Saturday, January 30, 2010

ဗောဓိပင်နှင့် ပလ္လင်တော်ကိုရ၍ မာရ်နတ်ကိုအောင်ခြင်း။

ဗောဓိပင်နှင့် ပလ္လင်တော်ကိုရ၍ မာရ်နတ်ကိုအောင်ခြင်း။


       သက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၊ ဗုဒ္ဓတကာတို့ လက်ဦးခံမြဲဖြစ်သော၊ သုဇာတာ လှူသော နွားနို့ဆွမ်းမြတ်ကို၊ အဇ္ဇပါလ ညောင်ပင်ရင်း၌ ရွှေခွက်နှင့်ခံတော်မူ၍၊ နေရဉ္စရာမြတ်နားသို့ ရှေ့ရှု ကြွသွားတော်မူလျှက်၊ လေးဆယ့်ကိုးလုပ် ဘုဉ်းပေးတော်မူပြီးလျှင်၊ ဓိဌာန်တော်မူလျှက် ရွှေခွက်ကို မျှောတော်မူပြီးသည့်နောက်၊ နေရဉ္စရာမြတ်နားမှ၊ ဗောဓိမဏ္ဍိုင်သို့ ကပ်ပြီးလျှင် အရှေ့မျက်နှာ အရပ်၌ ဖြန့်ခင်းတော်မူသဖြင့်၊ ၁၄ တောင်ရှိသော ပလ္လင်တော်ပေါ်ပေါက်၍၊ ထိုပလ္လင်တော်ပေါ်ဝယ်၊ ထက်ဝယ်ဘွဲ့ခွေနေတော်မူလေ၏။ ထိုအခါ ဝဿဝတီနတ်ပြည်ကို အစိုးရသော မာရ်နတ်သားသည် ၊ စစ်သည်ဗိုလ်ပါအပေါင်းနှင့် လာ၍ စစ်တိုက်တော်မူသည်ကို ဒါန ပါရမီတော်အားဖြင့် နေမဝင်မီ အောင်တော်မူလေသည်။


       မှတ်ရန်။ ။ အောင်သည်ဟူသော စကားမှာ အဆုံးတိုင်အောင်ရောက်၍ အောင်ပန်ဆွတ်ခူးမှသာ ဆိုအပ်သောစကားပင်ဖြစ်လေသည်။ မာရ်နတ်စစ်သည်များ ပြိုပျက်၍ ထွက်ပြေးရသော်လည်း၊ အသက်တော် ( ၈၀ ) စေ့သောအခါ၌၊ မာရ်နတ်၏ အလို၊ မာရ်နတ်၏ တောင်းဆိုချက်အတိုင်း နားထောင်လိုက်နာ၍ အသက်တော်ကို စွန့်ရရှာလေသည်။ မာရ်နတ်ပြောဆိုလေသည်ကား။ ပရိနိဗ္ဗာနဿုဒါနိ ဘန္တေဘဂဝါ၊ ပရိနိဗ္ဗာနဿုသုဂတော၊ ပရိနိဗ္ဗာနကာလောဒါနိ၊ ဘန္တေဘဂဝါ အစရှိသဖြင့်၊ အသင်သည် ယခုပင်     ပရိနိဗ္ဗာန်ပြုတော်မူပါတော့၊ ယခုပင် အချိန်တန်ခြင်းရောက်ပါပြီဟု ပြောသောအခါ။ ဟယ်....မာရ်နတ်ယုတ်၊ သင်...မကြောက်လင့်၊ ငါသည် ပရိနိဗ္ဗာန်ပြုပါတော့အံ့၊ ဤလမှ သုံးလလွန်သော် ငါသည် ပရိနိဗ္ဗာန်ပြုတော်မူပါအံ့ဟု တိဏ္ဏံမာသနံ မမပရိနိဗ္ဗာယိဿတိ ဟု အခွင့်ပြုရလေတော့သည်။


