ဃ။ လောကထဲသို့ အပြစ်ဝင်ရောက်လာခြင်းနှင့် သမတတင်မြောက်ခြင်း။
ကမ္ဘာဦးသူတို့တွင်၊ ပျင်းရိသောသူတယောက်သည်၊ သလေးခင်းသို့ အခါခါ မသွားရအောင်၊ တခါတည်းနှစ်ရက်၊ သုံးရက်စာယူခဲ့၍ အိုးဖြင့်လှောင်ထား၏။ ထိုသူ၏ အတုကိုလိုက်၍၊ြွကင်းသော လူပျင်းတို့သည်လည်း၊ လေးငါးရက်စာမက ယူခဲ့ကြ၍၊ သိုမှီးလှောင်ထားကြကုန်၏။ ထိုသို့ အပိုအမိုသိုမှီးလှောင်ထားခြင်း၊ သန္နီဓိအမှုကို ပြုခြင်းကြောင့်၊ သလေးဆန်တို့သည်၊ ဖွဲကပ်၍၊ အခွံဖုံးကုန်၏။ ရှေးကဲ့သို့ ရိတ်သိမ်းပြီးသော နေရာ၌ ပေါက်မြဲအတိုင်းမပေါက်၊ အငုတ်အတိုင်းသာရှိနေသည်နှင့်၊ ထိုအခါ လူအပေါင်းတို့သည် စုဝေးကြလျှက်၊ သတ္တဝါတို့၌ ဆိုးယုန်သော တရားတို့သည် ပေါ်လာကုန်သဖြင့်၊ ယခုငါတို့အား၊ ကောင်းမြတ်ခြင်း အလုံးစုံတို့သည် ဆုတ်ယုတ်ကုန်လေပြီဟု၊ မှိုင်ငေးညည်းညူကြပြီးလျှင်၊ သလေးခင်းတို့ကို အမျှခွဲဝေ၍၊ သူ့အခင်း၊ ငါ့အခင်းဟု အပိုင်းအခြား ထားကုန်၏။ ထိုသို့အပိုင်းအခြား ထားသည့်နောက်၊ လူတယောက်သည်၊ သူတပါး၏ အခင်းမှ သလေးစပါးကို၊ တိတ်တဆိတ်ခိုးယူ၏၊ ဥစ္စာရှင်တို့သည် တွေ့မိလျှင်၊ တကြိမ် နှစ်ကြိမ် မောင်းမဲတားမြတ်ကြကုန်၏။ သုံးကြိမ်မြောက်၌၊ ထောင်းထုရိုက်နှက်ခြင်းပြုကြကုန်၏။ ထိုအခါမှစ၍၊ ထိုသို့သော အဒိန္နာဒါနံ၊ သူ့ဥစ္စာကိုခိုးခြင်း၊ မုသာဝါဒ၊ မုသာဆိုခြင်း၊ ပါဏာတိပါတ၊ သူ့အသက်သတ်ခြင်း၊ အကုသလဓမ္မာတို့သည်၊ ဖြစ်လာကုန်သည်ဖြစ်၍။ ထိုသို့သောသူတို့ကို နှိပ်နှင့်၍ဆုံးမခြင်းငှါ၎င်း၊ သဘောတူ အကြီးအကဲတင်ထား၍၊ မိမိသလေးခင်းမှ ဆယ်ဘို့တဘိုကို အခွန်ပေးသွင်းကြကုန်လေ၏။ ကမ္ဘာဦးသူတို့သည်၊ ထိုသို့ရှေးဦးစွာ တင်မြောက်သော မင်းကို၊ မဟာသမ္မတဟု သမုတ်ကုန်၏။ လယ်ယာကို အစိုးပိုင်သောကြောင့်၊ ခတ္တိယဟူ၍၄င်း၊ တရားသဖြင့် သူတပါးကို တပ်မက်ချစ်ခင်စေ၍၊ ရာဇာဟူ၍၄င်း၊ အမည်သုံးပါး ရလေသည်။
မဟာဇနေနသမ္မတောဟိ၊ မဟာသမ္မတော။ ။ခေတ္တာနံ၊ အဓိပတီတိခတ္တိယော။ ။ဓမ္မေနသမေန၊ သတ္တေရဉ္စေတီတိရာဇာ။
မှတ်ရန်။ ။ကမ္ဘာဦးကာလ၊ သမတမင်း မပေါ်ထွန်းမီကပင်၊ ပါဏာတိပါတ အစရှိသော အပြစ်တရား၊ မြေဆီမြေလွှာကိုစားကတည်းက၊ ရသတဏှာကို တပ်မက်ခြင်းအစရှိသောအရာတို့ကို ပွားများစေလျှက်၊ ငြူစူစောင့်မြောင်း၊ မကောင်းဣဿာ၊ မစ္ဆာရိယ တရားသည် ပွားများလျှက်ရှိလေပြီ။ ကမ္ဘာဦးသူတို့ရှိပြီးမှ၊ ဤအကုသလ တရားတို့ရှိရ ပညတ်ရသဖြင့်။ ဓမ္မနိယာမတရားသည်၊ဤကပင် စလာသောကြောင့် သိရလေသည်။ လူမရှိက၊ တရားမရှိကြောင်း ထင်ရှားလေသည်။
