Saturday, December 5, 2009

ခရစ်ယာန် ဘာသာများအတွက် အမြင်မရှင်းသော မေးခွန်းများ၏ အဖြေလွှာများ ။

၁။ ကောင်းကင်နှင့်မြေကြီး မဖန်ဆင်းခင် ထာဝရဘုရား သခင် အဘယ်မှာနေပါသနည်း။

ပရိတ်ကြီးပါဠိတော်၊ ရတနာသုတ်၌ ၊ ဝရောဝရညုဝရဒေါဝရဟရော အနုတ္တရောဓမ္မာရံ အဒေသယိ ဟော တော်မူလေသည်။ ။ အနက်ကား။ ။ ဝရော၊ မြတ်သော။ ဝရညု၊ မြတ်သော တရားကို သိတော်မူတတ်သော။ ဝရဟရော၊ မြတ်သော အစီးပွားကိုလည်း ဆောင်တော်မူတတ်သော။ ဝရဒေါ၊ မြတ်သော လောကုတ္တရာ တရားကိုလည်း ပေးတော်မူတတ်သော။ အနုတ္တရော၊ လွန်သောသူမရှိသော မြတ်စွာဘုရားသည်။ ဓမ္မဝရံ၊ ပရိယတ္တိ တရားတော်မြတ်ကို။ အဒေသယိ၊ ဟောတော်မူ၏ ဟုလာသောကြောင့်၊ ဘုရားကဟောမှ တရားတော်ရှိကြောင်း ထင်ရှားလေသည်။ ထိုသို့ဖြစ်လျှင်  ဘုရားသည် တရားတော် အရင်ရှိနှင့်သတည်း။
သမ္မာကျမ်းစာ၌ကား ဘုရားသခင်ဟူသည် ပုဂ္ဂိုလ်တော်သည် ပကတိအားဖြင့် ဘုရားဖြစ်တော်မူသောကြောင့် သယမ္ဘူဖြစ်တော်မူ၏။ "ဘုရားသခင်ကလည်း ငါဖြစ်သည့်အတိုင်း ငါဖြစ်၏" ( ထွက်မြောက်ရာ ၃း၁၄)။ ပါရမီဖြည့်ကျင့်သောကြောင့် ဘုရားမဟုတ်၊ ဘုရားဖြစ်သောကြောင့် ဘုရားဖြစ်၏။ ကောင်းမြတ်စုံလင်သော ဆုကျေးဇူး ရှိသမျတို့သည် အလင်းတို့အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။ ထိုအဘသည် ပြောင်းလဲခြင်းမရှိ၊ လှည့်၍လည်း အရိပ်ကျစေတော် မမူတတ်၊ ယာကုပ် ၁း၁၇ ၌လာသည့်အတိုင်း။ မြတ်စွာဘုရားသခင်သည် စုံလင်တော်မူသော အရှင်ဖြစ်၍၊ သာ၍စုံလင်တော်မူရန်မလို၊ မစုံလင်သော လူသတ္တဝါသာလျှင် စုံလင်အောင် ကျင့်ရ။ ပါရမီဖြည့်ရလေသည်။ ထိုကျမ်းစာ စကား၌ "ပြောင်းလဲခြင်းမရှိ" ဟုလာသောကြောင့်။ ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက်မှ  နောက်ကမ္ဘာအဆက်ဆက်တိုင် ထာဝရဘုရားဖြစ်တော်မူ၏။

၂။ ထာဝရ ဘုရားကို မည်သူဖန်ဆင်းခဲ့သနည်း။ ထာဝရဘုရား၏ အတ္ထုပ္ပတ္တိကို ဖေါ်ပြပါ။

မေးခွန်းနံပါတ် (၁) နှင့် (၂) တို့၏ အဓိကမေးလိုသောမေးခွန်း၏ ဆိုလိုရင်းမှာ အဓိပ္ပါယ်မှာ တူညီနေသောကြောင့် ဤနေရာတွင် ဖြေဆိုရာတွင် ထပ်လောင်း၍ရှင်းလင်းစေရန် ဆက်လက်၍  ရေးသားသွားပါမည်။

အတုမရှိသော ဘုရားသခင်ကို၎င်း၊ ဘုရားသခင်ဖန်ဆင်းတော်မူသော လောကဓါတ်ကို၎င်း၊ မကြံစည်အပ်သည်ကို ပိဋကတ်ကျမ်းလာသည်နှင့်အညီ ပြဆိုညွန်ပြသွားပေအံ့။လောကေ၊ လောကကို၊ နစိန္တတံ၊ မကြံစည်အပ်သည်ကို စိန္တာယဿ၊ ကြံစည်သောသူအား ဥမ္မတဿ၊ သူရူးနှင့်လည်းတူ၏။  အဝိဂတဿ၊ စိတ်ဖေါက်ပြန်သောသူနှင့်လည်းတူ၏။
ဗုဒ္ဓဿ၊ အတုမရှိသောမြတ်စွာ ဘုရားသခင်ကို၎င်း၊ နစိန္တတံ၊ မကြံစည်အပ်သည်ကို စိန္တာယဿ၊ ကြံစည်သောသူအား ဥမ္မတဿ၊ အရူးနှင့်လည်းတူ၏ဟု လောကဒီပကာသာရကျမ်း၌ ပြဆိုထားပါသည်။

မကြံစည်အပ်သော အရာများ။
၁။ ဗုဒ္ဓဝိသယော။ ဘုရားသာသိအပ်သည်ကို မကြံစည်အပ်။
၂။ ဈာယိဿ။ ဈာန်အဘိညာဉ်အရာကို မကြံစည်အပ်။
၃။ ကမ္မဝါပါကော။ ကံ၏ အကျိုးပေးပုံကို မကြံစည်အပ်။
၎။ လောကောစိန္တာ၊ နေ၊ လ စသော လောကတည်ပုံကို မကြံစည်အပ်။
ကြံစည်လျှင် ရူးသွပ်ခြင်း၊ ဆင်းရဲခြင်း၊ ပင်ပန်းခြင်း အဖို့ဖြစ်၏။ (အင်္ဂုတ္ထိုရ်ပါဠိ စတုက္ကနိပါတ် အပဏ္ဏကဝစ်)။
မှန်သော ဘုရားသခင်၌ လူအပေါင်းတို့ထက်သာလွန် ထူးကဲ့တော်မူသော အစိန္တေယသဒ္ဒါ၊ အပမေယသဒ္ဒါတို့နှင့် အညီ ဂုဏ်တော်၏ အချုပ်ကိုဆိုလျှင် လေးပါးရှိ၏။ လေးပါးဟူမူကား…….
၁။ ရူပအစိန္တေယ။
၂။ ဣတ္ထိအစိန္တေယ။
၃။ ညဏအစိန္တေယ။
၎။ ဝါစအစိန္တေယဟူ၍ ဂုဏ်ပုဒ်လေးပါရှိတော်မူ၏။ ထိုအနန္တဂုဏ်ပုဒ်လေးပါး မဂဓပါဠိစကားတို့ကို အဘိဓါန်ကျမ်လာသည့်အတိုင်း မြန်မာလိုပြန်ဆိုလျှင် ရူပါအစိန္တေယပုဒ်၌ ရူပါ၊ ရုပ်၊ အစိန္တေယ၊ မကြံစည်အပ်။ အပမေယ၊ မနှိုင်းယှဉ်အပ်။ ဣတ္ထိအစိန္တေယပုဒ်၌ ဣတ္ထိ၊ တန်ခိုးတော်၊ အစိန္တေယပုဒ်၌ ဥာဏ်တော်ကို၊ အစိန္တေယ၊ မကြံစည်အပ်။ အပမေယ၊ မနှိုင်းယှဉ်အပ်။ ဝါစအစိန္တေယ၊ ဝါစ၊ စကားတော်၌၊ အစိန္တေယ၊ မကြံစည်အပ်၊ အပမေယ၊ မနှိုင်းယှဉ်အပ်။ ထိုသို့ မကြံစည်အပ်၊ မနှိုင်းယှဉ်အပ်သော အနန္တရုပ်တော်၊ အနန္တတန်ခိုးတော်၊ အနန္တစကားတော် အပေါင်းတို့နှင့်ပြည့်စုံတော်မူသော်မူမှသာလျှင် လူအပေါင်းတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော မှန်သော ဘုရားသခင်ဖြစ်တော်မူ၏။
ကျေးဇူးတော်အစုံ၊ ဂုဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော ဘုရားသခင်သည် အဘယ်အချိန်ကာလကစ၍ အဘယ်တိုင်းနိုင်ငံ၊ အဘယ်အရပ်ဒေသတို့တွင် ဖြစ်သနည်းဟု ကြံစည်၍မေးဖွယ်ရာမရှိ။ အဘယ့်ကြောင့်ဆိုသော် မှန်သော ဘုရားသည် လောကီပုဂ္ဂိုလ်မဟုတ်၊ လောကုတ္တရာ ပုဂ္ဂိုလ်ဖြစ်တော်မူ၏။ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားတို့နှင့်မကင်းသော သင်္ခါရနယ်၊ လောကီဘုံသားအတွင်းမှာ မွေးဘွားခြင်းကို ခံသောပုဂ္ဂိုလ်မဟုတ်၊ အိုခြင်း၊ နာခြင်း၊ သေခြင်းနှင့်အစဉ်ကင်းစဉ်တော်မူ၍၊ နိစ္စ၊ သုခ၊ အတ္တနှင့်ပြည့်စုံတော်မူသော လောကုတ္တရာ၏ ဘုရားဖြစ်တော်မူသောကြောင့်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တနယ်အတွင်းမှာ မွေးဘွားခြင်းကိုခံရသည့် ပညတ်သတ္တဝါဖြစ်ကြကုန်သော လောကီဘုံသား အပေါင်းတို့က လောကီညာဏ်နု၊ မံသစက္ခုပညတ် မျက်စိဖြင့် ကြည်ရှု၍ မေးဖွယ်ကြံဖွယ်ရာ မဟုတ်ချေ။ ( တိပိဋကတ် ဝိနိစ္စယကျမ်း။ မောင်ပန်းရည်၊ ဒု-တွဲ၊ နှာ ၁၄-၁၆)။
သမ္မာကျမ်းစာလာသည့်အတိုင်း၊ ပရောဖက် ဟေရှာယ " ထာဝရ ဘုရားမိန့်တော်မူသည်ကား…… ငါ့ရှေ့မှာ ဖန်ဆင်းရာထဲက အဘယ်ဘုရားသခင်မျှ မဖြစ်၊ ငါ့နောက်မှာလည်း အဘယ်ဘုရားသခင်မျှမရှိရာ…… နေ့ရက်ကာလ မဖြစ်မှီ ငါသည် ဘုရားဖြစ်၏" ( ဟေရှာယ ၄၃း၁၀-၁၃)။ "ငါဖြစ်သည့်အတိုင်း ငါဖြစ်၏" ( ထွက်မြောက်ရာ ၃း၁၄)။ "ငါသည် အာလဖဖြစ်၏၊ ဩမေဃလည်းဖြစ်၏၊ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏၊ အစနှင့်အဆုံးလည်းဖြစ်၏" ( ဗျာဒိတ် ၂၂း၁၃)။
ယနေ့မျက်မှောက်ခေတ်တွင် လူတို့သည်"သာသနာတော် နှစ်ထောင်ကျော် နောင်သော်ရောက်သောအခါ၊ တရားကင်းကြ ခပင်းပါပ မုချ အုပ်စိုးမှာ"ဆိုသော စကားအတိုင်း ယနေ့လူတို့သည် ဘုရားကားအောက် မျောက်ကား အထက်ဆိုသည့်အတိုင်း မိမိ အလိုဆန္ဒကို ရှေ့တန်းတင်ကာ၊ ပါးစပ်က လူမြင်ကောင်းအောင် "ဘုရား၊ ဘုရား ဟူ၍ " တကာအော်နေကြသော်လည်း လက်တွေ့ကျင့်သုံးရာတွင်မူကား ဘုရားကို ပေယျာလကံပြုကာ နေကြလေတော့သည်တကား။ အတိအလင်း ဥကမာကို ပြဆိုရပါက၊ "အဇ္ဇတဂ္ဂေပါဏုပေတံ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ" အသက်ထက်ဆုံး ဘုရားအား ကိုးကွယ်ရာ အဖြစ် ဆည်းကပ်ပါသည်ဟု ဆိုငြားလည်း။ တဖက်၌ကား " အတ္တာဟိ အတ္တနောနာထော ကောဟိနာထော ပရောသိယာ" မိမိကိုယ်သာ အားကိုးရာဟူ၍ အပြောနှင့် အလုပ်မညီညွတ်ကြပါတော့ချေတကား။ ဤ၍ကား အမှန်အကန်ဖြစ်နေသော ယနေ့ မျက်မှောက် လောကီသားတို့၏ အခြေအနေမှန်ပင်ဖြစ်ပေတော့သတည်။
တစ်ရံရောအခါ၊ ယုံကြည်သူ ခရစ်ယာန် ပညာရှင်တစ်ဦးနှင့် မယုံကြည်သူ ဘုရားမဲ့ ဝါဒီပညာရှင်တို့သည် လုပ်ဖေါ်ဆောင်ဖက်များဖြစ်ကြ၍ တစ်ဦးနှင့် တစ်ဦး ကူညီယိုင်းပင်းကာ ချစ်ချစ်ခင်ခင် ရင်းနှီးသောမိတ်ဆွေများဖြစ်ကြသည်။ တစ်နေ့သ၌ ခရစ်ယာန် မိတ်ဆွေက မိမိအိမ်၌ စာကြည့်ခန်းတွင် စကြာဝဠာအတွင်း ဂြိုလ်ကြီးကိုးလုံး၏ လည်ပါတ်ပုံကို ပုံစံငယ်ထုတ်ထားသည့်အတိုင်း ပုံဖေါ်၍ မော်တာကို အသုံးပြုကာ စကြာဝဠာအတွင်း ဂြိုလ်ကြီးကိုးလုံးတို့၏ ဂြိုလ်ပတ်လမ်းကြောင်း အသီးသီးတို့၌ လည်ပတ်ပုံကို တီထွင်ဖန်တီးနိုင်ခဲ့လေသည်။ တစ်နေ့မှာတော့ သူ့ရဲ့မယုံကြည်သူ မိတ်ဆွေကို ညစာမိတ်ဆုံစားပွဲလာရောက်ဖို့ ရက်ချိန်းပေးပြီး ဘိတ်ကြားထားပါသည်။ အချိန်တန်သည်ရှိသော်၊ မယုံကြည်သူ မိတ်ဆွေရောက်လာပြီး၊ ပြင်ဆင်ထားသော ညစာစားပွဲကို နှစ်ဦးသား မြိန်ရည်၊ ယှက်ရည်ဖြင့် သုံးဆောင်ခဲ့ကြသည်။ စားပြီးသည့်အခါတွင် ခရစ်ယာန် မိတ်ဆွေက၊ သူ့ရဲ့ မယုံကြည်သူ၏ လက်ကိုကိုင်ဆွဲကာ မိမိ၏ စာကြည့်စားပွဲခန်းသို့ ခေါ်ဆောင်သွားပါတော့သည်။ မယုံကြည်သူ သူ့မိတ်ဆွေသည် ၄င်းစကြာဝဠာပုံစံငယ်လေးကို သက်ဝင်လှုပ်ရှားနေသည့် အလားအလာကို မြင်လိုက်ရသည်နှင့် ခဏတာမျှကြည့်ရှုပြီး သူ့ရဲ့ခရစ်ယာန် မိတ်ဆွေဘက်သို့လှည့်ကာ  မေးလိုက်သည်။
"ဒါဘယ်က ရလာတာလည်း။ တော်တော့ကို ပီပြင်တာဘဲ။ ဘယ်သူလုပ်တာလဲ"
ခရစ်ယာန်မိတ်ဆွေကလည်း အေးအေးဆေးဆေးဘဲပြန်ဖြေပါတယ်။
"ဘယ်သူမှ မလုပ်ပါဘူးကွာ၊ သူ့ဟာသူဖြစ်လာတာပါ" ဟူ၍ပြန်ဖြေလိုက်လေသည်။
ဒီအဖြေကို မယုံကြည်သူ မိတ်ဆွေက မကျေနပ်သည့်အတွက် ခရစ်ယာန် မိတ်ဆွေဘက်သို့ လှည့်ပြီး ပြောသည်မှာ။
" ဒီမှာ မင်းငါ့ကို အရူးအောက်မေ့နေလို့လား၊ ငါယုံမယ်များ မင်းထင်သလား"ဟူ၍ ဆိုလိုက်လေသည်။
အဲ့ဒီအခါမှာ
"အေးဟုတ်ပေသားပဲ"ဟု ဆိုကာထွက်ခွါသွားလေသည်။
ထိုနည်းတူစွာပင် အဆွေ၏ မေးခွန်းများအား ဤမျဖြေကြားရင်း ရပ်နားလိုက်ပါတော့မည်။

၃။ မွေးဖွာလာစကပင် တစ်ဦးနှင့် တစ်ဦး မတူညီဖြစ်ရသည့်အကြောင်းမှန်ကို ရှင်းပြပါ။

ပိဋကတ်ကျမ်းအဆိုအမိန့်အတိုင်း လူတမျိုးနှင့် တမျိုး၊ အယုတ်အမြတ်မှတ်သားလျှက် ရှိလေသည်။ အထူးသဖြင့် ကရင်နှင့် ချင်းလူမျိုးကို ယုတ်ညံ့သော လူသားများအဖြစ် ရှုမြင်သုံးသပ်ပုံကို ပိဋကတ်ကျမ်းလာရင်းအတိုင်း ပြဆိုပေအံ့။
ဒုစရိုက်ဆယ်ပါး၊ အကုသိုလ် တရားတို့ကို လိုက်စားပြု၍ လုပ်အားထုတ်ကျင့်ကြံသောသူတို့သည် သေသည့်အခြားမဲ့၌ ငရဲစသော အပါယ်လေးပါးသို့ သွားရောက်ခံစားရပါသည်။ ငရဲအစရှိသော အပါယ်လေးပါးမှ လွတ်၍ လူဖြစ်ပြန်ပါကလည်း ကံဟောင်းနေ့က ဖန်တီးပုံအရကြောင့် ဝိပါက အကျိုးပေးလျှက်ရှိ၏။ အဆိုပါ ဒုစရိုက်ဆယ်ပါး အကုသိုလ် တရားတို့၏ ဝိပါက အကျိုးပေးပုံမှာ ပါဏာတိပါတ ကံကြောင့် အနာရောဂါများ၍ အသက်တိုရခြင်း။ အဒိန္နာဒါနကံကြောင့်  စည်းစိမ်ဥစ္စာ မတည်ကြရခြင်း။ ကာမေသုမိစ္ဆာစာရကံကြောင့် မိန်းမ၊ ယောင်္ကျားကောင်းဘဝကို မရရခြင်းဖြစ်သည်။ မုသာပြောသောကြောင့် ခံတွင်းပုတ်၍၊ သူတကာက မိမိပြောသောစကားကို မယုံကြည်ခြင်း။ စသည်ဖြင့် တွေ့ရပါသည်။ ထိုဗျာပါဒကံကြောင့် ထွီဖွန်ဟာဟေး၊ တံတွေးထွေးလျှက်၊ ဟန်ရေးမသာ ရွှံရှာစက်ဆုပ်၊ ရတနာသုံးအင်၊ နှလုံးမယှဉ်တဲ့၊ ကရင်၊ ချင်းရိုင်း၊ ထိုင်းမှိုင်းပူထူ၊ မလက္ခုအမျိုး၌ ဖြစ်ရခြင်း၊ ဤသို့သော အပြစ်များကို ကာလရှည်လျားအောင် ခံစားရပါသည်။ (ဂီဟီဝိနယငါးစောင်တွဲကျမ်း။ စာမျက်နှာ ၈)။

