This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

Wednesday, August 12, 2009

ဘုရားဟူသည် အပြစ်လွတ်ပိုင်ပါသလော?

ယနေ့၌ကားအဘယ်အကြောင်းကို ဆွေးနွေးတင်ပြလိုပါသလည်းဟူ၍ဆိုရပါက၊ ဘုရားရှင်သည် လူသားတို့အားအပြစ်လွှတ်နိုင်ခြင်းရှိ၊ မရှိကို ဆွေးနွေးအကြံပြုတင်ပြလိုပါတယ်။ လောကမှာ လူရယ်လို့ဖြစ်လာသည်နှင့်အမျ၊ အဖြူ အမဲ မခွဲခြား၊ မွေးရာနာမ်အသိစိတ်ကြောင့် ဘုရားကိုရှာကြံ မှီဝဲဆည်းကပ်ကြတာဓမ္မတာ တခုလိုပါပဲ၊ သို့သော် အချို့ သည်ကား ဘုရားဆိုသောအရှင် ကိုမိမိ၏ထင်မြင်ရာအတိုင်းသာ ပုံသွင်းပြုပြင်ကိုးကွယ်လိုကြပြီး၊ အကယ်၍ မိမိတို့၏ ရိုးရာ ဓလေ့ထုံးတမ်းတို့ဖြင့် မကိုက်ညီဟူ၍ ယူဆသောအခါ၊ ဘုရားကို ဘုရားသို့မမြင်၊ တရားကိုလည်း တရားသို့မမြင် ရှိကြသည်သာမက၊ အခြားသူများအားလည်း၊ မိမိတို့နည်းတူဖြစ်ရန်အရေး အစွမ်းကုန်ကြိုးစား အားထုတ်ကြကာ၊ ဗုဒ္ဓစာရေ ဘေးလည်းမမြင်၊ ဓမ္မစာရေ ဘေးလည်းမမြင်နိုင်ရှိကြလေသည်တကား ။ လက်တွေ့ အားလုံးသော ဓမ္မမိတ်ဆွေတို့ အမြင်ရှင်းကြည်လင်ရန် အရေးမီးမောင်းထိုးပြလိုသည်ကား ၊ ၊ ဘုရားဟူသည် လူသားတို့၏အပြစ်ကို လွှတ်ပိုင်ခွင့်ရှိသည် မရှိသည်ကို ဆွေးနွေးတင်ပြလိုပါသည်…….. သို့သော်ငြားလည်း အရိုးစွဲနေသော ကျွနုပ်တို့မြန်မာဓလေ့ထုံးနှင့်အညီ၊ ပုဂ္ဂိုလ်ခင်မှ တရားမင်ဆိုသည့်အတိုင်း၊ ဓမ္မဆောင်ပုဒ်တခုအားဖြင့်ဦးစွာ အတည်ပြုနိုင်ရန်အရေးမို့ …… ပါဠိပါတ်သားလေးကို ကြည့်ကြပါဆို့ ။သြကာသ သြကာသ၊ ကာယကံ၊ ၀စီကံ၊ မနောကံ၊ သပ္ပဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အလို့ငှါ၊ ပဌမ၊ ဒုတိယ၊ တတိယ၊ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်စုံမိုး၍ရှိခိုးပူဇော် ဖူးမြော်မန်လျှော့ ရှိခိုးကန်တော့ပါ၏ဘုရား။
အမှန်ဧကန်၊ ကိုယ်ဖြစ်ကိုခံ၊ အတ္တာဟိအတ္တနောနာထော၊ မိမိကိုသာမိမိကိုးစားရာ ဆိုပါက အဘယ်သူသည် ဘုရား၊ တရား၊ သံဃာဟူသော ထိုရတနာမြတ်သုံးပါးအား လိုပါတော့အံ့နည်း။လူတိုင်း လူတိုင်းတို့၏ တမလွန်အရေးသည် တဦးချင်း တယောက်ချင်းစီ၌သာ ဆိုင်သောကြောင့်၊ အကျွတ်တရားကိုရှာရာတွင် မိမိ၏အတွင်းသဏ္ဍာန်ကိုသာကြည့်ခြင်းအးဖြင့်သာ ထိုအကျွတ်တရားလမ်းကို မျက်မှောက်ပြုကာ၊ ရရှိ၊ ရောက်ရှိနိုင်ပေမည်ဖြစ်သည်၊ အမျိုး ချစ်ခြင်းသည်ကား ကောင်းသောအရာဖြစ်လင့်ကစား၊ ဘုရားနှင့်နှိုင်းစာရန်ပြုခြင်းသည်ကား၊ လွန်စွာမိုက်မဲ လှလေစွတကား။တနည်းအားဖြင့်ဆိုရပါမူ၊အတ္တသဘောဖြင့်ပြည့်နှက်နေသောသူသည်၊ အမျိုးစွဲ၊ ဒေသစွဲ၊ အရပ်စွဲ၊ ဘာသာဓလေ့စွဲ၊ ရိုးရာတို့တွင် နစ်မှန်းမသိနစ်ဝင်ကာ၊ အ၀ိဇ္ဇာအမှောင်ထုသည်သာသနာ့ရောင်ခြည်ကိုတွေ့ခြင်းငှာဆုံးရှုံးရသည့်နည်းတူ၊ ရခဲလေစွ လုဘ၀ဟူသောစကားကို အပ်ကြောင်းထပ်အောင်သိ၍ ၊ အာပေါက်အောင် ဟောပြောခြင်း၊ကို ခံရသော်လည်း ဆင်ခြင်နိုင်စွမ်းငှာ မတတ်စွမ်းရှာတော့ပေ။
``မနုဿတ္တဘာဝေါဒုလ္လဘော´´ဆိုသောစကားကိုကြားသော်လည်းမသိ၊ဆိုသော်လည်းမာဂ်မ၀င်ဖြစ်ကာနေကြရခြင်းမှာကားအဘယ့်အတွက်ကြောင့်ပါသနည်းဟူမူကား `` သမ္မာတရားတည်းဟူသော´´ မြတ်စောရှင်၏တရားများကိုပယ်ပြီး၊ မစလာရောသော `` အမှန်တရားကို ´´ သာဗူးတလုံးဆောင်အိုတောင်မဆင်းရဲ ဆိုသောစကားပုံအတိုင်း၊ ငါ့လူမျိုး၏တရားသာအမှန်၊ ငါ့လူမျိုးတို့၏ဘုရားသာအမှန်၊ ငါတို့၏ဓလေ့ထုံးတမ်းသည်သာ စစ်စစ်စစ်ဖြင့်သာ မည်နေကြောင်း အသံကုန်ဟစ်အော်ကာ `` ကိုးစားရာဘုရားရှင်အား ´´ မိမိတို့ထင်ရာမြင်အတိုင်း `` ခိုင်းစားရာဘုရားအဖြစ်သာလိုချင်သောကြောင့် ´´ မသိကျိုးကျွန် ပြုကာ။ အစွဲတွေ တလှေလုံးအပြည့်တင်ပြီး ၊ အယူတိမ်းကာနတ်စိမ်းသို့နယ်ဖြစ်နေကြရခြင်းသာဖြစ်လေသည်။ အပြစ်လွတ်ပိုင်ခွင့်မရှိပါက အဘယ့်ကြောင့် ဘုရားရှင်အား တောင်းဆုတွေချွေ ၊ နှုတ်ဖွင့်ကာ ဘယ့်အတွက်ကြောင့်ဦးတိုက်နေရပါသနည်း။ ဗုဒ္ဓံသရဏံဂစ္ဆာမိ ဟူသောပုဒ်သည် ဘုရားအား အားကိုးရာအဖြစ် သေတပန်သက်တဆုံး ခိုလှုံကိုးစားအဖြစ်အသိအမှတ်ပြုဝန်ခံခြင်းပင်ဖြစ်သည်။့ 

သမ္မာတရားအား လိုတိုးပိုချဲ့ ပြုကအပြစ်ဖြစ်နိုင်ပါ၏လော ?


