Monday, September 7, 2009

ငါဟုပြောတိုင်း ယုတ်မာသလော?

ငါဟူ၍ပြောသောကြောင့် ထာဝရဘုရားသည် ကြည်ညိုစရာအဖြစ် ကင်းမဲ့သည်ဟူသောစကားသည် သက်သက်မဲ့ပုတ်ခတ်စော်ကားသော လူမိုက်ဆန်ဆန်စကားပင်ဖြစ်သည်။ အကြောင်းမှာ ကျွန်တော်တို့မြန်မာလူမျိုးများသည် ရှေးဘိုးဘေး ရာဇ၀င်မှ အစကြည့်တတ်မြင်တတ်သော မျက်စိရှိပါက မြင်နိုင်သော အမှန်တရားဖြစ်သည့်နည်းတူ။ မမြင်တတ်ပါကလည်း ထိုသူသည် အ၀ဇ္ဇာဖုံးလွမ်းနေသော မိစ္ဆာသက်သက်သာဖြစ်ကြောင်း သိနိုင်မြင်နိုင်စေရန် ဤခေါင်းစဉ်အား ရေးသားလိုက်ရခြင်းပင်ဖြစ်သည်၊
လက်တွေ့သာဓကကို ဆိုရပါက ကျွန်ုပ်တို့ မြန်မာသမိုင်းသည် မဝေးသေးပါ တနည်း ရိုးရှင်းစွာပြောရပါက မြန်မာဖတ်စာများတွင်ပင် ယနေ့ ကြည့်လျှင်မြင်နိုင်ပါသေးသည်။ နောက်ပြီး မြန်မာ့ရုပ်မြင်သံကြားများကို၎င်း၊ သတင်းစာစောင်များတွင်၎င်း မြင်နိုင်ပါသည် ၎င်းတို့မှာ…………..
၁) ရှင်ဘုရင်တို့သည် တိုင်းသူပြည်သားတို့အား စကားပြောဆိုရာတွင် `` မင်းကြီးများ´´ ဟူ၍ခေါ်ပြီးနောက် ပြန်၍ထူးခြင်းကို ရပြီးသောအခါတွင် ``ငါကိုယ်တော်မြတ်´´ဟူသော ``ငါ ´´ များကိုသာသုံလေသည်မှာ ရိုင်းပြသော သဘောမရှိ `` အာဏာစက်တန်ခိုး´´ ကိုသာပြခြင်းဖြစ်သည်ကို မြင်နိုင်၊သိနိုင်၊ နားလည်နိုင်ပေသည်။ သို့မဟုတ်က မြန်မာမင်းများသည် လူယုတ်မာများပင် ဖြစ်ပေတော့မည် တကား။
၂) ရှင်တော် ဂေါတမ ကိုယ်တိုင်က သူ၏ နောက်လိုက်တပည့်သာဝကများကို စကားပြောရာတွင် `` ငါနုစဉ်အခါက ´´ ဟူသော စကားကို ကြိမ်ဖန်များစွာ သုံးသည်ကို အားလုံးသော ကိုရွှေမြန်မာများက သိပြီး၊ ၎င်း ``ငါ … ငါ´´ ဆိုသော စကားသည် အပြစ်နှင့်ယှဉ်သော အတ္တကို မဖေါ်ဆောင်။ အရှင်သခင်ဖြစ်ခြင်း၊ ဦးဆောင်ဦးရွက်ဖြစ်ခြင်းကို ဖေါ်ဆောင်ကြောင်း မြင်နိုင်သိနိုင်၊ နားလည်နိုင်ပေသည်။ သို့မဟုတ်က ရှင်တော်ဂေါတမသည် လူယုတ်မာပင် ဖြစ်ပေတော့မည် တကား။
၃) စစ်တပ်တွင်၎င်း၊ ၀န်ထမ်းများ၊ ရုံးကန် ကန္နားများတွင်၎င်း သုံးနှုံးသော `` ငါ… ငါ … ငါ …´´ ဟူသော စကားတို့သည် ရာထူး၊ ရာခံတွင် အဆင့်အတန်းကို ဖေါ်ဆောင်ခြင်းဖြစ်ပြီး အပြစ်နှင့် မယှဉ်ကြောင်းကို မြင်နိုင်သိနိုင်၊ နားလည်နိုင်ပေသည်။ သို့မဟုတ်က စစ်တပ်၊ ၀န်ထမ်း၊ ရုံးကန် ကန္နားရှိသောသူများသည် လူယုတ်မာများပင် ဖြစ်ပေတော့မည် တကား။
ထို့ကြောင့် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းသော ထာဝရအရှင်ဘုရား သခင်က ၊ ထိုအထက်ပါ သင်္ခါရ သွေးသား ပုဂ္ဂိုလ်အားလုံးတို့ထက် ကြီးမြတ်သောကြောင့် `` ငါ ´´ သုံးခြင်းသည် ကြည်ညိုဘွယ် မပျက်၊ ကြည်ညို ကိုးစား ကိုးကွယ်ထိုက်ပါသည်။
အများကြီးရှိသော ဥပမာ ၊ ဥပမေယျများထဲမှ အနည်းငယ်သော အထက်ပါ ဥပမာက အမှန်တရားကိုချစ်သော ဘုရား၊ တရားကို အမှန်တကယ်မြတ်နိုးသော ပုပုရွရွ လူသတ္တ၀ါမှန်သမျ မြင်နိုင်သိနိုင်၊ နားလည်နိုင်ပေသည်။
အချုပ်အားဖြင့် ဆိုရပါက ယနေ့ ဘာသာရေးခေါင်ဆောင်ဟူ၍ မိမိကိုယ်ကို မိမိတွေးနားထင်ရောက်နေသော အမှောင့် အဖျက်လုပ်ငန်းကို လုပ်ဆောင်နေသော ထိုဘာသာရေးဆရာတို့သည် စင်စစ်အားဖြင့် `` မိမိမျက်ချေးကို မိမိမမြင် သူတပါးမျက်ချေးကိုသာမြင်တတ်ကြသော နလဘိန်းတုံး ဒုဿီလကြောင်များပင် ဖြစ်နေပါကြောင်း ရေးသားရင်း အသိပေးအပ်ပါသည်။

0 comments:

Post a Comment