တဖန်။ ။ရှင်တော်ဂေါတမ အလောင်း နိယတဗျာဒိတ် ခံသည်ကိုပြခြင်းကိုကြည့်ပါကလည်း ငုံးငှက် တိရိစ္ဆာန်အဖြစ်မှသည် ဇာတ်နုငါးရာ၊ ငါးဆယ့်ဘွဲ့ထဲတွင် ဝေဿန္တရာဇာတ်ကို အဆုံးထား၍ သုတ္တံနိပါတ်၊ အဌကထာ၊ ဗုဒ္ဓဝင် အပါအဝင် အပါဒါန်ကျမ်းတို့တွင်ပြသည်။ ထို့ကြောင့် ၄င်းပြဆိုခဲ့သော အကြောင်းအရာတို့တွင် ချင်း၊ ကရင်၊ တောင်သူလူမျိုးတို့သည် မိမိကိုယ်ကို စဉ်းစားဆင်ခြင်လျှင် ရှင်တော်ဂေါတမကို အလွန်စိတ်နာစရာကောင်းပေသည်။ အဘယ့်ကြောင့်ဆိုသော် ရှင်တော်ဂေါတမအလောင်းသည် ငုံးငှက်အောက်ငယ်သော တိရိစ္ဆာန်နှင့် ဆင်ထက်ကြီးသော တိရိစ္ဆာန်အမျိုး၌သာလျှင် မဖြစ်သည်။ ၄င်းငုံးငှက်နှင့် ဆင်တို့အကြားရှိသော တိရိစ္ဆာန်တို့၌ တမျိုးမျိုးတွင်ဖြစ်နိုင်သော်လည်း။ ချင်း၊ ကရင်၊ တောင်သူအမျိုးတို့တွင်ကား အလျှဉ်းမဖြစ်နိုင်ဆိုသောကြောင့်၊ ဗုဒ္ဓဘာသာပိဋိကတ်ကျမ်းဆိုအလိုအားဖြင့် ချင်း၊ ကရင်၊ တောင်သူတို့ကို တိရိစ္ဆာန်ထက် ယုတ်ညံ့သည်ဟုဆိုသော်လည်း၊ စဉ်းစားဆင်ခြင်၍ အမြော်အမြင်ရှိသော ချင်း၊ ကရင်၊ တောင်သူလူမျိုးတို့မှသာလျှင် ရှက်ကြောက်နာကျင်ခြင်းရှိမည်။ နတ်မိမ္ဆာနှင့် ခေါင်ရည်ကို မစွန့်လိုသည့် ချင်း၊ ကရင်၊ တောင်သူတို့မှာ ရှက်ကြောက်ခြင်း၊ နာကျဉ်ရခြင်းကောင်းသည် ရှိမည်မဟုတ်။ သို့သော်လည်း ဗုဒ္ဓဘာသာပိဋကတ်က ချင်း၊ ကရင်၊ တောင်သူတို့သည် တိရိစ္ဆာန်တို့ထက် ယုတ်ညံ့သည်ဟု ဆိုသော်ငြားလည်း။ ထိုစကားတော်အတိုင် ချင်း၊ ကရင်၊ တောင်သူတို့သည် ထိုတိရိစ္ဆာန်တို့ထက် အလျှဉ်းမယုတ်ကြောင်းကို ယခုခေတ်တွင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့နိုင်ပေသည်။
ဤနေရာတွင် ကွဲပြားခြားနားခြင်း မရှိအားလုံးသောသူတို့၏ တူညီသော သဘောသဘာဝကို အသင်စာရှုသူ၏ အမြင်၌ ဖြေရှင်းရန် စိတ်မရှိပါသော်လည်း၊ ထိုကွဲပြားချက်များ၏ အစမူလမှာကား အပြစ်တရားကြောင့်သာ တနည်း အကုသိုလ်ကြောင့်သာဟုပင် ဆိုရပေမည်။လူအချို့တို့တွင် ကိုယ်လက်အင်္ဂါချို့ယွင်းသည့်ဘဝ၌သော်လည်းကောင်း။ အချို့က ဆွံ့အခြင်း၊ နားမကြား၊ မျက်မမြင်၊ အစရှိသောဘဝဖြင့်သော်လည်းကောင်း အသက်ရှင်နေကြသည်မှာ အမှန်ရှိပါ၏။ ဤကဲ့သို့ မလိုလားအပ်သော လူ့ဘဝဖြစ်စဉ်သည် ဘုရားရှင်အား အပြစ်တင်ဝေဖန်ရန်အလျှဉ်းမရှိပါလေ။ အကြောင်းအရင်းရှင်းရသော်ကား မိဦး၊ ဖဦးဖြစ်ကြသော အာဒံနှင့် ဧဝသည် ဘုရားစကားနားမထောင်ခြင်းမှ အစပြုခဲ့ရာ၊ မင်္ဂလာအပေါင်းနှင့်ပြည့်ဝ ခညောင်းနေသော ဧဒင်ဥယျာဉ်မှ သူတို့ကို နှင်ထုတ်လိုက်ရာမှ တရားစာရေသင့်ခြင်းနှင့်ပြည့်သောအသက်တာ၊ ဘုရားစာရေသင့်သောဘဝအသက်တာ စသော ကျိန်ခြင်းခံရသော ဤမြေကမ္ဘာသို့ ချင်းနင်းဝင်ရောက်လာခဲ့ရလေသည်နှင့်အမျှ အာဒံနှင့် ဧဝတို့၏ ဘဝသည် လူလုံးမလှ ယူကြုံးမရဖြစ်ခဲ့ရလေတော့သည်။ အာဒံနှင့် ဧဝမှ ဆင်းသက်သော လူသားမျိုးနွယ်အပေါင်းတို့သည်လည်း၊ လူ့ဘဝ၏ ဆိုးမွေ၊ ကောင်းမွေများဖြစ်သော မျိုးရိုးဗီဇဖောက်ပြန်ချို့ယွင်းမှု၊ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု၊ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု၊ ရောဂါဘယ ဖိစီးနှိပ်စက်မှု၊ ပါတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ကျရောက်မှု၊ လူလူချင်းခေါင်းပုံဖြတ်မှု၊ မတရားအာဏာအလွဲသုံးစားခြင်းခံရမှုမှစ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်မှုရေးရာအစရှိသည်တို့သည်လည်း မတည်မငြိမ်ဖြစ်လာကာ မေတ္တတရားခေါင်းပါးသော ဤကမ္ဘာလောကကြီးထဲ၌ ကျဉ်လည်ခဲ့ရလေတော့သည်။
ထို့ကြောင့် ခရစ်တော်သည် သူ၌ရှိသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ကို ကျွန်ုပ်တို့ပြန်လည် ရရှိစေရန် ကြွလာတော်မူခြင်းဖြစ်ပြီး၊ ကျွန်ုပ်တို့အား အသိပညာ၊ ဖြောင့်မတ်ခြင်းနှင့် ဘုရား၏အနွယ်ဝင်များ မည်ကဲ့သို့ဖြစ်လာနိုင်ကြောင်းတို့မှ အစမည်သို့ ပြန်လည်၍ လူနှင့်ဘုရား ပေါင်းစည်းနိုင်ကြောင်း ဟောဖေါ်ညွန်ပြသွန်သင်တော်မူခဲ့ပါသည်။ ယခင်က ဆရာဝန်နှင့် ဆေးသိပ္ပံပညာရှင်များမှ သက်ဆိုင်ရာ ရောဂါဖြစ်ပွားလာရခြင်း၏ ဇစ်မြစ်အမှန်ကို မဖေါ်ထုတ်ပေးနိုင်သည့်ခေတ်ကာလ၌ စုန်းလား၊ နတ်လား၊ ကဝေကဝလား၊ အစရှိသည့် "လားပေါင်းများစွာ" ဖြင့် ရော်ရမ်းမှန်းဆကာ ထင်ကြေးပေးခဲ့ကြသည်။ သို့သော်လည်း ယခုခေတ်ဆေးသိပ္ပံပညာအရ လျှင်မြန်စွာ တိုးတက်လာသည်နှင့်အညီ ရောဂါဖြစ်ပွားရခြင်း၏ ဇစ်မြစ်များတို့၏ အမှန်ကို ဆက်တိုက်ဖေါ်ထုတ်ပေးနိုင်ပေပြီ။ တစ်ချိန်က အနူရောဂါကို ကံနာ၊ ဝဋ်နာ၊ ဟိုဒီယိုးမယ်ဖွဲ့ကာ လူမတန်ကံချ ဆိုသော အမြင်ကျဉ်းမြောင်းသောဝါဒဖြင့် သတ်မှတ်ခဲ့ကြသော်လည်း။ ယနေ့သိပ္ပံဆေးပညာ၏ တွေ့ရှိချက်အရ၊ အနူရောဂါသ်ည အနူရောဂါကို ဖြစ်ပွားစေသည့် မိုင်ကိုဘက်တီးရီးယားလက်ပရေးပိုးတစ်မျိုးကြောင့်ဖြစ်ကြောင်း၊ ယနေ့ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်ပင် အနာကြီးရောဂါ လုံးဝပပျောက်ရေး စီမံချက်ဖြင့် ကျန်းမာရေးဌာနက ဆောင်ရွက်ရာတွင် အောင်မြင်စွာအကောင်အထည်ဖေါ်လျှက်ရှိကြောင်း၊ ယခုလက်ရှိဆေးဝါးများဖြင့် လူနာကို နှစ်အတွင်းမှာပင် ရောဂါလုံးဝ ပျောက်ကင်းနိုင်နေပြီး၊ ကူးစက်မှုနုန်းလည်း သိသိသာသာကျဆင်းလာပြီးဖြစ်သည့်အတွက် "အနူဆိုတာ ချိုနဲလားကွယ်"  ဆိုတဲ့ခေတ်ရောက်လာပါလိမ့်မည်။ နောက်တွင်ကား "အနူဆိုတာ၊ ကြက်နာ၊ ဝက်နာ၊ ဘဲနာ၊ ဟိုဒီနာလားကွယ်" ဟူ၍ ဆိုလာနိုင်ပေတော့မည်။
နောက်ပြီး ယနေ့ မျက်မှောက်ခေတ်တွင် ကျယ်ပြန့်စွာ သုံးနေကြသောစကားမှာ " တစ္ဆေ၊ သရဲဆိုတာတွေလား၊ ခရစ်ယာန်တွေကိုသာထားလိုက် ကိစ္စချောသွားလိုက်မည်" ဆိုသော စကားပင်ဖြစ်သည်။ အကြောင်းပေတည်။

၎။ ခရစ်ယာန်ဘာသာဝင်တွင် ရှေ့ဘဝနောက်ဘဝ ရှိပါသလား။

ထိုအရာများအတွက် အဖြေကို ကျွန်ုပ်ကိုယ်စား အရှင်Óဏ ဓမ္မဝိဟာရီ ကပင်ဖြေကြားပေးပါလိုက်မည်။ ( မှတ်ချက်၊ မာလ်တီပလ်ကွန်ယက်မှ ယူထားပါသည်)

ဘဝပြဿနာငြိမ်းချမ်းမှုနှင့် လွန်ဝေးကွာ
နောက်ဘဝ ရှိသည်၊ နောက်ဘဝ မရှိ။ အတိုင်းအဆမရှိခြားနားလှသောဤအဖြေနှစ်ရပ်သည်ငြိမ်းချမ်းမှုနှင့်အလွန်ဝေးကွာလှသော အဖြေနှစ်ရပ်ဖြစ်သည်။အဘယ့်ကြောင့်နည်း?နောက်ဘဝရှိသည်ဟု ခံယူသူသည် နောက်ဘဝအရှိကို အခြေခံထား၍ပြုလုပ်၊ပြောဆို၊ ကြံစည်မည် ဖြစ်သည်။နောက်ဘဝမရှိ ခံယူသူသည် နောက်ဘဝမရှိကိုအခြေခံထား၍ပြုလုပ်၊ပြောဆို၊ကြံစည်မည်ဖြစ်သည်။အကယ် ကြံစည်၊ပြောဆို၊ပြုလုပ်မှုများအတွက် အခြေခံထားသင့်သောအရာသည် "နောက်-နောင်" ဖြစ်သင့်ပါသလော၊ ယခုပင်ဖြစ်သင့်ပုံကို လူတိုင်းပင် သိကြပြီးဟုတ်ပါလော။ထို့ပြင်နောက်နောင်သည်သေချာသောအရာဖြစ်ကြောင်းသက်သေအထင်အရှားပြနိုင်ပါမည်လော။
ထို့ပြင်လည်း "နောက်နောင်"ကိုသိသောအသိသည် မှန်ကန်သောအသိဖြစ်ကြောင်း လူတိုင်း မြင်သာအောင် ပြနိုင်ပါမည်လော။ ဤသို့ပင်နောက်ဘဝရှိ၊မရှိအဖြေသည်ငြိမ်းချမ်းမှုနှင့်အလွန်ဝေးကွာလှပေသည်။နောက်ဘဝရှိနှင့်မရှိအယူများငြိမ်းချမ်းမှုနှင့်ဝေးကွာ
နေသောအကြောင်းသည် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဤမျှ ခက်ခဲနက်နဲစွာပင် စဉ်းစားတွက်ချက်နေရန်
မလိုသောအရာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓအရှင်မြတ်ဖြစ်သောဗုဒ္ဓဘာသာတို့၏ ဆရာထိပ်ခေါင်တင်၏ မိန့်မြက်စကား အထင်အရှား ဦးထိပ်ရွက် ပန်ဆင်ခွင့် ရကြသောကြောင့်ဖြစ်သည်။
ဗုဒ္ဓအသျှင်မြတ်သည် ပုဂ္ဂိုလ်ပေါင်းများစွာအား နေရာပေါင်းများစွာ၌
အကြိမ်ပေါင်းများစွာပင် နောက်ဘဝရ၊မရှိ မယူသင့်ပုံကို အကြောင်းပြစကား
ပေါင်းများစွာဖြင့် ဟောကြားခဲ့သည်။နောက်ဘဝရှိနှင့်မရှိ အစရှိသောခံယူချက်သည်-
"ဒိဋ္ဌိခရီးကြမ်း၊ ဒိဋ္ဌိဆူးညှောင့်ဖြစ်သည်။ ကိလေသာ နီဝရဏများပွားကြောင်း ဖြစ်သည်။ ငြိမ်းအေးကြောင်း၊ အသိဥာဏ်ရကြောင်း၊ လွတ်မြောက်ကြောင်း မဟုတ်သောအရာ ဖြစ်သည်"၊ အစရှိသဖြင့် ဖြစ်သည်။ဗုဒ္ဓ၏တရားတော်၌ လဲလျောင်းမိကြသော ဗုဒ္ဓဘာသာဝင်များ အနေဖြင့်မူ ဗုဒ္ဓ၏ ဤညွှန်ပြချက်ကို ကောင်းစွာ သဘောပေါက်ကြသောကြောင့် ရှေ့၊နောက်ဘဝဖြစ်နှင့်မဖြစ် အယူကို ဗုဒ္ဓတားမြစ်တော်မူချက်အတိုင်း လိုက်နာခါမယူဘဲ နေနိုင်ခဲ့ကြသည်။ရှေ့နောက်ဘဝရှိ၊မရှိ အယူသည် စိတ္တဇအယူ ဖြစ်သည်။ မိမိငြိမ်းချမ်း
ရေးအတွက် အရေးမပါ အရာမရောက်သောအယူ ဖြစ်ရုံမျှမက အနှောင့်အယှက်ပြုသောအရာ ဖြစ်သည်။ ရှေ့နောက်ဘဝရှိနှင့်မရှိအဖြစ် ယူဆမှုဖြစ်သောလူကိုကျော်လွှား တွေးထင်မှုတစ်ခုခု ရှိနေသမျှ တရားမှန်ကို သတ်မှတ်မရ ဖြစ်မည်။ တရားမှန် သတ်မှတ်မရသမျှ မကျင့်ကြံနိုင် ဖြစ်မည်။ မကျင့်ကြံနိုင်သမျှငြိမ်းချမ်းမှုမရ ဖြစ်မည်။ ဤသို့ပင် ဗုဒ္ဓတရားတော်၌ လဲလျောင်းမိကြပြီးသူ ဗုဒ္ဓဘာသာဝင်များ သိကြသည်။သူတို့သည် ဗုဒ္ဓတရားတော်၌ ညွှန်ပြထားသော"ကံ"ကိုလည်းကောင်း၊ကံ၏အကြောင်းတရားဖြစ်သော "ကိလေသာ"ကိုလည်းကောင်း၊ ကံ၏အကျိုးတရားနှင့် ကိလေသာ၏အကြောင်းတရားဖြစ်သော ဝိပါက်ကိုလည်းကောင်း၊ ဝဋ်သုံးပါးကို "သသည သမနက ဗျာမမတ္တ ကဠေဝရ"-ဖြစ်သော အသိစိတ်ဓာတ်နှင့် အမှတ်သညာရှိသော ဤတစ်လံမျှကိုယ်၌ အလင်းအထင်ပင် လည်ပတ်ဖြစ်ပွားနေပုံကို သိမြင်နေကြသည်။သူတို့သည်ကံ၊ကိလေသာ၊ဝိပါက်များနှင့်စပ်၍ သဒ္ဓါ၊ရုစိ၊အနုဿဝ၊အာကာရ ပရိဝိတက္က၊ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ-ဟူသော အယုံ၊ အကြိုက်၊ သူပြော၊ ကြံလုံး၊
ထင်လုံးများဖြင့် ကြည့်မြင်ခြင်း မရှိ။ အဟုတ်တကယ်ရှိနေသည်ကို အဟုတ်တကယ် ရှိနေသည့်အတိုင်း ကြည့်မြင်သူများ ဖြစ်ကြသည်။ထို့ကြောင့် သူတို့သည် ကိလေသာ၊ကံ၊ဝိပါက်ဟူသော ဝဋ်ဒုက္ခသံသရာ၌ လူများ လည်နေကြခြင်းမဟုတ်ဘဲ၊ လူ၌ ကိလေသာ၊ကံ၊ဝိပါက်-ဟူသော ဝဋ်ဒုက္ခသံသရာများ လည်ပတ်နေကြပုံကို သိမြင်ကြသည်။ လူသည် ဝဋ်ဒုက္ခသံသရာ၏ ဌာနီမဟုတ်၊ ဝဋ်ဒုက္ခသံသရာသည် လူ၏ဌာန မဟုတ်။ လူသည်သာဝဋ်ဒုက္ခသံသရာ၏ ဌာနဖြစ်သည်။ ဝဋ်ဒုက္ခသံသရာသည်သာ လူ၏ ဌာနီဖြစ်သည်။ ဤသို့ ကိုယ်တိုင်သိမြင်ကြသည်။ထို့ကြောင့် ဗုဒ္ဓတရားတော်၌ စိတ္တဇကင်းစွာ လဲလျောင်းမိကြသော ဗုဒ္ဓဘာသာဝင်ဖြစ်သောသူတို့ အနေဖြင့်နောက်ဘဝရှ၊မရှိ အယူများသည် ငြိမ်းချမ်းရေးနှင့် ဝေးကွာကြောင်း၊ ခက်ခဲနက်နဲစွာ စဉ်းစားတွက်ချက်မှု မလိုခြင်း ဖြစ်သည်။
ရှေ့နောက်ဘဝရှိ၊မရှိ တစ်ခုခု အယူသည် ခေတ်သစ်သိပ္ပံနိယာမများထက် ခက်ခဲနက်နဲပါသည်။ အိုင်စတိုင်း၊နယူတန် စသူတို့၏ ခေတ်သစ် သိပ္ပံနိယာမများသည် တည်ဆောက်၍ရသည်ကို တည်ဆောက်ထားခြင်း ဖြစ်သော်လည်း ရှေ့နောက်ဘဝ ရှိနှင့်မရှိ အယူတစ်ခုခုသည် ကတ္တားမပါသော ကြိယာကိုတည်ဆောက်ရခြင်းဖြစ်၍ ဝါကျဖြစ်အောင် တည်ဆောက်၍ရလေဟန် ဖြစ်သည်အထိ လုံးပန်းရသောကြောင့် ဖြစ်ပါသည်။လူသတ္တဝါသည် မွေးပြီးမှ မသေမီအထိ လူသတ္တဝါအဖြစ် ရှိပြီး၊ဤသို့သာရှိသော လူသတ္တဝါကတ္တားကို လူသတ္တဝါမမွေးမီနှင့် လူသတ္တဝါသေပြီးကာလတို့၌ ဖြစ် သို့မဟုတ် မဖြစ်-ဟူသော ကြိယာများဖြင့် ဝါကျတည်ဆောက်ခြင်း ဖြစ်သည်။ ဤကြိယာများအတွက် ဤကြိယာများ တည်ရှိချိန်၌ ဤကြိယာများကိုပြုမူသူ ကတ္တားသည် အလျဉ်းမရှိ၊ ဘိတ်မရှိ ဖြစ်သည်။ထို့ကြောင့် လူသတ္တဝါ ရှေ့နောက်ရှိçမရှိ ပြဿနာသည် အိုင်းစတိုင်းတို့၏ သိပ္ပံနိယာမများထက် ခက်ပါသည်။ အမှန်အတိုင်းဆိုလျင် လုပ်၍မရသည်အထိပင် ခက်ခဲပါသည်။ဤသို့ ခက်ခဲသော ရှေ့နောက်ဖြစ်၊မဖြစ် အရာတစ်ခုခုကို ယူငင်ခြင်းသည် ခက်ခဲမှုကိုကျော်လွှားခြင်း မဟုတ်ဘဲ ခက်ခဲမှုအတွင်း သက်ဆင်း ကျရောက်သွားခံရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အကျိုးရမှုအနေဖြင့်လည်း သိပ္ပံနိယာမများကြောင့်ရရှိသော အကျိုးအရေအတွက်မျှမက အကျိုးယုတ်မှု အရေအတွက်များ လွန်စွာဖြစ်ပွားမည် ဖြစ်ပါသည်။ဤသို့ပင် ရှေ့နောက်ဘဝပြဿနာသည် ငြိမ်းချမ်းမှု အလွန် ဝေးကွာပါသည်။ သက်တော်၉၈နှစ်အရွယ်ရှိ မင်းကွန်းတောင်ရိုးမှ တရားပြဆရာတော်ကြီးဖြစ်သော သုံးဆယ်ပေးဆရာတော်ကြီး မိန့်ကြားတော်မူသည့် အဖြစ်အပျက်မှာ ဧရာဝတီမြစ်ရိုး ရွာတစ်ရွာ၌ ဖြစ်သည်။ ရွာမှ မိန်းကလေးတစ်ယောက်သည် ရွာကိုဆိုက်ကပ်၍ အောက်ပြည်မှဈေးရောင်း ဈေးလှေကြီးပေါ်မှ လူငယ်
တစ်ယောက်နှင့် လူငယ်တို့ဘာဝ ချစ်ကြိုက်နေခဲ့သည်။ ရက်အတန်ကြာ၍ ရွာမှဈေးလှေကြီး စုန်ထွက်သောအခါ တိတ်တဆိတ် လိုက်သွားခဲ့သည်။ ဤသို့ လိုက်
သွားသည်ကို မိဘများမသိရန် လှည့်စားမှုတစ်ခု ပြုထားခဲ့သည်။ ရေခပ်အိုး၊ဖိနပ်၊ ဆပ်ပြာနှင့် အဝတ်အစားများကို ရေစပ်မှာထားခဲ့သည်။ မိဘများက သူတို့သမီး ရေနစ်သေပြီဟု မှတ်ယူကြသည်။ အလောင်းရှာကြသည်။ မတွေ့သောအခါ လက်လျှော့ပြီး ဆွမ်းသွတ်ကြသည်။ တစ်နေ့၌ ရွာတွင်မွေးဖွားသော က
လေးတစ်ယောက်သည် ရေနစ်သေသူဝင်စား ဖြစ်ကြောင်း ပြောလာသည်။ အကြောင်းထုပ္ပတ်နှင့် ဇာစ်မြစ်များကို မြွကင်းမကျန် ပြောနေသည်။အောက်ပြည်သို့ ချစ်သူနောက်လိုက်သွားသော မိန်းကလေးသည် သားသမီးတစ်ယောက်နှစ်ယောက် ရပြီးနောက် မိဘနှင့်ရွာကို လွမ်းဆွတ်သည်နှင့်ကလေးများကိုပိုက်၍ မိဘရပ်ထံ ပြန်လာခဲ့သည်။ ရွာရေဆိပ်အရောက်၌ သေသူမိန်းကလေးပြန်လာပြီဟု ရွာသူရွာသားများ အုတ်အော်သောင်းနင်း ပြောဆိုကြသည်။ ဤအသံကိုကြားရပြီးနောက်၌ ဝင်စားဆိုသူသည် ထိုမိန်းကလေး အကြောင်း မည်သို့မျှ မပြောတတ်ဘဲ အ-သွားခဲ့သည်ဟူ၍ ဖြစ်သည်။ဤအဖြစ်အပျက်သည် မသေဘဲ ဝင်စားမှုဆိုင်ရာ အဖြစ်အပျက်တစ်ခု
ဖြစ်သည်။ ဤအကြောင်း နောက်တစ်ခုလည်း မှတ်သားရန် ဖြစ်သည်။ ဤအဖြစ်အပျက်ကိုပြောပြသူမှာ မင်းကွန်းတောင်ရိုး ရန်ကင်းချောင်မှ ဆရာတော်ဦးဒီပဖြစ်သည်။ ဆရာတော်မိန့်ကြားစဉ်က အမှတ်တမဲ့ဖြစ်၍ မြို့အမည်ကို မေ့ခဲ့သည်။မြို့တစ်မြို့ဟူ၍သာ မှတ်မိတော့သည်။အဖြစ်အပျက်မှာ ထိုမြို့ ကျောင်းတစ်ကျောင်း၌ ဖြစ်သည်။ နှစ်အတန်ကြာက ထိုကျောင်းဘုန်းကြီးသည် သေလုမျောပါး နာဖျားမကျန်းဖြစ်သည်။ ဤကျောင်းသို့ ကလေးတစ်ယောက်လက်ဆွဲ၍ တကာမတစ်ယောက် ရောက်လာ
သည်။ ဘုန်းကြီးသည် တကာမကို ဘယ်ကလာသည်၊ ဘာကိစ္စလာသည်ကိုမေးမြန်းရာ တကာမက သူလာရခြင်းမှာ ဤကလေးက ဤကျောင်းသွားလို
ကြောင်း၊ ဤကျောင်းမှာ သူ့နောက်ဘဝက ဘုန်းကြီးအဖြစ် ကျောင်းထိုင်ခဲ့သောကျောင်း ဖြစ်ကြောင်း အထပ်ထပ်ပူဆာ၍ ဖြစ်ကြောင်း လျှောက်ထားသည်။ကလေးကို ဘုန်းကြီးမေးမြန်းသည်။ ဒါ-မင့်ကျောင်းဖြစ်တယ်ဆိုလျင်မင်းက သည်ကျောင်းထိုင်သွားတဲ့ ဘုန်းကြီးဘယ်သူလဲ-ဟူ၍ ဖြစ်သည်။ ကလေးကလည်း ပြန်ဖြေသည်။ သူဟာ ဘုန်းကြီးဦးဥာဏော-ဟူ၍ ဖြစ်သည်။ ဘုန်းကြီးက ပြန်ပြောသည်၊ "ဘုန်းကြီးဦးဥာဏောက ငါကွ၊ မင်းက ဘုန်းကြီးဦးဥာဏောဝင်စားတာဆိုလျင် ဦးဥာဏောရဲ့လျှို့ဝှက်ချက်ကို သိမြင်အောင် ဘာပြနိုင်သလဲ"ဟု ဖြစ်သည်။ ကလေးငယ်ကလည်း ပြန်ပြောသည်။ တပည့်တော် ဦးဥာဏောအစစ်ဖြစ်ကြောင်း ဦးဥာဏောဘဝက မြှုပ်ထားခဲ့သည့်ငွေအိုးကို ပြပါမယ်ဟုဆိုခါ ဦးဥာဏော အမှန်တကယ်မြှုပ်နှံထားသည့် ငွေအိုးကို ပြသသည်။ ဦးဥာဏောလည်း ပြောစရာစကား ကုန်သွားသလိုဖြစ်ခါ သည်လိုဆိုတော့ သည်ငွေ
အိုးတဝက်ကို မင်းယူကွာ၊ ငါ-တစ်ဝက်ပဲယူတော့ပါတော့မယ် ပြောခါ ငွေအိုးတဝက်ကို ပေးလိုက်ရသည်ဟူ ဖြစ်သည်။ ဤသက်သေခံချက်များအရ လူဝင်စားသည် လူဝင်စားဟု ဆိုရသော်လည်း အကယ် ဝင်စားခြင်းမရှိသော လူဝင်စားဖြစ်သည်။ ထို့ကြောင့် လူဝင်စားကို အမှန်အကန်ကျအောင်ခေါ်လျင် "သူမဟုတ်သူဝင်စား" ဟူ၍သာ ဖြစ်မည်။ဝင်စားခံရသူ၌ ဝင်စားခံရသူမဟုတ်ဘဲ ဘယ်အရာဟုမသိသော အရာတစ်ခုဝင်စားခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘယ်အရာဟုမသိသည်ကို အမည်တပ်ပြောဆိုခြင်း မပြုဘဲ အဝင်စားခံရခြင်းကိုသာ အမည်တပ်ပြောဆိုသောအနေဖြင့် "သူမဟုတ်သူဝင်စား"-ဟူ၍ ခေါ်ဝေါ်ရခြင်း ဖြစ်သည်။
ဤသို့ပင် လူဝင်စားသည် လူဝင်စားမဟုတ်ဘဲ "သူမဟုတ်သူဝင်စား"သာ အမှန်ဖြစ်သည်။ ဤသို့ဖြစ်လျင် "သူမဟုတ်သူဝင်စား"သည် လူဝင်စားလောက် သိလွယ်မြင်လွယ်မှုမရှိ ဖြစ်သွားသည်။ လူဝင်စားသည် ဝင်စားသည်မှာလူဖြစ်သည်ဟု ကောက်ချက်မခက်၊ "သူမဟုတ်သူဝင်စား"မှာ ဝင်စားသူမှာ "သူမဟုတ်သူ" ဟူ၍ ဖြစ်သောကြောင့် "သူမဟုတ်သူ"မှာလည်း အများအပြား ရှိသည်။ ထို့ကြောင့် "သူမဟုတ်သူဝင်စား"သည် ဝင်စားသူ ဘယ်သူဖြစ်သနည်းဟုပြဿနာတက်သည်။  သေရွာသည် လူတို့မစဉ်းစားအပ်သောအရာ ဖြစ်သည်။ "သေ"-ဟူသောစကားသည်ပင် "လူ၏နိဂုံး" အဓိပ္ပါယ်ရှိသောစကား ဖြစ်သည်။ "သေ"-ဟူသောကြိယာသည် သေသူကတ္တားဖြစ်သောလူ၏ မရှိ၊ ကုန်ဆုံး၊ နိဂုံးချုပ်ခြင်း အနက်ဟောစကား ဖြစ်၍ သေပြီးနောက် သေရွာဖြစ်သော တစ်နေရာရောက်ဆိုသော
အဖြစ်သည် ကတ္တားမရှိဘဲ၊ ဝါကျတစ်ခု တည်ဆောက်နေခြင်းဖြစ်၍ စိတ္တဇမျှဖြစ်သည်။ ထို့ကြောင့် သေရွာသည် လူတို့၏စိတ္တဇသာ ဖြစ်သည်။သေရွာပြန်ဇာတ်လမ်း၌ တပ်စွန်းမိလျင်လည်း စိတ္တဇအဝင်ခံရဖွယ် ရှိသည်။ စိတ္တဇအဝင်ခံရလျင် အမှန်မြင်မှုçတွေးမှု၊ လုပ်ကိုင်çနေထိုင်မှုစသော သမ္မာတရားများနှင့် လွဲချော်ပြီး၊ ဆင်းရဲဒုက္ခထဲ အလျားမှောက် လဲကျမည်။ ထို့ကြောင့်သေရွာပြန်ဇာတ်လမ်းများနှင့်စပ်၍ ပြခဲ့ပြီးသည့်အတိုင်း မှန်ကန်စွာ တန်ဖိုးဖြတ်နိုင်ရန် လိုအပ်လှသည်။

