ကမ္ဘာပျက်သောအခါ သတ္တဝါမပါ။
လောကဗြူဟာ နတ်တို့ကြွေးကြော်သံကြောင့်၊ လူတို့တရားအားထုတ်၍
အဆင့်ဆင့် အထက်နတ်ပြည် မီးလွတ်ရာဘုံ၌ဖြစ်၏။
အပါယ်လေးဘုံသားတို့လည်း၊ အပရာပရိယကံကြောင့်၊ အပါယ်မှလွတ်၍၊
ဗြဟ္မာ့ဘုံသို့ရောက်ကုန်၏။ (မိစ္ဆတ္ထအရိယာ ကျွတ်ပုံ) ပဌာန်း ပါဠိတော်။
အာပါရိကော၊ ကပ္ပဌောသံဃတေကော စူလဝါပါဠိတော်၊ ဣတိဝုတ်ပါဠိတော်လာ
သံဃာသင်းခွဲသောသူ ငရဲကပ်တကပ် ခံရ၏။ တိရိစ္ဆာန်တို့မှအစ အားလုံးသော
သူများပင် ထိုအချိန်တွင် ငရဲမှ ကင်းရာ ဘုံသို့ရောက်၍၊ အချို့တို့သည်လည်း
အခြားကမ္ဘာသို့ရောက်ကုန်၏ ဟုဆိုပါသည်ခင်များ...........
ခရစ်ယာန်။ ။ ကမ္ဘာကို ရေအားဖြင့် ဖျက်ကြောင်း၊ နောင် ဤကမ္ဘာကို မီးအားဖြင့်
ဖျက်ဦးမည့်အကြောင်း။ ၂ ပေ ၃း၆၊၇ တို့တွင် ဖေါ်ပြထားပြီး ဖြစ်ဘူးသော
လောကဓါတ်ကို၊ ထိုသို့အားဖြင့် ရေနှင့်လွှမ်းမြုတ်၍ ဖျက်ဆီးကြောင်းကို၊
ထိုသူတို့သည် မှတ်မိချင်သော စိတ်မရှိကြ။ ယခုရှိသော မိုးကောင်းကင်နှင့်
မြေကြီးမူကား၊ တရားဆုံးဖြတ်ရာကာလ၌၊ အဓမ္မလူတို့ကို ဖျက်ဆီးသော
နေ့ရက်တိုင်အောင်၊ ထိုနှုတ်ကပါတ်တော်အားဖြင့် သိုထားလျှက်ရှိ၍၊
မီးရှို့ခြင်းအဘို့ငှါ နေရစ်သတည်း။
0 comments:
Post a Comment