ဘုရားဟောတရားတို့သည်ကား ဧကဧကန်အမှန်သာဖြစ်သောကြောင့် ဧက၀ါစာတခွန်းသောစကားကိုသာ ဟောဖေါ် ညွန်ပြတော်မူသော ဧကောဗုဒ္ဓေါ၏စကားတော်အား အားမထားရပါက အပြောနှင့်အလုပ် မညီသော ထိုအရှင်သာကား အဘယ်မှာသာလျှင်အားကိုးရာဖြစ်ပါတော့အံနည်း။ တဖန် ငါတို့သည်ကား ဘုရားကိုသာယုံ၏ ထိုစာပေ ကျမ်းဂန်တို့ကိုကား မယုံဟူ၍ ဆိုခြေက၊ ဘုရားကားဧကဧကန် အပ္ပမေယျ အရှင်ဖြစ်သော်လည်း သူ၏စကားတော်ကား သုံးခွက်တခွက်တင်သာယုံရပေမည် ဆိုခြေက ဆိုသောသူသည်လည်း၊ အတူတူနှင့်အနူနူ သာလျှင်ဖြစ်ပေတော့မည်တကာ။ အနန္တဘုရားရှင်မြတ်ကား ဧက၀ါစာတခွန်းသောစကားကိုသာ ဆိုလေသောကြောင့် ၎င်းကျမ်းဂန်ပါဠိတို့တွင် ဘုရားရှင်သည် ခွင့်လွှတ်နိုင်သော တန်ခိုးနှင့်ပြည့်စုံခြင်းသက်သက်သာမက၊ ခွင့်လွတ်တော်မူသော ဘုရားလည်းဖြစ်ပါပေသည်။ သို့မဟုတ်ပါက `` သြကာသ ´´ ဟူသော ဘုရားရှင်၏ စကားတော်တို့သည်ကား၊ အဘယ်မှရောက်လာ၍၊ အဘယ်သူသည် ``လူသားတို့၏ အကျိုးစီးပွားဆုတ်ယုတ်စေရေးအတွက်´´ ပြုခဲ့ပါလသနည်း။
ယခုမူကား မြန်မာနိုင်ငံတော်တွင် အထင်ကြီးလေးစား နေသော ဓမ္မရေးရာအချို့ကောက်နှုတ်ပြလိုသည်မှာ …..
`` ဘုရားဟောဒေသနာအတိုင်းမဟုတ်ဘဲ ချပ်လှန်၍၎င်း၊ အပိုများထည့်သွင်း၍၎င်း၊ အမှန်အတိုင်းမဟုတ်ဘဲ အမှားတို့ကိုဟောမိသော ဓမ္မကထိကတို့အား၎င်း၊ ရဟန်းတို့အား၎င်း၊ စာရေးဆရာအား၎င်း သံသရာတွင် အပြစ်ရှိ၊ မရှိ ဖြေကြားပါ ´´ ရန်တောင်းဆိုသော၊ အရှင်ဇာနေယျ၊ မင်္ဂလာစမ်းကျောင်း၊ နတ်စင်ကုန်းတောင်ပိုင်း၊ ကော့မူးမြိုနယ်၏ အမေးကို ဖြေကြားသော ဟံသာသီရိ ၏ စကားသည် လေသက်သက်သာမဟုတ်၊ ကျမ်းကိုး ကျမ်းကား နှင့်တကွမို့ ဘုရားရှင်၏တရားတော်အားလိုတမျိုး၊ မလိုတမျိုးလုပ်ခြင်းသည် အဘယ်မျ အပြစ်ကြီးကြောင်းကို သိသာစေနိုင်ရန် အရေးဖေါ်ပြလိုက်ပါသည်၊`` ရဟန်းတို့ငါဘုရား မဟောထားတဲ့ တရားတခုခုကိ ငါဘုရား အဟောလုပ်တဲ့ရဟန်း၊ ငါဟောထားတဲ့ တရားတခုခုကို ငါဟောထားတာမဟုတ်ဘူးလို့ဆိုတဲ့ရဟန်း၊ ငါပညာတ်မထားတဲ့ သိက္ခာပုဒ်ကို ငါပညာတ်ထားတာလို့ဆိုတဲ့ ရဟန်းဟာ၊ လူ နတ်များစွာတို့ အကျိုးစီးပွားမဲ့အောင်၊ ဆင်းရဲဒုက္ခရောက်အောင်ကျင့်သူ၊ သူကိုယ်တိုင်အတွက်လည်း မကောင်းမူများစွာတို့ကို ပွားများသူ၊ သာသနာတော်ကို ကွယ်ကျောက်စေသူဖြစ်တယ် ´´ဟူ၍အင်္ဂုတ္ထိုရ် ပမာဒါဒိဝဂ်မှာ တိုက်ရိုက်ရှင်းရှင်း လင်းလင်းဖြင့် ဟောကြားထားကြောင်း ကိုကြည့်လျှင်၊ တရားကို မိမိလိုရာစွဲသူ၊ ဘုရားကို မိမိအထင်အမြင်ဖြင့်သာ ကိုးကွယ်သူတို့သည် အဘယ်မျကြောက်စရာကောင်းလှကြောင်း အထူပြောစရာ မလိုတော့ကြောင်းကိုတွေ့ရပါလျှက်နှင့်၊ အဘယ့်ကြောင့် ဘုရားထက် အစွဲတရားတို့ကို အားကိုးအားထားပြုနေနိုင်ကြပါလေသနည်း။ ။ဥပမာ သဘောအားဖြင့်ပြရပါလျှင်ကား၊ သညလိုပုဂ္ဂိုလ်မျိုးဟာ ဒေ၀ဒတ်ကို ကိုးကွယ်ချဉ်းကပ်မှားမိတဲ့ အဇာတသတ်လို အမြတ်မထွက်ဘဲ အရှုံးသက်သက်နှင့်သာ ရင်ဆိုင်ရမှာဖြစ်ပါတယ်၊ တစ်ခဏ၊ တစ်ဘ၀၊ တစ်သက်စာ ကောင်းစားကောင်း ကောင်းစားမည်၊ သံသရာ တလျှောက်တော့ ဒုက္ခအရောက်ကြီး ရောက်မှာသေချာပါတယ်။အဇာတသတ်မင်းကြီး ဒေ၀ဒတ်ကို ဆရာတင်ချီးမြှောက်မိတာဟာ ကျားသေကို အသက်သွင်းတတ်တဲ့ သဉ္စီဝက လုင်ဟာ သူအသက်သွင်းပေးလိုက်လို့ ပြန်ရှင်လာတဲ့ကျားရဲ့ ကိုက်သတ်ခြင်းကိုခံရပြီး ကိုယ်ကျိုးနည်းရသလိုအဇာတသတ်လည်း ကိုယ်ကျိုးနည်း အ၀ီစိငရဲမှာ အဆင်းရဲကြီး ဆင်းရဲနေရတယ်ဆိုတာ အားလုံသော ဓမ္မမိတ်ဆွေ တို့ သိထားပြီးဖြစ်ပါကြောင်း ဆွေးနွေး တင်ပြရင်းဖြင့်………၎င်းအရားများကိုလည်း၊ ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ (ပဌမတွဲ)၊ စာမျက်နှာ ၇၃ နှင့် ၇၄ တွင် ကြည့်ရှုနိုင်ပါကြောင်း ပြောကြားရင်း….ဗုဒ္ဓစာရေ နှင့် ဓမ္မစာရေ ဆိုသော ၀ဲသြောဃထဲမှ လွက်မြောက်နိုင်ပါစေကြောင်း မေတ္တာဖြင့်ရေးသားတင်ပြလိုက်ပါသည်။ ။

