This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

Friday, February 12, 2010

သံဃာတော်အကြောင်း။

ပိဋကတ်ကျမ်းစာလာသည့်အတိုင်း၊ ဗုဒ္ဓသာသနာတွင် ရတနာ သုံးပါသည် မူလအခြေဖြစ်၍၊ ဘုရား၊ တရား၊ သံဃာနှင့်ကင်း၍ သာသနာတော် မတည်နိုင်ရာ။ ထို့ကြောင့် ၄င်းရတနာ သုံးပါးကိုပင်၊ သရဏဂုံသုံးပါဟူ၍ ခေါ်ပြန်လေ၏။ သရဏဂုဏ်သုံးပါးဟူသည်ကား။ ကိုးကွယ်ထိုက်သော ဂုဏ်အင်္ဂါနှင့် ပြည့်စုံသည်ကိုဆိုလိုသည်။ ထို့ကြောင့် ]]နှစ်ဆယ့် လေးပွင့်၊ ပန်းသုံးဆင့်၊ ကိုယ်နှင့်မကွာဆင်ရမည်}}ဟု ပညာရှိတို့စပ်ဆိုသည့်အတိုင်း၊ ဆင်ရန်ပန်းဖြစ်သော၊ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ ဟူသော စာလုံးနှစ်ဆယ့်လေးလုံးကိုပင် ဆိုချေသည်။ ထို့ကြောင့် ဤအခဏ်းတွင် သံဃံသရဏံ ဂစ္ဆာမိ တည်းဟူသော သံဃာတော် အကြောင်းကို ဖေါ်ပြပါအံ့။

သံဃာဆိုသည်ကား။ မဂဓ အဘိဓါန်ကျမ်း၌၊ သံဃော၊ အပေါင်းဟု လာသည်။ ဇာတ်တူဟူသော သူတို့၏ အစုအပေါင်းကို သံဃာဟုခေါ်သည်။ အဘယ်သို့နည်း ဇာတ်ဆိုသော် အသွင်အပြင်၊ အနေအထိုင်၊ အစားအသောက်တူ၏။ တရုတ်ဇာတ်၊ ကုလားဇာတ်မှစ၍ အစုအပေါင်းကို ဇာတ်ခေါ်သကဲ့သို့၊ သံဃာဟူသောအပေါင်းလည်း အသွင်တူသော လူစုဖြစ်သည်ဟုမှတ်ရ၏။ တနည်း၊ ဝိဂြိုလ်ဝစနတ်လာပြန်သည်မှာ။ သမဂ္ဂံသမေတီတိသံဃော။ ။သမဂ္ဂံ၊ အညီအညွတ်။ သမေတီ၊ စည်းဝေးတတ်သောကြောင့်။ သံဃော၊ သံဃာမည်၏ဟု လာသည်နှင့်အညီ၊ စိတ်သဘော တညီတညွတ်တည်းရှိ၍၊ စည်းဝေးတိုင်ပင်ခြင်းတတ်သော လူစုတို့ကို သံဃာဟူ၍ခေါ်၏။ ထိုသို့နှင့်အညီ စောဒကတက်ငြားအံ့၊ ထိုသို့စည်းဝေးသောသူတိုင်းကို ခေါ်ရမည်မဟုတ်၊ သံဃာဂုဏ်နှင့် ညီမှသာ သံဃာခေါ်ရပေမည်။ သို့ပါသောကြောင့် ထိုသံဃာ့ဂုဏ်ကို သိနိုင်ကြစေရန် သံဃာဂုဏ်တော် ကိုးပါးကို အောက်တွင် ဖေါ်ပြလိုက်ပါသည်။

သုပ္ပဋိပန္နော သာဝကသံဃော၊ ဥဇုပဋိပန္နော ဘဂဝတော သာဝကသံဃော။ ဥာယပဋိပန္နော ဘဂဝတော သာဝကသံဃော။ သာမိစိပဋိပန္နော ဘဂဝတော သာဝကသံဃော။ ယာဒိဒံ စတ္တာရိ ပုရိသာ ယုဂါနိ အဌပုရိသ ပုဂ္ဂလာ၊ ဧသာ ဘဂဝတော သာဝကသံဃော။ အာဟုဏေယျော ပါဟုဏေယျော၊ ဒက္ခိဏေယျော၊ အဉ္စလီ ကရဏီယျော။ အနုတ္တရံ ပညခေတ္တံ လောကသာတိ။ ။ဟုလာသည်နှင့်အညီ ဂုဏ်တော်ကိုးပါးနှင့်အညီ သံဃာ၊ ၄င်းတွင် အဌပုရိသပုဂ္ဂလာတည်းဟူသော၊ မဂ်၌တည်သော ပုဂ္ဂိုလ်လေးယောက် ဖိုလ်၌တည်သော ပုဂ္ဂိုလ်လေးယောက် ပေါင်းရှစ်ယောက်တို့သာ ပရမတ္ထအရိယာ သံဃာတော်မှတ်ရမည်။ ဤမြွှကင်းသမျှမှာ သမုဒိသံဃာဟု မှတ်လေ။ ထို သမုဒိသံဃာ ဆိုသည်မှာကား အမည်သာခံ တကယ်မမှန်သော သံဃာကိုခေါ်ဆိုခြင်းပင်ဖြစ်လေသည်။ အောက်တွင် ဆက်လက်၍ရှင်းပြသွားပါမည်။

ပါရမီဆယ်ပါး။

အထက်၌ဖေါ်ပြခဲ့သည့်အတိုင်း။ အဆူဆူသော ဘုရားထံ၌ ဗျာဒိတ်တော်ခံပြီးမှ ဗုဒ္ဓအဖြစ်သို့ ရောက်အံသောငှါ၊ ပါရမီတို့ကို ဖြည့်ကျင့်ဆည်းပူးရလေသည်။ ထိုသို့ ပါရမီကို ဖြည့်ကျင့်ရခြင်းတွင်လည်း၊ တဆူနှင့်တဆူ အတူတူ ကျင့်ရသည်မဟုတ်ကုန်။ပညာဓိက ဘုရားမှာ၊ လေးသင်္ချေနှင့် ကမ္ဘာတသိန်း၊ သဒ္ဓါဓိက ဘုရားမှာ ရှစ်သင်္ချေနှင့် ကမ္ဘာတသိန်း၊ ဝိရိယာဓိဘုရားမှာ တဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတသိန်း အသီးသီးဖြည့်ကျင့်မှသာ ဗုဒ္ဓအဖြစ်သို့ ရောက်နိုင်လေသည်။ ပါရမီဆယ်ပါး၏ သရုပ်သော်ကား။

ပါဠိ။ ။ဒါနံသီလဉ္စနိက္ခမံ။ ပညာဝိရိယပဉ္စ။ ခန္တီသစ္စာဓီဌာနံ။ မေတ္တုပေက္ခဣမေဒသ။ ။ဤသို့လာသောကြောင့်။

