Friday, September 11, 2009

မြန်မာ့ ကမ္ဘာအစ။

ကမ္ဘာဦး လူသားတို့မှာ ကိလေသာ နည်းပါးသူများဖြစ်ကြသည်၊ နတ်၊ ဗြဟ္မာနှင့် မခြား ကိုယ်ရောင် ကိုယ်ဝါရှိပြီး ကောင်းကင်၌ သွားနိုင်ကြသည်။ ယင်း ကမ္ဘာဦး လူသားများအထဲမှ လျှပ်ပေါ်လော်လီသည့် လူတယောက်သည် အနံ့အရသာနှင့် ပြည့်စုံသော မြေသလင်းခဲကို စုံစမ်းသည့်အနေဖြင့် လျှက်ကြည့်မိသည်၊ ရသ တဏှာဖြစ်ပေါ်လာ၍ ထပ်ကာထပ်ကာ စားသုံးသည်။ အတုလိုက်၍ အခြားသော ကမ္ဘာဦး လူများလည်း စားသောက်ကြသည်။ ထိုအခါ ကမ္ဘာဦး လူတို့၏ ခန္ဓာကိုယ်များသည် လေးလံလာ၍ နတ်တို့ကဲ့သို့ ကောင်းကင်၌ မသွားနိုင်၊ မြေပြင်၌သာ ခြေကျင်သွားနိုင်ကြတော့သည်။ ရသတဏှာ တိုးပွားမှုကြောင့် ကိုယ်ရောင် ကိုယ်ဝါများ ကွယ်ပ၍ တန်ခိုးဣဒ္ဓိပါတ် မရှိတော့ချေ။ မြေသင်းခဲမှာ ဆီဥ ထောပတ် ပျားသကာကဲ့သို့ အနံ့အရသာနှင့် ပြည့်စုံသော အဟာရတစ်ခုဖြစ်သည်။
တဖြည်းဖြည်း ကမ္ဘာဦး လူသားတို့သည် ရုပ်ဆင်းအင်္ဂါ လှပမှု အဆင့်အတန်း ကွဲပြားလာခဲ့သည်။ ထိုအခါ လှပသူကို ၀ိုင်းဝန်း ငြူစူကြ၍ မလှပသူကို မထီမဲ့မြင် ပြုလာကြသည်။ ထိုအခါ မေတ္တာတရား ပျက်ပြားလာသည်။ ထို့ကြောင့် မြေသင်းခဲ မြေဆီလွှာသည် ကမ္ဘာမြေထု အတွင်းသို့ ငုပ်လျှိုးပျောက်ကွယ်သွားတော့သည်။ ထို့နောက် ကမ္ဘာဦး လူသားတို့သည် အလိုအလျှောက် ဖြစ်ပေါ်နေသော နမသလေးဆန်များကို ရယူစားသုံးကြသည်။ ထိုအခါ အစာအဟာရသည် အကြမ်းစားဖြစ်လာ၍ ၀မ်းမီးဖြင့် ကုန်စင်အောင် ချေချက်ခြင်း မပြုနိုင်၊ ကြွင်းကျန်သော အစာကြမ်းများကို စွန့်ထုတ်နိုင်ရန် ကျင်ငယ်ပေါက်၊ ကျင်ကြီးပေါက်များ ဖြစ်ပေါ်လာရတော့သည်။ ထိုအချိန်တွင် ကမ္ဘာဦးလူတို့သည် အထီး၊ အမ ကြွဲုပားလာကြတော့သည်။ ယောင်္ကျားနှင့် မိန်းမ အချင်းချင်းတပ်မက်၍ အိမ်ထောင်ပြုရာမှ လူသားများ အဆင့်ဆင့်ပေါက်ပွားလာတော့သည်။
ယနေ့ ထိုသလေးကိုပင် ကျွန်ုပ်ဆန်များကို ကျွန်ုပ်တို့စားနေမြဲပင် ဖြစ်သော်လည်း။ သိပ္ပံနည်း အရသော်၎င်း၊ အခြား စဉ်းစားချိန်ဆခြင်းဖြင့်၎င်း ယုတ္တတန်သည်၊ မတန်သည်ကို သိမြင်နိုင်ပါသည်၊ အမှန်ကား `` မာရန်နတ်၏ အတွေးအခေါ်သက်သက်ဖြင့်´´ ဘုရားမလို `` အတ္တာဟိ အတ္တနော နာထော ၀ါဒီ´´ ကို တည်ထောင်လိုသော မာရ်နတ်၏ လှည့်ကွက်ကိုပင် အဟုတ်ထင်ကာ၊ ပုံမှားရိုက်သော မိစ္ဆာလမ်းစဉ်ပင် ဖြစ်လေတော့သည်။( သာသနာရေးဦးစီးဌာန၊ သာသနာ ၂၅၃၇၊ ကောဇာ ၁၃၅၅၊ ခရစ်နှစ် ၁၉၉၃ နှစ်ထုတ်ဖြစ်ပါသည်၊ နှာ ၂၄၈-၂၄၉)။
သမ္မာကျမ်းစာတွင်ကား ဘုရားရှင်သည် လူသားအား ဖန်ဆင်း၍ ၊ မနာခံခြင်း၊ တနည်း ဘုရားဖြစ်လိုသော စာတန်မာရ်နတ်၏ အတုအယောင် တရားကို နာယူ၍ တပည့်ခံခဲ့သော အကျိုးဆက်မှ ထို အို၊ နာ၊ သေခြင်း တရားဝင်ရောက်လာခြင်းဖြစ်ပြီး၊ ထို့အတွက်လည်း တပါးတည်းသော သားတော် ယေရှုခရစ်တော်ကို စေလွတ်ကာ ကယ်တင်ခြင်း လမ်းကို ဖွင့်ပေးတော်မူခဲ့ပါသည်။ထို့ကြောင့် လည်း သြကာသ ကန်တော့ခန်း ရှင်းလင်းချက်ကို ( သာသနာရေးဦးစီးဌာန၊ သာသနာ ၂၅၃၇၊ ကောဇာ ၁၃၅၅၊ ခရစ်နှစ် ၁၉၉၃ နှစ်ထုတ်ဖြစ်ပါသည်၊ နှာ ၃၅) မှ အတိုင်း ရေးသားဖေါ်ပြလိုက်ပါသည်။