မှန်သောဘုရားကိုရှာပုံပြခြင်း (သို့ ) သရဏဂုံတည်သည်ကိုပြခြင်း။။

မှန်သောဘုရားကိုရှာပုံပြခြင်း (သို့ ) သရဏဂုံတည်သည်ကိုပြခြင်း
လူအပေါင်းတို့သည်၊ ဘုရားမှန်ကို ဆည်းကပ်ကိုးကွယ်မှသာလျှင်၊ အပါယ်ငရဲဒုက္ခမှကင်းဝေး၍၊ နိဗ္ဗာန်ချမ်းသာတည်းဟူသော နိစ္စထာဝရ သုခချမ်းသာကိုခံစား၊ စံစားကြရမည်ဖြစ်သည်။ ဘုရားမှားကို ကိုးကွယ်ဆည်းကပ်လျှင် အပါယ်ငရဲ ဒုက္ခဘုံသို့ရောက်၍။ နိယတအမြဲခံကြရမည်။ ထို့ကြောင့် ဤကမ္ဘာလောကတွင်ရှိရှိသမျှသောလူအပေါင်းတို့သည်၊ ဘုရားမှန်ကိုဆည်းကပ်ကိုးကွယ်ဖို့ရန်သည် အလွန်လိုအပါသောအကြောင်းကြီးတခုဖြစ်သောကြောင့်အလေးအနက်
တွေးခေါ်ကာ၊ တမလွန်အတွက်ပြင်ဆင်သင့်ပါကြောင်းပြောကြားပါရစေ။
ထိုနည်းတူစွာမှန်သည်၊မှားသည်ကိုလည်း......ခြင့်ချိန်ရင်း ....နန်အမတ သို့တက်လှမ်းနိုင်စေရန်ရည်စူးလျှက်.......
ပိဋကတ်သက်သေခံသည့်အတိုင်း မှန်သောဘုရားသခင်၏ဂုဏ်အင်္ဂါလက္ခဏာများကိုပြခြင်း
အစိန္တေယျ၊ အပ္ပမေယျ ကျေးဇူးတော်အစုံ ဂုဏ်တော်အပေါင်းတို့နှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရားဟူ၍ ရဟန်း၊ ရှင်လူ အပေါင်းတို့သည် ပမာဏပြု၍ ဘုရားသခင်ကို ရှိခိုးကြပေသည။ မိမိကိုးကွယ်သော ဘုရားသခင်သည် အစိန္တေယျ၊ အပ္ပမေယျ၊ ဂုဏ်တော်လက္ခဏာအပေါင်းတို့နှင့်၎င်း ကျေးဇူးတော်ဂုဏ်တော်အပေါင်းတို့နှင့်၎င်း ပြည့်စုံမှသာလျှင်၊ မှန်သောဘုရားကို ကိုးကွယ်ရာဖြစ်ပေလိမ့်မည်။ အစိန္တေယျ၊ အပ္ပမေယျဟုဆိုသော မာဂဓ ပါဠိဘာသာစကားကို မြန်မာလို အဘိဓါန်ကျမ်းလာရှိသည့်အတိုင်း ပြန်ဆိုရလျှင် အစိန္တေယျ သဒ္ဒါ၊ မကြံစည်အပ်ခြင်း၊ အပ္ပမေယျသဒ္ဒါ မနှိုင်းယှဉ်အပ်ခြင်းဟူ၍ အဓိပ္ပါယ်ရလေသည်။ ဤသို့မကြံစည်အပ်၊ မနှိုင်းယှဉ်အပ်သော ပုဂ္ဂိုလ်မှသာလျှင် ဘုရားမှန်ဟုယးအပ်ပါသည်၊ မှန်သောဘုရား၌ အစိန္တေယျ သဒ္ဒါ ၊ အပ္ပမေယျ သဒ္ဒါ နှင့်အညီ မှန်သောဘုရား၌ လူအပေါင်းတို့ထက်ထူးကဲသော၊ သို့မဟုတ် သာလွန်တော်မူသော ဂုဏ်ထူးဝိသေသတို့ကို အကျဉ်းချုပ်၍ ပိဋကတ်တို့ကပြဆိုသည့်အတိုင်း ဖွင့်ပြပေအံ့။ အစိန္တေယျသဒ္ဒါ၊ အပ္ပမေယျသဒ္ဒါတို့နှင့်အညီ၊ ဂုဏ်တော်၏ အချုပ်ကိုဆိုရပါလျှင် လေးပါးရှိလေ၏။
၁.ရူပအစိန္တေ၊ ၂.ဣဒ္ဓိအစိန္တေ၊ ၂. ဥာဏအစိန္တေ၊ ၄. ၀ါစအစိန္တေ ဟူသောမနှိုင်းယှဉ်အပ်သော အနန္တရုပ်တော်၊ အနန္တတန်ခိုးတော်၊ အနန္တဥာဏ်တော်၊ အနန္တစကားတော် အပေါင်းတို့နှင့် ပြည့်စုံတော်မူမှသာလျှင် မှန်သောဘုရားသခင်ဖြစ်တော်မူ၏၊ ကျေးဇူးတော်အစုံဆိုသည်မှာ ဥပမာအားဖြင့်ပြရပါက ဤလောကတွင် မိဘတို့သည် သားသမီးတို့အား သက်သက်ကျွေးမွေးခြင်း ၊ ဆရာသည် တပည့်တို့အား အတတ်ပညာကိုသင်ပေခြင်း၊ တစုံအယောက်သောသူသည်၊ မိမိချစ်ခင်သောသူအား ၀တ္ထုပစ္စည်းတို့ကို သက်သက်ပေးကမ်းခြင်း၊ ကျွေးမွေးခြင်း အရာတို့သည် ကျေးဇူးဟူ၍ခေါ်ကုန်လေ၏ ။ ထို့အတူ မှန်သောဘုရားသခင်သည် ဤကမ္ဘာပေါ်ရှိ လူအပေါင်းတို့အား မိုးကိုရွာပေးတော်မူခြင်း၊ နေ၏အလင်း၊ လ၏အလင်း၊ ကြယ်နက္ခတ်တာရာတို့ကို အလင်းနှင့်တကွ၊ လေကိုရှုဖို့ပေးခြင်း၊ ရေတည်းဟူသော အဟာရမှာစ၍ အချိုအချဉ်၊ ဘေဇာဉ်ခဲဘွယ် အစားအသောက်အမျိုးမျိုးတို့ကို ဥတုရာသီ အလိုက်၊ ဗီဇနိယာမမျိုးနှင့်တကွ၊ ပေသနားတော်မူခြင်းတို့သည်၎င်း၊ ထိုပြင်မှတပါး မွန်မြတ်သောတရားကို ကိုးကွယ်သောသူမှန်သမျှတို့သည် နိစ္စထာဝရ တည်းဟူသော သုခချမ်းသာကို ခံစားစေရန် ပေးသနားတော်မူခြင်းများကြောင့် ကျေးဇူးတော်အစုံဟူ၍ဆိုရပါလေသည်။ ဤသို့ အစိန္တေယျ၊ အပ္ပမေယျ၊ ဂုဏ်တော်များနှင့် ပြည့်စုံသောဘုရားသည် ဘယ်အချိန်အခါ၊ ဘယ်အရပ်ဒေသကဖြစ်သည်၊ မည်သည့်ပုံသဏ္ဍာန်ရှိသည်ဟူ၍ မကြံစည်အပ်၊ မနှိုင်းအပ်ဖြစ်သတည်း၊ မှန်သောဘုရားသည် လောကီပုဂ္ဂိုလ် ဘုရားမဟုတ်၊ လောကုတ္တရာပုဂ္ဂိုလ် ဘုရားသာလျှင်ဖြစ်လေသည်၊ မှန်သောဘုရားသည် ပညာတ်သတ္တ၀ါမဟုတ်၊ ပရမတ်ပုဂ္ဂိုလ်ဖြစ်တော်မူ၏၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားနှင့်မကင်းသော သင်္ခါရနယ် လောကီဘုံအတွင်းမှာ မွေးဖွားခြင်းကိုခံသောပုဂ္ဂိုလ်မဟုတ်၊ အိုခြင်း၊ နာခြင်း၊ သေခြင်းနှင့်အစဉ်ကင်းလွတ်တော်မူ၏၊ နိစ္စ၊ သုခ၊ အတ္တနှင့် ပြည့်စုံတော်မူသော လောကုတ္တရာဘုံရှင်၊ လောကုတ္တရာ၏အရှင်ဖြစ်တော်မူသောကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ နယ်အတွင်းမှာ မွေးဖွားခြင်းခံရသည့်အတွက်၊ ပညာတ်သတ္တ၀ါဖြစ်ကုန်သော၊ လောကီလူသားအပေါင်းတို့က လောကဥာဏ်နု၊ မံသစက္ခု၊ ပညာတ်မျက်စိဖြင့် ကြည့်ရှု၍မေးဖွယ်၊ ကြံဖွယ်ရာမဟုတ်ချေ။ ထိုကဲ့သို့မှန်သောဘုရားသခင်း၏ခြေတော်ရာကို ပိဋကတ်ကသက်သေခံသည့်အတိုင်းပြရပါလျှင်၊ သယမ္ဘူတံဟူ၍ခေါ်သည်၊ သယံ၊ သူမဆိုအလိုလိုဖြစ်တော်မူသောဘုရား၊ အိုခြင်း၊ နာခြင်း၊ သေခြင်းနှင့်မကင်းသော တစုံတယောက်သောသူ၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတို့ကမွေးဖွားသော တရားကျင့်လူဘုရား၊ ဘုရားယောင် ဘုရားတုမဟုတ်ချေ၊ မှန်သောဘုရား၏ အစ၊ ဘုရား၏အခြေကိုလူသည် အဘယ်နည်းနှင့်မျှကြံစည်၍မရနိုင်ါ် ကြံစည်၍မသိနိုင်၊ လူသတ္တ၀ါတို့၏ အစ၊ အဆုံးကို ဘုရားကသာ သိနိုင၍ဘုရား၏အစ၊ အဆုံးကို လူသည်မသိနိုင်၊ ဘုရားမှန်ကား အစအဆံးမရှိချေ၊ ဇာတိတော် နဂိုတော်ကို လူသည်မကြံစည်ပအ်၊ မကြံစည်နိုင်သောကြောင့် ကြံကြီးစည်ရာမပြုသင့်ပါလေ၊ ဤကားပိဋကတ်၏အလိုပင်ဖြစ်လေတော့သတည်း။။