၁။ ဒါန - အလှူလှူခြင်း။

၂။ သီလ - အကျင့်ကျင့်ခြင်း။

၃။ နိက္ခမ - တောထွက်ခြင်း။

၎။ ခန္တီ - သည်းခံခြင်း။

၅။ အဓိဌာန - ဆောက်တည်ခြင်း။

၆။ သစ္စာ - မှန်ကန်စွာဆိုခြင်း။

၇။ ဝိရိယ - လုံလထြွကခြင်း။

၈။ ပညာ - ဥာဏ်နှင့်ပြည့်စုံခြင်း။

၉။ မေတ္တာ - ချစ်ခြင်း။

၁၀။ ဥပေက္ခာ - လျစ်လျှူရှုခြင်း။ ဟူ၍ ဆယ်ပါးဖြစ်လေသည်။ ထိုပါရမီ ဆယ်ပါးတို့ကို အယုတ်၊အမြတ်၊ အလတ်၊ အမြတ်အားဖြင့်၊ တပါးပါး၌၊ သုံးပါး၊ သုံးပါးစီ ပြားပြန်သောကြောင့်၊ ဒသပါရမီ၊ ဒသဥပပါရမီ၊ ပါရမီဆယ်ပါး အပြားသုံးဆယ်ဟု ခေါ်လေသည်။ မည်သည့် ကမ္ဘာတွင် ပေါ်ထွန်းသော မည်သည့်ဗုဒ္ဓမဆို၊ ထိုပါရမီများကို ဖြည့်ဆည်းမှသာလျှင် ဘုရားဖြစ်ရပေမည်။



မှတ်ရန်။ ။ ဘုရားနှင့် ကမ္ဘာ၊ ဘုရားနှင့် သတ္တဝါ၊ ဘုရားနှင့် တရား၊ အဘယ်ကဦးပါသနည်းဟု ဆင်ခြင်ရန် ရှိပါသည်။ ဘုရားပြီးမှ ကမ္ဘာ၊ သို့မဟုတ် ကမ္ဘာတည်ပြီးမှ ဘုရား၊ သတ္တဝါဖြစ်ပြီးမှ ဘုရား၊ သို့မဟုတ် ဘုရားရှိတော်မူပြီးမှ သတ္တဝါ၊ ဘုရားကဟောပြီးမှ တရား၊ သို့မဟုတ် တရားကျင့်ပြီးမှ ဘုရား။ ဤစကားကို များစွာ ဆင်ခြင်စဉ်းစား၍ ခွဲထားရမည်။

ပရိတ်ကြီးပါဠိတော်၊ ရတနာသုတ်၌ ၊ ဝရောဝရညုဝရဒေါဝရဟရော အနုတ္တရောဓမ္မာရံ အဒေသယိ ဟောတော်မူလေသည်။ ။ အနက်ကား။ ။ ဝရော၊ မြတ်သော။ ဝရညု၊ မြတ်သော တရားကို သိတော်မူတတ်သော။ ဝရဟရော၊ မြတ်သော အစီးပွားကိုလည်း ဆောင်တော်မူတတ်သော။ ဝရဒေါ၊ မြတ်သော လောကုတ္တရာ တရားကိုလည်း ပေးတော်မူတတ်သော။ အနုတ္တရော၊ လွန်သောသူမရှိသော မြတ်စွာဘုရားသည်။ ဓမ္မဝရံ၊ ပရိယတ္တိ တရားတော်မြတ်ကို။ အဒေသယိ၊ ဟောတော်မူ၏ ဟုလာသောကြောင့်၊ ဘုရားကဟောမှ တရားတော်ရှိကြောင်း ထင်ရှားလေသည်။ ထိုသို့ဖြစ်လျှင် ဘုရားသည် တရားတော် အရင်ရှိနှင့်သတည်း။

သမ္မာကျမ်းစာ၌ကား ဘုရားသခင်ဟူသည် ပုဂ္ဂိုလ်တော်သည် ပကတိအားဖြင့် ဘုရားဖြစ်တော်မူသောကြောင့် သယမ္ဘူဖြစ်တော်မူ၏။ "ဘုရားသခင်ကလည်း ငါဖြစ်သည့်အတိုင်း ငါဖြစ်၏" ( ထွက်မြောက်ရာ ၃း၁၄)။ ပါရမီဖြည့်ကျင့်သောကြောင့် ဘုရားမဟုတ်၊ ဘုရားဖြစ်သောကြောင့် ဘုရားဖြစ်၏။ ကောင်းမြတ်စုံလင်သော ဆုကျေးဇူး ရှိသမျတို့သည် အလင်းတို့အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။ ထိုအဘသည် ပြောင်းလဲခြင်းမရှိ၊ လှည့်၍လည်း အရိပ်ကျစေတော် မမူတတ်၊ ယာကုပ် ၁း၁၇ ၌လာသည့်အတိုင်း။ မြတ်စွာဘုရားသခင်သည် စုံလင်တော်မူသော အရှင်ဖြစ်၍၊ သာ၍စုံလင်တော်မူရန်မလို၊ မစုံလင်သော လူသတ္တဝါသာလျှင် စုံလင်အောင် ကျင့်ရ။ ပါရမီဖြည့်ရလေသည်။ ထိုကျမ်းစာ စကား၌ "ပြောင်းလဲခြင်းမရှိ" ဟုလာသောကြောင့်။ ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက်မှ နောက်ကမ္ဘာအဆက်ဆက်တိုင် ထာဝရဘုရားဖြစ်တော်မူ၏။

ဗျာဒိတ်ခံရာ အင်္ဂါရှစ်ပါး။

မည်သည့်ဗုဒ္ဓမဆို၊ ရှေးဦးစွာ ဗုဒ္ဓဖြစ်အောင် ဗျာဒိတ်ကို ၊ ဗုဒ္ဓတပါးပါးထံ၌ခံရမည်။ ထိုသို့ဗျာဒိတ်ခံပြီးမှသာ ဗုဒ္ဓအဖြစ်သို့ရောက်နိုင်သည်။ ယခု နောက်ဆုံးဖြစ်သော ဗုဒ္ဓဂေါတမသည်၊ ဒီပင်္ဂရာ ဗုဒ္ဓထံ၌ ဗျာဒိတ်ရ၍ ဗုဒ္ဓအဖြစ်သို့ ရောက်သည်ဟု ကျမ်းစာ၌ အဆိုရှိ၏။ ထိုသို့ ဗျာဒိတ်ခံရန် လိုအပ်သော အင်္ဂါရှစ်ပါးမှာ။ ။မနုဿတ္တံလိင်္ဂံ သမ္ပတ္တိ။

ဟေတုကသတ္ထာရဒဿနံ။ ပဗ္ဗဇ္ဇဂုဏ သမ္ပတ္တိ။ အဓိကာရောစ ဆန္ဒတာ။ အဌဓမ္မ သမောဓါန။ အဘိနိဟာရောသမိဇ္ဈတိ။ ဗုဒ္ဓဝင် အဌကထာ။ သုတ္တနိပါတ်အဌကထာ။ ဓမ္မသင်္ခဏီအဌကထာ။ သုမေဓါ အဌကထာ စသည့်တို့၌ လာသည်။ အဓိပ္ပါယ်မှာကား။

