ကမ္ဘာပျက်ခြင်း သုံးပါး။
သတ္တသတ္တအဂ္ဂိနာဝါရ၊ အဌမေအဌမေဒေကာ၊ စတုသဌိယဒါပုဏ္ဏာ၊
ဧကောဝါယုဝါရောသိယာ။ ။သတ္တသတ္တဝါရ၊ ခုနှစ်ကြိမ် ခုနှစ်ကြိမ်။ အဂ္ဂိနာ၊
မီးဖြင့်။ လောကေ၊ လောကသည်။ ဝိနဿိ၊ ပျက်၏။ အဌမေ အဌမေ၊ ရှစ်ကြိမ်
ရှစ်ကြိမ်မြောက် ကမ္ဘာ၌။ ဝါ၊ ကမ္ဘာသည်။ ဒကာဒကေန၊ ရေဖြင့်။ ဝိနဿိ၊ပျက်၏။
ယဒါ၊ အကြင်အခါ၌။ စတုသဌိ၊ ခြောက်ဆယ် လေးကမ္ဘာသည်။ ပုဏ္ဏာ၊ ပြည့်ကုန်၏။ တဒါ၊
ထိုအခါ၌၊ ဧကောဝါယုဝါယော၊ လေဖျက်သော ကမ္ဘာတကြိမ်သည်။ သိယာ၊ ဖြစ်ရာ၏။ ပမာ၊
ငွေတကျပ်တွင်၊ ပိုက်ဆံ ခြောက်ဆယ့်လေးပြားရှိရာ၊ တပြား တပြားကို
မီးဖျက်သောကမ္ဘာအမှတ် အသားထား၍၊ ရှစ်ပြား ရှစ်ပြားမြောက် တမူးစေ့သော
အခါတိုင်း၊ ရေဖျက်သော ကမ္ဘာမှတ်။ အဆုံး ခြောက်ဆယ့်လေးပြားစေ့၍
ငွေဒင်္ဂါးတကျပ်ကား လေဖျက်သော ကမ္ဘာမှတ်လေ။ ဤသို့အားဖြင့်။
၁။ တေဇောသံဝဋ္ဋ၊ မီးဖြင့်ဖျက်အံငှါ၊ နေတစ်ဆင်းမှစ၍၊ ခုနှစ်ဆင်းတိုင်
ထွက်သဖြင့်၊ မြေကြီးသည် အကြွင်းအကျန်မရှိ၊ အထက်ကောင်းကင်နှင့်၊ အောက်
ကောင်းကင် တစပ်တည်းဖြစ်အောင် ပျက်လေသည်ဟု သတ္တင်္ဂုတ္တသူရိယသုတ်၌လာ၏။
၂။ အာပေါသံဝဋ္ဋ၊ ရေဖြင့်ဖျက်ခြင်း။ ရှစ်ကြိမ်မြောက်၌တကြိမ်၊ ရေဖြင့်
ဖျက်သောအခါ၊ အလွန်ခါးသော ငန်းသော မိုးကြီးရွာ၍၊ စကြာဝဠာ
မဟာလောကဓါတ်ကြီးကို အကုန်ကြေမွစေပြီးလျှင်၊ အရည်ဖြစ်စေ၍ ပျက်လေ၏၊
၃။ ဝါယောသံဝဋ္ဋ၊ လေဖြင့်ဖျက်ခြင်း၊ ခြောက်ဆယ်လေးကြိမ်မှာ တကြိမ်၊
လေဖြင့်ဖျက်သောအခါ၊ အလွန်ပြင်းထန်သောလေတို့သည် ထ၍၊ စကြာဝဠာ
မဟာပထဝီမြေကြီးကို အစိတ်စိတ်ကွဲစေလျှက်၊ မြင့်မိုရ်တောင်မင်းကိုလည်း
ကြေမွစေလျှက်။ အလုံးစုံကွယ်ပျောက်လွင့်စေ၍၊ အထက်အောက်ကောင်းကင်တစပ်တည်းသာ
စပ်လျှက်၊ ဟင်းလင်းအပြင် ကောင်းကင်အမိုက်ကြီးသာ အတိဖြစ်လေ၏။
မှတ်ရန်။ ။ အဂ္ဂိနာတဿရာဟေဌာ၊ အာပေနသုတကိဏှတော၊ ဝေဟပ္ဖလတောဝါတေန၊ ဧဝံလောကော
ဝိနဿတိ။ ။အာဘဿရာ၊ အာဘဿရဘုံမှ။ ဟေဌော၊ အောက်၌။ အဂ္ဂိနာ၊ မီးဖြင့်။ ဝိနဿတိ၊
