သာသနာတော်ခေါ်ခြင်းအရာကို၊ အဘိဓမ္မတ္ထ၀န္ဒနာကျမ်းတွင်ပြဆိုသည်မှာ၊
ဒိဌဓမ္မိကသပ္ပရာယီက ပရမတ္တေဟိ ယထာရဟံ၊ သတ္တေသာသတိ၊ ဧတေနာတိ သာသနံဟူ၍ ပါဠိလာရှိသည်။ အဓိပ္ပါယ်ကား၊ ဤနိယာမတရားငါးပါးသည်၊ လူသတ္တ၀ါအပေါင်းတို့အား၊ ယခု ပစ္စုပ္ပန်ဘ၀၌ ဓိဌဓမ္မ အကျိုးစီးပွားကို ခံစားရခြင်း၊ တမလွန်ဘ၀၌လည်း အိုခြင်း၊ နာခြင်း၊ သေခြင်နှင့်ကင်းလွတ်စေသော အကျိုးစီးပွားကို ရစေခြင်းငှာ ပြုစုတတ်သော အရာဖြစ်သောကြောင့် သာသနာဟု၍ခေါ်ဆိုလေသည်။ ဤကား ကျမ်းဂါနပါဠိ လာရှိသည့်အတိုင်း ပြဆိုလိုက်ခြင်းပင်ဖြစ်သည်။
၎င်းပြဆိုခဲ့သောနိယာမတရားငါးပါး၊ယထာဓမ္မသာသနာတော်မြတ်ကို၊ဘုရားဖန်ဆင်းပြုပြင်တော်မူပြီးလျှင်၊ ယခုတိုင်ကပ္ပိနိယာမ အမှုဖြင့်အစဉ်ပြုလုပ်တော်မူလျှက်နေတော်မူသည်ကို ပိဋကတ်ကို မသိသောသူတို့က အလိုလိုဖြစ်သည်ဟုပြောဆိုကြလေသည်မှာ အမှားကြီးတချက်ပင်ဖြစ်လေတော့သည်။ သစ်ပင်ပေါ်တွင်ငှက်သိုက်ကိုမြင်လျှင်၊ ငှက်တကောင် ပြုလုပ်နေသည်ကိုမမြင်ရသော်လည်း၊ ငှက်၏လက်ရာဖြစ်ကြောင်း သိနိုင်ပေသည်။ အိမ်တဆောင်ကိုမြင်လျှင်လည်း၊ လက်သမားတဦးတည်ဆောက်သောကြောင့်သာဖြစ်ကြောင်း သိနိုင်ပေသည်၊ အကြောင်းမဲ့ဖြစ်သောအရားသည်မရှိနိုင်။ နေ၊ လ၊ ကြယ်နက္ခတ်၊ မိုး၊ မြေ၊ သမုဒ္ဒရာ၊ သစ်ပင်ပန်းမာလာ စသည်တို့သည်တို့ကို မြင်လျှင်လည်း။ တန်ခိုးကြီးမားသော ဘုရားသခင်၏ တန်ခိုးတော်ကြောင့်ဖြစ်သည်ကို ဥာဏ်အားဖြင့်သိနိုင်ပေသည်။
အစဉ်မပြတ် ကြည့်ရှုစီရင်တော်မူသော အရှင်မရှိလျှင်၊ ဤကမ္ဘာကြီးသည် အလိုအလျှောက်တည်၍ နေနိုင်လိမ့်မည်မဟုတ်။ ထို့ကြောင့် လူမှန်က လူ၏တန်ဖိုးကို သိတန်သလောက်သိရပေမည်၊ ပိုင်းခြားနိုင်စွမ်းငှာလည်းရှိရပေမည်။ ပိဋကတ်ကျမ်းဆရာတို့၏ အလိုမှာကား၊ နိယာမတရားငါးပါး တည်းဟူသော ဓမ္မတာတရား၊ ဥတု၊ ဗီဇ၊ ကမ္မ၊ စိတ္တ၊ ဓမ္မတို့သည် ဘုရားသခင်စီရင်ပြုပြင်ကြောင်း သက်သေခံကြလေသည်။ ဥတု၊ နွေ၊ မိုး၊ ဆောင်းတည်းဟူသော နိယာမတရား၊ဗီဇစပါး၊သစ်သီး၊လူ၊တိရိစ္ဆာန်အစရှိသောနိယာမတရား။ ကမ္မ၊ ပြုပြင်စီရင်ခြင်း၊ အစရှိသော နိယာမတရား၊ စိတ္တ၊ အဆန်းအကျယ်နှစ်သက်ဖွယ်ရာ အစဉ်ဖြစ်ခြင်း နိယာမ။ ဓမ္မကုသလ၊ ကုသလတရားတို့ကို အစဉ်ထားခြင်း၊ နိယာမတရားငါးပါးတို့ကိုစီရင်၍ အစိုးပိုင်တော်မူသော အရှင်ဖြစ်သောကြောင့် ဘုရားမည်၏။ ထိုကဲ့သို့ နိယာမတရားငါးပါး တို့ကို ပြုပြင်နိုင်သောအရှင်ဖြစ်သောကြောင့်သာလျှင်၊ ဒမ္မသာမိအသျှင်ဖြစ်၍ ဘုရားမှန်တော်မူလေ၏၊။ ဤနိယာမတရားငါးပါးအောက်တွင် မွေးဖွားခြင်းကိုခံ၍၎င်း၊ နိယာမတရားငါးပါးတို့၏ ပြုပြင်ခြင်းကိုခံရသော ပုဂ္ဂိုလ် သတ္တ၀ါမှန်သမျှတို့သည် မုချဘုရားမှန်မဟုတ်ချေ။