မှန်သောဘုရားသည်၊ ဓမ္မတာတရားဟုခေါ်သော နိယာမတရားကို ပြုပြင်စီရင်တော်မူကြောင်း ပိဋကတ်ကသက်သေခံသည်မှာ။ ဥတု၊ ဗီဇ၊ ကမ္မ၊ စိတ္တ၊ ဓမ္မ၊ ပဉ္စနိယာမော ဗုဒ္ဓင်္ဂလော၊ ဗုဒ္ဓတိဝစနတောအတ္ထော။ ။ဟူ၍န၀မအင်္ဂုတ္ထိုရ်ကျမ်းတွင် ပြဆိုသည့်အနက်ကား၊ ပဉ္စနိယာမော၊ ငါးပါးသောတရားတို့ကို၊ ဗုဒ္ဓင်္ဂလော၊ အလုံးစုံစီရင်ပြုပြင်တော်မူသောကြောင့်၊ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏၊ ဣတိအယံ၊ ဤသည်သာလျှင်၊ ၀စနတော၊ ဟောသော၊ အတ္ထော၊ အနက်တည်း၊။ ၎င်းန်ယာမငါးပါးကို ယထာဓမ္မ သာသနာတော်ဟူ၍ ခေါ်ဆိုလေသည်ကို ပါရာဇိကာဏ်ကျမ်းတွင်ပြဆိုသောအရာမှာ၊ ဓပဉ္စမတ္တေ၊ အဟံမမာ၊ တိညနော၊ ယထာဓမ္မဇတ္တဘာသတိ၊ ယထာဓမ္မသာသနန္တိဝုစ္စတိ၊ ဟူ၍ပါဠိပြဆိုသည်ကိုတွေ့ရလေသည်၊ အနက်ကား၊ ဓပဉ္စမတ္တေ၊ နိယာမတရားငါးပါးတို့နှင့်ပြုပြင်ခြင်းကိုခံရကုန်သော၊ အဟံမမာတိသညာတော၊ ငါကိုငါဟူ၍ အစရှိသဖြင့် စွဲလမ်းမှတ်သားကုန်သော သတ္တ၀ါတို့ကို။ ဇတ္တရထာဓမ္မံ၊ ဤနိယာမအတိုင်း၊ ဗုဒ္ဒ၊ မြတ်စွာဘုရားသခင်သည်၊ ဘာသတိ၊ စီရင်ဆုံးမကုန်၏၊ ဣတိတသမာ၊ ထို့သို့စီရင်ပြုပြင်ကုန်သောကြောင့်။ ဓပဉ္စမတ္တေ၊ ဤနိယာမတရားငါးပါးကိုသာလျှင်၊ ယထာဓမ္မသာသနန္တိ၊ ယထာဓမ္မသာသနာဟူ၍၊ ၀ုစ္စတိ၊ ဆိုကုန်၏၊ ၎င်းကျမ်းပါဠိ၏ အဓိပ္ပါယ်မှာ နိယာမတရားငါးပါး၊ ယထာဓမ္မသာသနာတော်မြတ်သည်၊ ဘုရားသခင်၏သာသနာတော်မြတ်ဖြစ်ကြောင်း၊ ဤလောကနှင့်တကွ လူအပေါင်းတို့သည်၊ ရှိခိုးပူဇော်ထိုက်သည်ဟူ၍ ပြဆိုလေသည်။ ၎င်းကိုကား အသိပညာနှင့်ပြည့်စုံသော သူတို့သာလျှင် သိအပ်သည်၊ မိုက်သောသူတို့မှာမူကား၊ သိအပ်သောအရာမဟုတ်ချေ။ ။
သာသနာတော်ခေါ်ခြင်းအရာကို၊ အဘိဓမ္မတ္ထ၀န္ဒနာကျမ်းတွင်ပြဆိုသည်မှာ၊ ဒိဌဓမ္မိကသပ္ပရာယီက ပရမတ္တေဟိ ယထာရဟံ၊ သတ္တေသာသတိ၊ ဧတေနာတိ သာသနံဟူ၍ ပါဠိလာရှိသည်။ အဓိပ္ပါယ်ကား၊ ဤနိယာမတရားငါးပါးသည်၊ လူသတ္တ၀ါအပေါင်းတို့အား၊ ယခု ပစ္စုပ္ပန်ဘ၀၌ ဓိဌဓမ္မ အကျိုးစီးပွားကို ခံစားရခြင်း၊ တမလွန်ဘ၀၌လည်း အိုခြင်း၊ နာခြင်း၊ သေခြင်နှင့်ကင်းလွတ်စေသော အကျိုးစီးပွားကို ရစေခြင်းငှာ ပြုစုတတ်သော အရာဖြစ်သောကြောင့် သာသနာဟု၍ခေါ်ဆိုလေသည်။ ဤကား ကျမ်းဂါနပါဠိ လာရှိသည့်အတိုင်း ပြဆိုလိုက်ခြင်းပင်ဖြစ်သည်။
၎င်းပြဆိုခဲ့သော နိယာမတရား ငါးပါး၊ ယထာဓမ္မသာသနာတော်မြတ်ကို၊ ဘုရားဖန်ဆင်းပြုပြင်တော်မူပြီးလျှင်၊ ယခုတိုင် ကပ္ပိနိယာမ အမှုဖြင့် အစဉ်ပြုလုပ်တော်မူလျှက်နေတော်မူသည်ကို ပိဋကတ်ကို မသိသောသူတို့ကအလိုလိုဖြစ်သည်ဟုပြောဆိုကြလေသည်မှာ အမှားကြီးတချက်ပင်ဖြစ်လေတော့သည်။ သစ်ပင်ပေါ်တွင်ငှက်သိုက်ကိုမြင်လျှင်၊ ငှက်တကောင် ပြုလုပ်နေသည်ကိုမမြင်ရသော်လည်း၊ ငှက်၏လက်ရာဖြစ်ကြောင်း သိနိုင်ပေသည်။ အိမ်တဆောင်ကိုမြင်လျှင်လည်း၊ လက်သမားတဦးတည်ဆောက်သောကြောင့်သာဖြစ်ကြောင်း သိနိုင်ပေသည်၊ အကြောင်းမဲ့ဖြစ်သောအရားသည်မရှိနိုင်။ နေ၊ လ၊ ကြယ်နက္ခတ်၊ မိုး၊ မြေ၊ သမုဒ္ဒရာ၊ သစ်ပင်ပန်းမာလာ စသည်တို့သည်တို့ကို မြင်လျှင်လည်း။ တန်ခိုးကြီးမားသော ဘုရားသခင်၏ တန်ခိုးတော်ကြောင့်ဖြစ်သည်ကို ဥာဏ်အားဖြင့်သိနိုင်ပေသည်။ ဤကမ္ဘာကိုဖန်ဆင်းပြုပြင်၍ အစဥမပြတ် ကြည့်ရှုစီရင်တော်မူသော အရှင်မရှိလျှင်၊ ဤကမ္ဘာကြီးသည် အလိုအလျှောက်တည်၍ နေနိုင်လိမ့်မည်မဟုတ်။ ထို့ကြောင့် လူမှန်က လူ၏တန်ဖိုးကို သိတန်သလောက်သိရပေမည်၊ ပိုင်းခြားနိုင်စွမ်းငှာလည်းရှိရပေမည်။ ပိဋကတ်ကျမ်းဆရာတို့၏ အလိုမှာကား၊ နိယာမတရားငါးပါး တည်းဟူသော ဓမ္မတာတရား၊ ဥတု၊ ဗီဇ၊ ကမ္မ၊ စိတ္တ၊ ဓမ္မတို့သည် ဘုရားသခင်စီရင်ပြုပြင်ကြောင်း သက်သေခံကြလေသည်။ ဥတု၊ နွေ၊ မိုး၊ ဆောင်းတည်းဟူသော နိယာမတရား၊ ဗီဇစပါး၊ သစ်သီး၊ လူ၊ တိရိစ္ဆာန် အစရှိသော နိယာမတရား။ ကမ္မ၊ ပြုပြင်စီရင်ခြင်း၊ အစရှိသော နိယာမတရား၊ စိတ္တ၊ အဆန်းအကျယ်နှစ်သက်ဖွယ်ရာ အစဉ်ဖြစ်ခြင်း နိယာမ။ ဓမ္မကုသလ၊ ကုသလတရားတို့ကို အစဉ်ထားခြင်း၊ နိယာမတရားငါးပါးတို့ကိုစီရင်၍ အစိုးပိုင်တော်မူသော အရှင်ဖြစ်သောကြောင့် ဘုရားမည်၏။ ထိုကဲ့သို့ နိယာမတရားငါးပါး တို့ကို ပြုပြင်နိုင်သောအရှင်ဖြစ်သောကြောင့်သာလျှင်၊ ဒမ္မသာမိအသျှင်ဖြစ်၍ ဘုရားမှန်တော်မူလေ၏၊။ ဤနိယာမတရားငါးပါးအောက်တွင် မွေးဖွားခြင်းကိုခံ၍၎င်း၊ နိယာမတရားငါးပါးတို့၏ ပြုပြင်ခြင်းကိုခံရသော ပုဂ္ဂိုလ် သတ္တ၀ါမှန်သမျှတို့သည် မုချဘုရားမှန်မဟုတ်ချေ။ ဤကမ္ဘာမိုး၊ မြေနှင့်ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းပြုပြင် စီရင်တော်မူသော အရှင်မရှို ဟု ယူသောအယူဝါဒသည်၊ ရှေးအထက်ကပင် ရှိပေသည်။ ဤသို့ယူဆသောသူတို့အား၊ အဟေတုကဒိဌိဟူ၍၊ ပိဋကတ် အင်္ဂုတ္တရအဌကထာ၊ အင်္ဂုတ္တမဧကနိပါတ်၊ မိစ္ဆာဒိဌိသုတ်အဖွင့်တို့တွင်ပြဆိုထားလေသည်မှာ၊ နတ္ထိအယံလောကော၊ နတ္ထိဟေတုပစ္စယော၊ သတ္တာနံဝိသုဒ္ဓိယာ၊ သံကိလေသာယ၊ အဟေတုကဒိဌိယာနာမ၊ အဓိပ္ပါယ်မှာကား၊ မြေနှင့် ခပ်သိမ်းသော လောကဓါတ်တို့ကိုပြုပြင်စီရင်သောအရှင် မရှိဟု ယူဆခြင်း၊ ထိုလောကဓါတ်ပေါ်၌ ရှိသောသတ္တ၀ါ၊ ပုဂ္ဂိုလ်တို့ကို ညစ်ညူး စေခြင်းငှာ၎င်း၊ သန့်ရှင်းဖြူစင်စေခြင်းငှာ၎င်း၊ ပြုပြင်စီရင်တော်မူသော အရှင်မရှိဟူသော အယူဝါဒသည်၊ ရှေးအထက်ကပင် ရှိပေသည်၊ ဤသို့ယူဆသောသူတို့အား အဟေတုကဒိဌိဟူ၍ ပိဋကတ်အင်္ဂုတ္ထရအဌကထာ၊ အင်္ဂုတ္တမဧကနိပါတ်၊ မိစ္ဆာဒိဌိသုတ်အဖွင့်တို့၌ပြဆိုသည်။ နတ္ထိအယံလောကော၊ နတ္ထိ ဟေတုပစ္စယော၊ သတ္တာနံဝါသုဒ္ဓိ၊ သံတိလေသာယ၊ အဟေတုကဒိဌိနိယာမ။ အဓိပ္ပါယ်ကား၊ ဤကမ္ဘာမိုး၊ မြေနှင့်ခပ်သိမ်းသော လောကဓါတ်တို့ကို ပြုပြင်စီရင်တော်မူသောအရှင်မရှိဟုယူခြင်း၊ ထိုကဲ့သို့သောသူတို့သည် အဟေတုကမိစ္ဆာဒိဌိဟူ၍ခေါ်ဆိုသည်။ဘုရားအတုကိုလုပ်၍ မကိုးကွယ်အပ်ကြောင်း၊ ဆွမ်း၊ ကွမ်း၊ မုန့်ပဲသားရေစာ အစရှိသော အရာတို့မှစ၍ မလှုအပ်ကြောင်းကို ဒိဌိဝိသောဒနီကျမ်းတွင်ပြဆိုသည်မှာ။ ။ အတုလဘဂ၀တော၊ သက္ကာယပူဇစြ၊ အနိစ္စသဇီဝတော၊ အနိဇ္ဇီဝဏေ၊ ကန္တကယေကုဿီဓါ၊ ပိဏ္ဍိပါဒံအလက္ကဋူပါဒါနံ၊ သတ္တအတ္တော မစ္ဆာဒိဌိဟူ၍ပါဠိလာရှိသည်။ အဓါပ္ပါယ်ကား၊ အစိန္တေယျ၊ အပ္ပမေယျ အရှင်ဖြစ်တော်မူသော၊ အတုမရှိသော မြတ်စွာဘုရားကို၊ အတုသဏ္ဍာန်လုပ်၍ ကိုးကွယ်ခြင်း။ ထိုပြင်မှတပါး၊ ဤလောကအတွင်းမှာ လူထက်မမြတ်သော အရာဌာနတို့ကို လူထက်အမြတ်ထား၍ရိုသေစွာပြုလုပ်ပူဇော်ခြင်း။ တမလွန်သို့ပြောင်းသွားပြီးသောလူသေတို့အား၎င်း၊ ၎င်းတို့၏ ကာယအလောင်းကို ထမင်း၊ ဟင်း အစရှိသောအရာတို့ဖြင့် လူရှင်ကဲ့သို့မှတ်ပြီး လက်မကွာကျွေးမွေးခြင်း၊ ပေးကမ်းခြင်း၊ လှုဒါန်းပြုလုပ်ခြင်းများသည်၊ မသိသောပုထုဇဉ်သတ္တ၀ါတို့၏ မှားသောမိစ္ဆာဒိဌိဟူ၍ဆိုသည်။ရှင်တော်ဂေါတမသည်၊ အဂ္ဂိဝဇ္ဈပုဏ္ဏားအား ရုပ်တု၊ စေတီ တို့ကို မကိုးကွယ်ရန် ဟောကြားဆုံးမတော်မူခဲ့လေသည်။ ထိုမှတပါး မိမိကာယရုပ်အလောင်းကို အရိုအသေ မပြုလုပ်ရဟုတားမြစ်ပါတ်ပင်တော်မူခဲ့လေသည်မှာ အထင်းအရှားပိဋကတ်တွင်တွေ့နိုင်ပေသည်။
