၃. တတိယရှုထောင့်
သာသနာသမိုင်းကြောင်းအမြင် (Historica View)
ခရစ်တော်သည် တိဗက်ပြည်သို့ သွားရောက်ရာ ဗုဒ္ဓဘာသာ အယူဝါဒကို တိဗက်ပြည်မွန် ဘုန်းတော်ကြီးကျောင်းတွင် တပည့်ခံ မခံသိနိုင်ရန် တိဗက်ပြည်သို့ ဗုဒ္ဓဘာသာသာသနာ ရောက်ရှိပြန့်ပွားသော ခုနှစ်သက္ကရာဇ်ကို တွက်ချက်သော်ကား လုပ်ကြံဇာတ်မှန်း ကောင်းကောင်းသိနိုင်ပေသည်။
တင်ပြချက် (၁) အိပ်ခ်ျဂျီဝဲလ် ဆိုသူ သမိုင်းပညာရှင်ကြီးက တိဗက်ပြည်သို့ ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိခဲ့သော ခုနှစ်မှာ အေဒီ ၅၀၀-၆၀၀ တွင်ဖြစ်သည်ဟု တင်ပြသည်။
တင်ပြချက် (၂) ခရစ္စမတ်တန်ဖရိဆိုသူ၏ ရေးသားထားသော သမိုင်းအရ တိဗက်ပြည်သို့ ဗုဒ္ဓသာသနာသည် အေဒီ ၇ ရာစု အလယ် အေဒီ ၇၀၀ ခန့် သို့မဟုတ် ၆၅၀ ခန့်၌ ရောက်ရှိသည်ဟု ဖော်ပြသည်။
တင်ပြချက် (၃) ရန်ကုန် ၀ဇ္ဇာ၊ သိပ္ပံတက္ကသိုလ်ရှိ စာပေအရ ဗုဒ္ဓသာသနာသည် တိဗက်သို့ ရောက်သည်မှာ အေဒီ ၆၅၀ - ၇၀၀ ခန့် သို့မဟုတ် အေဒီ ၆၄၀ ခန့်ဟု ဖော်ပြသည်။
တင်ပြချက် (၄) မာဃမြန်မာပြန်သော ရဟုလာသံကိစ္စည်း၏ တိဗက် ဗုဒ္ဓသာသနာ စာအုပ်အရ ၆၄၀ မတိုင်မီ ဘိုက်ခ် တိဗက်သို့ ဗုဒ္ဓဘာသာ မပြန့်ပွား မရောက်ရှိသေးကြောင်း သိရသည်။
တင်ပြချက် ( ၅) Kenneth W. Morgan ပြု့စုသော Buddhism Interpreted by Buddhists စာအုပ်အရ။
Although only the Himalayas seperat Tibet from India and there had been severa attempts by Indian monks to introduce Bubbhism into Tibets it was not until the twnty century after the Buddha ( Seventh Century A.D) That Buddhism was officially introduced into Tibet, making it the last of the Modern Mahayana countries toaccept Buddhism.
