၁။ တပြေးညီသော ခြေဖဝါးရှိသူ။
၂။ ခြေထောက်တွင် အကွက်အပြောက် စသော အမှတ်အသားများရှိသူ။
၃။ ဧဏီသတ္တဝါသလုံးခေါင်းရှိသည်။
၎။ ဆင်ကဲ့သို့ လိင်ကိုဖုံးသော အရေး တန်ဆာရှိသူ။
၅။ ရပ်နေစဉ် လက်နှစ်ဖက်သည် ဒူးထိအောင်ရှိသော လက်ရှည်သူ။
၆။ ခြေ၊ လက်၊ ပခုံး၊ လည်ကုတ်တို့တွင် အသားပြည့်ဖေါင်းနေသူ။
၇။ ခြင်္သေရင်အုပ်ရှိသူ။
၈။ ပျဉ်ချပ်အမျိုးအစား ကျောပြင်ရှိသူ။
၉။ ခြင်္သေ့မေးရှိသူ။
၁၀။ အရောက်တလက်လက်တောက်သော အစွယ်လေးချောင်းရှိသူ။
၁၁။ နွားသူငယ် မျက်မွေးရှိသူ။
၁၂။ နဖူး၌ အသားပို ကပ်ပါသောသူ။
၁၃။ လုံးသော လည်ပင်းရှိသူ။
၁၄။ ကရဝိတ်ငှက် အသံမည်သူ။
၁၅။ မြင့်သော၊ ညွတ်သော၊ ရှည်သော၊ နီသော လက်သည်းရှိသူ။
၁၆။ ခြေဆယ်ချောင်း တညီတည်း တုံးတိတိ ရှိနေသူ။
၁၇။ ခြင်္သေ့၊ ဆင်၊ ဟင်္သာ၊ နွားများကဲ့သို့ သွားလာတတ်သူ။
၁၈။ ပြိုးပြိုးပြက်ပြက်အရောင်ထွက်နေသောသူ။
၁၉။ ကုဋေ ၁၀ဝ၀ သော ဆင်ကဲ့သိုသော အားကောင်းမောင်းသန်ဖြစ်သူ။
၂၀။ ဆင်နှာမောင်း ပေါင်ရှိသူ။
၂၁။ အလွန် နီမြန်းသော နှုတ်ခမ်း၊ သွားဖုံး၊ လျှာ ရှိသူ။
၂၂။ ခံတွင်း နက်နက်ရှိသူ။
၂၃။ ပါးစောင်း ဖေါင်းနေသူ။
၂၄။ သူသူငါငါကဲ့သို့ အကြောများ မမြင်ရသူ။
၂၅။ ထီးခေါင်းရှိသူ။
၂၆။ ချွန်းကဲ့သို့နှာခေါင်းရှိသူ။
၂၇။ ကိုယ်ခန္ဒာဝိုင်းနေသူ။
၂၈။ ဆံပင်သည် တူညီသော အနေအထားတွင် ရှိနေသူ။
၂၉။ အေးခဲနေသော ကိုယ်ကောင်ရှိသူ။
၃၀။ အရောင်တောက်နေသော ကိုယ်ကောင်ရှိသူ။
၃၁။ ဦးခေါင်းထက်မှ အမြဲ အငွှေ့ တထောင်းထောင်းထနေသောသူ……………….
ထိုကဲ့သို့သော ပုဂ္ဂိုလ်အား အဘယ်သို့သော စိတ်ဓါတ်ဖြင့် ကြည်ညိုစရာ အဖြစ်မြင်နေသည်ကို ကျွန်ုပ် ဘယ်လိုမှ စဉ်းစား၍ မရ၊ နားမလည်နိုင် ဖြစ်ရပေသည်။ ထိုကဲ့သို့သော သူကို တွေ့ပါက အဘယ်သူမဆို မေ့မျောကာတက်၍ သတိလက်လွတ် ဖြစ်သွားကြပေမည်။ အမျိုးသမီးများမှာမူကား သွေးတက်၍ အသက်ပင် ပါသွားနိုင်ပေသည်။ ဤနေရာတွင် ခရစ်ယာန်များကို ကြိုက်သလို ချိုးဖဲ့ရေးသာ နေသော မိတ်ဆွေများအား အသင်တို့၏ ဘုရားသည်ကား ထပ်၍ ကျမ်းဂန်အရှိအတိုင်း ရေးရမည်ဆိုချေက ရေး၍ မကုန်၊ ပြော၍ မကုန်ရှိနေသော်လည်း မရေးပါက ခရစ်ယာန်တို့သည် အ၊ န၊ ထုံထိုင်းသောသူများဟူ၍ မြင်ကာ ထင်တိုင်းကြဲနေကြသောကြောင့် မရေးသားလို၍ မရေးသားပဲနေကြသည်ကို သိမြင်စေလိုသောကြောင့် ထိုမျလောက်ရေးသားရင်း တင်ပြအပ်ပါသည်။