အရှင်ဥာဏ
ဓ မ္မ ဝိ ဟာ ရီ
၂၀ -၁၂ -၂၀ဝ၂
ဤနေရာတွင် အဘယ်အရာသည် ပြဿနာဖြစ်ရခြင်း အရစ်အမြစ်မှန်ကား အဘယ်အရာနည်းဟူ၍ မေးပါက အဖြေသည်ကား အမှန်ရှင်းပါသည်။ ကျမ်းစကားဖြင့် ဆိုရပါက ဤလောကကို အစိုးရသောမင်းသည် ဧဝံဂေလိတရားတည်းဟူသော သတင်းတရား အကျွတ်လမ်းစဉ်ကို မမြင်မတွေ့စေလိုသောကြောင့် လောကသားများအား လှည့်စားထားခြင်း၊ သို့ အယောင်ဆောင်လုပ်ဆောင်ထားချက် သက်သက်သာဖြစ်ပါတော့သည်။ ထို့ကြောင့် နောင်ဘဝ နောင်ဘဝ ဆိုသော မက်လုံးကလေးကိုပေးထားခြင်းအားဖြင့် လူတို့သည် ဖာသိဖာသာဖြင့် ရတောင့်ရခဲလှသော လူ့ဘဝကြီးကို အကျိုးမဲ့ကုန်လွန်စေခြင်းကာ ဘုရား အဖြစ်တော်ကိုပင် ဟန့်တား နှောင့်ယှက်နေသော မာရ်နတ်ဆိုး၏ အကြံသက်သက်သာဖြစ်ပါကြောင်း။
ခရစ်ယာန် ဘာသာတွင် နောက်ဘဝရှိပါသည် သို့သော်လည်း ထိုနောက်ဘဝသည် အဆွေထင်မှတ်ထားသလို သံသရာတွင် ယောင်လည်လည်ဖြင့် နေရသော ဘဝမျိုးကား မဟုတ် အသက်တော်ထင်ရှား သဗ္ဗညုမြတ်စွားဘုရား အရှင် သခင်ခရစ်တော်ကို ယုံကြည်ကိုးစားခြင်းအားဖြင့် ထိုလည်နေသည်ဆိုသော သံသရာ ဝဲဩဂ၏ တဖက်ကမ်းသို့ ကူးမြောက်၍ အို၊ နာ၊ သေခြင်း ကင်းရာ နန်းအမတ စခန်းကို ကူးမြောက်ခြင်းပင်ဖြစ်သည်။
သမ္မာကျမ်းစာတွင်ကြည့်ပါကလည်း။ ထိုကာလ၌ မြေမှုန့်သည် နေရင်းမြေသို့၎င်း၊ ဝိညာဉ်သည် အရင်ပေးတော်မူသော ဘုရားသခင်ထံသို့၎င်း ပြန်သွားရလိမ့်မည် ဆိုသော ဘုရားမြတ်ရှင်၏ အမိန့်တော် အတိုင် ဘုရားဖက်ကာ ထာဝရ အသက်တာကို ပိုင်ဆိုင်းရပေမည်ကား ဖြူဖြူ၊ မဲမဲ၊  ဧကောဗုဒ္ဓေါ အရှင်ကို ယုံကြည်သူ လူမျိုးတိုင်း ထိုထာဝရ ဘုံဗိမာန်တွင် ရောက်သွားရခြင်းကား ကျွန်ုပ်တို့အတွက် နောင်ဘဝ ပါပေ။ သမ္မာကျမ်းစာတွင်ကား ယနေ့ကျွန်ုပ်တို့ မြန်မာ လူမျိုးတိုင်း တောင့်တနေသော
အို၊ နာ၊ သေခြင်း၊ ပူပင် သောက ကင်းရှင်းသော ဘဝ မရှိတော့ပေ။

၅။ ခရစ်ယာန်ဘာသာဝင်တို့၏ ပန်းတိုင်ဖြစ်သော ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်သွားဖူးသော မိသားစုနှင့် လူပုဂ္ဂိုလ်တို့၏၊ အမည်နှင့် လိပ်စာရှိခဲ့ဖူးပါသလား။ ယခုရောရှိနေပါလျှင် လိပ်စာနှင့် နာမည် အတိအကျ သက်သေဖေါ်ပြပါ။

ယနေ့ အထက်ပါမေးခွန်းတွင် စာရေးကာ လုပ်ကြံမေးထားသော မေးခွန်း၏ အဖြေများကို အဘယ်ရှုထောင့်ဖြင့် ကြားနာ၊ ခံယူလိုသနည်း ဆိုသော အပေါ်တွင် မူတည်နေပါသည်။
ထို့ကြောင့် တိတိကျကျ မရှိသော ထိုမေးခွန်း အတွက် ဦးစွာမေးခွန်းမေးရင်း ဖြေကြားပါရစေ။ ယနေ့ ဗုဒ္ဓဘာသာ၏ အဓိကပန်းတိုင်ဖြစ်သော နိဗ္ဗာန်သည်ကား ရောက်ဘူးသူကို မဆိုထားနှင့်ဦး နိဗ္ဗာန်၏ သဘောသဘာဝကိုပင် ကောင်းကောင်း သိရှိသောသူ ယနေ့မရှိသေးသည်ကို ဦးစွာ သတိပြုမိပါလျှင်။ စာမေးသူ၏ အမေးကို အတော်အတင့်တွေးကြည့်ပါကအားလုံး သိနိုင်သည်မှာ။ ဘာသာတရားကို ယိုးမယ်ဖွဲ့၍၊ တရားကို ကျင့်လိုသူမဟုတ် ၊ ဘုရားကိုလည်း ကိုးကွယ်လိုသူမဟုတ်ပဲ၊ သာသာနာကို နှောင့်ယှက်ဖျက်ဆီးခြင်းငှါသာ အားထုတ်ကြိုးပမ်းနေသော မဟာ့အမှောင့်တကာ့တို့တွင် သရဖူဆောင်းနေသူပင်ဖြစ်တော့လေသည်။
အမေးရှိက ဖြေအပ်လှ ဆိုသော စကားအတိုင်း အဖြေကိုကား ပေးရပေလိမ့်မည်။
၁။ ဧနောက်သည် ဘုရားသခင်နှင့်အတူသွားလာ၍၊ သူသည် သိမ်းယူခြင်းကို ခံတော်မူ၏( ကမ္ဘာဦး ၅း၂၄)။
၂။ ဧလိယသည်လည်း မီးရထားဖြင့် ကောင်းကင်ဘုံသို့ တက်လေသည် ( ၄ ရာ ၂း၁၁)။
၃။ ယေရှုခရစ်တော် ဘုရားသခင်သည်ကား ကောင်းကင်ဘုံမြွှကလာ၍၊ လူတို့အား သမ္မာတရား၊ အကျွတ်တရား နှုတ်ကပါတ်တော် ရေကြည်စစ်ကို တိုက်ကြွေးတော်မူခဲ့လေသည်။ ( ယောဟန် ၁၆း၂၈)။
ထို့အတူ သခင်ခရစ်တော် ဘုရားဤလောကတွင် သာသနာအတွက် ကြွလာစဉ်အခါက"မောရှေနှင့် အတူ ဧလိယ"တို့သည် ခရစ်တော် ဘုရားရှင်နှင့် အတူနေခဲ့ကြောင်းကို မြင်တွေ့နိုင်ပါသည်။
ယခု အသင်စာမေးသူ၏ ဗုဒ္ဓဘာသာဘက်သို့လှည့်ကြပါစို့……
တလက်စတည်း စကားဆိုရပါက၊ ပြင်သစ်ပညာရှင် ပူဆင်၏ အဆိုက  ဗုဒ္ဓဘာသာဝင် များတို့သည် နိဗ္ဗာန်ကို "ဘာဝ" ( အရှိ) သဘောလည်း မဟုတ်၊ "သဘာဝ" ( မရှိသဘောလည်းမဟုတ်) "ပပဉ္စ" ( သံသရာအချဲ့ တရားများကို လွန်မြောက်သွားခြင်းဖြစ်သည်ဟု ခံယူသည်။ သို့ပါသော်လည်း နိဗ္ဗာန်ကို အမတ ( မသေရာ) ယောဂက္ခေမာ ( ယောဂကုန်ရာ) အစ္စူတ ( မရွှေ့လျောရာ) ဟု အဘယ့်ကြောင့် ဆိုကြပြန်သည်ကို နားလည်ရန် ခဲယှဉ်းလှပေသည် ဟုဆိုလေသည်။
တဖန် ဆရာတော် ဦးအာစက္ခဏက "နိဗ္ဗာန်ဟူသည် အဘယ်နည်းဆိုသည့်မေးခွန်းပုစ္ဆာကို ဗုဒ္ဓရှင်လက်ထက်တော်ကစ၍ ပင် ယခုမျက်မှောက်ခေတ်တိုင်အောင် ဖြေခဲ့သော အဖြေပေါင်းကား များလှလေပြီ။ သို့ရာတွင် အမေးပုစ္ဆာပေါင်းမဆုံးတော့ပြီ။ အဖြေဝိသဇ္ဇနာပေါင်းလည်း မဆုံးချေ။ ဆိုလိုရင်းကား ( မေးလို့လည်းမကုတ်၊ ဖြေလို့လည်း မဆုံးနိုင်သော) အချက်ကြီးပင်ဖြစ်လေတော့သည်။ နားမလည်၊ နားမရှင်းကြသော သတ္တဝါတို့ကား အသင်္ချေ၊ အနန္တများလှကုန်၏။  ထို့ကြောင့် ထိုသတ္တဝါတို့နားလည်အောင် ဖြေရှင်းပေးနိုင်ဖို့ရန်အတွက် ဗုဒ္ဓရှင်ပေါင်းများစွာတို့ပွင့်ပေါ်ကာ ဖြေရှင်းပေးရဦးမည်ကား မလွဲချေ။ ထိုမျ မက ခက်ခက်ခဲခဲနက်နဲလှသော ပြဿနာတို့၏ အဖြေမှန်ကို သင်တို့အား ယခုငါဖြေကြားပေးနိုင်ပါသည်ဟု ကြုံးဝါးဖြေရှင်းရန်မှာ ကျွန်ုပ်တို့ လူသားများအတွက် လွယ်ကူသော ကိစ္စမဟုတ်ပါလေ။ ဗုဒ္ဓရှင်တော်၏ လက်ထက်မှစ၍ ပညာချွန်သောအရှင်ဖြစ်တော်မူသော သာရိပုတ္တရာအရှင်မြတ်သည်ပင် ထိုပြဿနာကို တိုက်ရိုက်မဖြေရှင်းပေးနိုင်ဘဲ၊ သွယ်ဝိုက်ကာပြုသော နည်းဖြင့်သာ ဖြေရှင်းတော်မူခဲရလေသည်"ဟူ၍ ဆိုခဲ့လေသည်ကို ပြန်ပြောင်းကာ သတိရတတ်ပါစေ။
( ဆရာတော် ဦးအာစက္ခဏ၊ အဗျာကတ၊ နိဗ္ဗာန်၊ မြတ်နိဗ္ဗာန်)။

