Tuesday, July 14, 2009

မေးခွန်းရှင်များအတွက်

မေးခွန်းရှင်များအတွက်
ကျွန်ုပ်အားမေးမြန်းသူတို့တွင် ရဟန်း သံဃာတော်၊ တပ်မတော်ကြည်း၊ ရေ၊ လေ၊ အရာရှိ အရာခံ၊ အကြပ်တပ်သားများ၊ တက္ကသိုလ်ကောလိပ်မှသည်၊ အထက်တန်း၊ အလယ်တန်း၊ ကျောင်းသူကျောင်းသား၊ ဆရာ၊ ဆရာမကြီးများ၊ ကျား၊မ မရွေး နိုင်ခံခြားပြန် စာရေးစာချီ၊ ဈေးသည်၊ ကုန်သည် အစရှိသော လူတန်းစား အလွှာအသီးသီးမှလည်းကောင်း၊ လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံတို့မှ ပုဂ္ဂိုလ်စုံတို့ပါကြပေသည်။
အလွှာစုံမှ ပုဂ္ဂိုလ်တို့သည် မည့်သည့် ရည်ရွယ်ချက် အနေအထားမျိုးဖြင့် မေးမေး၊ ထိုမေးခွန်းကြောင်းကြီးများပင် ဖြစ်နေပါသည်။ မေးကြသောကြောင့်ပင် ဤလိုစာအုပ်မျိုး ရေးသားပြုစုရသော အခွင့်ထူး ရရှိပြန်သောကြောင့် မေးခွန်းရှင် အားလုံးတို့ကိုပင် အထူးကျေးဇူး ဥပကာရတင်မိပါသည်။
မေးခွန်း မေးစရာဖြစ်လာလောက်အောင် ဖြစ်စေသော ထိုစာအုပ် စာပေများရှိ ``အကြောင်းတရားများ´´ အတွက်မူကား အထူးဝမ်းနည်းမိပါသည်။ ထိုစာအုပ်များကို ``မိုးလုံးပြည့် မုသာဝါဒီများ´´ ဟုပင်ဆိုလိုက်ချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် လောကုတ္တရာ၊ လောကီရေးရာ နှစ်ဝလုံးအတွက် အသိပညာကို ဖုံးကွယ် ပိတ်ဆီး သွားစေနိုင်သောကြောင့်ပင်ဖြစ်ပါသည်။ ထိုစာအုပ်များကြောင့် လူတိုင်း လွက်လပ်စွာ ရွေးချယ်ကိုးကွယ်နိုင်ခွင့်ရှိသော ခရစ်ယာန်တို့ကိုးကွယ်အားထားရာ အသက်ရှင်တော်မူသော ခရစ်တော်သည်ပင်လျှင် သာမန်ပုဂ္ဂိုလ် အညတြသဖွယ်၊ အရည်အချင်းမရှိသယောင်၊ ဗဟုသုတနည်းပါးသော ခရစ်ယာန်များပင်လျှင် မိမိ၏အရှင်သခင်အပေါ် အထင်အမြင် လွဲမှာခြင်း၊ ဇဝေဇ၀ါ သံသယစိတ်များ၊ အထင်အမြင်သေးခြင်း၊ ရှက်စိတ်တဖွားဖွား ဖြစ်ပေါ်စေနိုင်ကြောင်း၊ အားငယ်စိတ်များ ဖြစ်စေနိုင်ကြောင်း၊ ယုတ်စွအဆုံး ခရစ်တော်ကိုပင် စွန့်ပယ်သည်အထိ အနှောက်အယှက် အဆီးအတား ပြုနိုင်သော ၀ိညာဉ်ရေး ( ဓမ္မန္တရယ်) အဆိပ်အတောက် စာအုပ်များဖြစ်ကြောင်း တွက်ချက်မိပါသည်။ ခရစ်ယာန်ဖြစ်လိုသော ပုဂ္ဂိုလ်များပင်လျှင် တုံ့ဆိုင်းစိုးထိတ်၊ နောက်ဆုတ်သွားစေရန် အဆီးအတား ဖြစ်စေနေသည်မှာ သေချာနေပါလေသည်။
