ခရစ်တော်၏ သက်တောစဉ်နောက်ကျိရှုပ်ထွေး သံသယပွားစေရန် အဘယ်မည်သော ပုဂ္ဂိုလ်သည် တရားခံအစစ် ဖြစ်ပါလေသနည်း။
လူထဲမှဆိုလျှင် ခွင့်လွတ်တန်ကောင်းပါသည်။ ယခုမူကား လူတွေရေးနေကြသော်လည်း လူတွေမဟုတ်ပါဆို လျှင် မိတ်ဆွေနားရှုပ်သွားပေမည်။ နားမရှုပ်သွားစေလိုပါ၊ မြန်မာပြည်မှာ စာရေးဆရာများ၊ ဘာသာပြန်ပုဂ္ဂိုလ်များ၊ ပုံနှိပ်ထုတ်ဝေသူများ၊ ခွင့်ပြုသူများ၊ ဖြန့်ချီသူများ၊ ပုံနှိပ်တိုက်များ၊ လားလားမျမဟုတ်ပါ၊ မင်းစိုးရာဇာ၊ ဆရာတော်များ။ အရိရဓမ္မများ၊ သို့မဟုတ် တရားယုံကြည်ဝါဒ၊ တီးတိုးဖြန့်ဝေ နေမိကြသူများ သော်လည်းကောင်း လုံးဝမဟုတ်ကြပါချေ။ သို့ဆိုလျှင် ထိုမည်သော တရားခံအစစ်ကား…. ထာဝရဘုရား ဖန်ဆင်းရှင်၏ ရန်သူ၊ ခရစ်ယာန်တို့၏ရန်သူ၊ ဗုဒ္ဓ သို့မဟုတ် ဘုရား ဣဿရနိမ္မာန (ဘုရား)အနွယ်ဝင်တို့၏ ရန်သူ၊ လူမျိုးအပေါင်းတို့၏ ရန်သူဖြစ်သော မဟာဘုံရန်သူတည်းဟူသော မျက်မြင်မရ ၊ ပုံသဏ္ဍာန်အမျိုးမျိုး၊ အသွင်အမျိုးမျိုးဟန်အမျိုးမျိုး၊ ပုပ္ပနိမိတ်အမျိုးမျိုး၊ ထူးဆန်းသောလက္ခဏာ အပြားပြားတို့ကို ပြသနိုင်သော ။ လူသားတို့၏ အားနည်းချက်တိုင်း အပေါ်မှာ အခွင့်ကောင်းယူကာ ကမ္ဘာဦးမှသည် ကမ္ဘာဝေ၍ ကန့်နှင့်လောင် မြိုက်သော ထာဝရငရဲမီးအိုင် ထဲသို့ ပစ်ချခြင်းကို ခံရမည့် အတိုင်းတိုင်းအပြည်ပြည်တို့ကို နှိပ်စက်နေသော၊ ကိုးကွယ်ခြင်းကို အငမ်းမရခံခြင်နေသည့် မိမိဖန်ဆင်းရှင် ထာဝရဘုရားကိုပင် အံတုဖက်ပြိုင်စိတ်ဖောက်ပြန်သွားလေရှာသော၊ ကောင်းကင်တမန်ပျက်၊ အရူပဖြစ်သော စာတန်မာရနတ် နှင့်အပေါင်းအပါ နတ်ဆိုး တို့ပင်ဖြစ်သောကြောင့်……
မုန်းပစ်လိုက်….မောင်းပစ်လိုက် ( ၁ ပေ ၅း၈၊ ဗျာ ၁၂း၁၂၊ ယော ၈း၄၄၊ ယာ ၄း၇၊ ၁ ယော ၃း၈) စာတန်နှင့် အပေါင်းအပါများကြောင့်
-------- အတိုင်းတိုင်းအပြည်ပြည်တို့ နှိပ်စက်ခြင်းခံနေရသည်၊
---------လူတို့အယူတိမ်းပါး သမ္မာတရားလမ်းလွဲခဲ့ရလေပြီ၊
--------ထာဝရဘုရား၏ မူလအကြံအစည်တော် ပျက်ပြားသွားခဲ့ရသည်၊
------- လူတိုင်း ထာဝရဘုရားနှင့် မိဿဟာယပျက်ပြားသွားခဲ့ရသည်၊
-------လူတိုင်း ပုံပျက်ကျဆင်းသွားရသည်၊
------လူ့အသိအမြင် ဖောက်ပြန်သွားခဲ့ရသည်၊
-------လူနှင့်ပါတ်ဝန်းကျင် အကျဉ်းတန် အရုပ်ဆိုး၊ အနိဌာရုံနှင့်ပြည့်ရသည်၊
လောက၌ သေခြင်း၊ ကျိန်ခြင်း၊ အမင်္ဂလာဆိုက်ရောက်ခဲ့ရသည်၊ ဘုရားသခင်မူလ အကြံအစည်တော်အတိုင်း လူမှန်နေရာမှန်၊ လူ့အခွင့်အရေး၊ ပြန်လည်ရရန် ခရစ်တော်ကို စေလွတ်၍ ကယ်တင်စိမ့်သောငှါ၊ ကားတိုင်ထက်ဝ.် အသေခံစေသည်။