အခြားအခြားသော မေးခွန်းဖြင့် ပြန်မေးရန်ရှိသော်လည်း မမေးလိုတော့ပါ သို့သော် ဤ ဂါထာအား အဘယ်သို့ဖြေရှင်းမည်ကို စဉ်းစားပေကြည့်ပါလေ။ " ပရိနိဗ္ဗူတော ပုဂ္ဂလော ဂဟနေ အတ္ထီတိ ဥစ္စေဒေါ၊ပရိနိဗ္ဗူတော ပုဂ္ဂလော ဂဟနေ နတ္ထိတီ သတ္တဒေါ" ဤကား ပရိနိဗ္ဗာန သုတ်တွင်ပါသောကျမ်းပင်ဖြစ်ပါသည်။ နိဗ္ဗာန်နှင့်စပ်လျှဉ်း၍ကား ရောက်ဖူးသူကို မဆိုထားနှင့် ဘာဘာညာဘာ ဂဃနဏ သိရန်ပြုပြီးမှသာလျှင် "ဝရှိမှ ဝိလုပ်သင့်ပေသည်" အမေးကိုထုတ်ရန် ဆင်ခြင်သတိပြုပါလေ။

၆။ ထာဝရဘုရားသည် ကမ္ဘာကိုဖန်ဆင်းသည်ဟု ဆိုရာတွင် ဘယ်အကျိုးကိုမျှော်ကိုး၍ ဖန်ဆင်းပါသနည်း။

၇။ ချမ်းသာစေလိုသည်ဟုဆိုပါက ယခုခန္ဓာရှိသူတိုင်းသည် ဆင်းရဲခြင်း အမျိုးမျိုးတွေ့ကြုံနေကြသည်။
ဘုရားသခင်ဖြစ်စေလိုသည့်ချမ်းသာမဖြစ်သည်မှာ အနန္တတန်ခိုးတော် မရှိ၍ ဘာမှအစွမ်းမရှိ၍ ဖြစ်ရသည်ဆိုက ဘယ်လိုပြန်လည်ဖြေပေးနိုင်ပါသနည်း။

မေးခွန်း ၆ နှင့် ၇ အတွက် အဖြေ။

ထိုနေရာတွင် ဦးဆုံးမေးရန်မှာ သင်နှင့် ကျွန်ုပ်တို့၏ ဘဝအား အကောင်းအဆိုးကိုတွေး၍ ဘုရားရှင်အား အပြစ်တင်ဝေဖန်ခြင်းထက် ရခဲလှသော လူ့ဘဝကို အကျိုးရှိရှိအသုံးချ အသက်ရှင်သန်ခြင်းကား သာ၍လျှော်ကန် သင့်မြတ်သည်ဟု ဦးစွာ အကြံပေးလိုက်ပါရစေ….
ယနေ့ ကျွန်ုပ်တို့သည် အလိုအလျှောက် ဤလောကသို့ ဝင်ရောက်လာကြသောသူများဖြစ်ပါက။ အဘယ့်ကြောင့် ဟိုမှာဘက်ကမ်းတွင် ရင်ဆိုင်ရဦးမည့်ဘေးအား ကြောက်ရွံ့နေရန်လိုပါသနည်။ ထို့ကြောင့် လူသည် ကမ္ဘာအတွင်းသို့ အလိုလိုဝင်ရောက်လာခြင်း၊ ဖန်ဆင်းရှင်မရှိ သဘာဝမဟုတ်သော သဘာဝ အတိုင်းဖြစ်ပေါ်သည်ဟု ခံယူထားသည့်အတိုင်း ဦးစွာ အပြစ်တင်ခြင်းစကားကို စတင်ဆွေးနွေးကြပါဦးစို့။
၁။ သင့်အား လူ့လောကသို့ လူသားတဦးဖြစ်ရန် ကျွေးမွေးပြုစုခဲ့ကြသော မိဘနှစ်ပါးအား အပြစ်တင်ခြင်းသည် ကုသိုလ်တရားလား၊ သို့တည်းမဟုတ် အကုသိုလ် တရားလားဟူ၍ ဦးစွာဖြေကြားပေးပါရန် တောင်းဆိုပါရစေ။
၂။ မိဘများအား အဘယ့်ကြောင့် ကမြင်းကျောထကာ ကျွန်ုပ်ကို မွေးသနည်းဆိုပါက။ မွေးသမိခင်သည် ဝမ်းမြောက်နိုင်ပါမည်လော။
၃။ ထိုသို့မေးခြင်းသည် မြန်မာ့ ယဉ်ကျေးမှုအရသော်လည်းကောင်း၊ ဘာသာရေး ရှု့ထောင့်အရသော်လည်းကောင်း၊ လူမှုရေး ရှု့ထောင့်အရသော်လည်းကောင်း သားကောင်းသမီးကောင်း တဦးအနေဖြင့်မေးသင့်သော မေးခွန်းဖြစ်ပါသလား ဆိုသည်ကို စဉ်းစားဆင်ခြင်ခြင်းအားဖြင့် သတိချပ်စေရန်မေးခွန်းမေးချင်ပါသည်။

"ငါ၏ သားသမီးတည်းဟူသော၊ ငါ့နာမဖြင့် သမုတ်သောသူ၊ ငါ၏ဘုန်းအသရေဖို့ ငါဖန်ဆင်းပြုပြင်၍ ဧကန်စင်စစ် လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော" ဟူ၍နှုတ်ကပါတ်တော်၌ မိန့်ြွမတ်တော်မူသည့်အတိုင်း ဘုရားရှင်သည် လူသား အပါအဝင် ဩကာသ လောက၊ သတ္တလောက၊ ထာဝရလောက ဆိုသော လောက သုံးပါးကို ဖန်ဆင်းတော်မူခဲ့ပါသည်။
နှုတ်ကပါတ်တော် အတိုင်းဆိုရပါက ဘုရားရှင်သည် လူသားနှင့် အတူတကွ မိတ်သဟာ ဖွဲ့ကာ ငြိမ်းချမ်းသော ဘဝကို ပိုင်ဆိုင်စေလိုသည့်အတိုင်း ကနဦး လူသားနှစ်ဦးအား ဧဒင် ဥယျာဉ် အရပ်တွင် ထားတော်မူခဲ့လေသည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့မြန်မာ စကားမှာ " ငါတို့သည်ကား နွယ်တော်သားပင် ဘုရားမျိုးပင်ဖြစ်ကြလေ၏ " ဆိုသောစကားအတိုင်၎င်း။ "အရိယာနွယ်ဝင်"ဟူ၍၄င်း စကားပုံထားရှိခဲ့လေသည်မဟုတ်ပါလား။ ထို့ကြောင့် ဘုရားရှင်သည် လူသားတို့အား ဖန်ဆင်းခြင်းသည် အဓိပ္ပါယ်ရှိပါသည်။ လွတ်လပ်သော အတွေးအခေါ်နှင့် ပေါင်းစပ်ထားသော လူသတဝါတို့နှင့်  ပေါင်းစည်း မိတ်သဟာယ ဖွဲ့လိုသော ဘုရားသခင်ဖြစ်ပါသည်၊ ဘုရားသခင်သည် စက်ရုပ်များ၊ ဥာဏ်မရှိသော ဆင်ခြင်တုံတရား မရှိသော အရာများကဲ့သို့ လူကို မဖန်ဆင်းခဲ့ခြင်းကို ပင်ကျေးဇူးတော် ဂုဏ်တော်ကို အခါခါအောက့်မေ့၍ ဘဝနာ တရားပွားကာ သာ၍ကြည်ညိုကိုးကွယ် ဆည်းကပ်သင့်လှပေသည်။
ကျမ်စာတော်မြတ်တွင်ကြည့်ပါက လူအား သတ္တဝါအားလုံးထက် ထူးကဲစွာ တမူထူးခြား ဖန်ဆင်းတော် မူခဲ့သည်ကို မြင်နိုင်ပါသည။ ဘုရားသခင်အား မယုံကြည် အတ္တဝါဒီ၊ မိစ္ဆာဝါဒီများက ဝေဖန်ရှုတ်ချခြင်း၊ ဖျက်လိုဖျက်ဆီး ကြံဆောင်ခြင်းစသည့် အတွေးအခေါ်များနှင့် လုံးခြာလိုက်နေသော ဤကမ္ဘာလောကကြီးတွင်၊ လူဖြစ်ကျိုးနပ်သော အမွန်မြတ်ဆုံးသော လူသားတဦး၏ လုပ်ငန်းဆောင်တာမှာ "ဘုရားဖက်ခြင်းပင်" ဖြစ်သည်။ ဘုရားမဲ့လူ၊ ဒိဌိဟူတည်း ဆိုသော ဆိုရိုးစကားမှ အသက်ရှင်တော်မူသော " ဧကောဗုဒ္ဓေါ" အရှင်၏ "ဧကောဓမ္မော" တခုတည်းသော တရားလမ်းကာ၊ မာရ်ငါးပါးကို အောင်မြင်တော်မူသော ယေရှုခရစ်တော် ဘုရားကို အကြွင်းမဲ့ ယုံကြည်လက်ခံခြင်းပင်ဖြစ်သည်။ ထိုသခင်ကို လက်ခံလိုက်ခြင်းသည်။ ယနေ့ပင် လူဖြစ်ကျိုးနပ်သော လူသားစင်စစ်ဖြစ်သွားခြင်းပင်ဖြစ်သည်။
ပခုံးနှစ်ဖက်ကြားမှ ခေါင်းပေါက်သော်ငြားလည်း ဘုရားမသိပါက ထိုသူသည် "အဟိတ် တိရိစ္ဆာန်" နှင့်ထူးမခြားနားပါလေ။ သမ္မာကျမ်းစာတော်မြတ်၌ကား ဘုရားရှင်သည်"မိုးကောင်းကင်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသည် မြေကြီးကိုပြုပြင် ဖန်ဆင်း၍ အမြဲတည်စေတော်မူသောအရှင်၊ အချည်းနှီးဖန်ဆင်းသည် မဟုတ် သတ္တဝါတို့ နေစရာဘို့ ဖန်ဆင်းတော်မူ၏ " ( ဟေရှာယ ၄၅း၁၈ )။ ထို့ကြောင့် မျောက်မှ ဆင်းသက်လာသော လူသားများမဟုတ်သည့်အတွက် ထိုဘုရားရှင်အား ချီးမွမ်းပါလေ၊ အလိုလိုပေါ်ပေါက်လာ၍ အလိုလို ကယ်သူမဲ့ဖြင့် သံသရာ ဝဲဩဃမှာ အလိုလို အကြောင်းမရှိ၊ သက်သက်မဲ့ လည်ရမည့်သူမဟုတ်သောကြောင့်လည်း ထိုဖန်ဆင်းရှင်အား ကျွန်ုပ်ချီးမွမ်းပါ၏။

၈။လူသားတို့ ကြုံနေရတဲ့ ဒုက္ခဆင်းရဲ အမျိုးမျိုးတို့သည် သေချာလေ့လာကြည့်ပါက ခန္ဓရှိသူတိုင်း ဒုက္ခမကင်းကြောင်း သေချာလှပါသည်။ ဒါ့ကြောင့် လူသားတို့ကို ဖန်ဆင်းသောထာဝရ ဘုရားသည် ချမ်းသာပေးပါသလား၊ ဆင်းရဲပေးပါသလားဆိုတာ ဖြေပေးပါ။

၉။ လူသားတို့ကို မေတ္တဂရုဏာတော်ဖြင့် ဖန်ဆင်းသည်ဟု ဆိုပါက မည်သူတစ်ဦးကမျှ မလိုချင် မတောင့်တ ( အို၊ နာ၊ သေ) ဒုက္ခဆိုးကြီးကိုပါ ဘာ့ကြောင့်ဖန်ဆင်းခဲ့ပါသနည်း။ ထာဝရ ဘုရား၏ မေတ္တာကို ရှင်းပြပါ။

၁၀။ မွေးခြင်း၊ သေခြင်း၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ပျော်ရွှင်ခြင်း၊ ကြေကွဲခြင်း စသည့်အရာရာတိုင်းသည် ဘုရားသခင်၏ အလိုတော်အတိုင်းသာ ပြုရမည်ဟုဆိုပါက သူတစ်ပါး၏ စော်ကားခြင်းခံရသော အမျိုးသမီးတစ်ဦး၏ အဖြစ်ဆိုးသည် ဘုရားသခင်၏ အလိုတော်အတိုင်းဟု သဘောသက်ရောက်ဖွယ်ရှိပါသည်။ ဤသို့မှန်ကန်ပါက ဘုရားသခင်၏ ဂရုဏာတော်သည် မည်သို့နည်း။

မေးခွန်း ၈ ၊ ၉ နှင့် ၁၀ အတွက်အဖြေ။

ပိဋကတ်ကျမ်းလာအရ ၊ ရှင်တော်ဂေါတမဗုဒ္ဓက "ရဟန်းတို့ ဤသံသရာ ဝဲဩဃ၏ အစကိုမသိနိုင်၊ အဝိဇ္ဇာဖုန်းကွယ်အပ်ကုန်သည်ဖြစ်၍၊ တဏှာနှောင်ကြိုးဖြင့်၊ ဖွဲ့အပ်ကုန်သည်ဖြစ်၍ ဤဘဝမှ ထိုဘဝ၊ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရသည့် သတ္တဝါတို့၏ ရှေးရှေးဘဝအစွမ်းသည် မထင်နိုင်" ( မသိနိုင်)။ အနမတဂ္ဂသံယုတ်။
တောင်ငူမြို့၊ အိုးကုန်းတိုက်နေ သင်္ဃာတော်ထံပေးစာတွင်" ရှင်တော်တို့က၊ လူ၏အစ၊ ဗြဟ္မာကဟု ဖြေမည်ကိုသိသည်နှင့် ဖြေမေးလိုက်သည်ကား။ ဗြဟ္မာက လူဘွားသည်မှန်လျှင်၊ ထိုဗြဟ္မာသည်လည်း ဗြဟ္မာမဖြစ်မီက ရှေ့ဦးစွာ လူဖြစ်ရမည် မဟုတ်လော။ လူဖြစ်ပြီးမှ ဒါန၊ သီလ၊ ကုသိုလ်အရှိန်အဟုန်ကြောင့် ဗြဟ္မာဘုံသို့ရောက်ရကြောင်းကို ကျမ်းဂန်များ၌ တွေ့ရသည် မဟုတ်ပါလား။ ဟုတ်လျှင် လူ၏အစသည် အဘယ်ကနည်း။
တဖန် ဓါတ်လေးပါးဖြင့် ပြုပြင်သည်မှန်လျှင် ၄င်းတို့က အယ်သို့နည်း။ ဖြစ်လျှက်ရှိသော ဓါတ်ဟူသည်ကား မြေကို အမ၊ မိုးကို အဖို၊ ရေကို သန္ဓေ ဆယ်လေတံ တကံဖြစ်ရဟူ၍ လာသည် မဟုတ်လော"သို့ကိုထောက်လျှင် ဗြဟ္မာအစလော။ ဓါတ်အစလောဟု မေးရန်တပြန်ရှိလေသည်။ ( တောင်ငူမြို့၊ အိုးကုန်းတိုက်နေ သင်္ဃာတော်ထံပေးစာ)။တရားတော်အကြောင်း။ကမ္ဘာဦးသူတို့သည်၊ ပီတိတည်းဟူသော အစာကိုမှီဝဲလျှက်၊ အသက်အသင်္ချေယျ လွန်ပြီးမှ၊ မြေတွင် ဟိုမှာတကွက်၊ သည်မှာတကွက် ပေါ်ထွက်သော မြေဆီကို ( ရသ ပထဝီ) တယောက်သောသူသည်၊ လက်ချောင်းဖြင့် ယူ၍စား၏။ ထိုမြေဆီသည် တသောင်းခုနှစ်ထောင်သော အကြောမတို့ကိုနှံ့၍ တည်၏။ ထိုသူ၏ အတုကို တပါးသော သူတို့လည်းလိုက်၍ပြု၏။ ထိုအခါ ဇီဝှါဝိညာဉ်သည်ဖြစ်လေ၏။ ထိုသူတို့ တပ်သောတဏှာစိတ်တို့ကြောင့်၊ မိမိတို့၏ ကိုယ်ရောင်ကိုယ်ဝါသည် ကွယ်၍၊ ကောင်းကင်ခရီးဖြင့်သွားခြင်းငှါလည်း မစွမ်းနိုင်ကုန်။ သူတို့၏ ကိုယ်သည်လည်း၊ ဖေါက်ပြန်ခဲ့သည်နှင့် ၊ အချို့တို့သည်၊ အဆင်းလှကုန်၏။အချို့တို့သည်၊ အဆင်းမလှကုန်။ အဆင်းလှသောသူတို့သည်၊ မလှသောသူတို့အား ကဲ့ရဲ့ရှုတ်ချကြကုန်၏။ ထို့နောက်မှ မြေဆီ ( ရသပထဝီ)သည် ကွယ်လေ၏။ ထိုမြေဆီနောက်၊ မြေမှ အလိုလိုပေါ်ပေါက်လာသော မှိုသဏ္ဌာန်မြေလွှာ (ဘူမိပပ္ပဋက) သည်ထင်ရှားဖြစ်၏။ ထိုမြေလွှာကိုပင် စားလျှက်နေကြကုန်၏။ ထိုအခါ၊ ထိုသူတို့သည်၊ အလွန်မာန်မူ၍ အဘိမာနဖြင့်၊ တပါးသော သူတို့ကို ချိုးဖဲ့ကြကုန်သည်ဖြစ်၍၊ မြေလွှာသည် ကွယ်ပြန်ရာ၊ အလွန်ချိုသော နွယ် ( ပဒါလတာ) ကိုစားကြကုန်၏။ ထိုနွယ်ချိုကွယ်ပြန်သောအခါ၊ ဆန်လုံးသက်သက်ဖြင့် သီးသော သလေးဆန်ကိုယူ၍စားကြကုန်၏။ ထိုသို့ရုန့်ရင်းသော သလေးဆန်ကိုစားသဖြင့်၊ ၄င်းအစာ၏ စွန့်ပစ်ရာ၊ ဝစ္စမဂ်ပသာဝမဂ်တို့သည် ထင်ရှားပေါ်လျှက် ဣတ္ထိလိင်၊ပုလ္လိင်တည်းဟူသော မိန်းမ၊ ယောင်္ကျားတို့၏ သဏ္ဌာန်သည် ထင်ရှားဖြစ်လေ၏။ ထိုအခါ ယောင်္ကျားသည် မိန်းမကို၎င်း၊ မိန်းမသည် ယောင်္ကျားကို၎င်း၊ အခါလေးမြင့် တစိန်းစိန်းကြည့်ရှုသဖြင့်၊ ကာမရာဂ စိတ်တို့သည် အားကြီးစွာ ဖြစ်ပေါ်လာသဖြင့်၊ မေထုန်အမှုကိုပြုကြကုန်၏။ ထိုအမှုကိုမြင်သော ပညာရှိတို့သည် စက်ဆုပ်သဖြင့်၊ တံတွေးဖြင့်ထွေးခြင်း၊ပြာ၊ခဲတို့ဖြင့်ပစ်ပေါက်ခြင်း၊ ကဲ့ရဲ့ခြင်းကိုပြုကြကုန်၏။ ထိုအခါ ကွယ်ဝှက်လိုသောငှါ၊ အိမ်ယာဆောက်ခြင်းပြုလုပ်၍ မိမိတို့အင်္ဂါကို ဖုံးလွှမ်းဘို့ရာလည်း၊ ကပ္ပရုက္ခတည်းဟူသော ပဒေသာပင်မှ အဝတ်တို့နှင့် ကိုယ်ကိုဖုံးလွှမ်းကြလေ၏။ ဤနေရာတွင် လူသားအစ၌ အို၊ နာ၊ သေခြင်း မရှိသည်ကို တွေ့နိုင်ပါသည်၊ ထိုနောက်လူတို့၏ ဆိုးညစ်သော အပြစ်တရားကြောင့် အဆွေများ၏ ကျမ်းဂန်တွင်ပင် ဆိုထားသည်ကို မမေ့သင့်ပါပေ။

၁၁။ သာမန်ထူးချွန်သော လူပုဂ္ဂိုလ်ပင်လျှင်၊ ထူးချွန်လာဖို့ကြိုးစားဖြတ်သန်းလာခဲ့ရသည့် ခိုင်လုံသော အတ္ထုပ္ပတ္တိသည်ရှိ၏။ ယခုကဲ့သို့ တုနှိုင်းမမှီသော ဘုရားတစ်ဆူဖြစ်ဖို့ ထူးခြားစွာကြိုးစားဖြတ်သန်းခဲ့ရသော ခိုင်လုံသော အတ္ထုပ္ပတ္တိသည်ရှိသင့်လှပေသည်။ ရှိကဖေါ်ပြပါ။ အကျိုးတရားတစ်ခု တစ်ခုတိုင်းတွင် အကြောင်းတရားသည်ရှိ၏။ အကြောင်းတရားမရှိက အကျိုးတရားပေါ်ရိုးထုံးစံရှိပါသလား။ အခိုင်အမာဖြေကြားပေးပါ။

