Tuesday, July 14, 2009

၅. ပဉ္စမရှုထောင့်

စက်မူလက်မူအမြင် (Technological View)
အားတက်သရော ကြိုးပမ်းပြီး လိုက်လံစုံစမ်းတော့ နောက်ဆုံး တိဗက်ပြည် တောင်ပိုင်း မွန်ဘုန်းတော်ကြီး ကျောင်းရှိ ကျောင်းထိုင်ဆရာတော်မထေရ်မြတ်ကို ခရစ်တော်ကိုယ်တိုင် စာရွက်ပေါင်း ၁၀၀ ပေါ်မှာ သူကိုယ်တိုင် ၁၈ နှစ်အတွင်း တွေ့ကြုံခဲ့ရသော ဘ၀အတွေ့အကြုံများကို မှတ်တမ်းတင်ပြီး ကြိုးနဲ့ ကျကျနန ချုပ်နှောင်ကာ သူ့ကိုတရား ဓမ္မများ ဟောပြော သွန်သင်ပေးခဲ့တဲ့အနေနဲ့ ကန်တော့ခဲ့တဲ့မှတ်တမ်းကို ရခဲ့တယ်။ အဲ့ဒီမှတ်တမ်းထဲမှာ ခရစ်တော်ကိုယ်တော်တိုင် အောက်ပါအတိုင်းရေးသားထားတာ တွေ့ရှိရတယ်လို့ ရိုရစ်စ်ကရေးသားထားသည်။
က. သခင်ယေရှု ခရစ်တော်လက်ထက်တိုက် စက္ကူများမပေါ်မရှိသေးပါ။ ပေရွက်၊ ကျူရိုး၊ အုတ်ချပ်၊ ရွံ့ ခဲများဖြင့်၎င်း သားရေကျမ်းစာလိပ်များသာ ရှိခဲ့ပေသေးသည်။ ခရစ်တော်ကိုယ်တော်တိုင် သုဓမ္မာဇရပ်တွင် ၎င်း၏အုတ္ထုပ္ပတ္တိများကို အနာဂတံဝံ ကျမ်း၌ဟောပြောဗျာဒိတ်ပြုထားသည့် ဟေရှာယ အနာဂတ္တိကျမ်းစာပါ ကျမ်းစာလိပ်ကို ဖတ်ခဲ့ဘူးသည်။ ယနေ့ ကျမ်းစာများပင်လျှင် ပင်လယ်နီ၊ ပင်လယ်သေ ကုမ္မရန်ဂူများ၊ စဉ်အိုးမြေအိုး အစရှိသည်တို့မှ ရရှိသော ကျမ်းစာလိပ်များပင်ဖြစ်ကြသည်။ နောက်ဆုံးကူးယူ၍ ခေတ်မှီရိုတ်နှိပ်ကြရလေသည်။
ခ. တိဗက်ပြည်၌လည်း ခရစ်တော်တိုင်အောင် စာရွက်စက္ကူမပေါ်မရှိသေး။
ဂ. ခရစ်တော်လက်ထထက်၌ တကမ္ဘာလုံး စက္ကူ၊ စာရွက်မပေါ်ရှိသေး။
ဃ. စာမျက်နှာပေါင်း ၁၀၀ ကျော်တွင် ရေးသားထားသည်ဆိုပါက လက်ရေးမူနှင့် ထိုစာရွက်များးကို ယခုခေတ်တွင် လူထုအား ခေတ်မှီနည်းစနစ်ဖြင့် ရိုတ်ကူးဖြန့်ဝေ တင်ပြအပ်ပေသည်၊ အထူးသဖြင့် ခရစ်တော်အား ဘုရားမှန်းမသိသော ဒိဌိတွေအတွက်အာဃအခွင့်အရေးကြီးပင် မဟုတ်ပါလား။
င. အဆိုးအကောင်းမှာ အလွန်စပ်စုပြီး ကျော်ကြားမူတွင် သူ့ထက်ငါသာ ရှိသောသူတို့ကလည်း ယနေ့ထိုအမူကိုအသေအချာ စစ်ထုတ်ဖြန့်စေကြပေမည်။
စ.စက္ကူပေါ်ပေါက်သည်မှာ တရုတ်ပြည်တွင် အေဒီ ၂၀၀ အစပိုင်း၌ တီထွင် နိုင်ခဲ့ကြောင်း အခြေခံ ပညာအထက်တန်းကျောင်း English ဒဿမတန်းတွင် စာမျက်နှာ ၂၇ တွင် ဖော်ပြပါရှိလေသည်။
Paper, one of the most useful materials of this modern world, was invented in China at the beginning of the second century AD.

0 comments:

Post a Comment