၁။ လူစင်စစ်ဖြစ်ခြင်း။

၂။ ယောင်္ကျားစင်စစ်ဖြစ်ခြင်း။

၃။ တိဟိတ်ပုဂ္ဂိုလ်ဖြစ်ခြင်း။

၎။ ရသေ့၊ရဟန်ပြုသည်လည်းဖြစ်ခြင်း။

၅။ ဘုရားရှင်အား ကိုယ်တိုင်ကိုယ်ကြပ်ဖူးတွေ့ရခြင်း။

၆။ ဈာန်သမာပါတ်နှင့်လည်း ပြည်စုံခြင်း။

၇။ ဘုရားဆုကို အလိုဆန္ဒလည်းရှိခြင်း။

၈။ ဘုရားဆုကိုလည်း တောင်းယူခြင်း။



မှတ်ရန်။ ။ ဤအင်္ဂါရှစ်ပါးနှင့်ပြည့်စုံမှ ဗုဒ္ဓဖြစ်ရမည်ဟု ကျမ်းစာလာသောကြောင့်။ ယခု ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော နောက်ဆုံး ဗုဒ္ဓမှာ ဒီပင်္ကရာထံ ဆုပန်သည်မှန်စေတော့။ ဒီပင်္ကရာမှစသော နှစ်ကျိပ်ရှစ်ဆူအပါအဝင် အခြားအခြား ( ဂင်္ဂါဝါဠု သဲစုမကသော) ဗုဒ္ဓဘုရားတို့သည်၊ ဘယ်ဗုဒ္ဓထံ၌ခံယူပါသနည်း။ ဂင်္ဂါဝါဠုက ဗုဒ္ဓတို့၏ လက်ဦးအစဗုဒ္ဓသည် အဘယ်သူထံ၌ ဗျာဒိတ်ခံယူခဲ့ကြပါသနည်း။

ဘုရားဟူသည်




လူအပေါင်းတို့သည်၊ ဘုရားမှန်ကို ဆည်းကပ်ကိုးကွယ်မှသာလျှင်၊ အပါယ်ငရဲဒုက္ခမှကင်းဝေး၍၊ နိဗ္ဗာန်ချမ်းသာတည်းဟူသော နိစ္စထာဝရ သုခချမ်းသာကိုခံစား၊ စံစားကြရမည်ဖြစ်သည်။

ဘုရားမှားကို ကိုးကွယ်ဆည်းကပ်လျှင် အပါယ်ငရဲ ဒုက္ခဘုံသို့ရောက်၍။ နိယတအမြဲခံကြရမည်။ ထို့ကြောင့် ဤကမ္ဘာလောကတွင်ရှိရှိသမျှသောလူအပေါင်းတို့သည်၊ ဘုရားမှန်ကိုဆည်းကပ်ကိုးကွယ်ဖို့ရန်သည် အလွန်လိုအပါသောအကြောင်းကြီးတခုဖြစ်သောကြောင့်အလေးအနက်တွေးခေါ်ကာ၊  တမလွန်အတွက်ပြင်ဆင်သင့်ပါကြောင်းပြောကြားပါရစေ။


ထိုနည်းတူစွာမှန်သည်၊မှားသည်ကိုလည်း……ခြင့်ချိန်ရင်း ….နန်အမတ သို့တက်လှမ်းနိုင်စေရန်ရည်စူးလျှက်…….

မှန်သောဘုရားသခင်၏ဂုဏ်အင်္ဂါလက္ခဏာများကိုပြခြင်းအကြောင်းကား  အစိန္တေယျ၊ အပ္ပမေယျ ကျေးဇူးတော်အစုံ ဂုဏ်တော်အပေါင်းတို့နှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရားဟူ၍ ရဟန်း၊ ရှင်လူ အပေါင်းတို့သည် ပမာဏပြု၍ ဘုရားသခင်ကို ရှိခိုးကြပေသည။ မိမိကိုးကွယ်သော ဘုရားသခင်သည် အစိန္တေယျ၊ အပ္ပမေယျ၊ ဂုဏ်တော်လက္ခဏာအပေါင်းတို့နှင့်၎င်း ကျေးဇူးတော်ဂုဏ်တော်အပေါင်းတို့နှင့်၎င်း ပြည့်စုံမှသာလျှင်၊ မှန်သောဘုရားကို ကိုးကွယ်ရာဖြစ်ပေလိမ့်မည်။ အစိန္တေယျ၊ အပ္ပမေယျဟုဆိုသော မာဂဓ ပါဠိဘာသာစကားကို မြန်မာလို အဘိဓါန်ကျမ်းလာရှိသည့်အတိုင်း ပြန်ဆိုရလျှင် အစိန္တေယျ သဒ္ဒါ၊ မကြံစည်အပ်ခြင်း၊ အပ္ပမေယျသဒ္ဒါ မနှိုင်းယှဉ်အပ်ခြင်းဟူ၍ အဓိပ္ပါယ်ရလေသည်။ ဤသို့မကြံစည်အပ်၊ မနှိုင်းယှဉ်အပ်သော ပုဂ္ဂိုလ်မှသာလျှင် ဘုရားမှန်ဟုယးအပ်ပါသည်၊ မှန်သောဘုရား၌ အစိန္တေယျ သဒ္ဒါ ၊ အပ္ပမေယျ သဒ္ဒါ နှင့်အညီ မှန်သောဘုရား၌ လူအပေါင်းတို့ထက်ထူးကဲသော၊ သို့မဟုတ် သာလွန်တော်မူသော ဂုဏ်ထူးဝိသေသတို့ကို အကျဉ်းချုပ်၍ ပိဋကတ်တို့ကပြဆိုသည့်အတိုင်း ဖွင့်ပြပေအံ့။ အစိန္တေယျသဒ္ဒါ၊ အပ္ပမေယျသဒ္ဒါတို့နှင့်အညီ၊ ဂုဏ်တော်၏ အချုပ်ကိုဆိုရပါလျှင် လေးပါးရှိလေ၏။

၁.ရူပအစိန္တေ၊  ရုပ်အင်္ဂါအား မကြံစည်အပ်ခြင်း၊ မကြံစည်ထိုက်။

၂.ဣဒ္ဓိအစိန္တေ၊  တန်ခိုးအရာအား မကြံစည်အပ်၊ မကြံစည်ထိုက်။

၂. ဥာဏအစိန္တေ၊ ညာဏ်တော်အရာအား မကြံစည်အပ်၊ မကြံစည်ထိုက်။

၎. ၀ါစအစိန္တေ ၊ စကားတော်အရာအား မကြံစည်အပ်၊ မကြံစည်ထိုက် ...

