Thursday, November 12, 2009

ဗုဒ္ဓဘာသာများအတွက် အမြင်မရှုင်းသည့်မေးခွန်းများ အပိုင်း ၁

၁။ လူသားအစ ဗြဟ္မာက ဆိုက ဗြဟ္မာအစ ဘယ်ကပါလဲ အကျိုးအကြောင်း ခိုင်လုံစွာဖြင့် ဖြေကြားပေးပါ။

၂။ ကံတရားအတိုင်း လူသည် ခံနေရပါက အရင်ဦးဆုံးကံမရှိမီ အဘယ်က ကံရောက်လာပါသနည်း။

၃။ ဂေါတမသည် ဘုရားအဖြစ် ဆုပန်ရာတွင် ဘုရားကိုလည်း ဖူးတွေ့မှ ဆိုသောကြောင့် ဦးဆုံးဘုရားသည် အဘယ်ဘုရားထံမှာ ဆုပန်ခဲ့သနည်။

၎။ ရုပ်၊ နံ မရှိဆိုသော ရူပ ဘုံ၊ အရူပဘုံမှ ရုပ်မှရှိ၊ နာမ်မရှိသည်ကို အဘယ့်ကြောင့်သတ္တ၀ါဟု သက်မဲ့ကို သုံးသနည်း။ သက်မဲ့သည် သတ္တ၀ါ မဟုတ်။ အကြောင်းပြချက် ခိုင်လုံစွာနှင့်ဖြေကြားပေးပါ။

၅။ လူသည် သဘာဝ အလျှောက် ပေါ်လာပါက အဘယ့်ကြောင့် ငရဲနောင်တမလွန် ရှိရန်လိုပါသနည်း။

၆။ မိမိကိုသာ အားကိုရာဆိုက ဘုရားမှတပါး အားကိုးရာ မရှိဟု အဘယ့်ကြောင့်ပြောကြပါသနည်း။

၇။ ပုထုဇဉ်သည် အဘယ်သို့ ဘုရား အထူးခံခြင်းကို နှစ်သက်သောကြောင့် အပြစ်မဖြစ်ရသနည်း။

၈။ မကြံစည်အပ်ဟု ဆိုလျှက် အဘယ့်ကြောင့် ရာကျော်တန်ဖြင့် ဂေါတမဘုရားဟု ကိုးကွယ်ကြသနည်း။

၉။ ဂေါတမက “ငါ့ပြောသလိုကျင့်ပါဟု´´ဆိုလျှက် အဘယ့်ကြောင့် မကျင့်ဘဲ ကိုးကွယ်နေသနည်း။

၁၀။ နိဗ္ဗာန်ဟူသည် ရှိသည်၊ မရှိသည် ဂေါတမက မပြောဟု ပြောလျှက်နှင့် အဘယ့်ကြောင့် မှန်းမျှော်နေသနည်း။

၁၁။ သတ္တတဒိဌိ နှင့် ဥစ္ဆေဒဒိဌိအကြားမှာ နေသည်ဆိုရုံဖြင့် သံသရာက လွတ်မည်လော။

၁၂။ အဘယ့်ကြောင့် “လူသေလူဖြစ်ကို မယုံပါဘဲ´´ ရှင်ဥက္ကဌ ၏ ကျောက်ကွင်းကို ကွက်ကျား ဆွဲကိုင်နေသနည်း။

၁၃။ နိဗ္ဗာန်ရောက်ဘူးသူများ၏ အမည်လိပ်စာများကို သိပါက ပြောပြပါ။

၁၄။ အရှင်ဥာဏ၏ “ သူမဟုတ်သော သူဝင်စားသည်´´ ဆိုသော စကားက မာရ်နတ်၏ လှည့်ကွက်ဖြင့်လျှက် အဘယ့်ကြောင့် မှိုင်းတိုက်ထားသော သံသရာကို ယုံကြည်နေရသနည်း။

၁၅။ သိပ္ပံသည် ဗုဒ္ဓ၏ ဟောချက်များကို မမှန်ကန်ကြောင်း သက်သေပြနေချိန်တွင် သိပ္ပံမှားကြောင်း သက်သေပြပေးပါ။

၁၆။ ငါသည်သင့်ကို မကယ်နိုင်ဟု ဆိုသော ဂေါတမအား အဘယ့်ကြောင့် နေ့ရက်စဉ် တောင်းဆုပန်နေပါသနည်း။

၁၇။ ရုပ်တုဟူသည် အသက်မရှိသည်ကို ကလေးပင် သိသလို ၊ မကြံစည် အပ်ကြောင်း ဂေါတမက ပြောလျှက်နှင့် အဘယ့်ကြောင့် ကြံစည်သနည်း။

၁၈။ မကြံစည်အပ်သော အရာ လေးပါးတွင် ပါလျှက်နှင့် အဘယ့်ကြောင့် ဘုရားကို ကစားစရာသဖွယ် တွေးဆပြုအား မတရားသဖြင် ပြုလိုပါသနည်း။

၁၉။ သမ္မာဒိဌိမှသာ မှန်သည်ဖြစ်သော်လည်း အဘယ့်ကြောင့် မသမာသော နည်းဖြင့် ဘာသာရေးတွင် ခုတုံးလုပ်နေကြသနည်း။

