Friday, September 11, 2009

လူအသက်သတ်၍ အပြစ်မရှိဆိုသော ဗုဒ္ဓစာပေ။

(အပါဏာတိပါတာ ဝေရာမဏိ သိက္ခာမဒံ သမာဓိယာမိ = လူအသက်သတ်ခြင်းတည်းဟူသော အလိမ်အညာအား အကျွန်ုပ်သည် ဝေးစွာ ရှောင်ကျဉ်ပါ၏ မြတ်စွာဘုရား )
ဤအကြောင်းတရားကား ဗုဒ္ဓဘာသာသည် ခြောက်ပြစ်ကင်း သဲလဲစင်ကဲ့သို့ သံကုန်ဟစ်နေသော ကိုရွှေကြောင်သူတော်များအတွက် အဖြေနှင့် အမှန်တရားကို ဖေါ်ထုတ်ခြင်းသက်သက်သာ ဖြစ်ပါသည်။ ``နစ်နာစေလိုသော ဆန္ဒမရှိပါ´´၊ ယခုစာကား ဗုဒ္ဓဘာသာ လက်စွဲကျမ်း ( သာသနာရေးဦးစီးဌာန၊ သာသနာ ၂၅၃၇၊ ကောဇာ ၁၃၅၅၊ ခရစ်နှစ် ၁၉၉၃ နှစ်ထုတ်ဖြစ်ပါသည်၊ နှာ ၆၇-၆၈ ) မှ ဖြစ်ပါသည်……
ဒုဌဂါမဏိမင်းကြီးသည် အက္ခောဘိဏီ ( ၁-နှင့် သုညလေးဆယ့်နှစ်ရှိသော သင်္ချာသည် `` အက္ခောဘိဏီ´´ အရေအတွက် ဖြစ်၏။ ပါဠိအဘိဓါန်တ၌ကား ၀ါးအလုံး ၆၀-ကို တစ်စည်းစီ စည်း၍ ၀ါးအစည်း ၆၀-ပုံထားရာ၌ စစ်တပ် တစ်တပ်က နင်း၍ သွားရာ ၀ါးအားလုံး မြေမှုန့်ဖြစ်လောက်အောင် များသော စစ်တပ်ကို `` အက္ခောဘာဏီတပ်´´ ဟုဆို၏ မဟာဝံသဋီကာ၊ သဒ္ဒနီတိကျမ်းတို့၌ အဓိပ္ပါယ် တမျိုး ဆိုကြသေး၏ )၊မကသော ကျည်းကုလား တို့ကို သတ်ဖြတ်နှိမ်နှင်း၍ စစ်ခင်းအောင်မြင်ခဲ့ပြီးနောက် ယင်းကဲ့သို့ သတ်ဖြတ်သေစေခဲ့ခြင်းအတွက် မိမိအား သက်သာရာရနိုင်ရန် အကြောင်း အခွင့်ကောင်း ရှိ၊ မရှိ ရဟန္တာမထေရ်မြတ် ရှစ်ပါးတို့ထံ မေးမြန်း လျှောက်ထားခဲ့ရာ ရဟန္တာ ( တော်တန် လူတော်များမဟုတ်သော သူတို့က ) မထေရ်မြတ်ရှစ်ပါးတို့က သက်သာရာ ရနိုင်ကြောင်း အောက်ပါအတိုင်း မိန့်မြွတ်ဖြေကြားတော်မူခဲ့သည်……
(``မင်းမြတ်…. သင် မင်းမြတ်သည် အက္ခောဘိဏီ မကသော ကျည်းကုလားများကို သတ်ဖြတ်သေစေရာ၌ ( သရဏဂုံ တည်သူ တစ်ယောက်နှင့် ငါးပါးသီလမြဲသူ တစ်ယောက် ပါဝင်သောကြောင့်) တစ်ယောက်နှင့် တပိုင်းအတွက်သာ ( လူသတ်မှု) အပြစ်ရှိသည်။ ကြွင်းသော ( မိစ္ဆာအယူရှိသူနှင့် သီလမရှိသူ) ရန်သူအားလုံးတို့ကို သတ်မှု အပြစ်မျိုးလောက်သာ ရှိသည်ဟု မှတ်ယူသင့်၏….. သင်မင်းမြတ်၏ တိရိစ္ဆာန် သားသမင်များ နွားများနှင့် တူသော ရန်သူများနှင့် တကွ လူတစ်ယောက်နှင့် တပိုင်းတို့ကို သတ်မိသော အကုသိုလ်သည် မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ် သုံးပါးတည်တံ့ပြန့်ပွား ထွန်းကားရေးအတွက် ရည်ရွည်သည်ဖြစ်သောကြောင့် သင်မင်းမြတ်အား နတ်ပြည်ရောက်ရန် အန္တရာယ်၊ မဂ်ဖိုလ်ရရန် အန္တရာယ် မဖြစ်နိုင်ပါ။ ပြီးခဲ့သည့် စစ်ပွဲများကို အကြောင်းပြု၍ နှလုံးမသာမယာခြင်း ဖြစ်နေလျှင် ယင်းကိုပယ်ဖျောက်လော့´´
ဟုရဟန္တာ မထေရ်မြတ်ရှစ်ပါးတို့က သက်သာရာ ရနိုင်ကြောင်းစကား မိန့်မြွတ်ဖြေကြားတော်မူခဲ့ပါသည်( မဟာဝံသ အဌကထာ)။

0 comments:

Post a Comment