       ခရစ်ယာန်။ ။ အချင်းစာတန် ငါ့နောက်သို့ဆုတ်လော့..... မာရ်နတ်သည် အထံတော်မှထွက်သွား၏။ မဿဲ ၄း၁၀-၁၁။လုကာ ၄း၁-၁၁။ ဆုံးအောင်လည်း ဖတ်ပါလေ။ ယော ၁၄း၃၀ ၌အသေခံခါနီးလာသော်လည်း အခွင့်မရ၊ မာရ်နတ်ဆုံးရှုံးကြောင်း ထင်ရှားစေတော်မူပါလေသည်။

 

 

ရှင်အာနုရုဒ္ဓါ နှစ်သိမ့်ပြောသောစကား။

 

       ရှင်တော်ဂေါတမ ပရိနိဗ္ဗာန်ပြုသောနောက် ပုထုဇဉ်၊ သောတာပန်  ( အပါယ်လေးဘုံမှလွတ်သူ)သကဒါဂါမ်ဖြစ်ကုန်သော ရဟန်းတို့သည်၊ လက်တို့ကို ချီ၍ လက်နှစ်ဘက်တို့ကို ဦးခေါင်းပေါ်၌တင်၍၊ ငိုမြည်းတမ်းကြကုန်၏။ လူးလည်းလူးကြကုန်၏။ ဘုန်းကြီးတော်မူသော မြတ်စွာဘုရားသည်။ အလွန်လျင်မြန်စွာ၊ နိဗ္ဗာန်ပြုတော်မူ၏၊ ဤသို့မြည်းတမ်းကုန်သည်ရှိသော် အနာဂါမ်  ( အလုံးစုံ ကာမဘုံမှ လွတ်သူ) ရဟန်းတို့ကား သတိပညာနှင့်ပြည့်စုံသည်ဖြစ်၍၊ အဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍။ သင်္ခါရ တရားတို့သည် အမြဲမရှိကုန်။ ဤသင်္ခါရ တရားတို့၌အကျုံးဝင်သော မြတ်စွာဘုရား၏ ကိုယ်တော်ကို မပျက်စီးစိမ့်သောငှါ၊ အဘယ်မှာ ရနိုင်အံ့နည်းဟု နှလုံးသွင်း၍၊ သည်းခံကုန်၏။ ထိုအခါ အရှင်အနုရုဒ္ဓါသည်၊ ရဟန်းတို့ကို ခေါ်တော်မူ၍၊ ငါ့ရှင်တို့ မစိုးရိမ်ကြလင့်၊ မငိြုွေကးကြလင့်၊ ငါတို့မြတ်စွာဘုရားသည်၊ ရှေးဦးစွာကလျင်၊ ဤသို့သော စကားကို ဟောကြားတော်မူပြီမဟုတ်လော။ ချစ်နှစ်သက်အပ်ကုန်သော အဆွေအမျိုး အစရှိသော သူတို့နှင့်၊ နာနာဘာဝ၊ ဝိနာဘာဝ၊ အညာတာဘဝ၊ ကွေကွင်းရခြင်းရှိ၏။ ငါ့ရှင်တို့၊ ဤသင်္ခါရတရား၌ အကျုံးဝင်သော ဘုရားသခင် ကိုယ်တော်ကို မပျက်စီးစေဘဲ၊ အမြဲတည်စိမ့်သောငှါ၊ အဘယ်မှာ ရနိုင်ပါအံ့နည်း။ ငါတို့မြတ်စွာဘုရား ကိုယ်တော်မြတ်သည် ထင်ရှားဖြစ်ခြင်းရှိ၏။ အကြောင်းတရားတို့သည် ပြုပြင်အပ်၏။ ပျက်စီးခြင်းသဘောတရားလည်းရှိ၏။ ထိုမြတ်စွာဘုရား၏ ကိုယ်တော်သည် မပျက်စီးဘဲ အမြဲတည်ပါမူ၊ ကောင်းလေစွာ့ တကားဟု၊ မပျက်စီးကြောင်းကို သင်တို့တောင့်တကုန်၏။ ထိုမပျက်စီးခြင်း အကြောင်းမရှိဟု ရှင်အာနုရုဒ္ဓါဟောလျှက်၊ ရဟန်းတို့ကို နှစ်သိမ့်စေလေသည်။

 

0 comments:

Post a Comment