သံဃာဟူ၍ခေါ်သော စကား၏အဓိပ္ပါယ်ကို ပိဋကတ်ပါဠိတော်၌ပြဆိုသည်မှာ၊ သံသုဌုံ၊ ကိလေသေဟိသဘိတိသံယော ဟူ၍၀ိနည်း အဌကထာဒက္ခိဏသုတ်၌ပြဆိုသည်။ ၎င်း၏အဓိပ္ပါယ်မှာကား၊ လူတို့၏အတွင်း၌ဖြစ်သော လောဘ၊ ဒေါသ၊ မောဟ ဟုဆိုအပ်သော ကိလေသာတရားတို့ကို ပယ်ရှားသုတ်သင်၍ လူတို့၏စိတ်နှလုံးကို သန့်ရှင်းဖြူစင်စေအောင် ပြုပြင်စီရင်သောအရာသည်သာလျှင် ပရမတ္ထ သန့်ရှင်းတော်မူသော ၀ိညာဉ်တော် သံဃာစစ်စစ်ဖြစ်လေသည်။ ထို့ကြောင့် အ၀တ်ဖြူဖြူ၊ အ၀တ်ဝါ၀ါ ၀တ်သော်လည်း ဤလောကတွင်း၌ မွေးဖွားခြင်းကိုခံရသော အနိစ္စ၊ အနတ္တ၊ ဒုက္ခ ရှိသောပုဂ္ဂိုလ်မှန်ဟူသမျှတို့ကား လူ၏စိတ်ကို ညစ်ညူးစေတတ်သော လူ၏အတွင်း၌ရှိသော ဒုစရိုက်အပြစ်ကိုနှုတ်ပစ်၍ သန့်ရှင်းခြင်းအဖြစ်သို့ရောက်အောင် မဆောင်ကျဉ်းနိုင်ချေ။ သန့်ရှင်းသော ၀ိညာဉ်တော်တည်းဟူသော အတွင်းပရမတ်သံဃာမှတပါး မည်သည့်ပုဂ္ဂိုလ် တစုံတယောက်ကမျှ မတတ်စွမ်းနိုင်ချေ၊ ရှင်ဂေါတမကလည်း `` သဗ္ဗေသတ္တာကမ္မသကာ´´ ဟူ၍ဟောဆိုလေသည်။ ထို့ကြောင့် လူတိုင်းပင်လျှင် မိမိအတွင်း၌ရှိသော ဒုစရိုက်တရားတို့ကိုသော်လည်းကောင်း၊ မသန့်ရှင်း မစင်ကြယ်စေနိုင်ကြောင်းကို၎င်း၊ ပိဋကတ်တို့၌ အတိအလင်းပြဆိုလေသည်။ အဏုမြူဗုံးအကြောင်းကို စဉ်းစားလျှင်၊ ကမ္ဘာကြီးကုန်ဆုံးတော့မည်ဆိုသော ဘုရားသခင်၏ အမိန့်တော်သည်ပြည့်စုံလျှက်ရှိကြောင်းကို၎င်း သိသင့်ပါလေပြီ။ အဏုမြူတန်ခိုးသည် လေတွင်ရှိသော ရေဒီယိုဓါတ်ကို ရုတ်ချည်းချုပ်ချယ်လိုက်လျှင် လူသတ္တ၀ါတို့အသက်ရှင်နိုင်ကြဦးမည်လော။ အဏုမြူတလုံးသည် မိုင် ၁၀၀၀ စတုရန်း ပါတ်ဝန်းကျင် ရှိသမျကို ရှင်းရှင်းဖျက်ဆီးနိုင်ကြောင်း သတင်းစာတွင်ဖေါ်ပြသည်ဖြစ်၍ မြန်မာပြည်အတွက် ဖျက်ဆီးရန် ဗုံးတလုံးသာ လိုပါလေသည်၊ ရှေးအခါက ဘုရားကြွလာမည်မည်ဟူသောစကား၊ ကမ္ဘာကိုမီးနှင့်ဖျက်ဆီးမည်ဟူသောသစကားသည်၊ ပျက်ရယ်ပြုစရာ ဖြစ်ခဲ့ကြသော်လည်း၊ ယခုမူကား လူအပေါင်းတို့သည် ပျက်ရယ် မပြုနိုင်ကြတော့ပေ၊။ နိဂုံးချုပ်စကားဟူမူကား၊ ဤစာကိုဖတ်သောမိတ်ဆွေအပေါင်းတို့ ပိဋကတ်တွင်ပြခဲ့သော အစိန္တေယျ၊ အပ္ပမေယျ ကျေးဇူးတော်ဂုဏ်တော် ကံတော်အနန္တဟူသောစကား ၊ ကျေးဇူးတော်ဂုဏ်တော် ကံတော်အနန္တနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် လူမျိုးအပေါင်းတို့ကိုးကွယ်ထိုက်သော ဘုရားဖြစ်၍၊ ဤဘုရားသည် နိစ္စထာဝရတည်တော်မူသဖြင့်၊ နိစ္စ၊ သုခ၊ အတ္တဖြစ်သော လောကုတ္တရာ ပုဂ္ဂိုလ်ကြီးဖြစ်၍ နိယာမတရားငါးပါးတည်းဟူသော ဓမ္မတရား၊ ဥတု၊ ဗီဇ၊ ကမ္မ၊ စိတ္တ တို့ကို ဖန်ဆင်းစီရင်အုပါချုပ်ပိုင်သော ဘုရားစစ် ဘုရားမှန်ဖြစ်ပေတော့သည်။ ဤဘုရားသည်သာလျှင် လူသတ္တ၀ါအပေါင်းတို့ကို ဖန်ဆင်းတော်မူ၍၊ အကျိုးအဖြစ်ကို ဆပ်ပေးပိုင်သည်။ ဤမှန်သော ဘုရားကို ကိုးကွယ်၍ တရားတော်ကို လိုက်လျှောက်သောသူတို့သည် အဖြစ်ငရဲမှ လွတ်ကင်း၍ ကောင်းကင်ချမ်းသာကို ခံစားစံစားနိုင်ကြပေသည်တကား။ ဤသို့သောသူတို့သည် သံဃာအစစ်ဖြစ်၍ လောဘ၊ ဒေါသ၊ မောဟဟု ဆိုအပ်သော ကိလေသာ တရားတို့ကို ဖယ်ရှားသုတ်သင်နိုင်သောသူဖြစ်၍ အမောဟ ပညိန္ဒစေသတိတ်ဖြစ်ကြမည်။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူကို အဖိုးအခမပေးဘဲ အသက်ရေကိုယူပါစေ။ ငါသည်အလျှင်အမြန်လာမည်၊ မှန်၏ဟု ဤအရာများကို သက်သေခံသောသူမိန့်တော်မူ၏။ `` ၀န်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော ငါသည်ချမ်းသာပေးမည်၊ ငါထမ်းပိုးကို တင်၍ထမ်းကြလော၊ ငါ့ထံ၌နည်းခံကြလော၊ ငါသည် နုညံ့သိမ်မွေ့နှိပ်ချသော သဘောရှိ၏၊ သင်တို့စိတ်နှလုံးသည် သက်သာခြင်းရလိမ့်မည်၊ အကြောင်းမူကား ငါ့ထမ်းပိုးသည် ထမ်းလွယ်၍ ငါ့ဝန်လည်းပေါ့၏ ´´ ဟုခရစ်တော်မိန့်တော်မူလေသည်။ `` တောင်းကြလော၊ တောင်းလျှင်ရမည်၊ ရှာကြလော၊ ရှာလျှင်တွေ့မည်၊ တံခါးကိုခေါက်ကြလော၊ ခေါက်လျှင်ဖွင့်မည်´´ ဟု သခင်ခရစ်တော်က ဓမ္မမိတ်ဆွေအားဖိတ်ခေါ်နေပါသည်။ မိမိတို့၏ ဒုက္ခဆင်းရဲခြင်းမှ ကင်းလွတ်ပြီးသကာလ အေးငြိမ်းချမ်းသာ နေလိုကြကုန်သော ပုဂ္ဂိုလ်အပေါင်းတို့သည်၊ မိမိတို့မျှော်လင့်တောင့်တလျှက်ရှိသော အေးငြိမ်းချမ်းသာ သုခဘုံသို့ ပို့ဆောင်နိုင်သော တရား (၀ါ ) ကောင်းကင်ရွှေပြည်သို့ပို့နိုင်သော`` အသက်ရှင်တော်မူ၍ နိစ္စထာဝရမည်ရှိတော်မူသော အစိန္တေယျ၊ အပ္ပမေယျ အရှင်ဘုရားတကာတို့၏သခင်´´အား စူးစမ်းရှာဖွေရန်အခါအခွင့်သင့်လေပြီ။ အချိန်မနှေင်းမီ ခရစ်တော်၏ သြ၀ါဒစကားအရ ( ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကိုရှေးဦးစွာရှာကြလော့) ဟူသည်နှင့်အညီ ယခုပင် ဤစာအားဖတ်မိသည့်အချိန်မှစ၍ -
သုဏေယျ-ကြားနာကြပါကုန်လော။
စိန္တေယျ-ကြံစည်တွေးစကြပါကုန်လော။
ပုစ္ဆေယျ-မသိမရှင်းသမျှကို မေးမြန်းကြပါကုန်လော။
ဝိစာရေယျ-မှားသည်မှန်သည်ဤနှစ်လီကို ဒွိဟ၀ိဝါမထင်ရှား၊ စိတ်ဝယ်သံသယရှိသမျှကိုဆင်ခြင်ကြကုန်လော။
သိက္ခေယျ-အထူးလေ့လာကြပါကုန်လော။
အမှောင်ခွင်း၍ အလင်းဆောင်နိုင်ကြပါစေသတည်း။
မဂ်ဖိုလ်၊ နန်းအမတသို့ မျက်မှောက်ပြုနိုင်ကြပါစေသော်ဝ်………။။