ဝန်ခံချက်။ ။ အထက်ပါ မေးခွန်းများ အားလုံးတို့သည် ပဲခူးမြို့ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်၊ ပထမကျော် ပါဠိပါရဂူ ဓမ္မာစရိယ ကထိက၊ အနေကဂန္တကာရက၊ အရှင်ဓမ္မဿာမီဘိဝံသ စီရင်ခဲ့သော၊ ပုံတော်စုံ မူလ မဟာဗုဒ္ဓဝင် စာအုပ်မှသာဖြစ်ပြီး၊ ခင်ချိုထွန်းစာပေမှဖြန့်ဝေ၍၊ ဘာသာရေး စာမူခွင့်ပြုချက် အမှတ် ၅၁/၉၇(၁) ဖြင့် ထုတ်ဝေထားသည်ဖြစ်သောကြောင့် အမှားအယွင်းအဖြစ်မှတ်ယူရန်ကား လုံးဝ မသင့်လျှော်ပါလေ။
6 comments:
ဗုဒ္ဓဘာသာ(ထေရဝါဒ) ကို စော်ကား၊ အပုပ်ချသော Site တခုသာဖြစ်ပါသည်။
ဗုဒ္ဓဘာသာ(ထေရဝါဒ) ကို စော်ကား၊ အပုပ်ချသော Site တခုသာဖြစ်ပါသည်။
သင်ပြောတာဟုတ်လို့လား..။ရေးထားတာရောမှန်လို့လား...။
သင်တို့ဘုရားကရော ဘာလို့ လက်ဝါးကတ်တိုင်မှာ အသတ်ခံရတာလဲ။
မြတ်စွာဘုရားရဲ့ပုံတော်ကို အဲဒီလိုပြောတာကတော့ မလွနန်ဘူးလား...။
သင်တို့ဘုရားရဲ့ ပုံတော်ကိုပြောရင်ရော ခံနိုင်မလား...
သင်တို့ဘုရားဟောတာထားတော့ မေတ္တာတရားဆို...။
အခု သင်လုပ်နေတာကတော့ ဘာသာရေးကိုဖျတတ်ဆီးနေတာနဲ့အတူတူပဲ..။
ဘာမှမသိပဲ လိုက်မရေးပါဘူးလေ...။
သူများရေးတာကိုဖတ်ပြီးမပြောနဲ့လေ...။
ကိုယ်ကိုတိုင်သိအောင်လုပ်ပြီးမှ ရေးပါလား....။
နည်းနည်းပါးးပါး အသိတရားလေးရှိပါလား..။
ကျွန်မတို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် .... ဘ၀အဆက်ဆက် ကျင့်ကြံ ကြိုးကုတ် အားထုတ် လာခဲ့သော ... ပါရမီတော် အဆင့်ဆင့်ကြောင့် ... ဘုရားရှင် ဖွားတော် မူသောအခါ မဟာပုရိဿ လက္ခဏာတော်ကြီး (၃၂)နှစ်ပါး။ လက္ခဏာတော်(၈၀) နှင့် (၁၀၈)ကွက်စက်လက္ခဏာတော်များ ကြည်ညို ဖွယ်ရာ ပါရှိလာလေသည်။
မဟာပုရိသလက္ခဏာတော် (၃၂) ပါးမှာ
၁ -.မြေပြင်တွင်ကို ခြေဖ၀ါးတော်ဖြင့် နင်းလိုက်သောအခါတွင် တစ်ပြေးတည်းညီညွတ်သော ဖ၀ါးတော်အပြင်ရှိခြင်း လက္ခဏာတော်တစ်ပါး။
၂ - ခြေဖ၀ါးတော်နှစ်ဖက်တို့သည် တစ်ထောင်သော အကန့်အကွက် ပုံတောင်းချက်နှင့်ပြည့်စုံ
သော တစ်ရာ့ရှစ်ကွက်သော စက်လက္ခဏာတော်များနှင့် ပြည့်စုံခြင်းတည်းဟူသော လက္ခဏာတော်တစ်ပါး။
၃ - ရှည်လျားသော ဖနောင့်တော်ရှိခြင်းတည်းဟူသော လက္ခဏာတော်တစ်ပါး။
၎ - ရှည်လျား သွယ်တန်းသော ခြေချောင်းတော်လက်ချောင်းတော်ရှိခြင်းတည်းဟူသောလက္ခာတော် တစ်ပါး။