သြကာသ။ ။ အခွင့်ပြုတော်မူပါ၊
ကာယကံ။ ။ ကိုယ်ဖြင့် ပြောဆိုသော အမှု။
ဝစီကံ။ ။ နှုတ်ဖြင့် ပြောဆိုသော အမှု။
မနောကံ။ ။ စိတ်ဖြင့် ကြံစည်သော အမှု။
သဗ္ဗာဒေါသ။ ။ ခပ်သိမ်းသော အပြစ်တို့ကို။
ပထမ၊ ဒုတိယ၊ တတိယ။ ။ တစ်ကြိမ်-သုံးကြိမ်မြောက်အောင်။
ရတနာ။ ။ အလေးအမြတ် ပြုထိုက်သော။
ဘုရား။ ။ အလုံးစုံကို သိမြင်နိုင်သောဘုရာ။
တရား။ ။ သတ္တ၀ါများကို ဆင်းရဲတွင်းမှ လွတ်စေသောတရား။
သံဃာ။ ။ အရိယာပုဂ္ဂိုလ် ( အရိ= ရန်မျိုးအပေါင်းမှ၊ ပုဂ္ဂိုလ်= ကင်းလွတ်သောသူ)
ရတနာ မြတ်သုံးပါးကို။ ။ မြင့်မြတ်သော ထိုသုံးပါးကို။
အရိုအသေ။ ။ ၀ပ်သွားကျိုးနွံခြင်း။
အလေးအမြတ်။ ။ လေးစားခြင်း။

လက်အုပ်မိုး၍။ ။လက်ဝါးနှစ်ဖက်ကို စုံညီပြု၍။
ရှိခိုးပူဇော်။ ။ ရှိခိုးခြင်း။
ဖူးမြော်။ ။ မြင်တွေ့ခြင်း။
မာန်လျှော့။ ။ ရှိခိုးခြင်း ကန်တော့ခြင်းကို ပြုရာ၍ မာန်မာနကို လျှော့ချပြီးမှ ရှိခိုးကန်တော့နိုင်သည်၊ မိမိကိုယ်ကို ရတနာ သုံးပါးအောက်နိမ့်ကျသည်၊ ညံ့သည်ဟု ယူဆပါမှ ရှိခိုးကန်တော့နိုင်သည်၊ ထို့ကြောင့် ဤရှိခိုးခြင်းသည် မာန်လျှော့ချပြီး ဖြစ်ပါကြောင်း ဖွင့်ဟ မြွတ်ဆိုခြင်းဖြစ်သည်။
ကန်တော့ပါ၏။ ။ဝန်ချတောင်းပန်ပါ၏။
ကန်တော့ရသောအကျိုးအားကြောင့်။ ။ အကျိုးအားဖြင့်။
အပါယ်လေးပါး။ ။ ( ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ) ။
ကပ်သုံးပါး။ ။ ငတ်မွတ်ဘေး၊ စစ်ဘေး၊ ရောဂါဘေး၊
ရပ်ပြစ်ရှစ်ပါး။ ။ ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ ဗြဟ္မာ ရုပ်မရှိသောဘုံ၊ လူရိုင်း၊ အယူမှား၊ လူစဉ်မမီ၊ သာသနာပ။
ရန်သူမျိုးငါးပါး။ ။ မီး၊ ရေ၊ မင်း၊ ခိုးသူ၊ အမွေခံဆိုး၊
ဝိပတ္တိတရား လေးပါး။ ။အပါယ်ဘုံ၊ ဥပဓိမကောင်းသူ၊ မင်းမဲ့စရိုက်ချိန်၊ ဖောက်ပြန်သောကာလ။
ဗျသနတရား ငါးပါး။ ။ ဆွေမျိုးပျက်၊ စည်းစိမ်ပျက်၊ အနာရောဂါ၊ သီလပျက်၊ အယူလွဲ၊
မဂ်တရား။ ။ နိုဗ္ဗာန်သွားရာလမ်း။
ဖိုလ်တရား။ ။နိဗ္ဗာန်သွားရာအကျိုး။
နိဗ္ဗာန်တရား။ ။ ထိုနိဗ္ဗာန်ကို ရောက်ရပါလို၏။

ဤနေရာတွင် လူတဦး ကောင်းရာမွန်ရာ မြန်နိဗ္ဗာန် သို့ရောက်ရန်မှာ ဦးစွား `` အတ္တာဟိ အတ္တနော နာထော ၀ါဒီ´´ ကိုစွန့်နိုင်မှသာလျှင် အမှန်လွတ်ရာလမ်းကို ရောက်နိုင်ပေတော့မည်။ ထို့ကြောင့် ဧကန်အမှန် လွတ်လိုပါက ဘုရားကို ဘုရားလို မြင်တတ်၍၊ အစွဲ ( ဒိဌိ) ကျွတ်မှ သာ ရောက်ရပေမည့်အကြောင်း ထင်ရှားစွာ မြင်နိုင်သိနိုင်ပေတော့သည်။

0 comments:

Post a Comment