သို့ဖြစ်၍ ခရစ်ယာန်များ အတွက်အရှုံးပေါ်ကာ သာသနာပြန့်ပွားနှုန်း တန့်သွားစေနိုင်သလို အထူသဖြင့် သန်းစင်သော စိတ်ထားနှင့် ဘုရား တရား ရှာဖွေသော ပုဂ္ဂိုလ်မြတ်များအတွက် ဓမ္မအခွင့်အရေး ပို၍ ဆုံးရှုံးစေနိုင်သည်သာမက သံသရာမဆက်လို ၀တ်ကျွတ်လို၍ (၃၁) ဘုံ မလည်လိုဘဲ ဒုက္ခဆင်းရဲဘုံမှ လွတ်မြောက်လိုသောသူများ၊ ရောက်လိုလျှက် နိဗ္ဗာန် မရောက်နိုင်သောသူများ၊ ကျွတ်တန်းဝင်ရောက် လိုသူများအတွက် `` အကျွတ်တရာလမ်း´´ ပိတ်သွားနိုင်ခြင်းဖြင့် ကောင်းကင်ဘုံ ၀င်ရောက်၍ ထာဝရအသက်၊ ထာဝရသုခ၊ ထာဝရဘုန်း၊ ထာဝရစည်းစိမ်ချမ်းသာ၊ ထာဝရမပုပ်မပျက် နိုင်သောအဖြစ်၌ ၀ိညာဉ်ကိုယ်ခန္ဒာဖြင့် ၀င်စားခံစားရမည့် မဟာထာဝရအခွင့်အရေးများ အရှုံးပေါ်သွားနိုင်ပါသည်။
``လူတို့နှင့်ရောပြွန်းမနေ၊ တစ်သီးတစ်သန့် နေထိုင်တတ်ကြသော သန်းရှင်းစုံလင်သူများ´´ ဟုအဓိပ္ပါယ်ရှိသည့် ကျမ်းစာအခေါ် ``ဖါရိရှဲ ´´ များကို သခင်ယေရှုခရစ်တော်က ( မဿဲ ၁၂း၁၃) လျှိ့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏၊ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်၏ တံခါးကို လူတို့ရှေ့ မှာပိတ်ထား၍ မိမိတို့လည်း မ၀င်၊ ၀င်လိုသော သူတို့ကိုလည်း ဆီးတားကြ၏ ဟုပြစ်တင်ရှုတ်ချလိုက်ခြင်း နှင့်တူပါသည်။ မြန်မာမူပြူ၍ဆိုရပါလျှင် `` ကိုယ်တိုင်ကောက်ရိုးလည်း မစားနိုင်၊ စား၍လည်းမရ၊ စားလည်းမစားလို၊ ကောက်ရိုးအမှန်စားရမည့်နွား လာတော့လည်း မစားစေလို၊ ဟောင်မြဲဟောင်နေသောခွေး´´နှယ် (ကောက်ရိုးပုံစောင့်သည့်ခွေး ) ဟု့အပြစ်တင်ရှုတ်ချလိုက်ခြင်းတူပါပေသည်။ ထို့ကြောင့်မိတ်ဆွေ၏ ရပ်တည်ချက်သည်၊ `` ကောက်ရိုးပုံစောင့်သည့်ခွေး´´၏ ရပ်တည်ချက်မျိုး ဖြစ်သွားမည်ကို မလိုလားနိုင်ပါပေ။
ကူးမြောက်ရန် လွန်စွာခဲယဉ်းသော နိဗ္ဗာန်ကို မကူးမြောက်လိုသူရှိသလို၊ ကူးမြောက်ချင်သော်လည်း မကူးမြောက်နိုင်သောသူများ၊ မကူးမြောက်နိုင်မှန်း မိမိကိုယ်ကို မိမိသိနေသူများ၊ အားမတန်မန်လျှော့ကာ မတတ်သာ၍ နောင်ဘ၀အခန်းဆက်သဘောမျိုးဖြင့် နောင်ဘ၀တွင် သံသရာလည်ရပေဦးဟု မချင့်မရဲဖြစ်နေကြရှာသောသူများလည်း ရှိကြောင်းအထူးသတိချပ်စေလိုပါသည်။ လူတိုင်းပါရမီ မရင့်ကြပါ။ ၃၁ ဘုံ သံသရာ လည်ခြင်းသည် မက်မောစရ မရှိပါ။ ကြောက်စရာ၊ ရွံမုန်းစရာကြီးသာပါ၊ လူဖြစ်လူချမ်းသာရှိသလို၊ လူဖြစ်လူဒုက္ခလည်းဖြစ်ကြောင်း၊ နတ်ဖြစ်နတ်ချမ်းသာရှိသလို၊ နတ်ဖြစ်နတ်ဒုက္ခဖြစ်ကြောင်းနှင့်၊ ဗြဟ္မာဖြစ်ဗြဟ္မာချမ်းသာရှိသလို ဗြဟ္မာဖြစ်ဗြဟ္မာဖြစ်ကြောင်း အဘယ်သူငြင်းနိုင်မည်နည်း။ ``ချမ်းသာ´´ ၌ပြဿနာမရှိသော်လည်း ``ဒုက္ခ´´၌ပြဿနာ အရပ်ရပ်ရှိနေပြီး၊ ထိုပြဿနာကို ``မည်သို့ဖြေရှင်းပါမည်နည်း´´၊ ဂေါတမ နည်းအရ ထိုဒုက္ခဘုံမှ လွတ်မြောက်ရန်မှာ လူ (မိမိ) အပေါ်၌သာ ရနှုန်းပြည့်မူတည်ပြီး၊ နိဗ္ဗာန်ရောက်ကြောင်း တရားကို မိမိကိုယ်တိုင် ကိုယ်ကျင့်နိုင်ပါမှ လွတ်မြောက်မည်၊ နိဗ္ဗာန်ရောက်မည်သာတည်း။ မကျင့်နိုင်သောသိုတို့မှာကား ၃၁ ဘုံအတွင်း၌ သံသရာ တ၀ဲလည်လည်၊ ၃၁ ဘုံရဲ့သားကောင်အဖြစ် သံသရာခရီးဆက်နေရဦးမည်သာတည်း။ ထာဝရဘုရား၏ နည်းအရမူကား ထိုဘုံမှလွတ်မြောက်ရန် ``ကောင်းကင်ဘုံရောက်ကြောင်းတရား´´ ရှိထားပါသည်၊ ထိုတရားကား မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းမလဲ၊ ကမ္ဘာ အဆက်ဆက် တည်ရှိနေ သည် တပါးတည်းသော နိစ္စထာဝရဘုရားသခင်၏ မေတ္တာတော်၊ ဂရုဏာတော်၊ အကြံတော်မြတ်က ခရစ်တော်အားဖြင့် ဘုရားသခင်ကို ဖခင်တဦးအဖြစ် ကြွေင်းမဲ့ ချစ်ခင်ကြည်ညို မြတ်နိုးကြောက်ရွံ ခိုလှုံလာကြရပြီး လူသားအချင်းချင်းလည်း၊ ယေရှုခရစ်တော်၌ တစ်ဆူတည်းသော ဘုရားသခင်၏ သားသ္မီးဖြစ်ကြကြောင်း၊ သားဦးယေရှုခရစ်တော်နှင့် ညီအစ်ကိုမောက်နှမများ အဖြစ်ကိုတဦးနှင့်တဦး ချစ်ခင်မြတ်နိုးရမည့်အကြောင်း ဖြစ်လာလေ၏။
တိုတိုနှင့်လိုရင်းဆိုရသော် တိုက်ရိုက်ဘုရားနှင့်လူ ကိုပြန်လည်ဆက်စပ် ဆက်သွယ်ပေးလိုက်သူ၊ သူ့ကိုသူ လမ်းခင်းပေးလိုက်သူဖြစ်သည်၊ ထိုလမ်းကို လျှောက်လိုက လူတိုင်းလျှောက်နိုင်ပါသည်၊ မလျှောက်လိုကလည်း ဖန်ဆင်းရာပါ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်အရ လူတိုင်း၏ဆန္ဒပင်။
ခရစ်တော်သည် ပါလက်စတိုင်းနိုင်ငံတွင် ပေါ်ထွန်းခဲ့သည်။ ကိုယ်တော်သည် ပါလက်စတိုင်း နိုင်ငံသား ဂျူး (၀ါ) အစ္စရေးလူမျိုးတစ်ဦးဖြစ်ပါသည်။
သက်တော်စဉ် တခုလုံးသည် ရှင်တော်ဂေါတမ မြတ်စွာဘုရား ပွင့်တော်မမူမီမှ ရှေးအထက်က ဗျာဒိတ်တော်အတိုင်း မှန်ကန်ဖြစ်ပြစ်ခဲ့ပါသည်။ နှစ်ပေါင်း ၂၀၀၀ ကျော်က ပါလက်စတိုင်း နိုင်ငံသည် စတုရန်း မိုင်ပေါင်း တစ်သောင်းခန့်သာ ဖြစ်သည်၊ အလျှား ၁၅၀ မိုင်း၊ အနံအကျယ်ဆုံး တောင်ပိုင်း၌ ၇၅ မိုင်းသာရှိပါသည်။ ထို့ကြောင့် ထိုနိုင်ငံသည် ဆွစလန်နိုင်ငံ ထက်ငယ်ပြီး၊ စကောတလန်နိုင်ငံ ထက်ဝက်မျသာရှိသည်။ မြန်မာနိုင်ငံ အနောက်ပိုင်းတိုင်း ဧရိယာနီးပါးခန့်သာရှိပါသည်။
