန်။ ။ ဤအင်္ဂါရှစ်ပါးနှင့်ပြည့်စုံမှ ဗုဒ္ဓဖြစ်ရမည်ဟု ကျမ်းစာလာသောကြောင့်။ ယခု ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော နောက်ဆုံး ဗုဒ္ဓမှာ ဒီပင်္ကရာထံ ဆုပန်သည်မှန်စေတော့။ ဒီပင်္ကရာမှစသော နှစ်ကျိပ်ရှစ်ဆူအပါအဝင် အခြားအခြား ( ဂင်္ဂါဝါဠု သဲစုမကသော) ဗုဒ္ဓဘုရားတို့သည်၊ ဘယ်ဗုဒ္ဓထံ၌ခံယူပါသနည်း။ ဂင်္ဂါဝါဠုက ဗုဒ္ဓတို့၏ လက်ဦးအစဗုဒ္ဓသည် အဘယ်သူထံ၌ ဗျာဒိတ်ခံယူခဲ့ကြပါသနည်း။

0 comments:

Post a Comment