Saturday, January 30, 2010
ဘွားမြင်တော်မူသည်မှ တော်ထွက်တော်မူသည်ကိုပြခြင်း။
ဘွားမြင်တော်မူသည်မှ တော်ထွက်တော်မူသည်ကိုပြခြင်း။
              ယခုရှိသော ဗာရာဏသီပြည်၏မြော်က၊ အဂ်လိပ် မိုင် ၁၀ဝ ခန့်အကွာ ဟိမဝန္တာ တောင်ကိုမြင်နိုင်လောက်သော၊ သက္ကတိုင်း၊ ကပိလဝတ်ပြည်၊ သကျသာကီဝင်မင်းမျိုးတို့ကို အစိုးရတော်မူသော၊ အာဒိစ္စဝင်မင်းမျိုး သုဒ္ဓေါဓန မင်းကြီး၏ မိဖုရားခေါင် တောင်ညာဒေဝီ မာယာဒေဝီ မိဖုရားကြီးက တပါးတည်း ဘွားတော်မူသော သားတော်ကို၊ ပုဏ္ဏားတို့အနက်၊ ခုနှစ်ဦးသော ပုဏ္ဏားတို့က၊ ထိုမင်းသည်၊ စကြာမင်းသော်၎င်း၊ ဘုရားသော်၎င်း၊ ဖြစ်လတံ့ဟု နှစ်ခွန်းသောစကားဖြင့် နိမိတ်ဘတ်ကြားလျှောက်တင်ကြလေသည်။ အငယ်ဆုံးသော သုဒတ္ထ ပုဏ္ဏားကလေးကား၊ ဘုရားအလောင်း၏ မြတ်သော လက္ခဏာကိုမြင်၍၊ ဤမင်းသားသည် လူ့ဘောင်၌မနေ၊ ဧကန်စစ်စစ်ဝဋ်တရားမှ ပြတ်သောဘုရားဖြစ်လတံ့ဟုဆိုလေသတတ်။ အဘယ့်အကြောင်းကြောင့် တော်ထွက်တော်မူမည်နည်းဟုမေးရာ၊ နိမိတ်ကြီး လေးပါးကိုမြင်တော်မူ၍ တော်ထွက်တော်မူမည်ဟု ဟောသောကြောင့်၊ခမည်းတော်မင်းကြီးသည်၊ သား၏ ဘုရားဖြစ်ခြင်းထက် စကြာမင်းအဖြစ်ကို မြင်လိုရကား၊ ထိုအခါမှစ၍ ပြည်တွင်း၊ ပြည်ပ၊ တဂါဝုတ်( သုံးမိုင်ပါတ်လည်) မျှသော အရပ်တို့၌၊ အစောင့်အကြပ်ကို ထားကုန်လျှက်၊ သူအို၊ သူနာ၊ သူသေ၊ ရဟန်း အသွင်တို့ကို မမြင်စေခြင်းငှါ၊ လွန်စွာ အားထုတ်တော်မူ၏၊ ထိုမင်းသားကို မှည့်ခေါ်သောနေ့၌ကား
သဗ္ဗလောကဿ၊ အတ္တသိဒ္ဓိ ကာရတ္ထာ၊ သိဒ္ဓတ္ထောတိနာမံ၊ အကံသု။ သဗ္ဗလောကဿ၊ အလုံးစုံသော လူ၏၊ အတ္ထသိဒ္ဓိကရတ္ထာ၊ အကျိုးပြီးခြင်းကို ပြုတတ်သောကြောင့်။ သိဒ္ဓတ္ထောတိနာမံ၊ သိဒ္ဓတ္ထ မင်းသားဟူသော အမည်ကို။ အကံသု၊ မှည့်ကုန်၏။
