Friday, February 12, 2010

ဘုရားဟူသည်




လူအပေါင်းတို့သည်၊ ဘုရားမှန်ကို ဆည်းကပ်ကိုးကွယ်မှသာလျှင်၊ အပါယ်ငရဲဒုက္ခမှကင်းဝေး၍၊ နိဗ္ဗာန်ချမ်းသာတည်းဟူသော နိစ္စထာဝရ သုခချမ်းသာကိုခံစား၊ စံစားကြရမည်ဖြစ်သည်။

ဘုရားမှားကို ကိုးကွယ်ဆည်းကပ်လျှင် အပါယ်ငရဲ ဒုက္ခဘုံသို့ရောက်၍။ နိယတအမြဲခံကြရမည်။ ထို့ကြောင့် ဤကမ္ဘာလောကတွင်ရှိရှိသမျှသောလူအပေါင်းတို့သည်၊ ဘုရားမှန်ကိုဆည်းကပ်ကိုးကွယ်ဖို့ရန်သည် အလွန်လိုအပါသောအကြောင်းကြီးတခုဖြစ်သောကြောင့်အလေးအနက်တွေးခေါ်ကာ၊  တမလွန်အတွက်ပြင်ဆင်သင့်ပါကြောင်းပြောကြားပါရစေ။


ထိုနည်းတူစွာမှန်သည်၊မှားသည်ကိုလည်း……ခြင့်ချိန်ရင်း ….နန်အမတ သို့တက်လှမ်းနိုင်စေရန်ရည်စူးလျှက်…….

မှန်သောဘုရားသခင်၏ဂုဏ်အင်္ဂါလက္ခဏာများကိုပြခြင်းအကြောင်းကား  အစိန္တေယျ၊ အပ္ပမေယျ ကျေးဇူးတော်အစုံ ဂုဏ်တော်အပေါင်းတို့နှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရားဟူ၍ ရဟန်း၊ ရှင်လူ အပေါင်းတို့သည် ပမာဏပြု၍ ဘုရားသခင်ကို ရှိခိုးကြပေသည။ မိမိကိုးကွယ်သော ဘုရားသခင်သည် အစိန္တေယျ၊ အပ္ပမေယျ၊ ဂုဏ်တော်လက္ခဏာအပေါင်းတို့နှင့်၎င်း ကျေးဇူးတော်ဂုဏ်တော်အပေါင်းတို့နှင့်၎င်း ပြည့်စုံမှသာလျှင်၊ မှန်သောဘုရားကို ကိုးကွယ်ရာဖြစ်ပေလိမ့်မည်။ အစိန္တေယျ၊ အပ္ပမေယျဟုဆိုသော မာဂဓ ပါဠိဘာသာစကားကို မြန်မာလို အဘိဓါန်ကျမ်းလာရှိသည့်အတိုင်း ပြန်ဆိုရလျှင် အစိန္တေယျ သဒ္ဒါ၊ မကြံစည်အပ်ခြင်း၊ အပ္ပမေယျသဒ္ဒါ မနှိုင်းယှဉ်အပ်ခြင်းဟူ၍ အဓိပ္ပါယ်ရလေသည်။ ဤသို့မကြံစည်အပ်၊ မနှိုင်းယှဉ်အပ်သော ပုဂ္ဂိုလ်မှသာလျှင် ဘုရားမှန်ဟုယးအပ်ပါသည်၊ မှန်သောဘုရား၌ အစိန္တေယျ သဒ္ဒါ ၊ အပ္ပမေယျ သဒ္ဒါ နှင့်အညီ မှန်သောဘုရား၌ လူအပေါင်းတို့ထက်ထူးကဲသော၊ သို့မဟုတ် သာလွန်တော်မူသော ဂုဏ်ထူးဝိသေသတို့ကို အကျဉ်းချုပ်၍ ပိဋကတ်တို့ကပြဆိုသည့်အတိုင်း ဖွင့်ပြပေအံ့။ အစိန္တေယျသဒ္ဒါ၊ အပ္ပမေယျသဒ္ဒါတို့နှင့်အညီ၊ ဂုဏ်တော်၏ အချုပ်ကိုဆိုရပါလျှင် လေးပါးရှိလေ၏။

၁.ရူပအစိန္တေ၊  ရုပ်အင်္ဂါအား မကြံစည်အပ်ခြင်း၊ မကြံစည်ထိုက်။

၂.ဣဒ္ဓိအစိန္တေ၊  တန်ခိုးအရာအား မကြံစည်အပ်၊ မကြံစည်ထိုက်။

၂. ဥာဏအစိန္တေ၊ ညာဏ်တော်အရာအား မကြံစည်အပ်၊ မကြံစည်ထိုက်။

၎. ၀ါစအစိန္တေ ၊ စကားတော်အရာအား မကြံစည်အပ်၊ မကြံစည်ထိုက် ...