ဤမေးခွန်းနှင့်စပ်လျှဉ်း၍ အဆွေဓမ္မစာရှုသူသည် အပြစ်တင်ရန် လွန်စွာစိတ်စောနေခြင်းဖြစ်သည်ကို သတိပြုစေချင်ပါသည်။ အကြောင်းအကျိုးကို သေသေချာချဂဃနဏ မသိဘဲ အပြစ်တင်ခြင်းသည် သူတော်တို့ ပြုအပ်သော အကျင့်တရားမဟုတ်ပါလေ။
ကျွန်တော် အထက်ပါ မေးခွန်းအဖြေများတို့တွင်ပင် အတော်အသင့်သိရှိလောက်ပေသည်။ အကြောင်းမှာ ဘုရားမြတ်စွာ အရှင်သည် ဤလောက စကြာဝဠာကြီးကို ဖန်ဆင်းပေးရာတွင် အပြစ်တရား လုံးဝ ပါဝင် ပတ်သက်ခြင်း မရှိခဲ့ပါ။ သို့ဆိုက အဘယ့်ကြောင့် ဤအရာများ ဖြစ်ပေါ်နေရသနည်းဟု သောအဆွေ၏ မေးခွန်းသည်။ အကျိုးဆက်ပင် ဖြစ်နေသောကြောင့် အကြောင်းတရားကို ဖြစ်စေသော သူမှာ မေတ္တာရှင်ဘုရား မဟုတ်ခဲ့သောကြောင့် အပြစ်တင်သားရှိ အပြစ်တင်လိုပါက။ နာခံခြင်းကင်းသော လူသားမျိုးနွယ်စု သင်နှင့် ကျွန်ုပ်တို့ပင်ဖြစ်ပေသည်။ ဘုရားရှင်၏ ဖန်ဆင်းခြင်းတွင် အားလုံး ကျွန်ုပ်တို့ မျော်လင့်တောင့်တနေသော အို၊ နာ၊ သေခြင်းကင်းသော အမတသုခနန်းပင်ဖြစ်ပေတော့သည်။ ထိုနေရာတွင် ထပ်မံ၍ မြန်မာ စကားဖြင့် ရိုးရှင်းစွာ ဆိုရပါက တရားကို နားမထောင်ရုံသာမက၊ လိုသလိုပြုပြင် တရားကို စော်ကားသော တရားစာရေ သင့်သောဘေး၊ နှင့် ဘုရားကို မဖက် အမှားကိုဖက်ကာ ဘုရားအား ပြစ်မှားမိသော ဘုရားစာရေ သင့်ခြင်းစသော ဘေးမှ ယနေ့ လူသားအားလုံး ခံစားနေကြရသော ဆိုးကျိုးများပင် ဖြစ်သောကြောင့် မပြစ်မှားအပ်သော ဘုရားအား ပြစ်မှားသော ရလာဒ်ပင် ဖြစ်သည်။
တဖန် ဤနေရာတွင် ထပ်၍စာရှုသူအား မှားမိသော အပြစ်ကို နောင်တရပါ။ ထပ်၍ပြစ်မှားသော အပြစ်မျိုးကို တဖန်မပြုပါလေနှင့် "အကြောင်းမှာ လူသည် ကိုယ်၊ နှုတ်၊ စိတ်" တို့ပြုသမျှသည် တနေ့စီရင်ခြင်းကို ခံရပေမည်။ ထို့ကြောင့် " ကံကံ၏ အကျိုးတရားကို ယိုးမယ်ဖွဲ့၍ ဆူးပုံမနင်းရ" ဆိုသော စကားအတိုင်း ဤနေရာတွင်လည်း ထပ်တူထပ်မျထိုသူသည် သူ၏ အကျိုးဆက်အတိုင်း ခံရပေမည်။ အဆွေပြော ပုံဥပမာတိုင်း အမှုဖြစ်ခဲ့သော်ကား ဘုရားသခင်မြတ်ရှင်တော်၏ အလိုတော်တွင် မဟုတ်သည်ကို အဆွေထင်ထင်ရှားရှား မြင်နိုင်ပေတော့မည်ဟု ယုံကြည်ပါသည်။ အကယ်၍ သင်၏ အမိကို အကျွန်ုပ်က မတရားပြုကျင့်သည်ဆိုပါစို့ "ဤကား ကံတရားကို ယိုးမယ်ဖွဲ့မည်လား" ဗုဒ္ဓကလည်း ဤနေရာတွင် သင်က ကံတရားကို ယိုးမယ်ဖွဲ့ပါက မိစ္ဆာဒိဌိဆိုသော ဘွဲ့ထူးကိုသာပေးတော်မူပါလိမ့်မည်။ကမ္မဝိပါကံ၊ ကံ၏အကျိုးသည်။ အပ္ပံ၊ အနည်းငယ်သာတည်း။ အဝသေသံ၊ ကြွင်းသော ကံတပါးသော မလိမ္မာခြင်း အကြောင်းကြောင့်ဖြစ်သော၊ သုခ၊ ဒုက္ခ အမျိုးမျိုးကို၎င်း၊ ကောင်းကျိုး မကောင်းကျိုးကိုတို့သည်။ ဗဟုတရံ၊ အလွန်များ၏။ တတ္တ၊ ထိုသို့ဖြစ်ရာ။ ဗာလာ၊ လူပြိန်းတို့သည်။ သဗ္ဗံ၊ အလုံးစုံ ကောင်းကျိုး မကောင်းကျိုးဝေဒနာမျိုးတို့သည်။ ကမ္မဝိပါကံယေဝ၊ ကံ၏ အကျိုးတို့သာတည်း။ ဣတိ၊ ဤသို့။ အတိဓါဝန္တ၊ အမှန်သဘော ဘုရားဟောကို လွန်၍ပြောကုန်၏။ ။ မှန်ပေ၏၊ အနာရောဂါ ရှစ်မျိုးပြရာ၊ ကံကြောင့်တပါးသာပါ၏။ အသက်ရှင်ခြင်း အကြောင်းတရားလေးပါးပြရာ၊ ကံကြောင့် တပါးသာပါ၏။ ။ပဌာန်း ပါဠိတော်၌ အကြောင်းတရား ၂၄ ပစ္စည်းပြရာ၊ ကမ္မပစ္စည်း တပါးသာပါ၏။
ထို့ကြောင့်၊ ဝိသုဒ္ဓိမဂ် အဌကထာ၌ အနေကေဟိပနကာရေနေဟိ အနေကမေဝဟောတိ။ ။ပပ၊ စင်စစ်သော်ကား။ အနေကေဟိ၊ များစွာသောအကြောင်းတို့ကြောင့်။ အနေကမေဝ၊ အကျိုးများသည်သာလျှင်။ ဟောတိ၊ဖြစ်၏။ ။လူမတန် ကံချ ဟူသကဲ့သို့၊ ကံကိုသာ ရိုးမနေနှင့် သို့မဟုတ်ပါက မျက်မှောက် ဘုရားတရားကို ရှိဖွေဆည်းကပ်ရန် အခွင့်ထူးကို ရရှိထားသော်လည်း ဘုရားနှင့်လွဲ၍ ဘဝနောင်ရေးလည်းမွဲကာ ဧကကရဏဒိဌိ အဖြစ်သို့ရောက်ကုန်ပေလိမ့်မည်ဖြစ်ကြောင်း မေတ္တရှေ့ထား ရေးသားဖေါ်ပြလိုက်ရပေသည်။

၁၂။ ခန္ဓာရှိသူတိုင်း ဒုက္ခရှိသည်ဟု လူတိုင်းသိကြပါသည်။ သင်ကိုယ်တိုင်လည်း ဒုက္ခရှိတာငြင်းချက်မရှိသေချာ၏။ ဒုက္ခဖြစ်စေနိုင်သည့် ဤခန္ဓာကို ထာဝရ ဘုရားက ဖန်ဆင်းပေးသည်ဆိုပါက ဒုက္ခဖြစ်ရခြင်းရင်းမြစ်၊ ဒုက္ခဖြစ်အောင် ပြုလုပ်ပေးသူမှာ ထာဝရ ဘုရားပင်ဖြစ်မနေဘူးလား။ ကျေးဇူးရှင်ဟုခေါ်မလား စဉ်းစား၍ဖြေကြည့်ပါ။

အထက်တွင်ဖေါ်ပြခဲ့သော အဖြေနေရာကို တကြော့ပြန်သွားလိုက်ပါ အဘယ့်ကြောင့် ကျေးဇူးရှင်ဟု ခေါ်ရသနည်း ယခု ကျွန်ုပ်တို့ ရင်ဆိုင်နေရသော အရာအားလုံးတို့သည် မနာခံခြင်းတို့မှ လာသော အကျိုးတရားများမှ ဖြစ်သောကြောင့် ဘုရားရှင်အား အပြစ်တင်ယိုးမယ်ဖွဲ့ရန်မှာ လုံးဝ သင့်လျှော်မှန်ကန်ခြင်းမရှိပါလေ။

         ၁။ သင့်အား လူ့လောကသို့ လူသားတဦးဖြစ်ရန် ကျွေးမွေးပြုစုခဲ့ကြသော မိဘနှစ်ပါးအား အပြစ်တင်ခြင်းသည် ကုသိုလ်တရားလား၊ သို့တည်းမဟုတ် အကုသိုလ် တရားလားဟူ၍ ဦးစွာဖြေကြားပေးပါရန် တောင်းဆိုပါရစေ။
        ၂။ မိဘများအား အဘယ့်ကြောင့် ကမြင်းကျောထကာ ကျွန်ုပ်ကို မွေးသနည်းဆိုပါက။ မွေးသမိခင်သည် ဝမ်းမြောက်နိုင်ပါမည်လော။
        ၃။ ထိုသို့မေးခြင်းသည် မြန်မာ့ ယဉ်ကျေးမှုအရသော်လည်းကောင်း၊ ဘာသာရေး ရှု့ထောင့်အရသော်လည်းကောင်း၊ လူမှုရေး ရှု့ထောင့်အရသော်လည်းကောင်း    သားကောင်းသမီးကောင်း တဦးအနေဖြင့်မေးသင့်သော မေးခွန်းဖြစ်ပါသလား ဆိုသည်ကို စဉ်းစားဆင်ခြင်ခြင်းအားဖြင့် သတိချပ်စေရန်မေးခွန်းမေးချင်ပါသည်။

၁၃။ ထာဝရ ဘုရားသာ မဖန်ဆင်းခဲ့လျှင် သင်ဒီဒုက္ခတွေ့ကြုံနိုင်ပါသလား။ ဤဖန်ဆင်းရှင်၏ လက်ချက်ကြောင့် မွေးရခြင်းဒုက္ခ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေး၊ သားရေး၊ သမီးရေး၊ အိုရေး၊ နာရေး၊ သေရေး ဒုက္ခအစုစုတို့ကိုဖြစ်ကြသည်မှာ မည်သူငြင်းနိုင်ပါအံ့နည်း။ စဉ်းစား၍ သဘာဝကျကျ ငြင်းချက်ထုတ်ပြပေးပါ။

ဘုရားရှင်က ကောင်းရာမွန်ရာ ဘဝဖြင့်ထားသောလူသည် မနာခံခြင်းကြောင့်ရလာသော ရလာဒ်အား အပြစ်တင်ခြင်းသည် လုံးဝမသင့်တော်ပါ။
ဗာလာနံ လူမိုက်တို့သည် ပုစ္ဆေ အမေးတို့၌ ပီယေ၊ ပီယေ သာယာဖွယ်စကားတို့ကို ဆိုတတ်၏ ဆိုသော လောကနီတိ စကားတို့ထက်။ အကြောင်းအရင်းတခုကို မမေးမမြန်းပဲ အပြစ်တင်ရန်ဆန္ဒစောသောသူသည် သာ၍ပင် မိုက်မဲရာ ရောက်ပေသည်။ အဆွေမေးသော ပုစ္ဆာအမေးသည် အမှန်အားဖြင့် အဘယ့်ကြောင့် ဒုက္ခဆင်းရဲ ရောက်ရသနည်းဆိုပါက သာ၍သင့်လျှော်သော မေးခွန်းပင်ဖြစ်သောကြောင့် လောကီလူသားအားလုံးတို့အတွက် ထိုအမေးသည် သာ၍အကျိုးထူးသော မေးခွန်းပင်ဖြစ်လေတော့သည်။
သမ္မာကျမ်းစာအတိုင်း ဖြေရပါက ဘုရားရှင်သည် မေတ္တာရှင်ဘုရားဖြစ်သည့်အားလျှော်စွာ လူသားတို့အား အို၊ နာ၊ သေခြင်းကင်းရာ ဘဝဖြင့် ဖန်ဆင်းပေးခဲ့ပါသော်လည်း လူသည် ဘုရားမကြိုက် အမှားလိုက်ကာ သမ္မာတရားမှသွေဖယ် မာရ်နတ်စကားကို ခင်တွယ်မိရာမှ ဤ အဆွေမေးသော ဆိုးကျိုးများကို ခံစား၊ ရင်ဆိုင် မရှုနိုင်၊ မကယ်နိုင် ဖြစ်နေကြရခြင်းပင်ဖြစ်လေတော့သည်။

ထို့ကြောင့် မေးခွန်း နံပါတ် ၁၁ တွင်ရှိသော အဖြေလွှာကိုလည်း ထပ်၍ကြည့်ပါဟု ရေးသားရင်း ဤနေရာတွင် ဤအမေးအတွက် နိဌိတံ လိုက်ရပါသည်။

၁၄။ အပြစ်သားကို ကယ်တင်ခြင်းသည် အဆိပ်ပင်ရေလောင်းခြင်းသာဖြစ်တော့၏။ ဥပမာ – သင့်အပေါ်စော်ကားချင်တိုင်း စော်ကားသောလူ၊ ယုတ်မာအပြစ်မှလွတ်အောင် ဘုရားသခင်ထံ ချဉ်းကပ်ဆုတောင်း၍ ဘုရားသခင်သည် လူယုတ်မာ၏ အပြစ်ကိုခံယူပြီး ထိုလူယုတ်မာ အပြစ်သားကို ခွင့်လွတ်ကယ်တင်ပါလျှင်၊ သင်ဘယ်လိုခံစားရမည်နည်း။ အဓိပ္ပါယ်ရှိသလား။ ရှင်းပြပါ။ ဥပမာ – သင်ကိုယ်တိုင် ဆူးပေါ်တက်နင်းပြီး ဖြစ်ပေါ်လာတဲ့နာကျင်မှုဒဏ်ကို ဘုရားသခင် ခံစားသလား၊ သင်ခံစားသလား၊ အဓိပ္ပါယ်ရှိအောင် ဖြေကြားပေးပါ။

အပြစ်သားကို ကယ်တင်ခြင်းသည် အဆိပ်ပင် ရေလောင်းသကဲ့သို့ဟု ဆိုသောကြောင့် အဆွေသည် မိမိကိုယ်ကို အပြစ်ကင်းသူ သူတော်စဉ်အဖြစ် ထင်ယောင် မြင်ယောင် မိနေသည်ဟု ထင်ပါသည်။ လောကတွင် လော၊ ဒေါ၊ မော နှင့် ကင်းလွတ်းနိုင်သောသူ မရှိသောကြောင့် လူသားတိုင်းတို့မည်သည်ကား ဘုရားမပါပါက အဟိတ်တိရိစ္ဆာန်နှင့် မခြားနား အပါယ်ဘုံသို့ လားရမည့်သူများဖြစ်ကြောင်းကို တရားကို တကယ်လိုက်နာဘူးသူတိုင်း သိကြပါသည်။ တနည်း ပိဋကတ် စကားဖြင့် ဆိုရပါက " ပါပသ္မိံ၊ ရမတေ မနော" ဟု ဗုဒ္ဓဂေါတမ ကိုယ်တော်တိုင်က သတ္တဝါတို့၏ စိတ်သည် မကောင်းမှု၌သာ အစဉ်ညွတ်ယိမ်းလျှက်ရှိသောကြောင့်။ ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့်ပြုသမျှ၊ ပြောသမျှ၊ တွေးစကြံစည်သမျှတို့သည် ဣဿာ မစ္ဆရိယ ဒေါသ၊ မာန၊ ငါအစွဲ ဆရာအစွဲ၊ လူမျိုးအစွဲ အစရှိသော တဏှာဒိဌိအစွဲတို့ဖြင့်၊ အမြဲဖုံးလွမ်း အုပ်စိုးခြင်းတို့ကို ခံနေရသည်ဖြစ်၍ ၄င်းတို့၏ ကာယကံ၊ ဝစီကံ၊ မနောကံတို့သည် အကောင်းဖြစ်ဖို့ထက် အဆိုးဖြစ်ဖို့ကသာ များနေပေသည်။ ( လူသောလူဖြစ်ဝါဒနုဝါဒ၊ ဝိနိစ္ဆယ၊ ထေရဝါဒ စွယ်စုံကျမ်း၊ နှာ-၄၈၂)။

ထို့ကြောင့် ပုပုရွရွ လူမှန်သမျှတို့သည် "သူမကယ်နိုင်၊ ငါမကယ်နိုင်" တည်းဟူသော အနေအထားတို့တွင် ဘုရားကို ဖက်စရာမလို၊ ကိုယ်ကျင့်တရားကို အားကိုးစရာ အဖြစ်ထားရန်ပြုခြင်းသည် အဘယ်မျှသော ရယ်စရာဖြစ်ပါသနည်း။ ကြည့်ပါစို့ အောက်ပါနှစ်ချက်သော တရားစကားတို့တွင် အဘယ်မည်သော တရားသည် သင်၏ ကိုးကွယ်ရာဖြစ်ပါသနည်း။
၁။ အဇ္ဇတဂ္ဂေပါဏုပေတံ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ။ မြတ်စွာဘုရားကို ကိုးကွယ်ရာအဖြစ် အသက်ထက်ဆုံးဆည်းကပ်ခိုလှုံပါ၏။
၂။ အတ္တာဟိ အတ္တနော နာထေ။ မိမိကိုယ်သာ ကိုးစားရာ။
၎င်းတရားနှစ်ပါးတွင် အကယ်၍ အမှတ် ၁ ကိုရွေးပါက အဆွေသည် ဘုရားအားကိုးခြင်းမည်ပြီး။ အကယ်၍ အမှတ် ၂ ကိုရွေးပါက အဆွေသည် ဘုရားကို ပေယျာလကံ ပြုသော သူပင်ဖြစ်သောကြောင့် အကျွတ်တရားလမ်းသည် အဆွေနှင့် အရှေ့နှင့်အနောက် ၊ တောင်နှင့်မြောက်ကဲ့သို့ လုံးဝပင် ဘုရားနှင့် ဝေးကွာသူဖြစ်ယုံသာမက။ ဘုရားမပါသော၊ သို့မဟုတ် ဘုရားကို မဖက်ယမ်း လျှစ်လျှူရှု့သော မိစ္ဆာဒိဌိ ပင်ဖြစ်ပေတော့မည်။
ဤကဲ့သို့သော အခြေအနေတွင် မေတ္တာရှေ့ထား မြတ်ဘုရားက တရားဟောဖေါ်၊ ပြညွန်၍ ကယ်တင်ခြင်းသည် အဘယ်မှာလျှင် အဆိပ်ပင်ရေလောင်း မဖြစ်ယုံသာမက။ ဘုရားတို့၏ ဂုဏ်အင်္ဂါတော်နှင့်အညီ ဘုရားမြတ်အား သာ၍ပင် ကြည်ညိုကိုးစား အားထားစရာပင် ဖြစ်စေ၍ အခြားသော ဝေနေယျ သတ္တဝါတို့အား တဆင့်ဖေါ်ညွန်း၍ ထိုမေတ္တာရှင်ဘုရား၏ စစ်မှန်သော အကျွတ်တရားလမ်းကိုပင် "လာရောက်ရှုမြင် ကျေးဇူးတင်မြဲဖြစ်၍ လာပါရှုပါ ကျင့်ကြံပါဟု မပါပါအောင် ခေါ်ဆောင်တိုက်တွန်း တိုက်တွန်းခြင်းငှါ ထိုက်တန်စွာသော ဂုဏ်ထူးဝိသေသနှင့်လည်း ပြည့်စုံတော်မူပါပေသည်"။ ထိုကြောင့် ဤနေရာတွင် အဆိပ်ပင်ရေလောင်း မဖြစ်သည်သာမက ကျေးဇူးတော် အစုံ ဂုဏ်တော် အနန္တတို့ကိုပင် လှစ်ဖေါ်ပြ၍ အဆွေအားလည်း  အဇ္ဇတဂ္ဂေပါဏုပေတံ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဆိုသော စကားအတိုင်း လာရောက်ကိုးစားလှည့်ပါဟု ဖိတ်ခေါ်နေသော အရှင်ပင်ဖြစ်လေတော့သည်။
အဆွေ ဘုရားဟူသည် မေတ္တာတော်အရှင်ဖြစ်တော်မူသည့်အားလျှော်စွာ ဘုရားရှင်၏ လူသားတို့အပေါ်ထားရှိသော ကရုဏာတော်မြတ်သည်ကား အကျွတ်တရားလမ်းကို လမ်းညွန်ဖေါ်ပြ၊ မဂ်လမ်းသို့ ဖောင်ကူးတို့ဖြင့် ဆောင်ပို့ခြင်း ပြုရန် သာဖြစ်သောကြောင့် ကယ်တင်ဖေးမခြင်းသည် ဘုရား အစစ်အမှန် အဖြစ်တော်ကို ထင်ရှားစေသည်။ မကယ်တင်ပဲ "နင်သည် ငါ့ကို အားကိုးသော်လည်း သင့်လမ်းသင့်သွား" ဆိုသော စကားသည်ကား မေတ္တာကင်းခြင်းဖြစ်၍ ဘုရားအဖြစ်တော်တွင် ကိုက်ညီခြင်းမရှိသော အဖြစ်တော်ကို ထင်ထင်ရှားရှား ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြခြင်းသာလျှင်ဖြစ်လေတော့သည်။