၂၀။ အသျှင် နန္ဒရေးသာ ဘလောဂ်များမှ အမေးများအား ရှင်းလင်းစွာ ဖြေကြားပေးပါ။

၂၁။ ဂေါတမ၏ တထွာသည် သာမန် ယောင်္ကျားကြီး သုံးထောင်ဆိုသောကြောင့် အကယ်ပင် အဘယ့်ကြောင့် သမိုင်းတွင် မရှိခဲ့ပါသနည်း။

၂၂။ ဂေါတမ၏ အခြား မယားများ အဘယ့်ကြောင့် မြုတ်ကွယ်ထားကြသနည်း။

၂၃။ မြင့်မိုရန်တောင်ဟူသည် ယနေ့တွေ့မြင်နိုင်ခြင်း အဘယ့်ကြောင့် မရှိရသနည်း။

၂၄။ ဤလောက စကြာဝဠာကြီး၏ အတိုင်းအရှည်ကို စာဖွဲ့တင်စားရန် အဘယ်သူသွား၍ တိုင်းထွာခဲ့သနည်း။

၂၅။ ဤအရာများသည် လုပ်ကြံဇာတ်ဖြစ်သည် ဆိုက သင်အဘယ်သို့ဖြေကြားမည်နည်း။

၂၆။ အဘယ့်ကြောင့် ယနေ့ ရဟန္တာဟူသည် မရှိရသနည်း။

၂၇။ တပါးကျိုးက အားလုံးကျိုးသည့် သီလကို အဘယ့်ကြောင့် လုံနိုင်သည်ဟု ပြောသနည်း။

၂၈။ ယေရှုကို ပြည့်တန်ဆာ သားဟုဆိုက သုဝဏ္ဏသာမ၊ ရှင်သီဝလိ၊ ဥပဂုတ္တ၊ ပဒုမ္မာဒေ၀ီ တို့ကား အဘယ်သို့ဖြေရှင်းမည်နည်း။

၂၉။ ပဒုမ္မာဒေ၀ီ သားငါးရာ ဖွားရလောက်အောင် သူမသည် လူမဟုတ်သော ငါး သို့ မဟုတ် ဖား မျိုး ဖြစ်နေသလော။

၃၀။ ရှင်တော်ဂေါတမသည် အဘယ့်ကြောင့် ဘုရားဖြစ်သည်ဆိုက ငါသည်သင့်ကို မကယ်နိုင်ဟု ဆိုခဲ့သနည်း။

စေတနာဖြင့်

ဗုဒ္ဓဖာသာ မှ စစ်မှန်သော ဗုဒ္ဓဘာသာ( ဘုရားအယူ) ဧကောဗုဒ္ဓေါ ထာဝရ ဘုရားကို ယုံကြည်သက်ဝင်လာသူ

3 comments:

ashinnanda ခရစ်ယာန်တို့သည်မေတ္တာတရားကို အဓိကထားကြသည်ဟုမှတ်သားရပါသည်။ ခရစ်တော်သည်လူသားအားလုံး၏
အပြစ်များအတွက်လက်ဝါးကပ်တိုင်တွင်အပြစ်များကိုပေးဆပ်သွားပါသည်။
ိထိုကဲ့သို့သောမေတ္တာရှင်၏သားတော်များဖြစ်လျက်သင်သည်အဘယ်ကြောင့်
သူတစ်ပါးတို့၏ဘာသာရေးကို အပြစ်ပုတ်ခတ်သနည်း။သင့်တွင်မေတ္တာတရား
မရှိလို့လား။သင်တို့၏ယုံကြည်မှုအတိုင်း ထာဝရဘုရားသခင်၏ ကောင်းကင်ဘုံနန်းကို အရောက်သွားရန်ကြိုးစားပါတော့လား။သူတစ်ပါးကို
ပုတ်ခတ်မှကောင်းကင်ဘုံနန်းကိုရောက်မှာလား။ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။လူဆိုသည်မှာကိုယ်ယုံကြည်ချက်အတိုင်းဘ၀ခရီးကိုလျှောက်ကြသူတွေဖြစ်
တယ်။သူတစ်ပါး၏ယုံကြည်ချက်ကိုဖျက်ဆီးခြင်းသည်ကောင်းသောသူမဟုတ်
ဟုကျွန်ပ်မြင်သည်။

သူ့ အမေးတွေကိုယ်တိုင်က ... နည်းလမ်းမှမကျတာ....ဒီမေးခွန်းတစ်ဝက်ကျော်ကျော်က ... သူ့ဘာသာကိုသူပြန်မေးရမှာ ... ကိုယ့်ဘာသာအကြောင်း တောင် ... ဘာမှမသိတဲ့ ဘာသာဝင်တွေက ... သူများဘာသာအကြောင်းကို ... မေးရသေးတယ်ရှင်... ။ စိတ်ပျက်ပါတယ်။

သင်အမြင်ကို သင်မြင်သည့်အတိုင်း ရေးသားနိုင်သည်။ သင်၏ အပြောအဆိုနှင့် သင်၏အတွေးသည် သင်၏အရည်အချင်းပင်ဖြစ်သည်။

Post a Comment