ဗုဒ္ဓများအကြောင်း။
ဗုဒ္ဓအယူယူသော သူတို့ယုံကြည်သောအယူမှာ၊ ဗုဒ္ဓဟူသော ပုဂ္ဂိုလ်သည်၊ ဧကော ဗုဒ္ဓေါ တပါးတည်း (တစ်ဆူတည်း) သာရှိသည် မဟုတ်ဘဲ၊ ဗဟုဗုဒ္ဓေါ ဂင်္ဂါဝါဠုကံ စုန္နံပရံဇိတွာ ဟူ၍ ယုံကြည်သဖြင့်။ ဂင်္ဂါသဲတူ၊ ပွင့်တော်မူ၊ ဆူဆူများလေပြီ ဟူ၍၄င်း ရေးသားကြလေသည်။ သို့ကြောင့် ဗုဒ္ဓဟူသော မာဂဓ စကား၏ အဓိပ္ပါယ်ကိုမြန်မာစကားအားဖြင့်သိရန် အောက်၌ ဝိဂြိုလ်ကလေးများကို စဉ်းစားရန် ထည့်သွင်းပေအံ့။
သဗ္ဗဓမ္မေဗုဇ္ဈတီတိဗုဒ္ဓေါ။ ။သဗ္ဗဓမ္မေ၊ ခပ်သိမ်းသော တရားတို့ကို။ ဗုဇ္ဈတိ၊ သိ၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏။ ။ ဗုဇ္ဈိတာ သစ္စာနိတိဗုဒ္ဓေါ။ ။သစ္စာနိတိ၊ သစ္စာတရားလေးပါးတရားတို့ကို။ ဗုဇ္ဈိတာ၊ သိတော်မူတတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ဗုဒ္ဓေါ၊ ဗုဒ္ဓေမည်တော်မူ၏။ ။ဗောဒေဘာပဇာယာတိဗုဒ္ဓေါ။ ။သစ္စာနိ၊ သစ္စာတရားလေးပါးတို့ကို။ ပဇာယ၊ သတ္တဝါအပေါင်းတို့အား။ ဗောဓေတော၊ သိစေတော်မူတတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ဗုဒ္ဓေါ၊ ဗုဒ္ဓေ မည်တော်မူ၏။ ။သမ္မာသာမဉ္စသဗ္ဗဓမ္မာနံ ပနဗုဒ္ဓတ္ထာသမ္မာသမ္ဗုဒ္ဓေါ။ ။ဝိသုဒ္ဓိမဂ် အဌကထာ၊ အနုဿတိနိဒ္ဒေသ၊ သမ္မာသမ္ဗုဒ္ဓအဖွင့်မျက်နှာ ၁၇၁ ၌ကြည့်ပါလေ။ ပန၊ ထိုမှတပါး။ သမ္မာအဝိပရိတံ၊ မဖေါက်မပြန်။ သာမဉ္စသယမေဝ၊ အြွကင်းမဲ့သာလျှင်။ သဗ္ဗဓမ္မာနံ၊ြွကင်းမဲ့ကုန်အောင် စုံသော။ ဥေယျဓမ္မတို့ကို။ ဗုဒ္ဓတ္ထာ၊ သိတော်မူပြီးသည့်အဖြစ်ကြောင့်။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏။ဟူ၍လာသည်ကို ထောက်သော်။ သစ္စာတရားကို ကိုယ်တိုင်သိ၍၊ သူတပါးတို့အားလည်း သိစေသော သူကို၊ ဗုဒ္ဓဟု ခေါ်ဆိုရသောကြောင့် ဗုဒ္ဓံဟူသော ပုဂ္ဂိုလ်တို့သည် အတိုင်းမသိများလေသတည်း။
က။ ဗုဒ္ဓလေးမျိုး။
၁။ သုတဗုဒ္ဓ---- စာပေကျမ်းဂန် တတ်သိလိမ္မာ၍ အကြားအမြင်နှင့်ပြည့်စုံသောသူကို ဆိုလိုသည်။
၂။ သဝကဗုဒ္ဓ--- တပည့်ခံ၍ သိကျွမ်း လိမ္မာသူ၊ ရှင်တော်ဂေါတမ၏ တပည့်ရဟန္တာများကဲ့သို့သော သူကိုဆိုလိုသည်။
၃။ ပစ္စေကဗုဒ္ဓ---မိမိအလိုလို သစ္စာတရားကိုသိသောသူ၊ တပါးသောပုဂ္ဂိုလ်၏ သာသနာကိုမှီ၍ သိသည့်သူမဟုတ်။ မိမိအသီးအခြား သိကျွမ်း လိမ္မာသူ၊ အလိုအလျှောက် ဘာသာသိသူဖြစ်၍ ဘုရားငယ်လည်း ခေါ်သေး၏။