ဟူသောမနှိုင်းယှဉ်အပ်သော အနန္တရုပ်တော်၊ အနန္တတန်ခိုးတော်၊ အနန္တဥာဏ်တော်၊ အနန္တစကားတော် အပေါင်းတို့နှင့် ပြည့်စုံတော်မူမှသာလျှင် မှန်သောဘုရားသခင်ဖြစ်တော်မူ၏၊ ကျေးဇူးတော်အစုံဆိုသည်မှာ ဥပမာအားဖြင့်ပြရပါက ဤလောကတွင် မိဘတို့သည် သားသမီးတို့အား သက်သက်ကျွေးမွေးခြင်း ၊ ဆရာသည် တပည့်တို့အား အတတ်ပညာကိုသင်ပေခြင်း၊ တစုံအယောက်သောသူသည်၊ မိမိချစ်ခင်သောသူအား ၀တ္ထုပစ္စည်းတို့ကို သက်သက်ပေးကမ်းခြင်း၊ ကျွေးမွေးခြင်း အရာတို့သည် ကျေးဇူးဟူ၍ခေါ်ကုန်လေ၏ ။ ထို့အတူ မှန်သောဘုရားသခင်သည် ဤကမ္ဘာပေါ်ရှိ လူအပေါင်းတို့အား မိုးကိုရွာပေးတော်မူခြင်း၊ နေ၏အလင်း၊ လ၏အလင်း၊ ကြယ်နက္ခတ်တာရာတို့ကို အလင်းနှင့်တကွ၊ လေကိုရှုဖို့ပေးခြင်း၊ ရေတည်းဟူသော အဟာရမှာစ၍ အချိုအချဉ်၊ ဘေဇာဉ်ခဲဘွယ် အစားအသောက်အမျိုးမျိုးတို့ကို ဥတုရာသီ အလိုက်၊ ဗီဇနိယာမမျိုးနှင့်တကွ၊ ပေသနားတော်မူခြင်းတို့သည်၎င်း၊ ထိုပြင်မှတပါး မွန်မြတ်သောတရားကို ကိုးကွယ်သောသူမှန်သမျှတို့သည် နိစ္စထာဝရ တည်းဟူသော သုခချမ်းသာကို ခံစားစေရန် ပေးသနားတော်မူခြင်းများကြောင့် ကျေးဇူးတော်အစုံဟူ၍ဆိုရပါလေသည်။ ဤသို့ အစိန္တေယျ၊ အပ္ပမေယျ၊ ဂုဏ်တော်များနှင့် ပြည့်စုံသောဘုရားသည် ဘယ်အချိန်အခါ၊ ဘယ်အရပ်ဒေသကဖြစ်သည်၊ မည်သည့်ပုံသဏ္ဍာန်ရှိသည်ဟူ၍ မကြံစည်အပ်၊ မနှိုင်းအပ်ဖြစ်သတည်း၊ မှန်သောဘုရားသည် လောကီပုဂ္ဂိုလ် ဘုရားမဟုတ်၊ လောကုတ္တရာပုဂ္ဂိုလ် ဘုရားသာလျှင်ဖြစ်လေသည်၊ မှန်သောဘုရားသည် ပညာတ်သတ္တ၀ါမဟုတ်၊ ပရမတ်ပုဂ္ဂိုလ်ဖြစ်တော်မူ၏၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားနှင့်မကင်းသော သင်္ခါရနယ် လောကီဘုံအတွင်းမှာ မွေးဖွားခြင်းကိုခံသောပုဂ္ဂိုလ်မဟုတ်၊ အိုခြင်း၊ နာခြင်း၊ သေခြင်းနှင့်အစဉ်ကင်းလွတ်တော်မူ၏၊ နိစ္စ၊ သုခ၊ အတ္တနှင့် ပြည့်စုံတော်မူသော လောကုတ္တရာဘုံရှင်၊ လောကုတ္တရာ၏အရှင်ဖြစ်တော်မူသောကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ နယ်အတွင်းမှာ မွေးဖွားခြင်းခံရသည့်အတွက်၊ ပညာတ်သတ္တ၀ါဖြစ်ကုန်သော၊ လောကီလူသားအပေါင်းတို့က လောကဥာဏ်နု၊ မံသစက္ခု၊ ပညာတ်မျက်စိဖြင့် ကြည့်ရှု၍မေးဖွယ်၊ ကြံဖွယ်ရာမဟုတ်ချေ။ ထိုကဲ့သို့မှန်သောဘုရားသခင်း၏ခြေတော်ရာကို ပိဋကတ်ကသက်သေခံသည့်အတိုင်းပြရပါလျှင်၊ သယမ္ဘူတံဟူ၍ခေါ်သည်၊ သယံ၊ သူမဆိုအလိုလိုဖြစ်တော်မူသောဘုရား၊ အိုခြင်း၊ နာခြင်း၊ သေခြင်းနှင့်မကင်းသော တစုံတယောက်သောသူ၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတို့ကမွေးဖွားသော တရားကျင့်လူဘုရား၊ ဘုရားယောင် ဘုရားတုမဟုတ်ချေ၊ မှန်သောဘုရား၏ အစ၊ ဘုရား၏အခြေကိုလူသည် အဘယ်နည်းနှင့်မျှကြံစည်၍မရနိုင်ါ် ကြံစည်၍မသိနိုင်၊ လူသတ္တ၀ါတို့၏ အစ၊ အဆုံးကို ဘုရားကသာ သိနိုင၍ဘုရား၏အစ၊ အဆုံးကို လူသည်မသိနိုင်၊ ဘုရားမှန်ကား အစအဆံးမရှိချေ၊ ဇာတိတော် နဂိုတော်ကို လူသည်မကြံစည်ပအ်၊ မကြံစည်နိုင်သောကြောင့် ကြံကြီးစည်ရာမပြုသင့်ပါလေ၊ ဤကားပိဋကတ်၏အလိုပင်ဖြစ်လေတော့သတည်း။။


မှန်သောဘုရားသည်၊ ဓမ္မတာတရားဟုခေါ်သော နိယာမတရားကို ပြုပြင်စီရင်တော်မူကြောင်း ........

ပိဋကတ်ကသက်သေခံသည်မှာ။ ဥတု၊ ဗီဇ၊ ကမ္မ၊ စိတ္တ၊ ဓမ္မ၊ ပဉ္စနိယာမော ဗုဒ္ဓင်္ဂလော၊ ဗုဒ္ဓတိဝစနတောအတ္ထော။ ။ဟူ၍န၀မအင်္ဂုတ္ထိုရ်ကျမ်းတွင် ပြဆိုသည့်အနက်ကား၊

ပဉ္စနိယာမော၊ ငါးပါးသောတရားတို့ကို၊

ဗုဒ္ဓင်္ဂလော၊ အလုံးစုံစီရင်ပြုပြင်တော်မူသောကြောင့်၊

ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏၊

ဣတိအယံ၊ ဤသည်သာလျှင်၊

ဝစနတော၊ ဟောသော၊

အတ္ထော၊ အနက်တည်း၊။

၎င်းနိယာမငါးပါးကို ယထာဓမ္မ သာသနာတော်ဟူ၍ ခေါ်ဆိုလေသည်ကို ပါရာဇိကာဏ်ကျမ်းတွင်ပြဆိုသောအရာမှာ၊ ဓပဉ္စမတ္တေ၊ အဟံမမာ၊ တိညနော၊ ယထာဓမ္မဇတ္တဘာသတိ၊ ယထာဓမ္မသာသနန္တိဝုစ္စတိ၊ ဟူ၍ပါဠိပြဆိုသည်ကို တွေ့ရလေသည်၊