ဗြဟ္မဏတို့စီရင်ရေးထားသောကျမ်းစကားအချို့တို့ကိုရှင်ဂေါတမအဟောလုပ်၍ပိဋကတ်ထဲသို့သွင်းထားသည်ကိုပြခြင်းအကြောင်း ။ ။

ဧကနိပါတ်အင်္ဂုတ္ထိုလ်ဋီကာကျမ်း၌ ဖုဿရသန္တိမင်္ဂရတံဟူသောစကားသည် ၊ အာကာသသျှတ္တရဗေဒင်ကျမ်းစကားဖြစ်သည် ။ သေဌိနိပါတ်သံကိစ္စဇာတ်တွင် ၊ မင်းတို့၏ဘိသိပ်မြောက်ရာကိုပြသောအခဏ်ဖြစ်၏ ။ နိက္ခိပ္ပဉ္စကတုဓာနီ ၊ ကာသိနံရဌ ၀ဍ္ဎနော ၊ ၀ါနဗီဇဥဏှိဿံခံသတ္တဉ္စပါဟနံ။ ။ဟူသောပါဠိစကားသည် ။ လောကီသတ္တနိပါတ် ၊ မနောဇဇာတ်များတွင်လည်း၎င်းစကားထည့်ခားသည်။ အာယောဃရဇာတ် ။ ဥမင်္ဂလဇာတ်တို့၌ကိုယ်ဝန်ဆောင်ရာအခဏ်း ။ ယမေကရတ္တထပဌမံဂဗ္ဘောသတိမာဏဝေါ ။ ။ဟူသောပါဠိစကားသည် ။ သရကောတိဆေးကျမ်းစကားဖြစ်သည် ။ ၎င်းစကားအတိုင်း မူလပဏ္ဏာသ အဌကထာမဟာတဏှာသင်္ခါရသုတ်အစရှိသည်တို့၌လည်းခည့်ခားလေသည်။အင်္ဂုတ္တိုလ်ကျမ်း၊ စးဠ၀ါကျမ်းတို့၌ ၊ တမန်အရာအင်္ဂါရှစ်ပါးကိုပြသော ။ အင်္ဂေတိသမ္ပန္နာဂတောဒူတော၊ အစရှိသောပါဠိစကားသည်ဗြဟ္မဏတို့စီမံရေးသားသော ။ ရဇန၀ါကျဓမ္မသတ်ကျမ်းစကားဖြစ်သည် ။ ပရိတ်ကြီး ရတနသုတ်တွင်လည်း။ ပစာရဒိဝါစရတ္တောစတရန္တိယေဗလီ ။ ။ဟူသောပါဠိစကားသည် ။ ပုစ္ဆန်းဆရာတို့နတ်ကိုပင့်ခေါ်သောဇောတတ္တကျမ်းစကားဖြစ်သည် ။ ။သီလက္ခန်ပါဠိတော်၌ ။ ။ဒိသာဒါဟောတိ ၊ ဒိသာကာလုဿိယံ . အဂ္ဂိသိခါမုဘိခါဒိဟိအာကုလတ ဝေဟိယ ။ ။ဟူ၍ပြသောပါဠိစကားသည် ဗြဟ္မဏဆရာတို့စီမံရေးသားသော ။ သရောဒယဇောတိတတ္တကျမ်းရင်းစကားဖြစ်သည် ။ ၎င်းပါဠိစကား၏အဓါပ္ပါယ်မှာ ။ ကျတ်ဂြိုလ်တွက်ရာ ၊ ကိတ်နိမိတ်လက္ခဏာအခဏ်းအနားကိုဟောဘော်ပြသောပါဠိစကားဖြစ်သည် ။ ယခုရဟန်း ၊ ရှင်လူတို့က ရှင်ဂေါတမဟောသောပါဠိအဖြစ် ဒေသနာတော်တင်ကြသည် ။အဌကထာဋီကာကျမ်းတို့၌ ။ ပထ၀ီ ။ အာပေါ ။ ၀ါယော ။တေဇော ဟုဆိုအပ်သော။ဓါတ်လေးပါးအခြင်းအရာကိုပြခြင်းမှာ ။ ဒပ္ပဂုဏပကာသဆေးကျမ်းစကားသာဖြစ်လေသည်။
သင်္ဂြိုလ်ကျမ်း ။ သံယုတ်ကျမ်းအဌကထာအစရှိသောကျမ်းတို့၌ ၊ ပဌမံကလသံဟောတိ ၊ အစရှိသောပါဠိစကားတို့မှာ ။ သမုတိဆေးကျမ်း၊ သုဿူကဆေးကျမ်း ၊ မဟာဘဂ၀ဆေးကျမ်း ၊ ၎င်းသုံးကျမ်းတို့၏ပါဠိစကားရင်းများဖြစ်သည် ။ ၎င်းပါဠိတို့၏အဓါပ္ပါယ်မှာ ၀မ်းဆွဲမိန်းမတို့နားလည်စေဘို့ရန် ၊ မိန်းမတို့၌ကိုယ်ဝန်တည်ပုံ ၊ ဘွားမြင်ပုံ အခဏ်းအနားတို့ကိုပြဆိုသောပါဠိဖြစ်သည် ။ ရှင်ဂေါတမဟောဖေါ်ပြသောကျမ်းစကားလုံးလုံးမဟုတ်ပါလေ ။
ဗုဒ္ဓ၀င်ကျမ်းကြီးတစောင်လုံးကိုစစ်ဆေးကြည့်ရှုလျှင် ။၎င်းကျမ်းကိုစီရင်ရေးသားထားသော ။ သထုံမြိ့ သား ရှင်ဗုဒ္ဓတ်သည် အဘယ်ကျမ်းစုကို အမှီပြု ရေးသားထားပါသနည်းဟုဆိုရပါလျှင် ။ ရှင်ဂေါတမမပေါ်ထွန်းမီဗြဟ္မာဏအမျိုး ၀ါလမိဂရသေ့စီရင်ရေးသားသော ဘင်္ဂလီရာမ ၊ ကလယ်ရာမ ၊ ပုံတော်ရာမ သုံးကျမ်းနှင့် ဗျာသစသောရသေ့ ဆရာတို့စီရင်ရေးသားသော ပူရာဏကျမ်းတို့ကိုအမှီပြုပြီးလျှင်ရေးသားသောဗုဒ္ဓ၀င်ကျမ်းဖြစ်လာရလေတော့သတည်း ။
ဤကားပိဋကတ်ကျမ်းတို့၌၊ရှင်ဂေါတမ၊မပေါ်ထွန်းမှီဗြဟ္မဏတို့စီရင်ရေးသားသောကျမ်းစကားတို့ကိုရှင်ဂေါတမအဟောလုပ်၍သွင်းထားသောပါဠိစကားအရပ်ရပ်တို့ကို ရွေးချယ်ထုတ်နှုတ်စစ်ဆေးပြီးလျှင်ခွဲခြားထုတ်နှုတ်၍ပြခြင်းမျလောက်သာဖြစ်ကြောင်းပေတည်း ။။ဤကဲ့သို့ရွေးချယ်ထုတ်နှုတ်ပြသော်လည်း ။ အမှန်ကိုမယုံလိုသောသူတို့က ။ ကိုယ်တိုင်လည်းမရှာလို ၊ သူတပါးစစ်ဆေး၍ပြသော်လည်းမယုံကြည်လို ။ မယုံနိုင်ဖြစ်ကြပြန်လေသည်။