၅ - နူးညံ့ သိမ်မွေ့လှစွာသော လက်ဖ၀ါးတော် ခြေဖ၀ါးတော် အပြင်ရှိခြင်တည်းဟူသော လက္ခဏာတော်တစ်ပါး။
၆ - လေးသွန်းနန်းတံခါးတွင် စိုက်စီထားသော ရွှေပွတ်လုံး(ဇာလီတိုင်)ကဲ့သို့ ခြေချောင်းတော် လက်ချောင်းတော်တို့သည် အပိုအလို ရှည်တိုမနေပဲ တညီတညွတ်တည်းသော လက္ခဏာတော် တစ်ပါး။
၇ - ဖမိုးတော်မှ အထက်သို့ လက်လေးသစ်တက်၍ မြူမလိမ်းတွယ် စဉ်းငယ်မြင့်တော် ခြေဖမျက်တော်ရှိခြင်းတည်းဟူသော လက္ခဏာတော်တစ်ပါး။
၈ - ဧဏီမည်သော သားကောင်၏ သလုံးမြင်းနှင့်တူသော သလုံးမြင်းခေါင်းတော်ရှိခြင်းတည်းဟူသော လက္ခဏာတော်တစ်ပါး။
၉ - ရပ်တော်မူနေလျှက်ပင် ကိုယ်တော်ကို မကိုင်းညွတ်ပဲ လက်ဖုဝါးတော်နှစ်ဖက်ဖြင့် ပုဆစ်ဒူဝန်တော်နှစ်ဖက်ကို သုံးသတ်ထိတွေ့နိုင်ခြင်းတည်းဟူသော လက္ခဏာတော်တစ်ပါး။
၁၀ - အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ယေက်ျားမြတ်နိမိတ်ရှိတော်မူခြင်း တည်းဟူသော လက္ခဏာတော်တစ်ပါး။
၁၁ - ဇမ္ဗူရာဇ် သိင်္ဂီရွှေစင်ကဲ့သို့ ၀ါဝင်းသော အသရေတော်ရှိတော်မူခြင်းတည်းဟူသော လက္ခဏာတော်တစ်ပါး။
၁၂ - သိမ်မွေ့သော အသရေတော်ရှိခြင်း(ပွေး၊ညှင်း၊တစ်းတိမ်၊မှဲ့၊၀က်ခြံစသော အညစ်အကြေးမရှိခြင်း) လက္ခဏာတော် တစ်ပါး။
၁၃ - မွေးညင်းတွင်းတစ်တွင်းစီတွင် မွေးညင်းတော် တစ်ပင်စီ တစ်ပင်စီသာ ပေါက်ရောက်ခြင်း လက္ခဏာတော်တစ်ပါး။
၁၄ - မျက်နှာတော်ကို မော်၍ဖူးရသည့်ပမာ အထက်သို့ညွှတ်သော အဖျားကော့သော မွေးညင်းတော်ရှိခြင်းတည်းဟူသော လက္ခဏာတော်တစ်ပါး။
၁၅ - ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့ လည်ကုတ်၊ခါး၊ပဆစ်ဒူး၊သုံးပါးသော အရပ်တို့၌ မကိုင်းမညွှတ် ဖြောင့်မတ်သော ကိုယ်ခန္ဓာရှိတော်မူခြင်း တည်းဟူသော လက္ခဏာတော်တစ်ပါး။
၁၆ - ခြေဖမိုးတော်နှစ်ဖက်၊ လက်ဖမိုးတော်နှစ်ဖက်၊ ဖခုံးတော်နှစ်ဖက် ၊ လည်ကုတ်တော်ဟုဆိုအပ်သော ဤခုနှစ်ဋ္ဌာနတို့၌ ပြည့်ဖြိုးသော အသားတော်ရှိတော်မူခြင်းတည်းဟူသော လက္ခဏာတော်တစ်ပါး။
၁၇ - ခြင်္သေ့ မင်း၏ ရှေ့ပိုင်းကိုယ်ကဲ့သို့ အောင်မောင်းပြည့်ဖြိုးခန့်ညားသော လက္ခာတော်တစ်ပါး။
၁၈ - ခါးတော်မှစ၍ အထက်လည်ကုတ်တော်တိုင်အောင် လက်ပြင်တော်နှစ်ဖက်နောက် အလယ်ကျောပြင်သည် ချိုင့်နိပ့်ခြင်းမရှိ ပကတိပြည့်ဖြိုးစင်သော ကျောက်ကုန်တော်ရှိတော်မူခြင်းလက္ခဏာတော်တစ်ပါး။
၁၉ - အရပ်တော်နှင့် အလံတော် ညီမျှသဖြင့် ပညောင်ပင် အ၀န်းကဲ့သို့ ၀န်းသော(၀ိုင်းချောသော) ကိုယ်တော်ရှိတော်မူခြင်း လက္ခဏာတော် တစ်ပါး။