၁၅။ ထာဝရဘုရားသည် ကောင်းကင်နှင့်မြေကြီး၊ ရေ၊ သစ်ပင်၊ တော၊ တောင်၊ လူ၊ တိရိစ္ဆာန်တို့ကို ဖန်ဆင်းခဲ့သည်ဟုဆိုသည်။ သို့သော် ထိုထိုသော သက်ရှိတို့ကို အသက်ရှင်ရေးအတွက် ရှုစရာ "လေ" ကို ဖန်ဆင်းခဲ့သည်ဟု ကျမ်း၌ မပါရှိပါ။ ထို့ကြောင့် လေကိုဖန်ဆင်းသည်ဟူသော ကျမ်း၏ စာမျက်နှာအထောက်အထားတို့ဖြင့် ခိုင်ခိုင်လုံလုံသက်သေပြပါ။

ဤနေရာတွင် စာရှုသူအနေဖြင့် သေသေချာချာ စဉ်းစားကြည့်ရန်မှာ ထိုအဖြေအား သမ္မာကျမ်းစာတွင် အဖြေမရှိဆိုသော အပိုင်တင်ကြေးဖြင့် မေးသော်လည်း အကယ်စင်စစ် ၄င်းအဖြေအား သမ္မာကမျမ်းစာတွင် တိကျသော အဖြေလွှာကို ပေးထားသည်ကို ရှင်းလင်းစွာရေးပြပါမည်။ အမှန်တကယ် သမ္မာတရားတရားကို သြွိကမ်းလို၍ မေးသောသူဖြစ်ပါက အသိတရားသက်သက်သာမက ဘဝအတွက် အကျွတ်တရားလမ်းကိုပင် လှမ်းမြင် ရယူပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါသည်။  သမ္မာကျမ်းစာတွင် "ထာဝရဘုရားသည် ကောင်းကင်မြေကြီး၊ သမုဒ္ဒရာ၊ နက်နဲရာအရပ်ရပ်တို့၌ အလိုတော်ရှိသမျှတို့ကိုပြုတော်မူ၏။ မြေကြီးစွန်းမှ မိုးတိမ်တို့ကို တက်စေတော်မူ၏ မိုးနှင့်တကွ လျှပ်စစ်ကို ဖန်ဆင်းတော်မူ၏။ ဘဏ္ဍာတိုက်တော်ထဲက "လေ"ကိုထုတ်တော်မူ၏" ( ဆာလံ ၁၃၅း၆-၇)။
တဖန်"ထာဝရ ဘုရားသည် တန်ခိုးတော်အားဖြင့် မြေကြီးကိုဖန်ဆင်းတော်မူပြီ၊ ပညတ်တော်အားဖြင့် မိုးကောင်းကင်ကို ကြတ်တော်မူပြီ၊ ဥာဏ်တော်အားဖြင့် မိုးကောင်းကင်ကိုကြတ်တော်မူပြီ၊ အသံတော်ကို လွှတ်တော်မူသောအခါ မိုးရေအသံဗလံ ဖြစ်စေတတ်၏။ မိုးရွာသည်နှင့် လျှပ်စစ်ပြက်စေတော်မူ၏။ "လေ"ကိုလည်း ဘဏ္ဍာတော်တိုက်ထဲက ထုတ်တော်မူ၏" ( ယေရမိ ၁၀း၁၂-၁၃)။

၁၆။ ထာဝရဘုရားသည် အနန္တမေတ္တာ၊ ဂရုဏာရှင်ဖြစ်ပါလျှက် ဘာ့ကြောင့် လူ့ဘဝကို ကြမ်းတမ်းစေသနည်း။ မအို၊ မနာ၊ မသေသော ကောင်းကင်နိုင်ငံတော်သို့ အစကတည်းက ဘာ့ကြောင့် မပို့ဘဲ လူသားတို့ကို ဒုက္ခခံစားစေသနည်း။ အနန္တမေတ္တာ၊ ဂရုဏာရှင်ဆိုသော စကားနှင့် ကိုက်ညီအောင် သုံးနှုန်းဖြေကြားပေးပါ။


ဤနေရာတွင်လည်း အဓိက အမေးသည်  အို၊ နာ၊ သေရေးကို ဘာ့ကြောင့် ဘုရားရှင်ဖန်ဆင်းသနည်း ဆိုသော အမေးသည် ဘုရားမြတ်ရှင်တော်၏ အလိုတော် တနည်း ဘုရားမြတ်၏ အလေ့အလာကို မသိသောသူ၏ မိုက်မဲသော အမေးပုစ္စာပင်ဖြစ်ပေသည်။ အကြောင်းအရင်းမှာ သမ္မာကျမ်းစာ တစ်ခုလုံးတွင် လူသားအား ထိုအခြေအနေဖြင့် ဖန်ဆင်းခဲ့ခြင်းမရှိသည်ကို ကမ္ဘာဦးကျမ်း အစကိုဖတ်သည်နှင့် သိနိုင်ပါသည်။ ယခုမေးသော မေးခွန်းသည် အကြောင်းတရားကို သိပါက အလွန်လွယ်ကူသောအရာဖြစ်ပြီး၊ ယခုသော်ကား အကြောင်းတရားကို မသိသောကြောင့် အကျိုးတရားကို ထပ်ကာထပ်ကာ မေးနေသော အမေးဖြစ်ပေသည်။ ရိုးရှင်းသော အဖြေမှာ။
၁။ ဖန်ဆင်းစတွင် ထိုအဖြစ်မျိုးမရှိပါ။
၂။ အို၊ နာ၊ သေခြင်းကင်းရာ အသင်္ခါရ လူသားအဖြစ်လူသည်ရှိခဲ့သည်။
၃။ ဘုရားရှင်အား ထာဝရ ကိုးစား၍ ငြိမ်းအေးသောဘဝကို ပိုင်ဆိုင်နေခဲ့သည်။
၎။ မရှိ၊ မလှ၊ မဝ စသော အမင်္ဂလာစကားကို မကြား၊ မသိကြသော အခြေပင်ဖြစ်သည်။
ထိုဘဝမျိုးဖြင့် လူသားသည် ဘုရားကို လွန်ကျုးသော လုပ်ဆောင်ချက်များက။
၁။ တရားတော်ကို အလွဲသုံးစားလုပ်ခြင်း။
၂။ ဘုရားထက်လွန်ကျုး မာန်မာနကိုယစ်မူးခြင်း။
၃။ ဘုရားကိုဖက်ပြိုင်လိုခြင်း။
၎။ ငါမှငါသာ ခိုင်းနှိုင်းလွဲခြင်း။
၅။ ကာယကံ၊ ဝစီကံ၊ မနောကံ စသော ကံသုံးပါးဖြင့် ဘုရားကိုစော်ကားခြင်းတို့ပင်ဖြစ်သည်။
ထိုအကြောင်းတရားများကြောင့် အကျိုးဆက်သည်ကား။
၁။ ဘုရားစာရေ သင့်ခြင်း။
၂။ တရားစာရေသင့်ခြင်း။
၃။ အို၊ နာ၊ သေခြင်းကို ရင်ဆိုင်ရခြင်း။
၎။ မရှိ၊ မလှ၊ မဝ စသော အမင်္ဂလာကိုရင်ဆိုင်ရခြင်း။
၅။ သေသည့်တိုင်အောင် နဖူးကချွေးခြေမထိတိုင်အောင် လုပ်ဆောင်ရခြင်း။
၆။ အဆုံးတွင် ဘုရားမဖက်က ငရဲ၌ လမ်းဆုံရမည့်ဖြစ်ခြင်းစသော အကျိုးတရားများကို ခံစားရပေမည်ဖြစ်သောကြောင့် ဤနေရာတွင် အဆွေ၏ အမေးပုစ္ဆာသည် ရှင်းလောက်ပေပြီ။
ပဏ္ဍိတဝေဒနိယ ဒီပဏီကျမ်း မျက်နှာ ၁၇၆၌၊ စိတ်သည် လောကကို ဖန်ဆင်းကြောင်း။ စိတ္တေဿဧကဓမ္မဿ၊ သဗ္ဗောဝသမဒ္ဓဂူ။ ။ သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်။ ။လောကေ၊ လောကကို။ စိတ္တေန၊ စိတ်သည်။ နိယတိ၊ ဖြစ်အောင်ဆောင်တတ်၏။ ဖျက်လည်း ဖျက်ဆီးတတ်၏။ လောကေ၊ လောကကို။ စိတ္တေန၊ စိတ်သည်။ ပရိကဿတိ၊ ပြုပြင်တတ်၏။ စိတ္တဿ၊ စိတ်ဟူဆိုအပ်သော။ ဧကဓမ္မဿံ၊ တခုသောတရား၏။ ဝသံ၊ အလိုသို့။ သဗ္ဗေဝ၊ အလုံးစုံသော တရားတို့ပင်။ အဒ္ဓဂူ၊ အစဉ်လိုက်ရကုန်၏။
ဤပါဠိတော်လာရှိသည့်အတိုင်း။ စိတ်ကြောင့် လောကဖြစ်ကြောင်း၊ လောကကြီးကို စိတ်သည် ပြုပြင်ဖန်ဆင်းကြောင်းကိုဆိုသော်၊ ဤလောကကြီးသည် ဘယ်သူ၏ စိတ်ကြောင့် ဖန်ဆင်းလျှက် ရှိသနည်း။ ၄င်းစိတ်၏ အလိုကို သိတတ်သော သဘောသဘာဝကား ဘယ်တရားပါနည်း။ ဥတု၌၊ စိတ်ရှိပါသလော။ ထိုသို့ဆိုသော်၊ ဥတုသည်၊ ကြံစည်ခြင်း၊ စီစဉ်ခြင်း၊ ဆင်ခြင်ပိုင်းခြားခြင်း ရှိနိုင်ပါသလော။ ကံ၌လည်း ထိုသဘောများပါပါသလောဟု များစွာစဉ်းစားစရာရှိလေသည်။
လောကဓါတ်မှစ၍၊ လောကဓါတ်၌ရှိလေသမျှသော အရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်။ တမန်တော် ၁၇း၂၄။ အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။ ကမ္ဘာဦး ၁း၁ ၄င်းအချက်အတိုင်း ဤကမ္ဘာလောကကြီးကို ဘုရားသခင်၏ စိတ်အကြံတော်အားဖြင့် ဖြစ်ကြောင်း ထင်ရှားလျှက်ရှိလေသည်။

၁၇။ ကိုယ့်ဟာကိုယ်ရှာစားပြီး၊ ဘုရားကျွေးသည်ဟူသော စကား။ မိမိဘာသာစီးပွားရှာ၍ ပြည့်စုံခြင်းကို ဘုရားပေးသည်ဟူသော အဓိပ္ပါယ်ကို ရှင်းပြပါ။ သင်မရှာထားပါက အစားအစာ ရပါမည်လော။ သင်စီးပွားမရှာပါက ပြည့်စုံပါမည်လား။ ထိုသို့ စားရခြင်း၊ ပြည့်စုံရခြင်း အကျိုးတရားတို့တွင် ဘုရားသခင်၏ လုပ်ဆောင်ချက်ရှိပါသလား။ ရှိပါက ဖေါ်ပြပါ။ ကိုယ့်ဟာကိုယ်ရှာစားပြီး တလွဲကျေးဇူးတင်ရာ ရောက်မနေဘူးလား။ သဘာဝကျအောင် စဉ်းစားဖြေကြားပေးပါ။

အမှန်တကယ်အားဖြင့် ကိုယ်ထူကိုယ်ထ စနစ်ဟူသည် နေရာတိုင်းတွင် အသုံးပြု၍မဖြစ်နိုင်သည်ကို သတိပြုမိပါက အဖြေသည်ရှင်လောက်ပေပြီ။ လက်တွေ့သာဓကကို ပြဆိုရပါက။ ဤသည့်စားဖွယ် အမည်မည်ကို၊  မြူးရွယ်မာန်ြွက၊ လှပစေခြင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ လေးဖြာဓါတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျှက်၊ အပြစ်မသန်း၊ မမောပန်းဘဲ၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်းလည်း၊ မဖြစ်စေရ ……………… (စသည်ဖြင့်) သုံးဆောင်မှီဝဲပါသတည်း။ ဆိုသော ဆွမ်း၊ ကွမ်း၊ သင်္ကန်း၊ ကျောင်းအတွက် ကိုရင်၊ ဥဇင်း၊ ဘုန်းတော်ကြီးတိုင်း ပစ္ဆဝက္ခဏာ စဉ်ခြင်ခြင်း ပြုရသည်ကို သတိရ အောက်မေ့ပါက အသက်ရှင်၍ တည်ရှိတည်နေတော်မူသော တစ်ဆူတည်းသော ဘုရားမြတ်ကို ယုံကြည်သော ဘုရားအနွယ်ဝင် ခရစ်ယာန်သူတော်စဉ်များက အစားအသောက်အတွက် ၊ သွားခြင်းလာခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းခြင်းသည်  တလွဲကျေးဇူးတင်နေသောသူများမဟုတ် အရှိဘုရားကို ကျေးဇူးအသိတရားဖြင့် ကျေးဇူးတင်နေခြင်းသည် "မိဘစကား နားဝယ်ထား မှားတယ်ဘယ်မကြား" ဆိုသော စကားနှင့်အညီ သာ၍သဘာဝကျသော ဝတ်ရွတ်စဉ်တစ်ခုပါမိတ်ဆွေ။ ဖန်းဆင်းရှင်ဘုရားမြတ်၏ ကျေးဇူးတရားမရှိပါက အဆွေသည် အဘယ်သို့ လူဖြစ်လာစရာ အကြောင်းရှိပါသနည်း။ နောက် ထိုဘုရားမြတ်က ရာသီခွင်များပေးခြင်းမပြုပါက၄င်း၊ ကျန်းမာခြင်းမရှိပါက၄င်း၊ အဘယ်မှာလျှင် ချမ်းသာစွာ သွားလာနိုင်ပါအံ့နည်း။ ဥတု၊ ဗီဇ၊ ကမ္မ၊ စိတ္တ၊ အဟာရ တို့သည် ဘုရားပေးဖြစ်ကြောင့် ပိဋကတ်တွင် ဖေါ်ပြထားသည်ကိုထောက်သော် ဧကန်စင်စစ် ကျေးဇူးသိတတ်သူတိုင်း  အဘယ်မှာလျှင် ကျေးဇူးမတင်ပဲနေနိုင်ပါအံ့နည်း။

၁၈။ ဖန်ဆင်းရှင်သည် ဤကမ္ဘာကိုဖန်ဆင်းသည်ဟုဆိုသည်။ သို့သော် တစ်ခြားတစ်ခြားသော စကြာဝဠာ၊ ဂြိုလ်အသီးသီးမှ ဂြိုလ်သားများ၊ ဤကမ္ဘာသို့ရောက်နေခြင်း၊ ရောက်ရှိလားခြင်းတွေကို သိပ္ပံသုတေသနပြု စာအုပ်များတွင် အထင်အရှားပင် တွေ့မြင်နေရပါသည်။ ထိုဂြိုလ်သားများကို ထာဝရဘုရားဖန်ဆင်းခဲ့သလား။ ဖန်ဆင်းခဲ့သည်ဆိုပါက ကျမ်းအထောက်အထားခိုင်လုံစွာဖြင့် ဖြေကြားပေးပါ။

၁၉။ ထာဝရဘုရားဖန်ဆင်းသည်မှာ တစ်ကမ္ဘာဘဲဟု သိရပါသည်။ သို့သော် စကြာဝဠာအနန္တဟူ၍ မရေမတွက်နိုင်သော ဂြိုလ်အမျိုးမျိုး၊ ကမ္ဘာအမျိုးမျိုးရှိနေကြောင်း သိပ္ပံစမ်းသပ်မှုတွေ၌ ဖေါ်ပြနေကြသည်ကို အဘယ်သို့ ဖြေရှင်းမည်နည်း။

၁၈ နှင့် ၁၉ အတွက်အဖြေလွှာ။

တကမ္ဘာသော်၎င်း၊ နှစ်ကမ္ဘာသော်လည်းကောင်း အသင်တွေ့မြင်ခြင်းသည် သေချာပါသလား၊ ထာဝရ ဘုရားသည် ရှေးကမ္ဘာ အဆက်ဆက်မှ နောက် ကမ္ဘာ အဆက်ဆက်တိုင်အောင် ထာဝရ တည်ရှိတော်မူသည်ဟု ဆိုပါသည်။ ဤကား သမ္မာကျမ်းစာ၏ အပြောနှင့် အဆွေ၏ အပြောသည် ရှေ့နှင့်နောက် မညီသောကြောင့် တတ်ယောင်ကား လုပ်ခြင်းသည် လွန်စွာအပြစ်ကြီးလှပေသည်။
သိပ္ပံပညာသည် သမ္မာကျမ်းစာကိုသာ အခြေခံ၍ လုပ်ဆောင်နေသည်ကို ထောက်သော် သိပ္ပံသည်အဘယ်သို့ ကျမ်းစာအား သာလွန်နိုင်အံ့နည်း။ ဤကဲ့သို့သော မေးခွန်းမျိုးသည် ရုပ်ဝါဒီတွေကသာ မေးလေ့မေးထရှိပါသည်။ အထူးသဖြင့် ကွန်မြူနစ်ဝါဒီတွေရဲ့ လက်သုံးစကားလုံးဖြစ်ပါသည်။
"ပါဠိပညာရှင် မစ္စတာရိုင်း ( စ်) ဒေးဗစ်၏ ရေးသားချက်ကို ကျွန်ုပ်ဖော်ပြလိုပါ၏….။ ဗုဒ္ဓဘာသာသည် ဘယ်အခါကမှ ရုပ်ဝါဒမဟုတ်ခဲ့သော်လည်း နောက်ကာလ၌ ဘဝသံသရာနှင့်စပ်လျှဉ်း၍ အမြင်ကျဉ်းမြောင်းလာကာ ရုပ်ဝါဒီအဆင့်အတန်း ဆင်ခြင်တုံတရားကိုသာ အခြေပြုသော ဝါဒအဆင့်အတန်းသို့ကျဆင်းလာ၏" ( ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ၊ ပ၊ ဦးအေးမောင်၊ နှာ-၂၃)။
အကယ်စင်စစ် သိပ္ပံပညာရှင်များက " ဂြိုလ်သား" ကိုဖမ်းမိထားပြီဖြစ်ကြောင်းနှင့် ကမ္ဘာပေါ်ရှိ သုတေသန ပညာရှင်များလာရောက်စမ်းသပ် စစ်ဆေးနိုင်ပြီဖြစ်ကြောင်းဟူ၍ စိန်ခေါ်လိုက်နိုင်သည့်တိုင်အောင်၊ အဆိုပါ ဂြိုလ်သားနှင့် သမ္မာကျမ်းစာသည် ဆန့်ကျင်ဘက်ဖြစ်စရာ အကြောင်းမရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် ကင်းလွတ်သော အရာ ဤလောကတွင်တစ်စုံတစ်ခုမျှ မရှိဟု ဆိုထားသောကြောင့် အထူးရှုပ်ထွေးစရာ မရှိပါပေ။ တကယ်တော့ သစ်ပင်ရဲ့အနှစ်ဆိုတာ သစ်ပင်ရဲ့အသားအတွင်းထဲမှာ တည်ရှိတာပဲ။ ဘာသာတရားရဲ့ ဆောင်စရာအလင်းဟာလည်း
လာဘ်၊ ဂုဏ်၊ အကျော် အစောလည်း မဟုတ်၊ သီလလည်းမဟုတ်၊ ဈာန်
လည်းမဟုတ်၊ တန်ခိုးဣဒ္ဓိလည်းမဟုတ်ဘဲ ]အရိယသစ္စာအမြင်}  သူတော်ကောင်းတို့မည်သည် ဘုရား၏ စကားတော်အတိုင်းသာ အမှန်အတိုင်း ရိုးရာ၊ ဓလေ့၊ ဘာတွေဖြစ်နေဖြစ်နေ သမ္မာတရားကို ရှေ့တန်းတင်သော သူများပင်ဖြစ်သည်တကား။

၂၀။ သိပ္ပံစမ်းသပ်မှု၏ တိုးတက်တွေ့ရှိချက်တွေ ဖြစ်ပေါ်လာတိုင်း ထာဝရဘုရား၏ ဖန်ဆင်းမှုဝါဒတွေကို ငြင်းဆန်နေသကဲ့သို့သက်ရောက်နေပါသည်။ ထို့ကြောင့် သိပ္ပံပညာက မှားနေသည်ဟု ပြောမလား၊ ဖန်ဆင်းရှင်ဝါဒက မှားသည်ဟု ပြောမလား၊ အဓိပ္ပါယ်ရှိရှိငြင်းချက်ထုတ်ပြပါ။