ထိုသို့ အစဉ်အတိုင်း ကြီးပွား၍ အသက်တော် တဆယ့်ခြောက်နှစ် အရွယ်ရောက်လတ်သော်၊ လေးအတတ်ကို ထင်ရှားစွာ ပြပြီးနောက်၊ ယသော်ဓရာ အမှုးရှိသော မင်းသမီးအပေါင်း လေးငါးသောင်းခြံရံလျက်၊ ရမ္မ၊ သုရာမ၊ သုဘ အမည်ရှိသော နန်းပြဿာဒ် သုံးဆောင်တွင်၊ မင်း၏စည်းစိမ်ကို ခံစားပြီးမှ။ အသက်တော် ၂၈ နှစ်ရောက်လတ်သော်၊ လေးလတကြိမ် ဥယျာဉ်တော်သို့ ထွတ်တော်မူစဉ်၊ နိမိတ်ကြီးလေးပါးကို မြင်သဖြင့်၊ ထိတ်လန့်သံဝေဂဖြစ်ပြီးလျှင် အသက်တော် ၂၉ နှစ်တွင် သားတော် ရာဟုလာမင်းသားကို ဘွားမြင်သောနေ့၊ သန်းခေါင်ကျော်အချိန်၌၊ ကဏ္ဍကမြင်းတော် ကိုစီးတော်မူပြီးလျှင်၊ ဆန္ဒအမတ်ကို နောက်ပါခေါ်ပြီးလျှင်၊ တော်ထွက်တော်မူလေသည်။ လမ်းခရီး၌ မာရ်နတ် တားမြစ်ခြင်းကို ပယ်ရှားတော်မူပြီး၊ အနော်မာမြစ်ကို ကူပြီးမှ၊ ဆံတော်ကို ပယ်တော်မူပြီးလျှင်၊ ဃဋီကာရ ဗြဟ္မာမင်း လှူသော သင်္ကန်းတော်ကို ဝတ်ရုံတော်မူပြီး၍၊ ရဟန်းပြုတော်မူ၏။ ထိုနောက်မှ အမတ် ဆန္ဒကိုလည်း သိတင်းတော်ကြားပြောစေခြင်းငှါ၊ မြင်းတော်နှင့် တကွပြည်တော်သို့ပြန်လွတ်တော်မူလေစဉ်၊ မြင်သည် ရင်ကွဲနာကျကာ ဆုံးပါးသွားလေသည်။
မှတ်ရန်။ ။ ( ၁ )သကျသာကီဝင် ဟူသောစကား၏ အဓိပ္ပါယ်မှာကား။ ။သကျဝတော် ဘောရာဇာကုမာရောဟု၊ ဥက္ကကရာဇ်မင်းကြီး၏ စကားကို အစွဲပြု၍ခေါ်၏။ မောင်နှင့်နှမ အိမ်ထောင်ကြသည်ကို ခမည်းတော်မင်းကြီးနှစ်သက်သဖြင့်။ ။ဘော၊ အို အချင်းတို့။ ရာဇာကုမာရော၊ မင်းသားတို့သည်ကား။ သကျာဝတ၊ အမျိုးအနွယ်ကို စောင့်နိုင်ကုန်စွတကားဟူသော စကားကိုပင် စွဲ၍ ခေါ်သော အမည်ဖြစ်၏။ ။ထို့ကြောင့်၊ ဒေဝဒဟ၊ ကပိလတွင် နှမနှင့် မောင် ပြည်တည်ထောင် ဟူ၍လာ၏။
မှတ်ရန်။ ။ ( ၂ ) အာဒိစ္စဝင်ဆိုသော် အစပဌမမင်းမျိုးကိုဆိုလိုသည်။ ထို့ကြောင့် အဂ္ဂညသုတ်ပါဠိတော်၌။ ။မဟာဇန သမ္မတော်တိခေါဝါသေဌ။ မဟာသမ္မတောတွေဝ ပဌမံအက္ခရံဥပနိဗ္ဗတ္တံ။ ။ဝါသေဌံ၊ ဝါသေဌံ၊ မဟာသမ္မတော၊ လူများ သမုတ်အပ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ မဟာသမ္မတောတွေဝ၊ မဟာသမ္မတ ဟူ၍သာလျှင်။ ပဌမံ၊ လက်ဦးစွာသော။ အက္ခရာသည်။ ဥပနိဗ္ဗတ္တံ၊ဖြစ်၏။