၂၀ -ညီလည်းညီညွတ် လုံးလည်းလုံးသော လည်တိုင်ရှိတော်မူခြင်း လက္ခဏာတော်တစ်ပါး။
၂၁ - အငယ်ငယ်သော နှမ်းစေ့လုံးခန့်မျှသော အရသာကို သုံးဆောင်မှီဝဲသောအခါ တစ်ကိုယ်တော်လုံး အရသာကို ပျံ့နှံ့အောင် ဆောင်နိုင်သည့် ခုနှစ်ထောင်သောအကြောတို့ အဖျားခြင်းအပ် လည်မှာစွတ်လျှက်ရှိခြင်းလက္ခဏာတော်တစ်ပါး။
၂၂ - ခြင်္သေ့မင်း၏ မေးကဲ့သို့(ပြုံးတော်မူတော့မည့် သဏ္ဍာန်သွေးနေသည့်)မေးတော်ရှိတော်မူခြင်း လက္ခဏာတော် တစ်ပါး။
၂၃ - သွားတော်လေးဆယ် အစေ့အငှ ရှိတော်မူခြင်းလက္ခဏာတော်တစ်ပါး။
၂၄ - ညီညွတ်စဉ်တန်းသော သွားတော်ရှိတော်မူခြင်း လက္ခဏာတော်တစ်ပါး။
၂၅ - မကျဲ-မကွာ၊စေ့စပ်သော သွားတော်ရှိတော်မူခြင်း လက္ခဏာတော် တစစ်ပါး။
၂၆ - သောက်ရူးကြယ်ပမာ လွန်စွာဖြူစင်စင်ကြယ်သော အရောင်တစ်လက်လက်ထွက်သည့် စွယ်တော်မြတ်လေးဆူ ရှိတော်မူခြင်း လက္ခဏာတော်တစ်ပါး။
၂၇ - ရှည်လျား၊နူးညံ့၊ကျယ်ပြန့်သော လျှာတော်ရှိတော်မူခြင်းလက္ခဏာတော်တစ်ပါး။
၂၈ - အင်္ဂါ(၈)ပါးနှင့် ပြည့်စုံသော အသံတော်ရှိမူခြင်းလက္ခဏာတော်တစ်ပါး။
(အသံတော်(၈)ပါးကား)
၁။ ၀ိသဋ္ဌ - သန့်ရှင်းစင်ကြယ်သာယာနာပျော်ဖွယ်ရှိခြင်း ၊
၂။ မဉ္ဖူ - ညိမ့်ညောင်းသာယာခြင်း ၊
၃။ ၀ိညေယျ - သိလွယ်၊မှတ်သားရလွယ်ခြင်း ၊
၎။ သ၀နီယ - ထပ်ခါထပ်ခါနာချင်ဖွယ်ရှိခြင်း ၊
၅။ ဗိန္ဒူ - တလုံးတစည်းထည်း ရှိခြင်း ၊
၆။ အ၀ိသာရီ - ပရိသတ်အပြင်သို့ ပြန့်မထွက်ခြင်း ၊
၇။ ဂမ္ဘီရ - နက်နဲခြင်း ၊
၈။ နိန္နာဒိ - ပဲ့တင်ထပ်ခြင်း(echo)အသံတော်ရှိခြင်း
ဟူ၍ မြတ်စွာဘုရား၏ ကြည်ညိုဖွယ်ရာ အသံတော်(၈)ပါးဖြစ်ပါသည်။
၂၉ - အလွန်ညိုဝန်းကြည်လင်သော မျက်လုံးတော်ရှိမူခြင်းလက္ခဏာတော်တစ်ပါး။
၃၀ - အလွန်နူးညံ့သော မျက်မွေးတော်ရှိတော်မူခြင်း လက္ခဏာတော်တစ်ပါး။
၃၁ - မျက်မှောင်တော်(မျက်ခုံး)နှစ်ဖက်၏ အလယ်၌ ဥဏ္ဏလုံး-မွေးရှင်တော် ပေါက်ရောက်တော်မူခြင်း လက္ခဏာတော်တစ်ပါး။
၃၂ - နဖူးတော်သည် သင်းကျစ်ရွှေပြား တပ်စီထားသကဲ့သို့ လက်ျာတော် တပန်းအစွန်းမှ လက်ဝဲတော် နပန်းအစွန်းအထိ တက်သော နဖူးသင်းကျစ်တော် အသားလွှာပါရှိခြင်းလက္ခဏာတော်တစ်ပါး။
ဤသည်ကား ဘုရားအလောင်းတော်မြတ်၏ မဟာပုရိသလက္ခဏာတော်(၃၂)ပါးတို့ပင်ဖြစ်ပါသည်.။
သာဓု သာဓု သာဓု
Post a Comment