ဟူသောမနှိုင်းယှဉ်အပ်သော အနန္တရုပ်တော်၊ အနန္တတန်ခိုးတော်၊ အနန္တဥာဏ်တော်၊ အနန္တစကားတော် အပေါင်းတို့နှင့် ပြည့်စုံတော်မူမှသာလျှင် မှန်သောဘုရားသခင်ဖြစ်တော်မူ၏၊ ကျေးဇူးတော်အစုံဆိုသည်မှာ ဥပမာအားဖြင့်ပြရပါက ဤလောကတွင် မိဘတို့သည် သားသမီးတို့အား သက်သက်ကျွေးမွေးခြင်း ၊ ဆရာသည် တပည့်တို့အား အတတ်ပညာကိုသင်ပေခြင်း၊ တစုံအယောက်သောသူသည်၊ မိမိချစ်ခင်သောသူအား ၀တ္ထုပစ္စည်းတို့ကို သက်သက်ပေးကမ်းခြင်း၊ ကျွေးမွေးခြင်း အရာတို့သည် ကျေးဇူးဟူ၍ခေါ်ကုန်လေ၏ ။ ထို့အတူ မှန်သောဘုရားသခင်သည် ဤကမ္ဘာပေါ်ရှိ လူအပေါင်းတို့အား မိုးကိုရွာပေးတော်မူခြင်း၊ နေ၏အလင်း၊ လ၏အလင်း၊ ကြယ်နက္ခတ်တာရာတို့ကို အလင်းနှင့်တကွ၊ လေကိုရှုဖို့ပေးခြင်း၊ ရေတည်းဟူသော အဟာရမှာစ၍ အချိုအချဉ်၊ ဘေဇာဉ်ခဲဘွယ် အစားအသောက်အမျိုးမျိုးတို့ကို ဥတုရာသီ အလိုက်၊ ဗီဇနိယာမမျိုးနှင့်တကွ၊ ပေသနားတော်မူခြင်းတို့သည်၎င်း၊ ထိုပြင်မှတပါး မွန်မြတ်သောတရားကို ကိုးကွယ်သောသူမှန်သမျှတို့သည် နိစ္စထာဝရ တည်းဟူသော သုခချမ်းသာကို ခံစားစေရန် ပေးသနားတော်မူခြင်းများကြောင့် ကျေးဇူးတော်အစုံဟူ၍ဆိုရပါလေသည်။ ဤသို့ အစိန္တေယျ၊ အပ္ပမေယျ၊ ဂုဏ်တော်များနှင့် ပြည့်စုံသောဘုရားသည် ဘယ်အချိန်အခါ၊ ဘယ်အရပ်ဒေသကဖြစ်သည်၊ မည်သည့်ပုံသဏ္ဍာန်ရှိသည်ဟူ၍ မကြံစည်အပ်၊ မနှိုင်းအပ်ဖြစ်သတည်း၊ မှန်သောဘုရားသည် လောကီပုဂ္ဂိုလ် ဘုရားမဟုတ်၊ လောကုတ္တရာပုဂ္ဂိုလ် ဘုရားသာလျှင်ဖြစ်လေသည်၊ မှန်သောဘုရားသည် ပညာတ်သတ္တ၀ါမဟုတ်၊ ပရမတ်ပုဂ္ဂိုလ်ဖြစ်တော်မူ၏၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားနှင့်မကင်းသော သင်္ခါရနယ် လောကီဘုံအတွင်းမှာ မွေးဖွားခြင်းကိုခံသောပုဂ္ဂိုလ်မဟုတ်၊ အိုခြင်း၊ နာခြင်း၊ သေခြင်းနှင့်အစဉ်ကင်းလွတ်တော်မူ၏၊ နိစ္စ၊ သုခ၊ အတ္တနှင့် ပြည့်စုံတော်မူသော လောကုတ္တရာဘုံရှင်၊ လောကုတ္တရာ၏အရှင်ဖြစ်တော်မူသောကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ နယ်အတွင်းမှာ မွေးဖွားခြင်းခံရသည့်အတွက်၊ ပညာတ်သတ္တ၀ါဖြစ်ကုန်သော၊ လောကီလူသားအပေါင်းတို့က လောကဥာဏ်နု၊ မံသစက္ခု၊ ပညာတ်မျက်စိဖြင့် ကြည့်ရှု၍မေးဖွယ်၊ ကြံဖွယ်ရာမဟုတ်ချေ။ ထိုကဲ့သို့မှန်သောဘုရားသခင်း၏ခြေတော်ရာကို ပိဋကတ်ကသက်သေခံသည့်အတိုင်းပြရပါလျှင်၊ သယမ္ဘူတံဟူ၍ခေါ်သည်၊ သယံ၊ သူမဆိုအလိုလိုဖြစ်တော်မူသောဘုရား၊ အိုခြင်း၊ နာခြင်း၊ သေခြင်းနှင့်မကင်းသော တစုံတယောက်သောသူ၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတို့ကမွေးဖွားသော တရားကျင့်လူဘုရား၊ ဘုရားယောင် ဘုရားတုမဟုတ်ချေ၊ မှန်သောဘုရား၏ အစ၊ ဘုရား၏အခြေကိုလူသည် အဘယ်နည်းနှင့်မျှကြံစည်၍မရနိုင်ါ် ကြံစည်၍မသိနိုင်၊ လူသတ္တ၀ါတို့၏ အစ၊ အဆုံးကို ဘုရားကသာ သိနိုင၍ဘုရား၏အစ၊ အဆုံးကို လူသည်မသိနိုင်၊ ဘုရားမှန်ကား အစအဆံးမရှိချေ၊ ဇာတိတော် နဂိုတော်ကို လူသည်မကြံစည်ပအ်၊ မကြံစည်နိုင်သောကြောင့် ကြံကြီးစည်ရာမပြုသင့်ပါလေ၊ ဤကားပိဋကတ်၏အလိုပင်ဖြစ်လေတော့သတည်း။။