မြေနှင့်ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းပြုပြင် စီရင်တော်မူသော အရှင်မရှို ဟု ယူသောအယူဝါဒသည်၊ ရှေးအထက်ကပင် ရှိပေသည်။
ဤသို့ယူဆသောသူတို့အား၊ အဟေတုကဒိဌိဟူ၍၊ ပိဋကတ် အင်္ဂုတ္တရအဌကထာ၊ အင်္ဂုတ္တမဧကနိပါတ်၊ မိစ္ဆာဒိဌိသုတ်အဖွင့်တို့တွင်ပြဆိုထားလေသည်မှာ၊ နတ္ထိအယံလောကော၊ နတ္ထိဟေတုပစ္စယော၊ သတ္တာနံဝိသုဒ္ဓိယာ၊ သံကိလေသာယ၊ အဟေတုကဒိဌိယာနာမ၊ အဓိပ္ပါယ်မှာကား၊ မြေနှင့် ခပ်သိမ်းသော လောကဓါတ်တို့ကိုပြုပြင်စီရင်သောအရှင် မရှိဟု ယူဆခြင်း၊ ထိုလောကဓါတ်ပေါ်၌ ရှိသောသတ္တ၀ါ၊ ပုဂ္ဂိုလ်တို့ကို ညစ်ညူး စေခြင်းငှာ၎င်း၊ သန့်ရှင်းဖြူစင်စေခြင်းငှာ၎င်း၊ ပြုပြင်စီရင်တော်မူသော အရှင်မရှိဟူသော အယူဝါဒသည်၊ ရှေးအထက်ကပင် ရှိပေသည်၊ ဤသို့ယူဆသောသူတို့အား အဟေတုကဒိဌိဟူ၍ ပိဋကတ်အင်္ဂုတ္ထရအဌကထာ၊ အင်္ဂုတ္တမဧကနိပါတ်၊ မိစ္ဆာဒိဌိသုတ်အဖွင့်တို့၌ပြဆိုသည်။ နတ္ထိအယံလောကော၊ နတ္ထိ ဟေတုပစ္စယော၊ သတ္တာနံဝါသုဒ္ဓိ၊ သံတိလေသာယ၊ အဟေတုကဒိဌိနိယာမ။ အဓိပ္ပါယ်ကား၊ ဤကမ္ဘာမိုး၊ မြေနှင့်ခပ်သိမ်းသော လောကဓါတ်တို့ကို ပြုပြင်စီရင်တော်မူသောအရှင်မရှိဟုယူခြင်း၊ ထိုကဲ့သို့သောသူတို့သည် အဟေတုကမိစ္ဆာဒိဌိဟူ၍ခေါ်ဆိုသည်။
ဘုရားအတုကိုလုပ်၍ မကိုးကွယ်အပ်ကြောင်း၊ ဆွမ်း၊ ကွမ်း၊ မုန့်ပဲသားရေစာ အစရှိသော အရာတို့မှစ၍ မလှုအပ်ကြောင်းကို ဒိဌိဝိသောဒနီကျမ်းတွင်ပြဆိုသည်မှာ။ ။ အတုလဘဂ၀တော၊ သက္ကာယပူဇ၊အနိစ္စသဇီဝတော၊ အနိဇ္ဇီဝဏေ၊ ကန္တကယေကုဿီဓါ၊ ပိဏ္ဍိပါဒံအလက္ကဋူပါဒါနံ၊ သတ္တအတ္တော မစ္ဆာဒိဌိဟူ၍ပါဠိလာရှိသည်။ အဓိပ္ပါယ်ကား၊....
အစိန္တေယျ၊ အပ္ပမေယျ အရှင်ဖြစ်တော်မူသော၊ အတုမရှိသော မြတ်စွာဘုရားကို၊ အတုသဏ္ဍာန်လုပ်၍ ကိုးကွယ်ခြင်း။ ထိုပြင်မှတပါး၊ ဤလောကအတွင်းမှာ လူထက်မမြတ်သော အရာဌာနတို့ကို လူထက်အမြတ်ထား၍ရိုသေစွာပြုလုပ်ပူဇော်ခြင်း။ တမလွန်သို့ပြောင်းသွားပြီးသောလူသေတို့အား၎င်း၊ ၎င်းတို့၏ ကာယအလောင်းကို ထမင်း၊ ဟင်း အစရှိသောအရာတို့ဖြင့် လူရှင်ကဲ့သို့မှတ်ပြီး လက်မကွာကျွေးမွေးခြင်း၊ ပေးကမ်းခြင်း၊ လှုဒါန်းပြုလုပ်ခြင်းများသည်၊ မသိသောပုထုဇဉ်သတ္တ၀ါတို့၏ မှားသောမိစ္ဆာဒိဌိဟူ၍ဆိုသည်။
၊ အဂ္ဂိဝဇ္ဈပုဏ္ဏားအား ရုပ်တု၊ စေတီ တို့ကို မကိုးကွယ်ရန်ဟောကြားဆုံးမတော်မူခဲ့လေသည်။ ထိုမှတပါး မိမိကာယရုပ်အလောင်းကို အရိုအသေ မပြုလုပ်ရဟုတားမြစ်ပါတ်ပင်တော်မူခဲ့လေသည်မှာ အထင်းအရှားပိဋကတ်တွင်တွေ့နိုင်ပေသည်။
0 comments:
Post a Comment