သမ္မာကျမ်းစာထဲမှ မည်သည့် မိန့်ဆိုချက်မဆို အပြင်လောကနှင့်၎င်း သိပ္ပံနှင့်၎င်း ကွဲပြားခြားနားလျှက်ရှိကြောင်းကို ကျမ်းအမည်၊ အခန်းကြီး၊ အခန်းငယ်ဖြင့် ဖေါ်ပြပါက အဖြေပေးရန်မှာသာ၍ လွယ်ကူသော်လည်း ပေးမထားသောကြောင့်သမ္မာကျမ်းစာသည် လွဲမှားစရာ မရှိပါကြောင်း ပြောဆိုဖြေပေးလိုက်ပါရစေ။
တလက်စတည်း ဘာသာရေးဆိုင်ရာ ကျမ်းအဆိုအမိန့်မျှားနှင့် သိပ္ပံပညာဆိုင်ရာတွေ့ရှိချက်များကို နှစ်ဘက်နှစ်လမ်းဖေါ်ပြထားမှသာလျှင် ကျမ်းလေ့လာဆည်းပူသူများအတွက် မိမိကိုယ်ပိုင်ညာဏ်ဖြင့် ဝေဖန်ပိုင်းခြားနိုင်မှာဖြစ်ပါသည်။
ဥပမာပြုကြပါစို့…………….။
ဗုဒ္ဓပိဋကတ်ကျမ်းက ထိုဘုရားလောင်းယုန်မင်း၊ မျောက်၊ မြေခွေး၊ ဖျံ သတ္တဝါသုံးဦးနှင့် တကွ အလှူပေးမည်နေစဉ်၊ ပုဏ'္ဏားအသွင်ဖြင့် သိကြားမင်းအလှူခံလာသော်၊ ယုန်မင်းမီးဖိုထဲသို့ဆင်း၍ ကိုယ်ကိုစွန့်လှူသည်။ သိကြားမင်းအားနုဘော်ကြောင့် မီးမပူ၊ သိကြားမင်းသည် ကမ္ဘာပတ်လုံး ကျေးဇူးထင်ရှားစေဟု တောင်တစ်ခုကို အဆီညှစ်၍ တောင်ဆီဖြင့်လတွင် ယုန်ရုပ်ရေးပြသည်ကို စတုတ္ထနိပါတ်၌ တွေ့ရလေသည်။ ( ငါးရာ့ငါးဆယ်သိမှတ်ဘွယ်ရာ၊ နှာ ၁၉၀၊ ဦးအေးချို မဟာဝိဇ္ဇာ) အများထဲမှ ထိုတစ်ခုအား သိပ္ပံပညာဖြင့် တင်ပြရမည်ဆိုပါက။ လမျက်နှာပြင်ပေါ်မှာ မြင်တွေ့ရသော အမည်းရောင်ပုံရိပ်များတို့သည် ယုန်ရုပ်ကို တောင်ဆီဖြင့် ပန်းချီရေးဆွဲထားခြင်းမဟုတ်ချေ။ လပေါ်မှာ ရှိသောချောက်ကမ်းပါး၊ ချိုမ့်ဝှမ်းများတို့၏ မှောင်ရိပ်မည်းများသာဖြစ်သည်ဟု သိပ္ပံပညာဆိုင်ရာတွေ့ရှိချက်တွင်ဖေါ်ပြထားလေသည်။ ယနေ့ အတန်းစာများတွင်လည်း တွေ့မြင်ဖတ်ရှုနိုင်သလို၊ စာသင်ကျောင်းသားသူငယ်များ၏ စာရွတ်သံကိုလည်း နားစွင့်နိုင်ပေသည်။
တဖန် ဤကမ္ဘာမြေကြီးသည် ဘောလုံး၊ လိမ္မော်သီးများကဲ့သို့ အလုံးမဟုတ်၊ တပါးသော လောကဓါတ်တို့နှင့် ကမ္ဘာမြေပြင်ကြီး၊ ကမ္ဘာရေပြင်ကြီး၊ လေပြင်ကြီးတို့သည် တဆက်တည်း၊ တခုတည်း၊ တပြင်တည်း တည်ရှိကြကုန်သည်ဟု အမှန်မုချသိအပ်လှ၏။ ဤကမ္ဘာမြေကြီးသည် နေ၊ လ၊ နက္ခတ်တာရာတို့ကဲ့သို့ ကောင်းကင်ယံ၌တည်သည်လည်းမဟုတ်၊ လှည့်လည်ရွှေရှားသွားနေသည်လည်းမဟုတ်၊ ကမ္ဘာရေပြင်ကြီးအပေါ်၌ အမြဲတည်နေသည်ဟု အမှန်မုချသိအပ်လှ၏။
နေသည်မြင့်မိုရ်တောင်ကြီးကို အစဉ်အမြဲလှည့်လည်၍နေသည်အတွက်ကြောင့် လေးကျွန်းလုံးတို့၌ နေ့အခါ၊ ညဥ့်အခါဟူ၍ ခြားနားချက်ရှိသည်ကို အမှန်သိအပ်သည်။ ညဥ့်အမှောင်သည် အဘယ်မှာဖြစ်သနည်းဆိုသော် နေရောင်ကိုကွယ်ကာနှိင်သော မြင့်မိုရ်တောင်ကြီးမှဖြစ်၏။ မြင့်မိုရ်တောင်ရိပ်ကြီးပင်တည်းဟု အမှန်အားဖြင့် သိအပ်၏။ ဤကားနေသည်မြင့်မိုရန်တောင်ကြီးကို အမြဲလှည့်လည်၍နေရာ၌ ပါဠိသက်သေယုတ္တိသက်သေများပင်တည်း။ ( သာသနာဝိသောဓနီကျမ်း၊ နှာ၊ ၁၆၇-၁၇၀။ လယ်တီဆရာတော်ဘုရားကြီး)။

ဤနေရာတွင် အသင်သည် သိပ္ပံကို ယုံမည်လား၊ သို့မဟုတ် မျောက်မှဆင်းသက်သည်ဆိုသော အဆိုကိုယုံမည်လော၊ သို့မဟုတ် သိပ္ပံနှင့် မညီသော ဂေါတမဝါဒကို ၊ သို့မဟုတ် ဖန်ဆင်းသည်ဆိုသော ထာဝရဘုရား၏ လမ်းစဉ်ကို ယုံမည်လော ယခုပင်ဆုံးဖြတ်လိုက်ပါတော့။

၂၁။ ထာဝရဘုရား၏ ရုပ်ပုံလွှာတွင် ဆံပင်မွေးညှင်းသည် ဖြူဖွေးသောနှင်းပွင့်နှင့်တူ၏။ မျက်လုံး ၇ လုံးပါရှိ၏။ ဦးချို ၇ ချောင်းရှိ၏။ ပါးစပ်တွင် အသွားနှစ်ဖက်ပါသော ဓါးရှည်တစ်ချောင်းပါပြီး၊ ခြေထောက်တော်နှင့် လက်တော်တို့တွင် မီးဖုတ်ထားသော ကြေးဝါရောင်ရှိသည်။ ကျမ်းစာတို့တွင် အတိအကျဖေါ်ပြထားပါလျှက် အဘယ့်ကြောင့် တရားဟောရာတွင် တည့်မပြောဘဲ ဝိညာဉ်တော်ဟူ၍ ဖုံးကွယ်ထားသည်ကို ရှင်းပြပါ။ ဤကဲ့သို့သော ခန္ဓာဖွဲ့စည်းပုံတို့ဖြင့် ကြည်ညိုဖွယ်ဟူ၍ ဘယ်လိုခံစားဆက်စပ်ကြည်နူးစွာကြည်ညိုပါသနည်း။

အသင်၏ မေးခွန်းအတိုင်း ဦးစွာမေးခွန်းထုတ်လိုက်သည်ကို ကြည့်ပါ။ အမှန်အကန် ထိုကျမ်းဂန်က ဤသို့ ဆိုလိုပါသလော သို့မဟုတ် တင်စားဖွဲ့နွဲ့ခြင်းလောဆိုသည်ကို ကြည့်၍ဖြေလိုက်ပါ ထိုသို့ဆိုက အဆွေလိုသော အမေးပုစ္ဆာသည် ရှင်းလင်းသွားပါလိမ့်မည်။

ဂေါတမ၏ ရုပ်တော်စင်စစ်။

၁။ တပြေးညီသော ခြေဖဝါးရှိသူ။
၂။ ခြေထောက်တွင် အကွက်အပြောက် စသော အမှတ်အသားများရှိသူ။
၃။ ဧဏီသတ္တဝါသလုံးခေါင်းရှိသည်။
၎။ ဆင်ကဲ့သို့ လိင်တန်ဆာရှိသူ။
၅။ ရပ်နေစဉ် လက်နှစ်ဖက်သည် ဒူးထိအောင်ရှိသော လက်ရှည်သူ။
၆။ ခြေ၊ လက်၊ ပခုံး၊ လည်ကုတ်တို့တွင် အသားပြည့်ဖေါင်းနေသူ။
၇။ ခြင်္သေရင်အုပ်ရှိသူ။
၈။ ပျဉ်ချပ်အမျိုးအစား ကျောပြင်ရှိသူ။
၉။ ခြင်္သေ့မေးရှိသူ။
၁၀။ အရောက်တလက်လက်တောက်သော အစွယ်လေးချောင်းရှိသူ။
၁၁။ နွားသူငယ် မျက်မွေးရှိသူ။
၁၂။ နဖူး၌ အသားပိုပြား ကပ်နေသောသူ။
၁၃။ လုံးသော လည်ပင်းရှိသူ။
၁၄။ ကရဝိတ်ငှက် အသံမည်သူ။
၁၅။ မြင့်သော၊ ညွတ်သော၊ ရှည်သော၊ နီသော လက်သည်းရှိသူ။
၁၆။ ခြေဆယ်ချောင်း တညီတည်း တုံးတိတိ ရှိနေသူ။
၁၇။ ခြင်္သေ့၊ ဆင်၊ ဟင်္သာ၊ နွားများကဲ့သို့ သွားလာတတ်သူ။
၁၈။ ပြိုးပြိုးပြက်ပြက်အရောင်ထွက်နေသောသူ။
၁၉။  ကုဋေ ၁၀ဝ၀ သော ဆင်ကဲ့သိုသော အားကောင်းမောင်းသန်ဖြစ်သူ။
၂၀။ ဆင်နှာမောင်း ပေါင်ရှိသူ။
၂၁။ အလွန် နီမြန်းသော နှုတ်ခမ်း၊ သွားဖုံး၊ လျှာ ရှိသူ။
၂၂။ ခံတွင်း နက်နက်ရှိသူ။
၂၃။ ပါးစောင်း ဖေါင်းနေသူ။
၂၄။ သူသူငါငါကဲ့သို့ အကြောများ မမြင်ရသူ။
၂၅။ ထီးခေါင်းရှိသူ။
၂၆။ ချွန်းကဲ့သို့နှာခေါင်းရှိသူ။
၂၇။  ကိုယ်ခန္ဒာဝိုင်းနေသူ။
၂၈။  ဆံပင်သည် တူညီသော အနေအထားတွင် ရှိနေသူ။
၂၉။ အေးခဲနေသော ကိုယ်ကောင်ရှိသူ။
၃၀။ အရောင်တောက်နေသော ကိုယ်ကောင်ရှိသူ။
၃၁။ ဦးခေါင်းထက်မှ အမြဲ အငွှေ့ တထောင်းထောင်းထနေသော
ထိုကဲ့သို့သော ပုဂ္ဂိုလ်အား အဘယ်သို့သော စိတ်ဓါတ်ဖြင့် ကြည်ညိုစရာ အဖြစ်မြင်နေသည်ကို ကျွန်ုပ် ဘယ်လိုမှ စဉ်းစား၍ မရ၊ နားမလည်နိုင် ဖြစ်ရပေသည်။ ထိုကဲ့သို့သော သူကို တွေ့ပါက အဘယ်သူမဆို မေ့မျောကာတက်၍ သတိလက်လွတ် ဖြစ်သွားကြပေမည်။ အမျိုးသမီးများမှာမူကား သွေးတက်၍ အသက်ပင် ပါသွားနိုင်ပေသည်။

ဤနေရာတွင် ခရစ်ယာန်များကို ကြိုက်သလို ချိုးဖဲ့ရေးသာ နေသော မိတ်ဆွေများအား အသင်တို့၏ ဘုရားသည်ကား ထပ်၍ ကျမ်းဂန်အရှိအတိုင်း ရေးရမည်ဆိုချေက ရေး၍ မကုန်၊ ပြော၍ မကုန်ရှိနေသော်လည်း မရေးပါက ခရစ်ယာန်တို့သည် အ၊ န၊ ထုံထိုင်းသောသူများဟူ၍ မြင်ကာ ထင်တိုင်းကြဲနေကြသောကြောင့် မရေးသားလို၍ မရေးသားပဲနေကြသည်ကို သိမြင်စေလိုသောကြောင့် ထိုမျလောက်ရေးသားရင်း တင်ပြအပ်ပါသည်။

ဤနေရာတွင် လူသားစင်စစ် ပညာတတ်ဖြစ်ပါက၄င်း၊ အကယ်စင်စစ် ဗဟုသုတ ရှိသူဖြစ်ပါက၄င်း အထက်ပါကျမ်းချက်သည် အဆွေထင်မှတ် ကောက်ချက်ချသကဲ့သို့ ဆိုထားသည် မထားသည်ကို ဦးစွာဆင့်ခြင်တွေးဆသင့်ပါသည်။ ဘုရားရှင်မြတ်တော်၏ ဖြူစင်ခြင်းဂုဏ်တော်၊ အနန္တတန်ခိုးတော်အရှင်ဖြစ်၍ ဘယ်လူသားမှ ဘုရားမြတ်ရှေ့တော်တွင် ဖုံးကွယ်၍ မရကြောင်းကို၎င်း၊ ( ထိုအချိန်ကာလ၌) အသင်းတော် ခုနှစ်ပါးတို့၏ ဦးခေါင်းဖြစ်တော်မူသည်ကို၎င်း၊ သမ္မာတရားဟူသည် နှစ်ဖက်သွားကဲ့သို့ဖြစ်သည့်နည်းတူ၊ ထာဝရဘုရားသည် စကားတော်အရာ၌ ဒါကတော့ မင့်တို့လူသားနှင့် ဆိုင်သည် ငါနှင့်တောဖြင့်မဆိုင်ဆို၍ ပြောသောဘုရားမဟုတ်ပါသည်ကို၎င်း၊ ဝိညာဏ် ဟူသည် မြန်မာ အရပ်စကားဖြင့်ဆိုရပါက ယနေ့ သုံးဆယ့်တစ်ဘုံလောကတွင် ရုပ်သက်ရှိသော သတ္တဝါ၊ ရုပ်သက်မဲ့သော အရူပဗြဟ္မာတို့သည် ဧကန်စင်စစ် သတ္တဝါဖြစ်သော်လည်း ရုပ်မရှိပါဟု အဆွေတို့နှုတ်၌ သွင်သွင်ဆိုနေကြသော်လည်း လက်တွေ့တွင် သမ္မာတရားဖြင့် ပိုင်းခြားသိမြင်ခြင်းငှါ အဘယ့်သို့သော အစွဲဒိဌိတရားတွေကာ  ဘုရားကို ဘုရားဟု မမြင်နိုင်၊ တရားကို တရားသို့မမြင်နိုင်အောင်ဖြစ်နေရသည်ကို ခေတ္တမျ အချိန်ယူခြင်းဖြင့် ဧကောဗုဒ္ဓေါ တစ်ဆူတည်းသော ဘုရားရှင်မြတ်ထံကို လှည့်ကာလာ၍ အကျွတ်တရားလမ်းကို အရယူပါရန် အချိန်မနှောင်းခင် သတိပေးနှိုးဆော်လိုက်ရပေသည်။

၂၂။ သတ္တဝါတို့သည် ဘယ်တရား၏ သဘောကို ခံယူနေကြပါသနည်း။ အို၊နာ၊ သေ ခန္ဓာဒုက္ခအကြောင်း သတ္တဝါလောက၏ ဘုံဘဝတို့ကို ဆင်းရဲကြောင်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ ( ပဋိစ္စသမုပ္ပါဒံ) စက်ဝိုင်းကို ဘယ်သူဟောကြားခဲ့ပါသနည်း။

မေးသည့်အတိုင်းဖြေရပါက လူသည်အပြစ်တရားတည်းဟူသော အကျိုးတရားများဝင်ရောက်လာသောနောက်တွင် ၄င်းဆိုးတရားများရောက်ရှိလာပါသည်။ ဤအရာသည်ကား အဆန်းတကြယ်လုပ်၍ ပြောရန်မဟုတ်ပေ။ အကြောင်းမှာ ထိုတရားများသည် ကမ္ဘာဦးအပြစ်ကျဆင်းပြီးနောက် တည်ရှိနေသော တရားကို ဂေါတမသာမက ( အဆွေတို့၏ ကျမ်းအရ) အခြားအခြားသော လူဘုရားများကလည်း ဟောခဲ့သည်၊ ကျမ်းစာကလည်းဟောဖေါ်ပြခဲ့လေပြီ။ ထို့ကြောင့် မေးခွန်းအတိုင်း တိုက်ရိုက်မသွယ်မဝှိက်ဘဲ တည့်တိုးဖြေရပါက အနိစ္စ၊ ဒုက္ခ၊ အနတ္တ ( ပဋိစ္စသမုပ္ပါဒါ) စက်ဝိုင်းကို ဘယ်သူဟောကြားခဲ့ပါသနည်း။ အဖြေကား အနိစ္စဘုရား၊ ဒုက္ခဘုရား၊ အနတ္တဘုရား က အထူးအဆန်းလုပ်၍ ဟောကြားတော်မူခဲ့ပါသည်။

ဦးရွှေငုံစဉ်းစားခန်း။
မောင်နော၊ မောင်ပြား၊ မောင်သာလှတို့သည် ဘာသာပြောင်း၍ မင်္ဂလာကိုခံယူသည် ဆရာယုဒဿန်အား ပါဠိဘာသာသင်ပေးသော ပရမတ်ဆရာ၊ ပိဋကတ်တတ် ဦးရွှေငုံသည် တွေ့ရသောအခါ ဤသူတို့သည် သာမန်မျဖြစ်ကြသော်လည်း ခုသူတို့ပြောင်းရသော ဘာသာအတွက် အသက်နှင့်ပင်လဲရသောသူများဖြစ်၏။ ငါလဲ ဆရာယုဒဿန်နှင့် နေ့တိုင်းဆွေးနွေး၊ နေ့တိုင်းစာသင်ပေးနေသဖြင့် ဆရာပြောသမျှစကားများသည် ဟုတ်မှန်လှပေ၏။ ဆရာယုဒဿန်ရေးသော ရွှေချိန်ခွင်စာကလေးမှာလဲ ငါသင်ပေးသော ပိဋကတ်အတိုင်းပင်ဖြစ်ချေသည်။ ဘုရားနှင့်ဓမ္မတာ၊ ဘုရားနှင့်ကမ္ဘာ၊ ဘုရားနှင့်လူသတ္တဝါ၊ ဤသည်များကို စဉ်းစာသော် ဘုရားကားအကြောင်း၊ ဓမ္မတာ၊ ကမ္ဘာ၊ လူသတ္တဝါက အကျိုးတရား၊ အကြောင်းရှိမှ အကျိုးရှိရာသည်။ ငါတို့၏ အကြောင်းအကျိုးဖေါ်ပြသော ပဋိစ္စသမုပ္ပါဒ် တရားတွင်လည်း အဝိဇ္ဇာအကြောင်းခံ၍ သင်္ခါရဖြစ်ရသည်။ ဤအဝိဇ္ဇာကား အဘယ်ကစ၍ အဝိဇ္ဇာဖြစ်ပေါ်လာရသနည်းဆိုပြန်သော်။ အာသဝသမာဒယော၊ အဝိဇ္ဇာသမုဒယော၊ အာသဝသမုဒယော၊ အာသဝေါတရားလေးပါးကြောင့် အဝိဇ္ဇာသမုဒယော၊ အဝိဇ္ဇာဖြစ်ပေါ်လာရခြင်းအကြောင်းသည်ဖြစ်၏။ ထို့ကြောင့် အဝိဇ္ဇာ၏အကြောင်းအရင်းကား အာသဝဟု သေသေချာချာမှတ်အပ်၏။ အဲ့သည်တော့ကား အဝိဇ္ဇာကို အကြောင်းအရင်းထားရမှာကလည်းခက်၊ အာသဝက အကြောင်းထားပြန်ရင်လည်း တဏှာပစ္စယာ၊ ဥပါဒန ဟုလာပြန်သည်။ ဥပါဒန်လေးပါးမှာလည်း အာသဝလေးပါးနှင့် သညာသာကွဲ၍ တရားကိုယ်မကွဲပြန်တော့ ပြန်၍ရှုတ်ပြန်သည်။ သို့အတွက် ပဋိစ္စသမုပ္ပါနတရားလည်းခက်၍ မသိကအစ၊ မရှိမှာဆုံး၊ အဝိဇ္ဇာမှစ၍၊ ဥမယာသမှာ ဆုံးသောတရားကြီးပါတကား၊ ဩခက်စွ၊ ခက်စွဟု တစ်ယောက်တည်းညည်းညူးလျှက်ရှိလေတော့သတည်း။