အနက်ကား၊

ဓပဉ္စမတ္တေ၊ နိယာမတရားငါးပါးတို့နှင့်ပြုပြင်ခြင်းကိုခံရကုန်သော၊

အဟံမမာတိသညာတော၊ ငါကိုငါဟူ၍ အစရှိသဖြင့် စွဲလမ်းမှတ်သားကုန်သော သတ္တ၀ါတို့ကို။

ဇတ္တရထာဓမ္မံ၊ ဤနိယာမအတိုင်း၊

ဗုဒ္ဒ၊ မြတ်စွာဘုရားသခင်သည်၊

ဘာသတိ၊ စီရင်ဆုံးမကုန်၏၊

ဣတိတသမာ၊ ထို့သို့စီရင်ပြုပြင်ကုန်သောကြောင့်။

ဓပဉ္စမတ္တေ၊ ဤနိယာမတရားငါးပါးကိုသာလျှင်၊

ယထာဓမ္မသာသနန္တိ၊ ယထာဓမ္မသာသနာဟူ၍၊

ဝုစ္စတိ၊ ဆိုကုန်၏၊

၎င်းကျမ်းပါဠိ၏ အဓိပ္ပါယ်မှာ နိယာမတရားငါးပါး၊ ယထာဓမ္မသာသနာတော်မြတ်သည်၊ ဘုရားသခင်၏သာသနာတော်မြတ်ဖြစ်ကြောင်း၊ ဤလောကနှင့်တကွ လူအပေါင်းတို့သည်၊ ရှိခိုးပူဇော်ထိုက်သည်ဟူ၍ ပြဆိုလေသည်။ ၎င်းကိုကား အသိပညာနှင့်ပြည့်စုံသော သူတို့သာလျှင် သိအပ်သည်၊ မိုက်သောသူတို့မှာမူကား၊ သိအပ်သောအရာမဟုတ်ချေ။ ။


ရတနာ သုံးပါးကို ယုံကြည်ပါသည်ဘုရား!




ယနေ့ မြန်မာ လူမျိုး ( ကျွန်တော် အပါအ၀င် ) ရတနာ သုံးပါဟူသည် လူ့ဘ၀၏ အနှစ်သာရ အမွေအနှစ် ဘိုးဘေးတို့၏ ဆင့်ကမ်း အမွန်မြတ်ဆုံးသော "ရတနာ" စစ်ပင်ဖြစ်သည်။ ထို့ကြောင့် အလွန်အမင်း ဂုဏ်ယူမဆုံး တပြုံးပြုံးဖြင့် ရတနာ စစ်ကို ရသော လူမျိုးများအဖြစ် ကမ္ဘာတွင် ၀င့်ကြွားကာ အောင်လံလွင့်ထူနေကြရပါသည်။

 ကျွန်တော် မြန်မာ ( ဗမာ) သည်လည်း ကျေးဇူးတော်ကြောင့် "တစ်ဆူတည်းသော ဘုရား " ဧကော ဗုဒ္ဓေါ ၊ " တစ်ခွန်းတည်းသော တရား "  ဧက၀ါစာ၊ "တစ်ပါးတည်းသော သံဃာ" ပရမတ္ထ သံဃာ ကို ယုံကြည် ကိုးကွယ်ခဲ့သလို ဆက်လက်၍လည်း ထိုရတနာ စစ်အား ကိုးကွယ်ဆည်းကပ်နေမည်သာမက။ သားစဉ်မြေးဆက်တိုင်အောင် ဤလောကတွင် တည်ရှိနေသ၍ အမြတ်တနိုးဖြင့် ကိုးကွယ်ဆည်းကပ် ခိုလှုံသွားမည်ကား "အာမဘန္တေ" ဟူသော ကတိစကားနှင့်အညီ အသက်ထက်ဆုံး ကိုးကွယ်နေပါမည်။

ဗုဒ္ဓံ = မြတ်စွာဘုရားကို ၊ သရဏံ = ကိုးကွယ်ရာဟူ၍ ၊ ဂစ္ဆာမိ = မှီဝဲဆည်းကပ်ပါ၏ဘုရား။

ဓမ္မံ = တရားတော်မြတ်ကို၊ သရဏံ = ကိုးကွယ်ရာဟူ၍ ၊ ဂစ္ဆာမိ = မှီဝဲဆည်းကပ်ပါ၏ဘုရား။

သံဃံ = သံဃာတော်မြတ်ကို၊ သရဏံ = ကိုးကွယ်ရာဟူ၍ ၊ ဂစ္ဆာမိ = မှီဝဲဆည်းကပ်ပါ၏ဘုရား။



ဆန်းလွင်သည် "ရတနာ သုံးပါးကို ယုံကြည် မီဝဲကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက်အယောက်အကြောင်း" ဆို၍ စာအုပ်ထုတ်ခဲ့သလို ၊ ကျွန်ုပ်စာအုပ် ထုတ်မည် မဟုတ်သော်လည်း ထိုရတနာစစ်ကား ဤသို့ ဤနယ် ရှိသည် ဆိုသည်ကိုတော့ဖြင့် လောကီလူသားအခြင်းခြင်းအား လက်ဆင့်ကမ်းကာ ဝေမျှပေးကမ်းလိုသောကြောင့် ဤနေရာမှ ဝေမျှ ရေးသားရခြင်းဖြစ်ပါသည်။

လောကတွင် ထို "ရတနာ သုံးပါး " ကို မသိ၊ မကိုးကွယ် ၊ မရှိသောသူသည် မိစ္ဆာဒိဋ္ဌိ အယူရှိသူဟူ၍ ဆိုကြလေကုန်သတည်း။ ထိုနည်းတူ လောကတွင်  ရတနာချင်းတူသော်လည်း ရတနာ ထဲတွင် အတုအယောင် ထမင်းစား ကျောက်များလည်း ရောနှော ပါဝင်နေလေ့ရှိသည်ကိုလည်း မမေ့သင့်သောကြောင့် ဤနေရာမှ ကျွန်ုပ် သည် ရတနာ သုံးပါးကို ယုံကြည် မှီဝဲ ဆည်းကပ်ကိုးကွယ် သူဖြစ်ပါကြောင်း သက်သေခံ ရင်း စေတနာ အရင်းခံကာ ဖေါ်ပြလိုက်ရပါသည်။

ကျွန်တော် ဗမာလူမျိုးစစ် သေသည့်တိုင်အောင် "ရတနာစစ် သုံးပါး" အား ဦးဆွေးဆံမြေ့ မြေ၀ယ်မကျ ယုံကြည်ကိုးကွယ်သောကြောင့် မိစ္ဆာဒိဋ္ဌိမဖြစ် သမ္မာဒိဋ္ဌိ စစ်စစ်သာ ဖြစ်ပါကြောင်း ဆင့်ကမ်းကာ အသိပေး နှိုးဆော်အပ်ပါသည် အရိယာနွယ်ဝင် သူတော်စဉ် အပေါင်းတို့ ခင်များ။

               ထို့ကြောင့် ရတနာ သုံးပါး အကြောင်းအား ဆက်လက်၍ ဖတ်ရှုကာ ဘ၀အသက်တာတွင် နန်းအမတတိုင် တက်ရောက် နိုင်ကြပါစေသော်။