ထို့ကြောင့် ထိုထာဝရဘုရား သခင်သည် သားတော်ယေရှုခရစ်တော်အားဖြင့် ပြန်လည်ပြုပြင်တည်ဆောက်ခြင်းအမှုကိုပြုခဲ့ရာ ယခုအသင်းတော်တည်းဟူသော ဘုရားသခင်၌စုပေးသော လူစုဖြစ်သည့် ခရစ်ယာန်များတို့ကို အသုံးပြု၍ ဆောက်ရွက်နေဆဲဖြစ်သည်။ ထိုဘုရားရှင်၏ အမူတော်မြတ်တွင် မိတ်ဆွေပါဝင် နိုင်မည့်အကြောင်း ဖိတ်ခေါ်ပါရစေ၊ ထိုစာတန်နှင့် အပေါင်းအပါ၏ မှိုင်းမမိစေရန် ချဉ်နှောင်ဖြားယောင်းသွေးဆောင်ခြင်း မခံရမိစေရန် သူတို့၏ အစေအပါးဖြစ်မှန်းမသိ ဖြစ်မသွားစေရန် သမ္မသတိရှိလျှက် ၀ိညာဉ်မျက်စိ ပွင့်ကာ ရှောင်ရှားကျဉ်ဖယ်နိုင်ကြပါစေသော်…
အချုပ်အားဖြင့်ဆိုသော်…
ယေရှု သည်
ခရစ်တော်ဖြစ်သည်
ဘုရားသခင်ဖြစ်သည်
အရာခပ်သိမ်းကိုဖန်ဆင်းသည်
အပြစ်သားတို့ကို ကယ်တင်သည်
ကမ္ဘာမတည်မရှိမီကပင် ခန့်ထားခြင်းခံရသူဖြစ်သည်
အချိန်တန်မှ လူ့ဇာတိကိုခံယူခဲ့သည်
အပျိုကညာဝမ်း၌ ဖွားမြင်ခြင်းကိုခံခဲ့သည်
ဗက်လင်မြို၌ မွေးဖွားခဲ့သည်
၈ ရက်မြောက်သောနေ့တွင် ဗိမ္မာန်တော်၌ အရေဖျားလှီးခြင်းကိုခံခဲ့သည်
၁၂ နှစ်တွင် ဗိမ္မာန်တော်၌ စတင်တရားဆွေးနွေး၏
၁၂ နှစ်မှ ၃၀ နှစ်ကြားထိ မိခင်နှင့် မောင်နှမတို့ကို ဘခင်လက်ငုတ်လက်သမားဘ၀ဖြင့် လုပ်ကိုင်ကျွေးမွေးသည်
၃၀ နှစ်မှ စ၍ ပါလစ္စတိုင်း မိုင်း ၃၀ ပါတ်လည် အတွင်းသာ လှည့်လည်၍ ဒေသစာရီဟောပြောခဲ့သည်
မတရားစွပ်စွချြက်ဖြင့်ပင် ကိုယ်စားအသေခံရန်ဤလောကသို့ကြွလာခဲ့သည်
အပြစ်သားကိုယ်စား ယတြာပြုအသေသတ်ခြင်းခံခဲ့သည်
ကောင်းကင်ဘုံ အဖခမည်းတော်၏ စေခိုင်းချက်အတိင်းသွန်သင်သည်
မနေ့၊ ယနေ့၊ နောင်ကာလ ပြောင်းလဲခြင်းမရှိသော အရှင်ဖြစ်သည်
မလိမ်မညာ၊ အပြစ်ကင်းသည်၊ မှန်ကန်သောစကားကိုသာဆိုသည်
သတ္တိရှိသည်၊ ဖြောင့်မတ်သည်
ယုံကြည်သူတိုင်းအား ထာဝရအသက်နှင့် ကောင်းကင်ဝင်ခွင့်ပေးသည်
သေခြင်းတည်းဟူသော မာန်ငါးပါးတို့ကိုအောင်သည်( ကိလေသာမာန်၊ ဒေ၀ပုတ္တမာန်၊ဒန္ဓာမာန်၊ မစ္စုမာန်၊ အဘိသင်္ခါရမာန်)
အထက်ပါအကြောင်အခြင်းအရာတို့ကို ဖတ်ရှုရခြင်းအားဖြင့် ယေရှုခရစ်တော်သည်….
မည်သည့်ပြည်ပနိုင်ငံသို့မျမသွားခဲ့ပါ။
နာဇရက်မြို့တွင် နေမြဲနေလေသည်။
ထာဝရဘုရား၏ တိုက်ရိုက်ညွန်ကြားမူအတိုင်းသာခံယူဟောပြော၏။
အခြားမည်သည့်ပုဂ္ဂိုလ်ထံတွင်မျှ ပညာမသင်ပါ။
နိဗ္ဗာန်ရောက်ကြောင်း တရားကိုမဟောပါ။
ကောင်းကင်ဘုံရောက်ကြောင်းတရားသာ ဟောပါသည်။






1 comments:
Great post and success for you..
Kontraktor Pameran
Jasa Pembuatan Booth Pameran
Post a Comment