၂၃။ ဓမ္မဟောင်းကို မည်သူဟော၍၊ ဓမ္မသစ်ကို မည်သူဟောပြောပါသနည်း။ ၄င်းပုဂ္ဂိုလ်နှစ်ဦး၏ ဟောပြောချက် အဘယ့်ကြောင့် ဆန့်ကျင်နေပါသနည်း။

ဥပသကာကြီး ပေါလုက "ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်း( မူဟောင်း၌ဗျာဒိတ်ပေး) တော်မူသောအားဖြင့်ဖြစ်ကြောင်း " ( ၂ တိ ၃း၁၆)နှင့် ဥပသကာကြီးပေတရုကထပ်လောင်း၍ သက်သေခံရာတွင် "အနာဂတ္တိစကားသည် လူအလိုအားဖြင့် ဖြစ်ဘူးသည်မဟုတ်၊ ဘုရားသခင်၏ သန့်ရှင်းသောသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းခံရ၍ ဟောပြောကြကြောင်း" နှင့် ( ၂ ပေ ၁း၂၁) "သူတို့အထဲ၌ရှိသော ခရစ်တော်၏ ဝိညာဉ်" က ညွန်ပြသည့်အတိုင်း၊ မိမိတို့ခံယူ၍ သက်သေခံဟောပြောကြ၏ ( ၁ ပေ ၁း၁)။
ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းတို့သည် ဆန့်ကျင်ဘက်မဖြစ်ကြောင်းကို ခရစ်တော်ဘုရားကိုယ်တော်တိုင် မိန့်ဆိုထားသည်မှာ "ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ ငါလာသည့်ဟု မထင်ကြနှင့်၊ ဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်၊ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။ ငါအမှန်ဆိုသည်ကား ကောင်းကင်နှင့်မြေကြီး မပျက်စီးမှီတိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတလုံးမျှပြည့်စုံခြင်းသို့ မရောက်မှီ မပျက်စီးရ" ( မ ၅း၁၇-၁၈)။
သမ္မာကျမ်းစာသည် အဘယ့်ကြောင့် တမူထူးကဲသောစာအုပ်ဖြစ်ရသနည်းဆိုသော်…………
သမ္မာကျမ်းစာသည် ဘုရားသခင်နှင့် လူသားတို့ပေါင်းစပ်ဖွဲ့ဆိုခဲ့သောကြောင့် တမူထူးကဲသော စာအုပ်တစ်အုပ်စြဖ်သည်ဟု ဆိုရပေမည်။ အဘယ့်ကြောင့် ဆိုသော် သမ္မာကျမ်းစာဆိုသည့် စာအုပ်တစ်အုပ်အတွက် ရေးသားခဲ့ရသော နှစ်ပေါင်းသည် အနည်းဆုံးနှစ်ပေါင်း "၁၅၀ဝ"ကြာမြင့်ခဲ့သောကြောင့်ဖြစ်ပါသည်။ ထိုနှစ်ပေါင်း ၁၅၀ဝ အတွင်းတွင် ပါဝင်ရေးသားသူ စာရေးဆရာနှစ်ဦးသုံးဦးခန့်သာ ခေတ်ပြိုင်လူသားများဖြစ်ကြပြီး၊ ကျန်လူများသည် တစ်ဦးနှင့် တစ်ဦး မည်သူမည်ဝါမှန်းမသိခဲ့ကြပေ။ သိခွင့်လည်း မကြုံခဲ့ပေ။ ထိုသူတို့ စုပေါင်းရေးသားလိုက်သော သက်တမ်းပေါင်းနှစ်ပေါင်း ၁၅၀ဝ ရှည်လျှားသောအချိန်ကာလ၏ နောက်ပိုင်းတွင် ပေါ်ထွက်လာခဲ့သော ဤသမ္မာကျမ်းစာအုပ်သည် ရင်သက်ရှုမောဘွယ်ရာကောင်းလောက်အောင် မှားယွင်းတိမ်းချော်အလျှဉ်းမရှိ၊ ပကတိ ညှိနှိုင်းရေးသားသကဲ့သို့ ညီညွတ်နေသည်ကို တွေ့ကြရသည်။
သမ္မာကျမ်းစာသည် ဘုရားသခင်၏ စာအုပ်ဖြစ်သည်ဟု ဆိုနိုင်သော ဧကဝါစာ အဖြစ်တင်ရှားသည့်အမှတ်အသား တစ်ခုလည်းဖြစ်သည်။ ၄င်းမှာ သမ္မာကျမ်းစာထဲ့တွင် " ထာဝရ ဘုရားမိန့်တော်မူသည်ကား" ဟူသော စကားကို အကြိမ်ပေါင်း ၂၅၀ဝ ကျော်မျှတွေ့မြင်နိုင်ပေသည်။ ဟုတ်ပေသည် သမ္မာကျမ်းစာသည် ဧကောဗုဒ္ဓေါ တစ်ဆူတည်းသောဘုရားမြတ်၏ ဧကာဝါစာ စကားတော်များဖြစ်သည့်အတွက် ခေတ်အဆက်ဆက်က အမှောင့်ဒိဌိတို့က ဖျက်စီးခြင်းငှါ ရှာကြံကြသော်လည်း ထားရှိသောစကားတော်ကို ခေတ်အဆက်ဆက်၌ တည်တန့်စေရန် စောင့်ထိန်းတော်မူသော သူမှာ ထိုဘုရားစင်စစ်ပင်ဖြစ်သောကြောင့် "တရားရှာကိုယ်မှာတွေ့ ( မိမိအခြေအနေကို အမှန်အတိုင်းမြင်ခြင်း) ၍၊ ဘုရားကိုကား ထားရှိသော စကားတော်များအားဖြင့် ( အသိမှ အရှိ) အထံတော်သို့ချဉ်းကပ်ရန် အခွင့်ထူးကို ဖွင့်ပေးတော်မူသော ထိုဘုရားမြတ်၏ နာမတော်သည် ကမ္ဘာ အဆက်ဆက် ဘုန်းကြီး၍ မင်္ဂလာရှိပါစေသော်။

၂၄။ ထာဝရ ဘုရားဆိုတာ ဘယ်သူပါလဲ၊ ဘာ့ကြောင့် ကိုယ်စားလှယ်တော် သားတော်လွတ်ရသနည်း၊ အဘယ့်ကြောင့် လောကအတွင်းသို့ မဆင်းသက်ပါသလဲ။

သယမ္ဘုတံဖြင့် အလိုလိုတည်ရှိတော်မူသော ဧကောဗုဒ္ဓေါ ဘုရားမြတ်ဖြစ်တော်မူသောကြောင့်၊ အစိန္တေယျလေးပါးတွင်လည်း တပါးအပါတဝင်ဖြစ်တော်မူထသော ထိုမြတ်စွာဘုရားသည်၊ တပါးတည်းသော သားတော်ကို ဤလောကသို့စေလွတ်၍ ကိုယ်စားပြု ယတြာပေးချေရန် စေလွတ်မည့်အကြောင်းကို ကမ္ဘာဦး အစ တွင်ပင်တွေ့မြင်နိုင်သောကြောင့် ဤသည်ကား မေတ္တာရှေ့ထားသော ဘုရားမြတ်၏ ထူးမြတ်လှသော အကြံအစည်တော်မြတ်ပင်ဖြစ်ပါသည်။ ထို့ကြောင့် အထက်ပါအကြောင်းအရာများအား သမ္မာကျမ်းစာတွင်ကြည့်ပါက …….
၁။ လူ့ဇာတိခံယူရန်နေရာ။
၂။ အမိဖြစ်မည့်သူ၏အသက်အပိုင်းအခြား။
၃။ ခေတ်အခြေအနေ။
၎။ အရပ်ဒေသ။
၅။ အမျိုးအနွယ်။
၆။ အမှုတော်စတင်ရန် အချိန်ကာလ။
၇။ နောက်လိုက်နောက်ပါ တပည့်သာဝကများအတွက်။
၈။ ရှေ့တော်ပြေး။
၉။ ကားတိုင်ထက်တွင် ကိုယ်စားပြုခံယူရန်။
၁၀။ အဝတ်တော်ကို မဲ့ချခြင်း။
၁၁။ မမှန်သက်သေပြုခြင်း။
၁၂။ သေခြင်းမစ္ဈုမာန်ကိုအောင်တော်မူရန်။
၁၃။ ဒေဝပုတ္တမာန်ကိုအောင်မြင်အနိုင်ယူရန်။
၁၄။ ခန္ဓာမာန်ကိုအောင်မြင်အနိုင်ယူရန်။
၁၅။ ကိလေသာမာန်ကို အောင်မြင်အနိုင်ယူရန်။
၁၆။ အဘိသင်္ခါရမာန်ကို အောင်မြင်အနိုင်ယူရန် စသော အချက်အလက်များကို အနာဂတ္တိ တဘောင့်စကားထားတော်မူသည့်အတိုင်း ပြည့်စုံစေတော်မူခဲ့သည်ကို ကြည့်ခြင်းအားဖြင့် မြင့်မြတ်လှသော ဘုရားမြတ်ရှင်၏ အနာဂတဿညာဏ်တော်၊ အနန္တတန်ခိုးတော်များကို မြင်တွေ့ကာ သာ၍ကြည်ညိုကိုးစား ခိုလှုံရန်အားထားရန် ထိုက်တန်တော်မူထသော ထိုအရှင်မြတ်ဘုရားသည် ကျွန်ုပ်တို့ ကြံစည်၍ မမှီနိုင်သော အစိန္တေယျ ဘုရားမြတ်ပင် မဟုတ်ပါလော။ ဤသို့ကြောင့် အမေး၏ အချုပ်မှာကား ဘုရားရှင်သည် စကားတော်ကို ပြည့်စုံစေတော်မူသောအရှင်၊ အကြံအစည်တော်အတိုင်း စီမံသည်ကို အထင်အရှားမြင်တွေ့နိုင်ပေသည်။

၂၅။ စာရေးဆရာ ဆန်းလွင်ရေးသားသော ရတနာ သုံးပါးကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက်အကြောင်းမှ ခရစ်ယာန် ဝါဒ၏ ကောက်နှုတ်ချက်များကို ဖြေရှင်းနိုင်ပါသလား။

စာရေးဆရာ ဆန်းလွင်သည် အမှန်အားဖြင့် သူ၏ ဘဝ၌ ဘုရား၊ တရားကို ရှာဖွေဆည်းကပ် ကိုးကွယ်ခဲ့သူမဟုတ်သည့်အပြင် ဘာသာတရားထက် အပျော်အပါးကို မက်မောသူဖြစ်ကြောင်း "ရတနာ သုံးပါးကို မှီဝဲကိုးကွယ် ဆည်းကပ်လာသူတစ်ယောက်အကြောင်း"  ဆိုသောစာအုပ်တွင် အရှင်းသား ရေးသားထားသည်ကို မြင်တွေ့ရသောကြောင့် သူသည် မိမိ၏ ဘာသာတရားကို ပင်အထွဋ်အမြတ်မထား ထင်ရာဆိုင်းသူဖြစ်ချေသောကြောင့် သူ၏ အမြင်သဘောထားသည် ကျောင်ကွင်းဘုန်းကြီး ဥက္ကဌ ထက်ပင် ကြည်ညိုလေးစားစရာ မရှိသောကြောင့် အဆွေ၏ အဖြေအတွက် ဆန်းလွင်သည်ကား သူတထူးနဲ့မတူသော "………….. "အဖြစ်  သေချာစေရန် အဆွေကိုယ်တိုင် ထိုစာအုပ်ကို ဝယ်၍ ဖတ်ကြည့်ပါရန် တောင်းဆိုရင်း နိဂုံးချုပ်လိုက်ပါသည်။

၂၆။ ဆိုးမိုက်၍ မလိမ္မာသော လူယုတ်မာများကို အဘယ့်ကြောင့် ဖန်ဆင်းထားပါသနည်း။ သူ့ဟာသူ ဆိုးမိုက် လာရသည်ဆိုပါက အနန္တတန်ခိုးတော်ဖြင့်ပြန်လည်ရုပ်သိမ်းလိုက်သင့်ပါသည်။ အဘယ့်ကြောင့် သူဖန်ဆင်းသော လူတွေကို သူမထိန်းသိမ်းနိုင်သနည်း။ ထာဝရဘုရား၏ တန်ခိုးတော်ကမည်သို့နည်း။

ဘုရားရှင်သည် ဆိုးမိုက်သော သူကို အခွင့်မပေး တစ်ပါတည်း ရုပ်သိမ်းရန် သူလိုငါလို ဆိုးညစ်သောစိတ်ရှိပါက ယခုအချိန်တွင် အသင်သည် ဤလောကမှ မဟာအဝစိငရဲသို့ ရောက်ရှိကာ နူးနပ်နေပေတော့မည်ကို သတိရလိုက်ပါ။
ဘုရားသခင်သည် ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းတော်မူပြီးလျှင် ဖြောင့်မတ်ခြင်းတရားနှင့်၎င်း၊ မေတ္တတရားနှင့်၎င်း၊ စောင့်မကြည့်ရှု၍ အုပ်စိုးတော်မူလျှက် နာမ်ဝိညာဉ်ဖြစ်တော်မူ၍၊ ပုဂ္ဂိုလ်လည်းဖြစ်တော်မူ၏။

ဘုရား၏ ဂုဏ်တော်အင်္ဂါရပ်များ။
၁။ နာမ်ဝိညာဉ်ဖြစ်တော်မူခြင်း။
က။ အသက်အရင်းအမြစ်။
ခ။ ပုဂ္ဂိုလ်စင်စစ်ဖြစ်တော်မူခြင်း။
၂။ အနန္တအဖြစ်တော်အရှင်။
က။ သယမ္ဘုတံအရှင် အမှီတကဲမလိုဖြစ်တော်မူသောဘုရား။
ခ။ ဧကောဗုဒ္ဓေါ ပြောင်းလဲခြင်းကင်းသောဘုရားမြတ်။
ဂ။ အနှိုင်းမဲ့ တစ်ဆူတည်းသောဘုရား ( ဗဟုဗုဒ္ဓေါမဟုတ်)။
၃။  တန်ခိုးတော်အစုံ၊ ကံတော်၊ ညာဏ်တော်အနန္တနှင့် စုံလင်တော်မူသောဘုရားဖြစ်ခြင်း။
က။ သမ္မာတရားအရှင်။ မဖေါက်မပြန်သောအရှင်။
ခ။ မေတ္တာတော်အရှင်။
ဂ။ သန့်ရှင်းမြင့်မြတ်သောအရှင်။
ဃ။ ဣဒ္ဓိဝိဓ ဖန်ဆင်းအရှင်။
(၁) ကာလနှင့်ဆိုင်၍ ထာဝရဘုရား။
(၂) စကြာဝဠာနှင့်ဆိုင်၍ အနန္တမျက်မှောက်တော်ရှင်။
င။ ခပ်သိမ်းသောအရာကိုသိမြင်သောအရှင်။
စ။ အနန္တတန်ခိုးရှင်။
၎။ တရားသောအရှင်။
က။ သစ္စာတရားတို့အရှင်။
ခ။ သနားကရုဏာအရှင်။
ဂ။ ဖြောင့်မတ်သောအရှင်။
ဃ။ တရားသဖြင့် အကျိုးအပြစ်ကို ပေးဆပ်သောဘုရားဖြစ်ခြင်းတို့ပင်ဖြစ်လေသည်။

လူသားတို့အား ဖန်ဆင်းရှင်မှပေးသောကြီးမြတ်သည့်ဆုမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ပင်ဖြစ်ပေသည်။ ]] အသက်ရှင်ခြင်းနှင့်၊ သေခြင်း၊ ကောင်းကြီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့မှာ ငါထားသည်ဟု သင်တဘက်၌ ကောင်းကင်နှင့် မြေကြီးငါတိုင်တည်၏။ သို့ဖြစ်၍ သင်နှင့် သင်၏ အမျိုးအနွယ်သည် အသက်ရှည်မည်အကြောင်းနှင့်၎င်း၊ သင်၏ ဘုရားသခင်ထာဝရဘုရားကိုချစ်၍ စကားတော်ကို နားထောင်သဖြင့် အသက်ရှည်ခြင်းအကျိုး၊ အသက်တာရှည်ခြင်း အကျိုးကိုပေးတော်မူသော ကိုယ်တော်ကို ဆည်းကပ်ကိုးကွယ်မှီဝဲမည့်အကြောင်းနှင့် ထာဝရဘုရားသည် သင်၏ ဘိုးဘေး အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်၌ နေမည့်အကြောင်းနှင့် ယှဉ်သော အသက်တရားကို ရွေးယူလော့ဟု ဣသရေလ အမျိုးအား ဟောပြော၏}} ဆိုသည့်စကားအတိုင်း  တရားဖက်တော့အမျက်ပြေ သလို ဘုရားဖက်လျှက် အကျွတ်တရားလမ်းသို့ရောက်၍ အို၊ နာ၊ သေခြင်းကင်းရာ နန်းအမတကို စံမြန်းပိုင်ဆိုင်နိုင်ကြပါစေရန်ဆန္ဒပြုလျှက် ဤနေရာတွင် အမေးအဖြေကို ရပ်နားလိုက်ပါသည်။
ဤနေရာတွင် ဘုရားကို ယိုးမယ်ဖွဲ့အပြစ်တင်ပါက ရှင်တော်ဂေါတမက အသင့်အား အဘယ်သို့ပြောမည်ကို သေသေချာချာ ကြည့်မှတ်လှည့်ပါ။ ထိုအရာကား သင်သည်
ဧက ကရဏဒိဌိပင်ဖြစ်ပေတော့သည်တကား။

အပ္ပံကမ္မဝါပါကံ၊ ဗဟုတရံအဝသေသံ၊ တတ္တဗာလံ သမ္မံကမ္မဝါပါကံ ယေဝါတိ၊ အတိဓါဝန္တိ။ ။မိလိန္ဒပညှာပါဠိတော်။ ။ ဤအကြောင်းကို၊ ဟံသာဝတီတိုက်မှ ၁၉၀၂ ခုနှစ်မှထုတ်ဝေသည်၊ စာမျက်နှာ ၁၀၇-၁၂၇တို့တွင်ကြည့်နိုင်လေသည်။
ကမ္မဝိပါကံ၊ ကံ၏အကျိုးသည်။ အပ္ပံ၊ အနည်းငယ်သာတည်း။ အဝသေသံ၊ြွကင်းသော ကံတပါးသော မလိမ္မာခြင်း အကြောင်းကြောင့်ဖြစ်သော၊ သုခ၊ ဒုက္ခ အမျိုးမျိုးကို၎င်း၊ ကောင်းကျိုး မကောင်းကျိုးကိုတို့သည်။ ဗဟုတရံ၊ အလွန်များ၏။ တတ္တ၊ ထိုသို့ဖြစ်ရာ။ ဗာလာ၊ လူပြိန်းတို့သည်။ သဗ္ဗံ၊ အလုံးစုံ ကောင်းကျိုး မကောင်းကျိုးဝေဒနာမျိုးတို့သည်။ ကမ္မဝိပါကံယေဝ၊ ကံ၏ အကျိုးတို့သာတည်း။ ဣတိ၊ ဤသို့။ အတိဓါဝန္တ၊ အမှန်သဘော ဘုရားဟောကို လွန်၍ပြောကုန်၏။ ။ မှန်ပေ၏၊ အနာရောဂါ ရှစ်မျိုးပြရာ၊ ကံကြောင့်တပါးသာပါ၏။ အသက်ရှင်ခြင်း အကြောင်းတရားလေးပါးပြရာ၊ ကံကြောင့် တပါးသာပါ၏။ ။ပဌာန်း ပါဠိတော်၌ အကြောင်းတရား ၂၄ ပစ္စည်းပြရာ၊ ကမ္မပစ္စည်း တပါးသာပါ၏။
ထို့ကြောင့်၊ ဝိသုဒ္ဓိမဂ် အဌကထာ၌ အနေကေဟိပနကာရေနေဟိ အနေကမေဝဟောတိ။ ။ပပ၊ စင်စစ်သော်ကား။ အနေကေဟိ၊ များစွာသောအကြောင်းတို့ကြောင့်။ အနေကမေဝ၊ အကျိုးများသည်သာလျှင်။ ဟောတိ၊ဖြစ်၏။ ။လူမတန် ကံချ ဟူသကဲ့သို့၊ ကံကိုသာ ရိုးမနေနှင့် သို့မဟုတ်ပါက မျက်မှောက် ဘုရားတရားကို ရှိဖွေဆည်းကပ်ရန် အခွင့်ထူးကို ရရှိထားသော်လည်း ဘုရားနှင့်လွဲ၍ ဘဝနောင်ရေးလည်းမွဲကာ ဧကကရဏဒိဌိ အဖြစ်သို့ရောက်ကုန်ပေလိမ့်မည်ဖြစ်ကြောင်း မေတ္တရှေ့ထား ရေးသားဖေါ်ပြလိုက်ရပေသည်။

0 comments:

Post a Comment