       သုတ်သိလက္ခန် အဌကထာ၊ အမ္ဗဌသုတ်အဖွင့်၌။ ။ပဌမံ၊ ကပ္ပိကာနံ၊ ကိရရညော၊ မဟာသမ္မတဿရောရာဇနာမပုတ္တော အဟောသိ။ အစရှိ ပဌမ မဟာသမတမင်းက ဆင်းသက်၍ လာကြောင်း ကျမ်းအစောင်စောင်တို့၌ ဘော်ပြထား၏။
       ဆင်ခြင်တုံတရားကား။ ။ဤကမ္ဘာ၌ လေးဆူသော ဗုဒ္ဓတို့တွင် နောက်ဆုံးဖြစ်သော ဗုဒ္ဓအလောင်းသည်။ ဤကမ္ဘာ၌ ပဌမ မဟာသမတမင်းဖြစ်ခဲ့၏။ ကျမ် ၃ ဆူသော အလောင်းတို့ကာ၊ အဘယ့်ကြောင့် မဖြစ်ပါသနည်း။ သူ့ကပ်နှင့်သူ့ဘုရားအလောင်းဟု ဘယ်သူမျ မလှည့်ဖြားစေနှင့်၊ အဂ္ဂညသုတ် ပါဠိတော်၌။ ဝိဇဋ္ဋဌာယီကပ်ဦးအစဟု၍ သေချာစွာ ဟောထားခဲ့လေပြီ။
       ဝိသုဒ္ဓိမဂ်အဌကထာအဘိညာနိဒ္ဒေသပါဠိ စာမျက်နှာ ၄၃၊ နိဿယ မျက်နှာ ၄၄ ၌၊ ဣမသိံတာသကပ္ပေ၊ ဤဘဒ္ဒကမ္ဘာ၌၊ ဗောဓိသတ္တာဘူတော၊ ထင်ရှားဖြစ်သော ဘုရားအလောင်းသည်၊ အယမေဝဘဂဝါ၊ ဤငါတို့ ဘုရားမြတ်စွာပင်တည်းဟု သေချာစွာ ဘော်ပြလေပြီ။
မှတ်ရန်။ ။ ( ၃ )ဘွားဘက်တော် ခုနှစ်ပါး။
       သိကြားထုတ်ဘော်၊ ဘွားဘက်တော်ကား၊ ယသော်ဓယာ၊ အာနန္ဒာနှင့်၊ မဟာသမ္ဗောဓိ၊ ကဏ္ဍကမြင်း၊ ကျွန်ရင်းငဆန်၊ မတ်မွန်ကာလု၊ လေးခုရွှေအိုး၊ ကျမ်းရိုးဟောထား၊ ခုနှစ်ပါးဟု ပညာရှိတို့ စပ်ဆိုကုန်သည်၊ ၄င်းကို၊ မာလာလင်္ကာယဝတ္ထု၊ စာမျက်နှာ ၁၆ မှာကြည့်ပါလေ။ ။ရွှေအိုးလေးလုံးမှာ သင်္ခ၊ ဇာလ၊ဥပ္ပလ၊ပုဏ္ဍရိက၊ တဂါဝုတ်ကစ၍ တယူဇနာထိကျယ်၏၊ စောက်အနက်ကား ၂၄၀ဝ၀ဝ ရှိသည်ဆိုသတည်း။ ၁ ယူဇနာကား၊ ၁၃ မိုင်ခွဲ၊ အချို့က ၁၂ မိုင်၊ ယခု ပြန်၍ ခေတ်နှင့်ညီထွေ၊ ယုံကြည်စေရန်၊ တည်းဖြတ်ရေးသား၊ ဆိုကြစကားက၊ယူကြရာယူဇနာ၊ ၈ မိုင်သာတည်း။ ထိုသို့ဆိုသော် ၄ ဂါဝုတ်တွင်၊ ယူဇနာယှဉ်၍၊ ၁ ဂါဝုတ်ကား  ၃ မိုင်ထားမလား၊ ၂ မိုင်ထားမည်လားဆိုသည်ကို စာရှုသူသာကြည့်ပြင်ပါတော့။