တရားဟူသည်

သာသနာတော်ခေါ်ခြင်းအရာကို၊ အဘိဓမ္မတ္ထ၀န္ဒနာကျမ်းတွင်ပြဆိုသည်မှာ၊
ဒိဌဓမ္မိကသပ္ပရာယီက ပရမတ္တေဟိ ယထာရဟံ၊ သတ္တေသာသတိ၊ ဧတေနာတိ သာသနံဟူ၍ ပါဠိလာရှိသည်။ အဓိပ္ပါယ်ကား၊ ဤနိယာမတရားငါးပါးသည်၊ လူသတ္တ၀ါအပေါင်းတို့အား၊ ယခု ပစ္စုပ္ပန်ဘ၀၌ ဓိဌဓမ္မ အကျိုးစီးပွားကို ခံစားရခြင်း၊ တမလွန်ဘ၀၌လည်း အိုခြင်း၊ နာခြင်း၊ သေခြင်နှင့်ကင်းလွတ်စေသော အကျိုးစီးပွားကို ရစေခြင်းငှာ ပြုစုတတ်သော အရာဖြစ်သောကြောင့် သာသနာဟု၍ခေါ်ဆိုလေသည်။ ဤကား ကျမ်းဂါနပါဠိ လာရှိသည့်အတိုင်း ပြဆိုလိုက်ခြင်းပင်ဖြစ်သည်။

၎င်းပြဆိုခဲ့သောနိယာမတရားငါးပါး၊ယထာဓမ္မသာသနာတော်မြတ်ကို၊ဘုရားဖန်ဆင်းပြုပြင်တော်မူပြီးလျှင်၊ ယခုတိုင်ကပ္ပိနိယာမ အမှုဖြင့်အစဉ်ပြုလုပ်တော်မူလျှက်နေတော်မူသည်ကို ပိဋကတ်ကို မသိသောသူတို့က အလိုလိုဖြစ်သည်ဟုပြောဆိုကြလေသည်မှာ အမှားကြီးတချက်ပင်ဖြစ်လေတော့သည်။ သစ်ပင်ပေါ်တွင်ငှက်သိုက်ကိုမြင်လျှင်၊ ငှက်တကောင် ပြုလုပ်နေသည်ကိုမမြင်ရသော်လည်း၊ ငှက်၏လက်ရာဖြစ်ကြောင်း သိနိုင်ပေသည်။ အိမ်တဆောင်ကိုမြင်လျှင်လည်း၊ လက်သမားတဦးတည်ဆောက်သောကြောင့်သာဖြစ်ကြောင်း သိနိုင်ပေသည်၊ အကြောင်းမဲ့ဖြစ်သောအရားသည်မရှိနိုင်။ နေ၊ လ၊ ကြယ်နက္ခတ်၊ မိုး၊ မြေ၊ သမုဒ္ဒရာ၊ သစ်ပင်ပန်းမာလာ စသည်တို့သည်တို့ကို မြင်လျှင်လည်း။ တန်ခိုးကြီးမားသော ဘုရားသခင်၏ တန်ခိုးတော်ကြောင့်ဖြစ်သည်ကို ဥာဏ်အားဖြင့်သိနိုင်ပေသည်။

အစဉ်မပြတ် ကြည့်ရှုစီရင်တော်မူသော အရှင်မရှိလျှင်၊ ဤကမ္ဘာကြီးသည် အလိုအလျှောက်တည်၍ နေနိုင်လိမ့်မည်မဟုတ်။ ထို့ကြောင့် လူမှန်က လူ၏တန်ဖိုးကို သိတန်သလောက်သိရပေမည်၊ ပိုင်းခြားနိုင်စွမ်းငှာလည်းရှိရပေမည်။ ပိဋကတ်ကျမ်းဆရာတို့၏ အလိုမှာကား၊ နိယာမတရားငါးပါး တည်းဟူသော ဓမ္မတာတရား၊ ဥတု၊ ဗီဇ၊ ကမ္မ၊ စိတ္တ၊ ဓမ္မတို့သည် ဘုရားသခင်စီရင်ပြုပြင်ကြောင်း သက်သေခံကြလေသည်။ ဥတု၊ နွေ၊ မိုး၊ ဆောင်းတည်းဟူသော နိယာမတရား၊ဗီဇစပါး၊သစ်သီး၊လူ၊တိရိစ္ဆာန်အစရှိသောနိယာမတရား။ ကမ္မ၊ ပြုပြင်စီရင်ခြင်း၊ အစရှိသော နိယာမတရား၊ စိတ္တ၊ အဆန်းအကျယ်နှစ်သက်ဖွယ်ရာ အစဉ်ဖြစ်ခြင်း နိယာမ။ ဓမ္မကုသလ၊ ကုသလတရားတို့ကို အစဉ်ထားခြင်း၊ နိယာမတရားငါးပါးတို့ကိုစီရင်၍ အစိုးပိုင်တော်မူသော အရှင်ဖြစ်သောကြောင့် ဘုရားမည်၏။ ထိုကဲ့သို့ နိယာမတရားငါးပါး တို့ကို ပြုပြင်နိုင်သောအရှင်ဖြစ်သောကြောင့်သာလျှင်၊ ဒမ္မသာမိအသျှင်ဖြစ်၍ ဘုရားမှန်တော်မူလေ၏၊။ ဤနိယာမတရားငါးပါးအောက်တွင် မွေးဖွားခြင်းကိုခံ၍၎င်း၊ နိယာမတရားငါးပါးတို့၏ ပြုပြင်ခြင်းကိုခံရသော ပုဂ္ဂိုလ် သတ္တ၀ါမှန်သမျှတို့သည် မုချဘုရားမှန်မဟုတ်ချေ။

မြေနှင့်ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းပြုပြင် စီရင်တော်မူသော အရှင်မရှို ဟု ယူသောအယူဝါဒသည်၊ ရှေးအထက်ကပင် ရှိပေသည်။
ဤသို့ယူဆသောသူတို့အား၊ အဟေတုကဒိဌိဟူ၍၊ ပိဋကတ် အင်္ဂုတ္တရအဌကထာ၊ အင်္ဂုတ္တမဧကနိပါတ်၊ မိစ္ဆာဒိဌိသုတ်အဖွင့်တို့တွင်ပြဆိုထားလေသည်မှာ၊ နတ္ထိအယံလောကော၊ နတ္ထိဟေတုပစ္စယော၊ သတ္တာနံဝိသုဒ္ဓိယာ၊ သံကိလေသာယ၊ အဟေတုကဒိဌိယာနာမ၊ အဓိပ္ပါယ်မှာကား၊ မြေနှင့် ခပ်သိမ်းသော လောကဓါတ်တို့ကိုပြုပြင်စီရင်သောအရှင် မရှိဟု ယူဆခြင်း၊ ထိုလောကဓါတ်ပေါ်၌ ရှိသောသတ္တ၀ါ၊ ပုဂ္ဂိုလ်တို့ကို ညစ်ညူး စေခြင်းငှာ၎င်း၊ သန့်ရှင်းဖြူစင်စေခြင်းငှာ၎င်း၊ ပြုပြင်စီရင်တော်မူသော အရှင်မရှိဟူသော အယူဝါဒသည်၊ ရှေးအထက်ကပင် ရှိပေသည်၊ ဤသို့ယူဆသောသူတို့အား အဟေတုကဒိဌိဟူ၍ ပိဋကတ်အင်္ဂုတ္ထရအဌကထာ၊ အင်္ဂုတ္တမဧကနိပါတ်၊ မိစ္ဆာဒိဌိသုတ်အဖွင့်တို့၌ပြဆိုသည်။ နတ္ထိအယံလောကော၊ နတ္ထိ ဟေတုပစ္စယော၊ သတ္တာနံဝါသုဒ္ဓိ၊ သံတိလေသာယ၊ အဟေတုကဒိဌိနိယာမ။ အဓိပ္ပါယ်ကား၊ ဤကမ္ဘာမိုး၊ မြေနှင့်ခပ်သိမ်းသော လောကဓါတ်တို့ကို ပြုပြင်စီရင်တော်မူသောအရှင်မရှိဟုယူခြင်း၊ ထိုကဲ့သို့သောသူတို့သည် အဟေတုကမိစ္ဆာဒိဌိဟူ၍ခေါ်ဆိုသည်။