ဗုဒ္ဓပွင့်ပြီး ၁၂ ရာစုဖြစ်သော ခရစ်သက္ကရာဇ် ( ၇) ရာစုတွင် ဗုဒ္ဓဘာသာ သာသနာကို တိဗက်ပြည်သို့တရားဝင် မိတ်ဆက်နိုင်ခဲ့သည်ဟု့တွေ့ရပါသည်။ ၎င်းစာအုပ်မှာ The part of the Buddha ဟူသော စာအုပ်မှ စာမျက်နှာ ၆၅ တွင် Buddhism Interpreted by Buddhists ဟု ရေးထားသဖြင့် ၎င်းစာအုပ်မှာ ဗုဒ္ဓဘာသာဝင်၊ ကျမ်းတတ်များ ကိုယ်တိုင် အနက်ဖွင့်ဆိုထားသော ဗုဒ္ဓ၀ါဒဟု အဓိပ္ပါယ်ရှိသဖြင့် ဗုဒ္ဓဘာသာဝင် ကျမ်းတတ်ပညာရှင်များကိုယ်တိုင် အနက်ဖွင့်ချက်စာအုပ်၌ ပါရှိသော ဗုဒ္ဓသာသနာ တိဗက်သို့ရောက်ကြောင်း သက္ကရဇ် ဖြစ်သဖြင့် ထိုအေဒီ ၇၀၀ ခန့် ဆိုသည်မှာ လွန်စွာမှ အထောက်အထား ခိုင်လုံသော သက္ကရာဇ်ဖြစ်တော့သည်။ ၎င်းစာအုပ်ကို Kenneth W. Morgan ပြု စုသည်။ တင်ပြချက် (၆) ခရစ်တော် အသက် ၃၀ တွင် ပြည်ပသို့ အခြားခရီးပြုချက်မတွေ့၊ မကြားမတွေ့၊ မသိ မှတ်တမ်းမှတ်ရာ မရှိပါဟု ပါရှိသည်။ R.W.F. Wootton ၏ Christian Worship စာအုပ်မှဖြစ်သည်။ ဖော်ပြရပါမူ-
The Lord Jesus was offered in the Temple according to the ancient law as a child six weeks; he went thre again at the age of 12, when a boy became a member of the community of Israel. (But we do not know of any other visit in the first 30 years of His life).Synagogue worship chapter 8. Christian Worship of God စာအုပ်မှဖြစ်သည်။
တင်ပြချက် ( ၇) မာဃမြန်မာပြန်သော ရာဟုလာသံကိစ္စည်း၏ တိဗက်ဗုဒ္ဓဘာသာ စာအုပ်တွင် ၁၂-၁၀- ၇၄ ရက်စွဲပါ ပါရဂူရေးသားသော ရာဟုလာ သံကိစ္စည်း နှင့် တိဗက်ဗုဒ္ဓဘာသာ စာအုပ် စာမျက်နှာ ၁၀ တွင် ခရိဆရိုလဒေကျန် ဘုရင် ( ၇၅၅ - ၇၉၇) နန်းတက်သောအခါ သူ၏အသက်မှာ ၁၃ နှစ်ခန့်မျသာ ရှိသေးသည်။ ထိအချိန်က တိဗက်သို့ ဗုဒ္ဓဘာသာ ရောက်ခဲ့သည်မှာ နှစ်တရာခန့် ရှိနေပြီဟု့ဆိုသည်။ ထို့ကြောင့် နှစ် ၁၀၀ ကိုနုတ်လျှင် ၆၅၅ ခန့်ပင် ရှိပါသဖြင့် ရာဟုလာသံကိစ္စည်း တင်ပြချက်အရ တိဗက်ပြည်သို့ ဗုဒ္ဓဘာသာ ရောက်ချိန်မှာလည်း ၆၅၅ ခန့် တွင်ပင်ဖြစ်ကြောင်းသိရသည်။
သို့ဖြစ်၍ ချစ်သောစာရှုသူ ပရိတ်သတ်တို့ တိဗက်ပြည်အကြောင်းကိုပါ ပိမိုလေ့လာသိရှိခွင့် ရရှိနိုင်ပါရန် ရာဟုလာသံကိစ္စည်း၏ တိဗက်ဗုဒ္ဓဘာသာ စာအုပ်ကို မာဃဘာသာပြန်ဆိုထားသော စာအုပ်၌ ၁၂- ၁၀- ၇၄ နေ့စွဲပါ ပါရဂူ ရေးသားထားသော ရာဟုလာသံကိစ္စည်းနှင့် တိဗက်ဗုဒ္ဓဘာသာ စာအုပ်မှ ရေးသားချက်များကို ဗဟုသုတအမှန်ပွားများစေရေး စေတနာရိုးဖြင့် မူရင်းအတိုင်း တင်ပြအပ်ပါသည်။
0 comments:
Post a Comment