ရှင်ဂေါတမရသောသဗ္ဗညုတညာဏ်တော်ကိုပြခြင်းအကြောင်း။ ။

ရှင်တော်ဂေါတမသည်၊ အလုံးစုံအကြွင်းမရှိသိမြင်နိုင်သောရွှေညာဏ်တော်ရသည်ဆိုသည်၊ သို့သော်လည်း၊ ရှင်တော်ဂေါတမသည်၊ လောကီ၊ လောကုတ္တရာနှစ်ဖြာသောအရာတို့ကို အကြွင်းမရှိသိမြင်သည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော်၊ ပိဋကတ်ကျမ်းတို့ကပြဆိုသောပါဠိကို ထောက်၍သိရသည်။ ပိဋကတ်ကျမ်းတို့ကဆိုသောအရာကိုပြဆိုဦးမည်။ ။သဗ္ဗညုတဥာဏမ္ပနကာမာဝါစရဓမ္မံလောကီယမေ၀ါတိ။ ။မြန်မာလိုအနက်ဆိုရပါက၊ သဗ္ဗညုတဥာဏမ္ပန၊ သဗ္ဗညုတဥာဏ်ဟူသည်ကား၊ ကာမာဝစရဓမ္မံ၊ ကာမ၀ါစရတရားဖြစ်သော၊ လောကီယမေ၀၊ လောကီဓါတ်နှင့်ယှဉ်သောဥာဏ်ပေတည်း၊ ဣတိ၊ ဤသို့၊ ဒဌဗ္ဗံ၊ မှတ်အပ်ကုန်၏။ ။ မဟာသီဟနာဒသုတ်အဌကထာတွင်ပြဆိုသောကြောင့်၊ ၎င်းကျမ်းဆရာတို့အလိုအားဖြင့်၊ ရှင်တော်ဂေါတမရသောဥာဏ်သည်၊ လောကုတ္တရာဥာဏ်မဟုတ်၊ လောကီဥာဏ်ဖြစ်သည်၊ ၎င်းအပြင်တနည်းအားဖြင့်၊ ဆအာသဓရဥာဏ်တော်ခြောက်ပါးဟူသည်ကား၊ ဣန္ဒြိယပရော ပရိယတ္တိဥာဏ်၊ အာသာနုသဥာဏ်၊ ကရုဏာသမာပတ္တိဥာဏ်ဟူ၍။ ၎င်းခြောက်ပါးသောဥာဏ်ကိုရှင်ဂေါတမသာရသည်မဟုတ၊ မြေကြီးပေါ်မှာရှိသောာယောင်္ကျား၊ မိန်းမ၊ မည်သည့်လူမျိုးမဆိုတို့ရနိုင်သောဥာဏ်စုဖြစ်သည်၊ ၎င်းခြောက်ပါး၏အရာကိုအခြေအနေနှင့်ပြဦးမည်၊ ၎င်းခြောက်ပါးသောဥာဏ်တို့သည်၊ မနောဒွါရစိတ်နှင့်ယှဉ်သောအာရုံသဘောပင်ဖြစ်သည်၊ ၎င်းမနောဒွါရစိတ်နှင့်ယှဉ်၍ဖြစ်သောအကြောင်းကို အထောက်အထားပါဠိနှင့်ယှဉ်၍ ပြဦးမည်။ ။ဣဒံစိတ္တံတီသုဘဝေသုသဗ္ဗသံသစိတ္တစိတ္တာနံ။ သာဓါရဏံနတဿစိတ္တကဿနဥပ္ပဇ္ဇမာနံဆအာသာဓါရဏဥာဏနိပိဣမိနာဂတိတာရမ္မဏံမေ၀ ဂဏှန္တိမဟာဂဇံနာမေတံစိတ္တံ နဣမဿအာရမ္မဏံနာမအတ္ထိသဗ္ဗသုတဥာဏဂဟိတံနာမကတမန္တိဝုတ္တေနဣဒန္တိဝတ္တပ္ပံ။ ။အနက်ကား၊ ဣဒံစိတ္တံ၊ မနောဒွါရ၀ဇ္ဇာန်းစိတ်သည်၊ တိသု၊ သုံးပါးကုန်သော၊ သစိတ္တကကသတ္တာနံ၊ စိတ်ရှိကုန်သောသတ္တ၀ါအပေါင်းတို့၌၊ သာဓါရနံ၊ ဆက်ဆံကုန်၏၊ ကဿစိ၊ တစုံတခုသောသတ္တ၀ါအား၊ နဥပ္ပဇ္ဇတိနာမံ၊ မဖြစ်မည်သည်၊ နတ္ထိ၊ မရှိ၊ ဥပ္ပဇ္ဇမာနံပန၊ ဖြစ်သည်ကား၊ ပဉ္စဒွါရေ၊ ငါးပါးသောဒွါရတို့၌၊ ဝေါဌပ္ပနံဝုဌော၊ ဤအရာသည်၊ ဟောတိ၊ ဖြစ်၏၊ မနောဒွါရေ၊ မနောဒွါရတို့၌၊ အာဝဇ္ဇနံ၊ အာဝဇ္ဇာန်းသည်၊ ဟောတိ၊ ဖြစ်၏၊ ဆအာသာဓါရဏညာဏနီပိ၊ ခြောက်ပါးသောအာသာဓါရဏဥာဏ် တို့သည်လည်း၊ ဣမိနာ၊ ဤမနောဒွါရအာဝဇ္ဇန်းစိတ်သည်၊ ဂဟိတရမ္မဏမေ၀၊ ယူအပ်ပြီးသောအာရုံကိုသာလျှင်၊ ဂဏှန္တိ၊ ယုံကုန်၏၊ ဧတံစိတ္တံ၊ ထိုမနောဒွါရ၀ဇ္ဇန်းစိတ်သည်၊ မဟာဂဇံနာမ၊ ဆင်ပြောင်ကြီးနှင့်တူသောစိတ်မည်၏၊ ဣမဿ၊ ဤမနောဒွါရ၀ဇ္ဇန်းစိတ်၏၊ အာရမ္မဏံ၊ အာရုံမဟုတ်သောအရာမည်သည်၊ နတ္ထိ၊ မရှိ၊ အသဗ္ဗညုတညာဏဂတိဟံ၊ သဗ္ဗညုတညာဏ်မည်သည်ကား၊ ကတံနာမ၊ အဘယ်စိတ်နည်း၊ ဣတိ၊ ဤသို့၊ ၀ုတ္တေ၊ ဆိုသော်၊ ဣဒံနာမ၊ ဤမနောဒွါရစဇ္ဇန်းစိတ်ပေတည်း၊ ဣတိ၊ ဤသို့၊ ၀တ္တပ္ပံ၊ ဆိုအပ်၏၊ ဤသို့အဌသာလိနီ စတ္တပ္ပါဒကဏ္ဍတွင်ပြသောကြောင့်၊ ၎င်းဆအသာဓါရခြောက်ပါးသောအာရုံတို့၌ပင်ရကြောင်းသိအပ်သည်၊ ၎င်းမနောဒွါရ အာဝဇ္ဇန်းစိတ်၏ပြဌာန်းရာ၊ ခြောက်ပါးသောအာရုံသဘောနှင့်၊ ဆက်ဆံ၍သိသော၊ မြင်သောဥာဏ်ကိုသာလျှင် ရှင်တော်ဂေါတမ ရသည်သာတည်း၊ လောကီ၊ လေကုတ္တရာ နှစ်ဖြာသောအရာတို့ကို၊ အကြွင်းမရှိမြင်နိုင်သောအနန္တသဗ္ဗညုတဥာဏတော်ကိုသော်၎င်း၊ ကမ္ဘာမိုးမြေနှင့်တကွ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း စီရင်ပြုပြင်တော်မူနိုင်သော ဥာဏ်တော်ကို၎င်း၊ ရှင်တော်ဂေါတမသည် မည်သည့်အခါကမျှမရခဲ့သလို၊ ဘယ်သောအခါမျှလည်း ရမည်မဟုတ်ချေ၊ ရှင်တော်ဂေါတမသာလျှင် မရသည်ဟုအမှတ်အပ်၊ ရှင်တော်ဂေါတမကဲ့သို့၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ မကင်းနိုင်းသော မြေကြီးသား အပေါင်းတို့ သည်လည်း မည်သူတဦးတယောက်မျှရသည့် အရာဟူ၍မမှတ်အပ်ပါလေ။ ။ ဆအသာဓရဥာဏ်ခြောက်ပါးကိုရှင်ဂေါတမရသည်ဆိုသောအရာကို၊ နားမလည်သောသူတို့က၊ တကဲ့အကြီးအကျယ်ဥာဏ်ဟူ၍၊ ဗုဒ္ဓဘာသာ၊ ရဟန်း၊ ရှင်လူတို့သည်၊ အမှန်ဧကောဗုဒ္ဓေါဟူ၍ထင်မှတ်မှားကြလေ၏။ ။ ထိုကဲ့သို့ထင်မှတ်သည့်အတိုင်း၊ ပိဋကတ်ကျမ်းကမပြဆိုသည့်အပြင်၊ သစိတ္တကသတ္တာနံ၊ ဆိုသောပါဠိကို၊ အဓိပ္ပါယ်ကုန်စင်အောင်ယူလျှင်၊ တိရိစ္ဆာန်ပင်ဟူ၍ရသည်၊ ယူရန်ရှိသည်။ သို့သော်လည်းဤကျမ်းကိုရေးသားသောအကျွန်ုပ်မှာ၊ ရှင်တော်ဂေါတမဥာဏ်တော်ခြောက်ပါးကို၊ တိရိစ္ဆာန်ပင်ရသည်ဟုမဆိုလိုပါပေ၊ အဌသာဠိနီဆရာဆိုသည်ကိုသာဘော်ပြလိုက်ပါသည်။ ။ရှင်တော်ဂေါတမသည်အလုံးစုံတို့ကို အကြွင်းမဲ့မသိမမြင်ကြောင်းကိုကျမ်းသက်သေခံသည်မှာ။ ။ အနမတဂ္ဂါယံဘိက္ခဝေသံသာရောပုပ္ပကောဋိနပညာယတိအာဝိဇ္ဇာနိဝရဏာနံသတ္တာနံတဏှာသံယောဇနံသန္ဓာဝတံသိံသရတံ။ ။အနက်ပြန်ရလျှင်။ ဘိက္ခဝေ၊ ရဟန်းတို့၊ အယံသာရော၊ ဤခန္ဓာအာရတနာဓါတ်တို့၏အစဉ်မပြတ်ဖြစ်ခြင်းသည်၊ အနမတဂ္ဂေါ၊ အတိုင်းအရှည်မရှိ၊ အ၀ိဇ္ဇာန်ဝရဏာနံ၊ အ၀ိဇ္ဇာနိဝရရှိကုန်သော၊ တဏှာသံယောဇနာဏံ၊ တဏှာသံယောဇဉ်တည်းဟူသောကြိုးဖြင့်ဖွဲ့ အပ်ကုန်သော၊သန္ဓာဝတုံ၊ ဤဘ၀မှသည်၊ သံသရန္တ၊ ပြောင်းသွားကုန်သော၊ သတ္တာနံ၊ သတ္တ၀ါတို့၏၊ ပုဗ္ဗေ ရှေးဖြစ်ကုန်သော၊ ကောဋိ၊ အစွန်းကို၊ နကညာယတိ၊ ငါမသိငါမထင်နိုင်ကုန်။ ။ ဤကဲ့သို့ နိဒါန၀ါရသံယုတ်အနမတဂ္ဂသုတ်တွင်ပြသည်၊ ထိုသို့ပြဆိုသည်ဖြစ်သောကြောင့်၊ ရှင်တော်ဂေါတမ၌အလုံးစုံအရာတို့ကို၊ သိမြင်နိုင်သောဥာဏ်မရှိကြောင်းကိုသိရလေသည်။ ။၎င်းနိဒါန၀ရံသံယုတ်ကျမ်းသည်လည်း၊ ရှင်ဗုဒ္ဓဃောသ၊ သီဟိုဠ်မှပြန်ရောက်၍နှစ်ပေါင်းတထောင်အတွင်း၊ သထုံပြည်မှာရေးသောကျမ်းဖြစ်သည်၊ ၎င်းအပြင်ရှင်တော်ဂေါတမသည်၊ ကိုယ်တိုင်ရှိစဉ်ကပင် မသိကြောင်းကိုထင်ရှားစွာဟောကြားထားသည်ကို၊ ဗုဒ္ဓ၀င်ကျမ်းတို့၌တိုက်ရိုက်ပြဆိုသည်မှာ၊ ရှင်တော်ဂေါတမသည်၊ ဗေဓိညောင်ပင်သို့ရောက်၍၊ သတ္တဌာန၊ လေးဆယ့်ကိုးရက်စေ့ပြီးသည့်နောက်။ ကပ္ပိလ၀တ်ပြည်မှမိမိထွက်လာစဉ်အခါက၊ ရှေးဦးစွာလောကဈာန်ရှစ်ပါးကို၊ သင်ယူခဲ့ဘူးသောပဌမဆရာ၊ အာဠာရရသေ့ထံ တရားစောသွားမည်ဟု့အကြံရှိရာ၊ ၎င်းအကြံကို နတ်သားတယောက်ကသိ၍ပြောသည်မှာ၊ အာဠာရရသေ့သည်လွန်ခဲ့သောခုနှစ်ရက်မြောက်ကပင် သေဆုံးသွားပါပြီဟူ၍ဆိုရလေ၏၊ တဖန်၊ ရှင်တော်ဂေါတမသည်၊ ဒုတိယ ဆရာဖြစ်သော ဥဒက ရသေ့ထံသို့သွားမည်ဟုအကြံရှိလေပြန်ရာတွင်၊ အထက်နည်းတူ နတ်သားကဆိုလေသည်မှာ၊ ယမန်ညသံခေါင်းယံအချိန်ကပင် ၎င်းလည်းသေဆုံးသွားပြီဖြစ်ကြောင်းကြားပြောလေ၏၊ ဤသည်ကိုကြည့်ခြင်းအားဖြင့်၊ ထိုရသေ့ဆရာညီနောင်တို့ဆုံးသွားသည်ကိုပင် မသိကြောင်းဗုဒ္ဓ၀င်တို့တွင် တိုက်ရိုက်ဖေါ်ပြထားလေသည်။ ထို့ကြောင့် ရှင်တော်ဂေါတမ၌အကြွင်းမဲ့သိကြွမ်းသောနိုင်သောဥာဏ်မရှိကြောင်းကို ရှင်းလင်းစွာသိရှနိုင်ပေသည်။ ယခုဆိုပြခဲ့သောအရာတို့ကိုမစဉ်းစားလိုသောသူတို့က၊ နတ်သားမပြောဘဲနှင့်သိပါသည်ဟူ၍ မဖြေမိပါစေနှင့်ဦးလေ။ ကထေဋက မျသာပုစ္ဆာဖြစ်မည်၊ အသိပေးလိုပါသည်။ ။ အကယ်၍ယခုဗုဒ္ဓဘာသာရဟန်း၊ ရှင်လူတို့ ယူကြသည့်အတိုင်း၊ ရှင်ဂေါတမ၌အကြွင်းမရှိသိနိုင်၊ မြင်နိုင်သော သဗ္ဗညုတဥာဏ်ကိုရရှိပါစေဦးတော့၊ အလုံးစုံတို့ကို ဖန်ဆင်းပြုပြင်စီရင်နိုင်သော၊ ဥာဏ်ရှင်မဟုတ်သောကြောင့်၊ ဘုရားဟူ၍အခေါ်မခံထိုက်ပါပေသေး။ ရှင်တော်ဂေါတမသည်၊ ဥပမာပြရပါကအဘယါ သို့သောသူနှင့်တူပါသနည်းဟူမူကား၊ ဆပ်ကပ်ပွဲတွင် ပဌမတန်းက၀င်၍ကြည့်သောသူနှင့်တူစရာရှိပါ၏။ ဆပ်ကပ်ပွဲ၏အကြောင်းကိုပြောမည်၊ တခါတရံအနောက်နိုင်ငံကြီးမှလာ၍မြန်မာပြည်၌ရှိသော၊ ရန်ကုန်၊ မန္တလေး၊ ပြည်၊ မော်လမြိုင် အစရှိသည်တို့တွင်ကွဲခင်းလျှင်၊ ထိုဆပ်ကပ်ဆရာသည်ပြလျှင်၊ ထိုအခါမြို့သူမြို့ သားတို့သည်။ မိမိတို့ငွေအနည်း၊ အများတို့ကိုလိုက်၍၊ ပဌမတန်း၊ ဒုတိယတန်း၊ တတိယတန်း အစရှသည်တို့ဖြင့်ထိုပွဲကြီးကို ၀င်၍ကြည့်ကြပေမည်၊ထိုအခါဆပ်ကပ်ဆရာတို့ပြသော အရာတို့ကိုလူတိုင်းကတိုးဝှေ့ကာဝင်၍ ကြည့်နိုင်မည်မဟုတ်ချေ။ ကြည့်ရသည်လည်းမဟုတ်သောကြောင့်၊ ဆပ်ကပ်ပွဲကို ပဌမတန်းက၀င်၍ ကြည့်သောသူသာလျှင်၊ တခါမျှမမြင်၊ မကြားဘူးသောကျေးတောသူတို့အား၊ မိမိမြင်သည့်အတိုင်းပြောသောအခါတွင်၊ ကျေးရွာသူ/သားတို့က သူတို့ကိုယ်တိုင် မမြင်ရသောကြောင့် ပြောပြသောသူအားအလွန်အံသြချီးမွမ်းကြလေ၏၊ ၎င်းဥပမာကိုဤမျှနှင့်တော်ဦးမည်။။ ၎င်းဥပမာတွင်စဉ်းစားရန်ရှိသည်မှာ၊ ဆပ်ကပ်ပွဲအကြောင်းကိုပြောဆိုနိုင်သောသူသည်၊ ဆပ်ကပ်ဆရာပြသ၍သာမြင်ရ၍ပြောပြနိုင်သည်၊ ၎င်းဆပ်ကပ်ဆရာမပြသောအရာတို့ကိုကား၊ မမြင်၊ မသိရသောကြောင့်ပြောပြနိုင်မည်မဟုတ်ပေ၊ သို့သော်လည်း၎င်းဆပ်ကပ်ပွဲက အခမ်းအနားအကြောင်းကို တခမ်းမနားပြောပြသွားသောအခါတွင်၊ ကုန်စဉ်အောင်တခုမကျန် ပြောဆိုနိုင်သော်လည်း (အထူးသတိပြုရန်မှာ) ထိုသူသည်၊ ဆပ်ကပ်ကွဲကိုပြုပြင်စီရင်နိုင်သောသူကား လုံးလုံးမဟုတ်ပါလေ။ ဥပမေယျ ထိုနည်းတူစွာဆိုရပါလျှင်၊ ပဌမတန်းရှင်ဘုရင်၏သားဖြစ်သော ရှင်တော်ဂေါတမသည်၊ ဘုရားသခင်ပြတော်မူသောလောကီ၊ လောကုတ္တရာအရာတို့ကိုသိမြင်ရ၍၊ ပစ္စ န္တရစ်အရပ်သားတို့ အားအကြွင်းမရှိဟောပြောပြသနိုင်သော်လည်း၊ ဆပ်ကပ်ကိုကြည့်ရသောသူသည်၊ ဆပ်ကပ်ဆရာမဖြစ်နိုင်သကဲ့သို့၊ ထိုနည်းတူရှင်တော်ဂေါတမသည်လည်း၊ အလုံးစုံတို့ကိုစီရင်ပြုပြင်နိုင်သောအနန္တ၊ အစိန္နေယျ၊ အပ္ပမေယျ သဗ္ဗညုတရွှေဥာဏ်ရှင်ကားမဖြစ်နိုင်ရာ။ ။