ဘုရားအတုကိုလုပ်၍ မကိုးကွယ်အပ်ကြောင်း၊ ဆွမ်း၊ ကွမ်း၊ မုန့်ပဲသားရေစာ အစရှိသော အရာတို့မှစ၍ မလှုအပ်ကြောင်းကို ဒိဌိဝိသောဒနီကျမ်းတွင်ပြဆိုသည်မှာ။ ။ အတုလဘဂ၀တော၊ သက္ကာယပူဇ၊အနိစ္စသဇီဝတော၊ အနိဇ္ဇီဝဏေ၊ ကန္တကယေကုဿီဓါ၊ ပိဏ္ဍိပါဒံအလက္ကဋူပါဒါနံ၊ သတ္တအတ္တော မစ္ဆာဒိဌိဟူ၍ပါဠိလာရှိသည်။ အဓိပ္ပါယ်ကား၊....

 အစိန္တေယျ၊ အပ္ပမေယျ အရှင်ဖြစ်တော်မူသော၊ အတုမရှိသော မြတ်စွာဘုရားကို၊ အတုသဏ္ဍာန်လုပ်၍ ကိုးကွယ်ခြင်း။ ထိုပြင်မှတပါး၊ ဤလောကအတွင်းမှာ လူထက်မမြတ်သော အရာဌာနတို့ကို လူထက်အမြတ်ထား၍ရိုသေစွာပြုလုပ်ပူဇော်ခြင်း။ တမလွန်သို့ပြောင်းသွားပြီးသောလူသေတို့အား၎င်း၊ ၎င်းတို့၏ ကာယအလောင်းကို ထမင်း၊ ဟင်း အစရှိသောအရာတို့ဖြင့် လူရှင်ကဲ့သို့မှတ်ပြီး လက်မကွာကျွေးမွေးခြင်း၊ ပေးကမ်းခြင်း၊ လှုဒါန်းပြုလုပ်ခြင်းများသည်၊ မသိသောပုထုဇဉ်သတ္တ၀ါတို့၏ မှားသောမိစ္ဆာဒိဌိဟူ၍ဆိုသည်။
အဂ္ဂိဝဇ္ဈပုဏ္ဏားအား ရုပ်တု၊ စေတီ တို့ကို မကိုးကွယ်ရန်ဟောကြားဆုံးမတော်မူခဲ့လေသည်။ ထိုမှတပါး မိမိကာယရုပ်အလောင်းကို အရိုအသေ မပြုလုပ်ရဟုတားမြစ်ပါတ်ပင်တော်မူခဲ့လေသည်မှာ အထင်းအရှားပိဋကတ်တွင်တွေ့နိုင်ပေသည်။

သံဃာဟူသည်

သံဃာဟူ၍ခေါ်သောစကား၏အဓိပ္ပါယ်ကိုပိဋကတ်ပါဠိတော်၌ပြဆိုသည်မှာ၊
သံသုဌုံ၊ကိလေသေဟိသဘိတိသံယော ဟူ၍၀ိနည်းအဌကထာဒက္ခိဏသုတ်၌ပြဆိုသည်။၎င်း၏အဓိပ္ပါယ်မှာကား၊လူတို့၏အတွင်း၌ဖြစ်သော လောဘ၊ဒေါသ၊မောဟဟုဆိုအပ်သောကိလေသာတရားတို့ကိုပယ်ရှားသုတ်သင်၍လူတို့၏စိတ်နှလုံးကို သန့်ရှင်းဖြူစင်စေအောင် ပြုပြင်စီရင်သောအရာသည်သာလျှင် ပရမတ္ထ သံဃာ ရှင်ဖြစ်၍ ဖေါက်ပြန်ခြင်းကင်းတော်မူသော သူကား ကျွန်ုပ်တို့အား အပါယ်လမ်းမှ နန်းအမတကို ပို့ဆောင်တော်မူမည်ဖြစ်သည့် သန့်ရှင်းတော်မူသော ၀ိညာဉ်တော် သံဃာစစ်စစ်ဖြစ်လေသည်။ ထို့ကြောင့် အ၀တ်ဖြူဖြူ၊ အ၀တ်ဝါ၀ါ ၀တ်သော်လည်း ဤလောကတွင်း၌ မွေးဖွားခြင်းကိုခံရသော အနိစ္စ၊ အနတ္တ၊ ဒုက္ခ ရှိသောပုဂ္ဂိုလ်မှန်ဟူသမျှတို့ကား လူ၏စိတ်ကို ညစ်ညူးစေတတ်သော လူ၏အတွင်း၌ရှိသော ဒုစရိုက်အပြစ်ကိုနှုတ်ပစ်၍ သန့်ရှင်းခြင်းအဖြစ်သို့ရောက်အောင်မဆောင်ကျဉ်းနိုင်ချေ။ ထို့ကြောင့်လည်း ယနေ့လူတို့က ဘုရားတရားစာဆိုရာတွင် "ယခုရှိ သမုဒိ သံဃာ " ဟူ၍ ဆိုသော စကားသည် အတုယောင် ကိုယ်စားဆိုသော စကားကို ညွန်းဆိုခြင်းဖြစ်လေသည်ကို မြန်မာ စာတတ်သူတိုင်းက နားလည်နိုင်ပေမည်။ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော အတွင်းပရမတ်သံဃာမှတပါး မည်သည့်ပုဂ္ဂိုလ် တစုံတယောက်ကမျှ မတတ်စွမ်းနိုင်ချေ၊ ရှင်ဂေါတမကလည်း " သဗ္ဗေသတ္တာကမ္မသကာ´´ ဟူ၍ဟောဆိုလေသည်။ ထို့ကြောင့် လူတိုင်းပင်လျှင် မိမိအတွင်း၌ရှိသော ဒုစရိုက်တရားတို့ကိုသော်လည်းကောင်း၊ မသန့်ရှင်း မစင်ကြယ်စေနိုင်ကြောင်းကို၎င်း၊ပိဋကတ်တို့၌အတိအလင်းပြဆိုလေသည်။

အဏုမြူဗုံးအကြောင်းကို စဉ်းစားလျှင်၊ကမ္ဘာကြီးကုန်ဆုံးတော့မည်ဆိုသောဘုရားသခင်၏အမိန့်တော်သည်ပြည့်စုံလျှက်ရှိကြောင်းကို၎င်း သိသင့်ပါလေပြီ။ အဏုမြူတန်ခိုးသည်လေတွင် ရှိသောရေဒီယိုဓါတ်ကိုရုတ်ချည်းချုပ်ချယ်လိုက်လျှင်လူသတ္တ၀ါတို့အသက်ရှင်နိုင်ကြဦးမည်လော။