တနည်း။ ။ အပြစ်ဆိုသော် တဦးနှင့် စပ်ဆိုင်သည်မဟုတ်။ ပြစ်မှားသူနှင့် ပြစ်မှားခြင်းခံသူနှစ်ဦးနှင့် စပ်ဆိုင်လေ၏။ ထို့ကြောင့်၊ ပြစ်မှားသူကား၊ ကမ္ဘာဦးတို့၊ ပြစ်းမှားခံသူကား အဘယ်နည်း။ ဥပမာ၊ သစ်တော် ဥပဒေမရှိခင်က၊ မည်သည့်သစ်ကို ခုန်သည်မဆို အပြစ်မရှိ၊ သစ်တော်ဥပဒေထုတ်၍၊ တည်ပြီးမှ အပြစ်ရှိ၏။ ထို့အတူ၊ ကမ္ဘာဦးသူတို့သည်၊ ပြစ်မှားပြီးဖြစ်၍၊ မည်သူ၏ တရားဥပဒေ လွန်ကျူး၍ အပြစ်ရောက်ကြရပါသနည်း။
ခရစ်ယာန်။ ။ ထိုအပင်၏ အသီးကိုကား မစားရ၊ စားသောနေ့တွင် ဧကန်အမှန် သေရမည်ဟု လူကိုပညတ်ထားတော်မူ၏။ ကမ္ဘာဦး ၂း၁၇။ြွေမသည် ထာဝရ ဘုရားအရှင် ဖန်ဆင်းတော်မူသော မြေတိရိစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား ]မစားရ သင်တို့သည် ဥယာဉ်၌ ရှိသော အပင်တို့၏ အသီးကို မစားရဟု} စတင်၍ တရားကို လိုသလို ပြုပြင်ကာ အဓမ္မ အမှုကို ဖြစ်ပေါ်စေသောရလာဒ်ကို မမြင်သော ဧဝသည်] မိန်းမသည် မြင်လျှင်၊ အသီးကိုယူ၍ စား၏၊ မိမိခင်ပွန်းအားလည်းပေး၍၊ သူလည်းစား၏၊ ကမ္ဘာဦး ၃း၁-၆။ ထိုအကျိုးဆက်မှာ ဓမ္မန္တရယ်ဟု ဆိုအပ်သော တရားစာရေသင့်ခြင်းကို၎င်း၊ ဘုရားကို စော်ကားသောအကျိုးဆက်မှ ဗုဒ္ဓန္တရယ်ဟု ခေါ်ဆိုအပ်သော ကြီးလေးသော ဘုရားစာရေသင့်ခြင်းသို့၎င်း ရောက်ကြလေကုန်၏။ ထို့ကြောင့် အပြစ်တရားသည်၊ တယောက်သောသူအားဖြင့်၊ ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့်၊ သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့်၊ သေခြင်းသို့ ရောက်ကြကုန်၏။ ရောမဩဝါဒ ၅း၁၂ ယခုဖေါ်ပြသော ကျမ်းစာလာသည့်အတိုင်း ဘုရားသခင်၏ မိန့်မှာတော်မူသော ပညတ်တော်ကို လွန်ကျူးသော အာဒံကအစပြု၍၊ ဤလောကထဲသို့ အပြစ်ဝင်လာသည်။ အဝိဇ္ဇာပစ္စယာ၊ သင်္ခါရာဟု၊ ပဋိစ္စသမုပ္ပန္န၊ ဘော်ပြအလာ၊ သံသရာမှာ ရှည်ကြာစဉ်ဆက်၊ ကွင်းအကွက်၏၊ ဖြစ်ပျက်သမျှ၊ ဥယာဉ်မက၊ အစဦးစွာ၊ မိန့်ရွှေဗျာကို၊ မနာမလိုက်၊ အမိုက်မိုက်နှင့်၊ သမိုက်သစ်သီး၊ ယူစားပြီးမှ၊ အနီးမနေ၊ ဥယာဉ်ဗွေက၊ နှင်လေသောနောက်၊ ယခုရောက်အောင်၊ စဉ်လျှောက်လူမှာ၊ ပြစ်ပါလာ၍၊ အဝိဇ္ဇာမင်း၊ သူနှိမ်နှင်းလျက်၊ အလင်းဝိဇ္ဇာ၊ ကွင်းရှောင်ခွါသည်၊ နှစ်ဖြာမိဘ၊ ယင်းတို့ကပင်၊ စ၍အပြစ်၊ တို့ကိုနှစ်၍၊ ဆိုးညစ်တွေဝေ၊ ဖုံးလွှမ်းတွေနှင့်၊ မဝေမခွဲ၊ မိုက်မဲတဖြာ၊ အဝိဇ္ဇာ၏၊ နီးစွာအကျ၊ သင်္ခါရကြောင့်၊ ဖြစ်ကြပျက်ရာ၊ တဏှာပွားမောက်၊ မီးတွေတောက်သည်။ ။စိုးကြောက်ခြင်းတရာ၊ အဝိဇ္ဇာ၏၊ ကြောင်းခြာမူလအရင်းတည်း။
0 comments:
Post a Comment