ရှင်ဂေါတမသည်ဘုရားရှိခိုးကြောင်းကို ပိဋကတ်တို့ကပြခြင်းကြောင်း ။ ။

ရှင်ဂေါတမသည်၊ ဗောဓိညောင်ပင်အောက်သို့ရောက်ပြီးနောက် ၊ မြက်ခင်းနေရာမှာထ၍ ၊ မတ်တပ်ရပ်ရှိခိုးပြီးလျှင် ၊ မမှိတ်သောအနိမိဿစက္ခုဖြင့် ၊ ခုနှစ်ရက်ပါတ်လုံးဘုရားရှိခိုးကြောင်းကို ၊ ပါရာဇိကာဏ်အဌကထာကျမ်းတွင်တိုက်ရိုက်ဖွင့်ပြသည်မှာ ။ ။ ဗုဒ္ဓရူပံပဿန္တော သတ္တဒီဝသနီအက္ခီပူဇံနာမအကာသိ ။ ။အနက်ကား ၊ ဗုဒ္ဓရူပံ ၊ ဘုရားရှင်၏ဗျာဒိတ်ရူပါရုံကို ၊ ပဿန္တော ၊ ကြည့်ရှုလျှက် ၊ သတ္တဒီဝသနီ ၊ ခုနှစ်ရက်ပါတ်လုံး ၊ အက္ခီ ၊ မမှိတ်သောမျက်စိဖြင့် ၊ ပူဇံနာမ ၊ ပူဇော်ခြင်းအမှုကို ၊ အကာသိ ၊ ပြု၏ ။ ။ဤကဲ့သို့ပိဋကတ်ကျမ်းဂါန်တို့၌ ၊ ရှင်တော်ဂေါတမသည် ဘုရားရှိခိုးကြောင်းကို ပြပါလျှက်နှင အမှန်ကိုမယုံကြည်လိုသောသူတို့ကိုယ်တိုင်ကလည်းပိဋကတ်ကိုမစစ်ဆေးဘဲနှင့် ၊ လွှဲရှောင်၍ပြေကြသည်မှာ ၊ ရှင်ဂေါတမသည်ဘုရားရှိခိုးသည်မဟုတ် ။ ညောင်ပင်နှင့်ပလ္လင်ကိုသာရှိခိုးသည်ဟူ၍ ငြင်းဆိုကြသည်များမှာ ၊ မစဉ်းစားပြေဆိုခြင်းဖြစ်သည် ၊ အဘယ့်ကြောင့်ဆိုသော် ၊ ၎င်းညောင်ပင်နှင့် မြက်ခင်းနေရာပလ္လင်သည် ၊ ရှင်တော်ဂေါတမအတွက်အဘယ်အရာများကျေးဇူးပြု၍ ရှိခိုးစရာအကြောင်းရှိပါသနည်း ။ ဤကဲ့သို့ရှင်ဂေါတမ ဘုရားရှိခိုးကြောင်းကို ပိဋကတ်ကျမ်းတို့ကပြဆိုသောကြောင့် ။ ရှင်ဂေါတမထက် ကြီးမြတ်တော်မူသောဘုရားသခင်ရှိကြောင်းကိုသိစေဘို့ရန်စစ် ဆေး၍ပြလိုက်သည် ၊ ထိုကဲ့သို့ပိဋကတ်ကရှင်ဂေါတမသည် ၊ ဥာဏစက္ခုအားဖြင့် ၊ ဘုရားသခင်၏ဗျာဒိတ်ရူပါရုံကိုကြည့်ရှု၍ ၊ ဘုရားသခင်ရှိကြောင်းကို သိ၍ ရှိခိုးကြောင်းကို ပြဆိုပါလျှက်နှင့်အဘယ့်ကြောင့်၊ တလိုင်းမြန်မာလူမျိုးတို့က ၊ ရှိခိုးကိုးကွယ်ခြင်းမပြုကြပါသနည်းဆိုလျှင် ၊ ရှင်ဂေါတမရှိခိုးသောကြောင့် သူတို့သည်ရှိမခိုးဘဲနေကြလေသလော ၊ ရှင်တော်ဂေါတမကထိုဘုရားသခင်အားရှိမခိုးခဲပါက သူတို့သည်ရှိခိုးကြပေလိမ့်မည်လော ။

အတုမရှိသောဘုရားသခင်ကို၎င်း၊ ဘုရားသခင်ဖန်ဆင်းတော်မူသောလေကဓါတ်ကို၎င်း ၊ မကြံစည်အပ်သည်ကို ပိဋကတ်ကပြခြင်း။ ။

လောကေ ၊ လောကကို ၊ နစိန္ဆိယံ ၊ မကြံစည်အပ်သည်ကို ၊ စိန္တာယံဿ ၊ ကြံစည်သောသူသည်ကား ၊ ဥမ္မာတဿ ၊ သူရူးနှင့်လည်းတူ၏ ၊ အ၀ိဂတဿစိတ်ဖေါက်ပြန်သောသူနှင့်လည်းဆူ၏ ၊ ဗုဒ္ဓဿ ၊ အတုမရှိသောမြတ်စွာဘုရားသခင်ကိလည်း ၊ နစိန္တိယံ ၊ မကြံစည်အပ်သည်ကို ၊ စိန္တာယဿ ၊ ကြံစည်သောသူအားလည်း ၊ ဥမ္မာတဿ ၊ သူရူးနှင့်လည်းတူ၏ ၊ အ၀ိဂတဿ ၊ စိတ်ဖေါက်ပြန်သောသူနှင့်လည်းတူ၏ ။ ။ဤသို့ပိဋကတ် လောကဒီပကာသာရ ကျမ်းကပြဆိုပါလျှက်နှင့် ။ မြန်မာရဟန်း ၊ ရှင်လူတို့သည် ၊ ဘုရားသခင်၏ဇာတိတော် ၊ တဂိုရ်တော်ကိုကြံစည်ယုံသာမက ၊ မိမိတို့ကိုယ်ကိုပင်ဘုရားဖြစ်ဖို့ရာ ၊ အ၀ိညာဏအသက်မရှိသော အနေကဇာတင်ရုပ်တု့ရှေ့မှာပင်ဘုရားဖြစ်ရန်အရေးဆုတောင်းသောသူလည်းအများရှိ၏ ။ဘုရားသခင်၏ဇာတ်တော်ကို၎င်း ၊ နဂိုရ်တော်ကို၎င်း ၊ ကြံစည်ဖို့ရာမဆိုထားပါလေနှင့်ဦး ဘုရားသခင်ဖန်ဆင်းထားတော်မူသော ပန်းတပွင့်၏ အဖြစ်ကိုပင် ဆုံးခန်းတိုင်အောင် သိနိုင်အောင်ပင်ကြံစည်ပါလေဦး ။ မီးခြစ်ဆံတချောင်းကိုမျလုပ်နိုင်သောဉာဏ်မရှိပါဘဲလျှက်ဘုရားဖြစ်ဖို့ရာကြံစည်ဖြင်းမှာအဘယ်မှာလျှင်ဖြစ်နိုင်ပါအံ့နည်း အိုဘယ့်အဆွေ ။ ။