မှန်သောဘုရားသည်၊ ဓမ္မတာတရားဟုခေါ်သော နိယာမတရားကို ပြုပြင်စီရင်တော်မူကြောင်း ........

ပိဋကတ်ကသက်သေခံသည်မှာ။ ဥတု၊ ဗီဇ၊ ကမ္မ၊ စိတ္တ၊ ဓမ္မ၊ ပဉ္စနိယာမော ဗုဒ္ဓင်္ဂလော၊ ဗုဒ္ဓတိဝစနတောအတ္ထော။ ။ဟူ၍န၀မအင်္ဂုတ္ထိုရ်ကျမ်းတွင် ပြဆိုသည့်အနက်ကား၊

ပဉ္စနိယာမော၊ ငါးပါးသောတရားတို့ကို၊

ဗုဒ္ဓင်္ဂလော၊ အလုံးစုံစီရင်ပြုပြင်တော်မူသောကြောင့်၊

ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏၊

ဣတိအယံ၊ ဤသည်သာလျှင်၊

ဝစနတော၊ ဟောသော၊

အတ္ထော၊ အနက်တည်း၊။

၎င်းနိယာမငါးပါးကို ယထာဓမ္မ သာသနာတော်ဟူ၍ ခေါ်ဆိုလေသည်ကို ပါရာဇိကာဏ်ကျမ်းတွင်ပြဆိုသောအရာမှာ၊ ဓပဉ္စမတ္တေ၊ အဟံမမာ၊ တိညနော၊ ယထာဓမ္မဇတ္တဘာသတိ၊ ယထာဓမ္မသာသနန္တိဝုစ္စတိ၊ ဟူ၍ပါဠိပြဆိုသည်ကို တွေ့ရလေသည်၊

အနက်ကား၊

ဓပဉ္စမတ္တေ၊ နိယာမတရားငါးပါးတို့နှင့်ပြုပြင်ခြင်းကိုခံရကုန်သော၊

အဟံမမာတိသညာတော၊ ငါကိုငါဟူ၍ အစရှိသဖြင့် စွဲလမ်းမှတ်သားကုန်သော သတ္တ၀ါတို့ကို။

ဇတ္တရထာဓမ္မံ၊ ဤနိယာမအတိုင်း၊

ဗုဒ္ဒ၊ မြတ်စွာဘုရားသခင်သည်၊

ဘာသတိ၊ စီရင်ဆုံးမကုန်၏၊

ဣတိတသမာ၊ ထို့သို့စီရင်ပြုပြင်ကုန်သောကြောင့်။

ဓပဉ္စမတ္တေ၊ ဤနိယာမတရားငါးပါးကိုသာလျှင်၊

ယထာဓမ္မသာသနန္တိ၊ ယထာဓမ္မသာသနာဟူ၍၊

ဝုစ္စတိ၊ ဆိုကုန်၏၊

၎င်းကျမ်းပါဠိ၏ အဓိပ္ပါယ်မှာ နိယာမတရားငါးပါး၊ ယထာဓမ္မသာသနာတော်မြတ်သည်၊ ဘုရားသခင်၏သာသနာတော်မြတ်ဖြစ်ကြောင်း၊ ဤလောကနှင့်တကွ လူအပေါင်းတို့သည်၊ ရှိခိုးပူဇော်ထိုက်သည်ဟူ၍ ပြဆိုလေသည်။ ၎င်းကိုကား အသိပညာနှင့်ပြည့်စုံသော သူတို့သာလျှင် သိအပ်သည်၊ မိုက်သောသူတို့မှာမူကား၊ သိအပ်သောအရာမဟုတ်ချေ။ ။


0 comments:

Post a Comment