ပျက်၏။ သုဘကိဏှိတော၊ သုဘကိဏှိ ဘုံမှ။ ဟေဌာ၊ အောက်၌။ အာပေန၊ ရေဖြင့်။
ဝိနဿတိ၊ ပျက်၏။ ဝေဟပ္ဖလတော၊ ဝေဟပ္ဖိုလ်ဘုံမှ။ ဟေဌာ၊ အောက်၌။ ဝါတေန၊
လေဖြင့်။ ဝိနဿတိ၊ ပျက်၏။ ဤသို့အားဖြင့်၊ မီးဖျက်သောအခါ၊ အာကဿရဘုံအောက်၊
ရေဖျက်သောအခါ၊ သုဘကိဏှိ ဘုံအောက်။ လေဖျက်သောအခါ၊ ဝေဟပ္ဖိုလ်ဘုံအောက်
ပျက်ကြောင်းမှတ်လေ။ ဤကား လွန်သောအပိုင်းအခြားတည်း။ ဘုံစဉ်ကို အခဏ်
သင့်တော်ရာတွင် ပြသသွားပါမည်။ ခေတ်ဝိသယ၊ အနန္တတွင် ရေဆကုဋေ၊ တသိန်းနေတို့၊
မီးရေလေမှတ်၊ သံဝဋ်သုံးဖြာ၊ ပျက်ခါညီမျ၊ ဖြစ်ကျတူပြိုင်၊ ရံဆိုင်သီးသီး၊
လွန်ပြီးပွားဆဲ၊ ထွန်းမြဲနောင်လာ၊ တိုက်များစွာကို၊ ထွဋ်ချာဆုံးမဲ့၊
ဥာဏ်ဖြင့်ချဲ့လည်း၊ ပြဲ့ပြဲ့လေးအင်၊ ကပ်သာဖြင့်ခဲ့၊ ပလိပ်စားအေးချင်း၊
လောင်ဘက်ပျက်ဘက် စကြာဝဠာ ကုဋေတသိန်းဖြစ်သည်။
ဝိသုဒ္ဓိမဂ်အဌကထာ၊ အဘိညာဉ်နိဒ္ဒေသ၊ မျက်နှာ ၄၅။ အပိုဒ် ၂၄၂။
၁။ ကမ္ဘာပျက်ခြင်းအကြောင်း။
ကိံကရဏာ ဧဝံလောကောဝိနဿတိ။ ။ အကုသလကရဏာ အကုသလမူလေဟိ၊ ဥဿန္နေသု
ဧဝံလောကော ဝိနဿတိ။ ။ အဓိပ္ပါယ်ကား။ ။ အကုသိုလ်မူလ အကြောင်းကြောင့်
ပျက်၏ဟုလာ၏။
၁။ ရာဂများသောအခါ မီးဖျက်လေ၏။
၂။ ဒေါသများသောအခါ ရေဖျက်လေ၏။
၃။ မောဟများသောအခါ လေဖျက်လေ၏။
ဟုပြပြီးမှ၊ ကေစိဝါဒ တည်းဟူသော တပါးသောသူ၏ အယူဟူ၍။
၁။ ဒေါသများသောအခါ မီးဖျက်၏။
၂။ ရာဂများသောအခါ ရေဖျက်၏။
၃။ မောဟများသောအခါ လေဖျက်၏ဟူ၍ သတ္တင်္ဂုတ္တရပါဠိတော်၊ သတ္တသူရိယ သုတ်၌ ဆိုလေ၏။
နေ ၁ စင်း။ ---အလုံးစုံ သစ်ပင်များသော။
နေ ၂ စင်း။ ---မြစ်ငယ်၊ ထုံးအိုင်ခန်း။
နေ ၃ စင်း။ ---မြစ်ကြီးငါးသွယ်ခန်း။
နေ ၄ စင်း။ ---အိုင်ကြီးငါးသွယ်ခန်း။
နေ ၅ စင်း။ ---သမုဒ္ဒရာ ၄ စင်းခန်း။
နေ ၆ စင်း။ ---မြေကြီးနှင့် မြင့်မိုရ်မီးဖိုကဲ့သို့ အခိုးအလျှံဖြစ်။
နေ ၇ စင်း။ ---အကုန်အစင် ကျွမ်းလောင်ကုန်၏။
0 comments:
Post a Comment