၎။ သမ္မာသမ္ဗုဒ္ဓ---ခပ်သိမ်းသော ညေယျဓံတရာတို့ကို အြွကင်းမဲ့ သိနိုင်တော်မူသော မြတ်စွာဘုရားဟု ဆိုသည်။ အထက်ပုဂ္ဂိုလ် ၃ ဦးတို့ထက် ထူးသောသူကို ဆိုလိုသည်။ ထိုသို့ ခွဲခြမ်းစိတ်ဖြာထားကြသော်လည်း၊ ဧကန်ဧက စစ်မှန်သော ဘုရားမူကား မိမိအလိုလို သယံဘူညာဏ်ဖြင့် အလုံးစုံကို အြွကင်းမဲ့ သိမြင်နိုင်တော်မူသော တစ်ဆူတည်းသော ဘုရားရှင်သာလျှင် ဖြစ်ပေတော့သည်။
ခ။ ဘဒ္ဒကမ္ဘာတွင်ပေါ်ထွန်းသော ငါးဆူသော ဗုဒ္ဓတို့၏ မတူညီမှု ရှစ်မျိုးအကြောင်းများ။
၁။ အရပ်တော်ချင်း။
၂။ အသက်တော်ချင်း။
၃။ အမျိုးတော်ချင်း။
၎။ ဒုက္ကရစရိယ ကျင့်တော်ချင်း။
၅။ ရောက်ခြည်တော်ချင်း။
၆။ စီးတော်ယဉ်ချင်း။
၇။ ပွင့်တော်မူသောသစ်ပင်။
၈။ ပလ္လင်တော်ချင်းတို့ဖြစ်သည်။
နောက် သေချာစွာ ရေးပြရမည်ဆိုပါက.....
၁။ ကကုသန် ... အရပ်-- အတောင် ၄၀
အသက်-- ၄၀ဝ၀ဝ
အပင် --ကုက္ကိုလ်ပင်
ရောင်ခြည်တော်-- ၁၀ ယူဇနာစီ
အမျိုး --ပုဏ္ဏား
စီးတော်ယဉ်--ရထား
ဒုက္ကရစရိယာ -- ၇ ရက်
ပလ္လင်-- အတောင် ၂၆ တောင်
၂။ ကောဏာဂုံ ... အရပ် အတောင်-- ၃၀
အသက်-- ၃၀ဝ၀ဝ
အပင် -- ရေသဖန်းပင်
ရောင်ခြည်တော်-- ၁၀ ယူဇနာစီ
အမျိုး --ပုဏ္ဏား
စီးတော်ယဉ်--ဆင်
ဒုက္ကရစရိယာ -- ၆ လ
ပလ္လင်-- အတောင် ၂၀ တောင်
၃။ ကဿပ .... အရပ် အတောင်-- ၂၀
အသက်--၂၀ဝ၀ဝ
အပင် --ပညောင်
ရောင်ခြည်တော် -- ၁၀ ယူဇနာစီ
အမျိုး --ပုဏ္ဏား
စီးတော်ယဉ်--ပြဿဒ်
ဒုက္ကရစရိယာ -- ၇ ရက်
ပလ္လင်-- အတောင် ၁၅ တောင်
၎။ ဂေါတမ ... အရပ် အတောင် ၁၄ တောင်
အသက် ၈၀
အပင် ညောင်ဗုဒ္ဓဟေ
ရောင်ခြည်တော် ၁ လံ
အမျိုး --မင်းမျိုး
စီးတော်ယဉ်--မြင်း
ဒုက္ကရစရိယာ -- ၆ နှစ်
ပလ္လင်-- အတောင် ၁၄ တောင်
၅။ အရိမတ္တေယျ ...အရပ် အတောင် ၈၀
အသက် ၈၀ဝ၀ဝ
အပင် ဂန့်ဂေါ်
ရောင်ခြည်တော် ကုဋေတသိန်းသောစကြဝဠာတိုက်လုံး
အမျိုး --ပုဏ္ဏား
စီးတော်ယဉ်--ပြဿဒ်
ဒုက္ကရစရိယာ -- ၇ ရက်
ပလ္လင်-- အတောင် တောင်
မှတ်ရန်။ ။ဗုဒ္ဓဂေါတမသည်၊ အသက်တော်မှစ၍ အရာရာတိုင်းတို့ငယ် အငယ်ဆုံးဖြစ်လေသည်။ ထိုမှတပါး ၄ ဆူတို့သည် ပုဏ္ဏား မျိုးများဖြစ်၍ အမျိုးတော်တူလေသည်။
0 comments:
Post a Comment