မှတ်ရန်။ ။ ( ၄ ) ဘွားခဏခြင်း စကားဆိုခြင်း။
       ရှင်တော်ဂေါတမသည် မွေးဘွားစ၌ပင် မြောက်မျက်နှာသို့ ခုနှစ်လှမ်ြးွကလျှက်၊ အဂ္ဂေါဟသမိံ လောကဿ၊ သေဌောဟသမိံ လောကဿ၊ ဒေဌောဟသမိံ လောကဿ၊ အယမန္တိမာဇတိ၊ နတ္ထိဇာတိ၊ ပုနဗ္ဘဝေါဟု သံမွှမ်းကျူးတော်မူလေသည်။ အဓိပ္ပါယ်မှာကား ဤလောက၌၊ ငါသာ အတတ်ဆုံး၊ အမြတ်ဆုံး၊ အသိဆုံး၊ အရာရာတို့အထက်တွင် ငါသည်ရှိတော်မူပြီ ဟူသတည်း။
မှတ်ရန်။ ။ ( ၅ ) ယသောဓရာ အမှုးရှိသော မယားများ။
       ယသောဓရာ အမှုးရှိသော မင်းသမီးအပေါင်းတွင်၊ ထင်ရှားသော မိဖုရားခေါင်ကြီး  ၅ ပါးနှင့် သားတော် ငါးပါးတို့ကို ဟံသာဝတီတိုက်ထုတ်၊ ဗုဒ္ဓဝင်ဝတ္ထု၊ စာမျက်နှာ ၁၅၅ တွင် ဖေါ်ပြထားသည်မှာ အောက်ပါအတိုင်းပင်ဖြစ်လေသည်ကို ပြည်သူအများသိစေရန် ရေးသာတင်ပြလိုက်ပါသည်။
         ၁။ ယသောဓရာ နှင့် သားတော် ရာဟုလာ။
       ၂။ သုမိတ္တာ နှင့် သားတော် ပုတ္တ။
       ၃။ ကဉ္စန နှင့်သားတော် ဥပရောဂ။
       ၄။ မင်္ဂလ နှင့် သားတော် သင်္ဃာဝရ။
       ၅။ မလ္လိကာ နှင့် သားတော် ဇာတိဝရ။
မှတ်ရန်။ ။ ( ၆ ) ကပ္ပိလဝတ်ပြည်သည်၊ နိပေါပြည်ဖြစ်၍၊ လုဗ္ဗနီဥယျာဉ်သည် ပါလိပနယ်တွင် တည်ရှိကြောင်း၊ ခရစ်တော် မပေါ်မီ၊ သီရိဓမ္မာသောကမင်း စိုက်ထူထားသော၊ အာသောကာကျောက်စာလာရှိသည့်အတိုင်း တွေ့သိရကြောင်း ရှေးဟောင်း ရှာဖွေရေးအဖွဲ့ထုတ် သတင်းစာတွင်တွေ့ရလေသည်။
       ခရစ်ယာန်။ ။ခရစ်တော် ဘွားမြင်တော်မူခြင်းကို လုကာ ၂း၈-၂၀ တွင်ကြည့်နိုင်လေသည်။ ခရစ်တော်သည် အစဉ်အတိုင်းကြီးထွား၍၊ အသက်တော် ၃၀ တွင် နှစ်ခြင်းမင်္ဂလာကို နှစ်ခြင်းဆရာ ရှင်ယောဟန် ထံတွင် ယော်ဒန်မြစ်၌ ခံယုတော်မူခဲ့လေသည်။ မဿဲ ၂း၁၃-၁၇။ နှစ်ခြင်းခံခြင်းသည် တော်ထွက်ခြင်း မဟုတ်၊ ဘိသိပ်ခံခြင်းသာဖြစ်သည်။
0 comments:
Post a Comment