ထိုနိုင်ငံ၏ မြောက်ဖက်ရှိ လက်ဘနွန်နိုင်ငံ၌ မြင့်မားသော ဟာမုန်တောင်ထိပ်နှင့် တောင်ကြောကြီးများရှိသည်။ အရှေ့ဘက်တွင်မူကား ဂျော်ဒန်နိုင်ငံရှိသည်။ တောင်ပိုင်းတွင် ယုဒတောင်ကုန်း မြေမြင့်ရှိသည်၊ အနောက်ဘက်တွင် မြေထဲပင်လယ်ရှိသည်။ မြေထဲပင်လယ်ကမ်းစပ်မှ အရှေ့ဘက် ၁၅ မိုင်ခန့်အထိ မြေပြန့်ဖြစ်သည်၊ အီဂျစ်နိုင်ငံနှင့် တောက်လျှောက်လူသွားလမ်းပေါက်သည်။ ဒုတိယ မျဉ်းပြိုင် စပ်ကြား မြောက်ဘက်မှ တောက်ဘက်တစ်လျှောက်လုံးတွင် ထုံးကျောက်များနှင့် အတိပြီးသော တောင်ကုန်းမြေမြင့်ဒေသဖြစ်သည်။ ထိုထုံးကျောက်ကျောကြီးသည် ကျောရိုးသဖွယ် ဂါလိလဲနယ်၊ ရှမာရိနယ်၊ ယုဒနယ် တ၀ိုက်သို့သက်ဆင်းသည်။ မြေနိပ့်ချိမ့်ဝှမ်းဒေသတွင်၊ မြောက်ဘက်၌ ဂါလိလဲအိုင်ရှိပြီး ဂျော်ဒန်မြစ်သည် မြောက်မှမြေနိမ့်ရာ တောင်ဘက်သို့ စီဆင်းလာပြီး ပင်လယ်သေ ( ၀ါ) ဆားငန်အိုင်အထိ စီးဆင်းလာလေသည်။
အခြားတဘက်တွင်မူ တောင်ကုန်းများသည် ပြန်လည်မြင့်မားလာပြီး၊ ဂျော်ဒန်နိုင်ငံကို ကာဆီးထားသော သဘာဝ အတားအဆီး သဖွယ်ဖြစ်နေသည်၊ ရာသီဥတု အခြေအနေက ထူးခြား၏၊ ယေရှုရှလင်မြို့သည် လတ္တီတွဒ် ၃၁ ဒီဂရီ ၄၇ မီးနစ်၊ မြောက်လောင်ဂျီတွဒ် ၃၅ ဒီဂရီ ၁၈ မီးနစ်၊ အရှေ့တွင်တည်းရှိပြီး၊ မြေထဲပင်လယ် ကမ်းစပ်မှ အရှေ့ဘက် ၃၅ မိုင်အကွာတွင် တည်ရှိပြီး ဆားငန်အိုင် (ပင်လယ်သေ) အနောက်မြောက် ၁၈ မိုင်တွင် တည်ရှိသည်။ ပင်လယ်ပြင်မှ အမြင့်ပေ ၂၀၀၀ ခန့်မျ မြင့်သဖြင့် ထိုဒေသ တစ်ဝိုက်တွင် ရသီဥတုမှာ အေးမြ၍ သမမျတမှုရှိသည်။
ဂါလိလဲနယ်တ၀ိုက်တွင် စိမ်းလန်းစိုပြေလှ၍ သစ်ပင်၊ ပန်းမာလာများ ဝေေ၀ဆာဆာ ဖြစ်နေသောဒေသ ဖြစ်ပါသည်၊ မြောက်ပိုင်းတွင်မူကား ဟာမုန်တောင်ထိပ်တ၀ိုက်၌ ရေများခဲ၍ ဆီးနှင်းဖြူဖြူဖွေးဖွေး တို့ကိုအတိုင်းသားမြင်တွေ့နေရပါသည်။
တစ်နိုင်ငံလုံးတွင် ရှိသောရှုခင်းသည် အလွန်သာယာ စိုပြေလှသည်ါ် မြေသြဇာကောင်းသော ချိုင့်ဝှမ်း ဒေသ၌ အသီးအနှံမျိုးစုံ၊ ရာသီမရွေး ပေါက်ရောက်သည်၊ အခြားသောနိုင်ငံများတွင် သဲကန္တရ တောင်တန်းနှင့် ပင်လယ်တို့ခြားနားနေသော်လည်း ပါလက်စတိုင်းနိုင်ငံသည် တိုက်ကြီး (၃) တိုက်၏ အလယ်ဗဟိုတွင် တည်ရှိနေပေသည်။
ကမ္ဘာတ၀ှမ်းလုံး၏ အချက်အခြာကျသော ထိုနယ်မြေသည် ခရစ်ယာန်ဘာသာကို အစပျိုးမွေးဖွား သန့်စင်ပေလိုက်သည်၊ ခရစ်တော်၏ လူ့ဇာတိခံယူ မွေးဖွားရာဒေသကြီး ပေတည်း။ ခရစ်တော်၏ ဒေသစာရီ လှည့်လည်ခဲ့ရာဒေသကြီး ပေတည်း။

0 comments:

Post a Comment