မိုင် ၁၀၀၀ စတုရန်း ပါတ်ဝန်းကျင် ရှိသမျကို ရှင်းရှင်းဖျက်ဆီးနိုင်ကြောင်း သတင်းစာတွင်ဖေါ်ပြသည်ဖြစ်၍ မြန်မာပြည်အတွက် ဖျက်ဆီးရန် ဗုံးတလုံးသာ လိုပါလေသည်၊ ရှေးအခါကဘုရားကြွလာမည်မည်ဟူသောစကား၊ကမ္ဘာကိုမီးနှင့်ဖျက်ဆီးမည်ဟူသောသစကားသည်၊ ပျက်ရယ်ပြုစရာ ဖြစ်ခဲ့ကြသော်လည်း၊ ယခုမူကား လူအပေါင်းတို့သည် ပျက်ရယ် မပြုနိုင်ကြတော့ပေ၊။

 နိဂုံးချုပ်စကားဟူမူကား၊ ဤစာကိုဖတ်သောမိတ်ဆွေအပေါင်းတို့ ပိဋကတ်တွင်ပြခဲ့သော အစိန္တေယျ၊ အပ္ပမေယျ ကျေးဇူးတော်ဂုဏ်တော် ကံတော်အနန္တဟူသောစကား ၊ ကျေးဇူးတော်ဂုဏ်တော် ကံတော်အနန္တနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် လူမျိုးအပေါင်းတို့ကိုးကွယ်ထိုက်သော ဘုရားဖြစ်၍၊ ဤဘုရားသည် နိစ္စထာဝရတည်တော်မူသဖြင့်၊ .........
နိစ္စ၊
သုခ၊
အတ္တဖြစ်သော လောကုတ္တရာ ပုဂ္ဂိုလ်ကြီးဖြစ်၍ နိယာမတရားငါးပါးတည်းဟူသော ဓမ္မတရား၊ ဥတု၊ ဗီဇ၊ ကမ္မ၊ စိတ္တ တို့ကို ဖန်ဆင်းစီရင်အုပါချုပ်ပိုင်သော ဘုရားစစ် ဘုရားမှန်ဖြစ်ပေတော့သည်။ ဤဘုရား သည်သာလျှင် လူသတ္တ၀ါအပေါင်းတို့ကို ဖန်ဆင်းတော်မူ၍၊ အကျိုးအဖြစ်ကို ဆပ်ပေးပိုင်သည်။ ဤမှန်သော ဘုရားကို ကိုးကွယ်၍ တရားတော်ကို လိုက်လျှောက်သောသူတို့သည် အဖြစ်ငရဲမှ လွတ်ကင်း၍ ကောင်းကင်ချမ်းသာကို ခံစားစံစားနိုင်ကြပေသည်တကား။ ဤသို့သောသူတို့သည် သံဃာအစစ်ဖြစ်၍ လောဘ၊ ဒေါသ၊ မောဟဟု ဆိုအပ်သော ကိလေသာ တရားတို့ကို ဖယ်ရှားသုတ်သင်နိုင်သောသူဖြစ်၍ အမောဟ ပညိန္ဒစေသတိတ်ဖြစ်ကြမည်။ ရေငတ်သောသူသည် လာပါစေ။

အလိုရှိသောသူကိုအဖိုးအခမပေးဘဲအသက်ရေကိုယူပါစေ။ငါသည်အလျှင်အမြန်လာမည်၊ မှန်၏ဟု ဤအရာများကို သက်သေခံသောသူမိန့်တော်မူ၏။ "၀န်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော ငါသည်ချမ်းသာပေးမည်၊ ငါထမ်းပိုးကို တင်၍ထမ်းကြလော၊ ငါ့ထံ၌နည်းခံကြလော၊ ငါသည် နုညံ့သိမ်မွေ့နှိပ်ချသော သဘောရှိ၏၊ သင်တို့စိတ်နှလုံးသည် သက်သာခြင်းရလိမ့်မည်၊ အကြောင်းမူကား ငါ့ထမ်းပိုးသည် ထမ်းလွယ်၍ ငါ့ဝန်လည်းပေါ့၏ ´´ ဟုခရစ်တော်မိန့်တော်မူလေသည်။ " တောင်းကြလော၊ တောင်းလျှင်ရမည်၊ ရှာကြလော၊ ရှာလျှင်တွေ့မည်၊ တံခါးကိုခေါက်ကြလော၊ ခေါက်လျှင်ဖွင့်မည်´´ ဟု သခင်ခရစ်တော်က ဓမ္မမိတ်ဆွေအားဖိတ်ခေါ်နေပါသည်။ မိမိတို့၏ ဒုက္ခဆင်းရဲခြင်းမှ ကင်းလွတ်ပြီးသကာလ အေးငြိမ်းချမ်းသာနေလိုကြကုန်သော ပုဂ္ဂိုလ်အပေါင်းတို့သည်၊ မိမိတို့မျှော်လင့်တောင့်တလျှက်ရှိသော အေးငြိမ်းချမ်းသာ သုခဘုံသို့ ပို့ဆောင်နိုင်သော တရား (၀ါ ) ကောင်းကင်ရွှေပြည်သို့ပို့နိုင်သော ဧကောဗုဒ္ဓေါ တစ်ဆူတည်းဖြစ်သော်မူ၍ ဗဟုဗုဒ္ဓေါ မဟုတ်သော အတိအလင်း ဧက ၀ါစာ တစ်ခွန်းတည်းသော စကားကို ဟုတ်တိုင်းမှန်ရာ မြွတ်ဆို၍ သင်နှင့် ကျွန်ုပ်တို့အပေါ်တွင် မေတ္တာထားတော်မူသည့် ...
" အသက်ရှင်တော်မူ၍ နိစ္စထာဝရမည်ရှိတော်မူသော အစိန္တေယျ၊ အပ္ပမေယျ အရှင်ဘုရားတကာတို့၏သခင်´´အား စူးစမ်းရှာဖွေရန်အခါအခွင့်သင့်လေပြီ။

အချိန်မနှေင်းမီ ခရစ်တော်၏သြ၀ါဒစကားအရဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားကိုရှေးဦးစွာရှာကြလော့) ဟူသည်နှင့်အညီ ယခုပင် ဤစာအားဖတ်မိသည့်အချိန်မှစ၍ -

သုဏေယျ-ကြားနာကြပါကုန်လော။

စိန္တေယျ-ကြံစည်တွေးစကြပါကုန်လော။

ပုစ္ဆေယျ-မသိမရှင်းသမျှကို မေးမြန်းကြပါကုန်လော။

ဝိစာရေယျ-မှားသည်မှန်သည်ဤနှစ်လီကို ဒွိဟ၀ိဝါမထင်ရှား၊ စိတ်ဝယ်သံသယရှိသမျှကိုဆင်ခြင်ကြကုန်လော။

သိက္ခေယျ-အထူးလေ့လာကြပါကုန်လော။


အမှောင်ခွင်း၍ အလင်းဆောင်နိုင်ကြပါစေသတည်း။

မဂ်ဖိုလ်၊ နန်းအမတသို့ မျက်မှောက်ပြုနိုင်ကြပါစေသော်ဝ်………။။