ဖြစ်နိုင်ကောင်း ဖြစ်နိုင်ပေမည် ဤကား ပုံပြင်ဒဏ္ဍာရီများတွင်ပင်ဖြစ်သည်၊ သင်္ဘောပျက်သောကြောင့် မဟာဇနက္က မင်းသားသည် မဟာပင်လယ် ကြီးတွင် ( ၇ ) ရက်လုံးလုံ အစားအစာ သောက်စားခြင်း မရှိ ဥပုဒ်စောင့်၍ ကူးခတ်နေသည်မှာ တကယ့် ကမ္ဘာ့ ရေကူး ချန်ပီယံကြီးပင် ဖြစ်သည်ကို ယနေ့လူသားများက မှတ်တမ်းတင်ခြင်းမရှိ မေ့နေကြသောကြောင့် ရေးသားလိုက်ရခြင်းပင် ဖြစ်သည်။
ဧကန်ကာ လူသည် ယနေ့ကမ္ဘာ့ ချန်ပီယံများပင် ( ၇ ) ရက် ရေးကူးနိုင်သူ မရှိပါ၊ ဤကား ဘေးအန္တရာယ် ကင်းရှင်းေးသာ နေရာများမှာပင် မတတ်စွမ်းနိုင်ပါ၊ ယခုမူကား ဇနက္ကသည်ကား အန္တရာယ် ထူပြောသော ပင်လယ်ကြီးထဲမှာပင် ( ၇ ) ရက် တိုင်တိုင် ကူးခတ်နေခဲ့သည်ကို အဘယ့်ကြောင့် ကျိုးကြောင်းမဲ့စွာ ယုံကြည်စရာ အဖြစ်သတ်မှတ်နေကြသည်မှာ တကယ့် ငတုံး၊ ငအများပင် ဖြစ်ပေသည်။ ၇ ရက်တွင် ရေထဲနေပါက၊ ဖြစ်နိုင်ချေရှိပါအံ့လော၊ ထိုမျတိုင်အောင် ဒါဏ်ခံနိုင်ပါမည့်လား၊ နောက် မစားမသောက် ဤမျရက်ကြာအောင် လူသည် နေနိုင်ပါမည်လော၊ ယနေ့ Video, Movies များထဲကကဲ့သို့ ကိုရွှေ ကြောင်သူတော်များ၏ ဇာတ်လိုက်ကြီးဖြစ်သော ဇနက္ကသည်ကား လက်တွေ့ ကျိုးကြောင်း ခိုင်လုံသည် ဖြစ်စေ၊ မခိုင်လုံသည်ဖြစ်စေ၊ ဒါရိုက်တာ သဘောအရ ``တရုတ်ဇာတ်ကားများကဲ့သို့ မဟုတ်မဟတ် အပျော်တမ်း´´ ဇာတ်များပင်ဖြစ်နေသည်ကို မြင်နိုင်စေရန်ဖြစ်ပါကြောင်း တင်ပြပါရစေ။ ဘာပဲဖြစ်ဖြစ် ဇာတ်လိုက်ကတော့ ဒါရိုက်တာ သဘောအတိုင်း အောင်နိုင်သူ၊ ဖြစ်လေမှ ကြည့်၍ လှပေမည်၊ ယုံလိုကယုံ၊ မယုံလိုသူကား အရူးဟူ၍ ထင်ခြင်း တဖက်သတ်ဆန်သော `` မိစ္ဆာ´´များပင်ဖြစ်လေတော့မည်၊ အကယ်၍ ဇနက္ကမင်းသားသည် ဖြစ်နိုင်ချေရှိပါက `` ကမ္ဘာ့စံချိန်တွင် ထည့်သွင်းရန် ´´ ဆော်သြော် ပေးလိုက်ပါသည်။
0 comments:
Post a Comment