This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

Thursday, March 25, 2010

ဗုဒ္ဓ၏အနာဂတ၀ံစကားတော်


``အရင်ကျသည် နောက်ကျသည်ကအရေးမကြီး၊ မည်သူမည်ဝါဖြစ်သည်နှင့် ရည်ရွယ်ချက်သည်သာအရေးကြီးသည့် ပဓါနဖြစ်သည်၊ ဂေါတမနှင့် ယေရှုခရစ်တော်ဘုရား၏ ရှုထောင့်နှစ်မျိုးလုံးတွင် ကွဲပြားခြားနားလှပေသည်´´
Inta Chanthavongsouk

၁။ဗုဒ္ဓကျမ်းဂန်မှစကားများ။

လများကုန်သည်နှင့်အမျ၊ ကျွန်တော် ဂေါတမ၏ စကားများကို လေ့လာနေလိုက် သမ္မာကျမ်းစာနှင့် ချိန်ထိုးလိုက်ဖြင့် ဗုဒ္ဓ၏ ( ၇ ) ကြိမ်မြောက်တည်းဖြတ်ခြင်း စာမျက်နှာ ၃၃၀ တွင် ဤသို့တွေ့ရလေသည်။
``ကြည့်ရှုလော အမျိုးသမီးတစ်ဦးသည် ရဟန်းမအဖြစ် ( သင်္ကန်းဝတ်) မရှိလာပါက၊ ဗုဒ္ဓဘာသာသည့် ၅၀၀၀ ကြာလိမ့်မည်၊ အကယ်၍ရှိလာပါက ၅၀၀ သာဖြစ်လိမ့်မည်၊ ဤကားငါ၏ သွန်သင်ချက်၏ အရှည်တည်တံ့ရာကာလဖြစ်လိမ့်မည်´´။
              ထို့နောက် ၂၃ ကြိမ်မြောက် စာမျက်နှာ ၃၈၉ တွင် ဂေါတမီအမည်ရှိသော အမျိုးသမီးသည် သာသနာ့ဘောင်ဝင်ရောက်ရန် ခွင့်တောင်းလေရာတွင် ခွင့်ပြုချက်ရ၍ သာသာနာ့ဘောင်သို့ဝင်ရောက်ခဲ့လေသည်။ ထို့ကြောင့် ဗုဒ္ဓ၏စကားတော်အရ သွန်သင်ချက်တို့သည် နှစ် ၅၀၀ သာတည်ရှိခဲ့လေသည်။
              သာသနာနှစ်နှင့် သက္ကရာဇ်ကို ချိန်ထိုးကြည့်ရာတွင် ဗုဒ္ဓ၏နောက်နှစ်ပေါင်း ၅၀၀ အကြာတွင် ခရစ်တော်မြတ်ဘုရားကြွလာတော်မူကြောင်းကို မြင်တွေ့ရခြင်းက အဘယ်မျှ ဆန်းကြယ်မှုနည်း။
ထို့အတူ တဘောင့်စကားလည်းရှိခဲ့၍ လူအသီးသီးတို့က သီဆိုကြသည်မှာ ``ဗုဒ္ဓကွယ်သွား၊ မေတ္တာဘုရား၊ ကြွမြန်း၍လာ၊ ကယ်မည်အမှန်´´ ဟူ၍ပင်ဖြစ်သည်။ ၎င်းတဘောင်စကားနှင့် ဗုဒ္ဓ၏ အနာဂတ္တိစကားအရ သာသနာနှစ် ၅၀၀ နောက်တွင် မေတ္တာတော်ရှင် ဘုရားပေါ်ထွန်းတော်မူမည်ဟူ၍ပင်ဖြစ်သည့်အတိုင်း ဘုရားရှင်က သားတော် ယေရှုခရစ်တော်ကိုစေလွတ်၍ လူ့ဇာတိကိုခံယူစေကာ လူတို့အားအပြစ်မှ ရွေးနှုတ်ကယ်တင်တော်မူခဲ့လေသည်။ အထက်ပါ အကြောင်းအရာတို့သည် တိုက်ဆိုင်မှုလား? ဘုရားမြတ်၏ အကြံအစည်တော်လား? စသည်တို့ကို သိမြင်တတ်ကြပါစေ။ လူမျိုးအပေါင်းတို့အတွက် သမ္မာကျမ်းစာတော်မြတ်က ဤစကြာဝဠာကို ဖန်ဆင်းတော်မူသော အရှင်ကစေလွတ်တော် အကြံအစည်တော်မြတ်ဖြစ်ကြောင်း ဖေါ်ပြထားခဲ့ပါသည်။
              ခရစ်တော်ဘုရားသည် လူ့ဇာတိကို ခံယူခဲ့ခြင်းမှာ လူသားတို့မျှော်လင့်စောင့်စားနေသည့်အတိုင်း မေတ္တာတော်ရှင်၊ ကယ်ချွတ်အရှင်ဖြစ်ကြောင်း ဘုရားမြတ်ကသိရှိစေပါသည်။ အဘယ်ကဲ့သို့သောအားဖြင့် ယေရှုခရစ်တော်ဘုရားကို ကျွန်ုပ်တို့ငြင်းပယ်၍ ဥပေက္ခာပြုနိုင်ပါအံ့နည်း။ ဗုဒ္ဓက သူ၏နောက်တွင် ကြွလာတော်မူမည့် မေတ္တာတော်ရှင်ဘုရားတည်ရှိကြောင်းနှင့် ထိုကယ်ချွတ်ရှင်ဖြစ်ကြောင်းကို ပေါ်လွင်စေခဲ့ပါသည်။ ထိုအချိန်က ခရစ်တော်ဘုရားအား ကယ်တင်ရှင်ဘုရားအဖြစ် လက်ခံယုံကြည်ခြင်းက ဗုဒ္ဓ၏အနာဂတ္တိစကားတော်ကို လက်ခံယုံကြည်ခြင်းနှင့် ထပ်တူထပ်မျှကျခဲ့လေသည်။
ဘုန်းတော်ကြီးကျောင်းတွင် ဗုဒ္ဓဂေါတမက အလင်းမရခင်မှာ သိဒ္ဓတ္ထအမည်ဖြင့်ဖြစ်ကြောင်း သင်ယူခဲ့ရလေသည်။ ဘီစီ ၅၄၃ တွင် သုဒ္ဓေါဓနနှင့်  မယ်တော်မဟာမာယာတို့၏ သားဖြစ်ပြီး အိန္ဒိယမြောက်ပိုင်း ကပိလ၀တ်ပြည်ရှင်ဘုရင်တို့မှ မွေးဖွားခဲ့သည်။ ထိုအချိန်က မိဘများတို့ ဟိန္ဒူဘာသာနှင့် ဘုရားအများကို ကိုးကွယ်ယုံကြည်၍ သံသရာကိုလည်း လက်ခံယုံကြည်ခဲ့ကြလေသည်။
              သိဒ္ဓတ္ထမင်းသားသည် အတတ်ပညာများကို သင်ယူတတ်မြောက်ပြီးသော်လည်း နိုင်ငံရေးထက် ဘ၀နောင်ရေးကိုသာစိတ်ဝင်စားခဲ့သည်။ အကြောင်းမှာ လူဆိုတာဘာလဲ? ဘယ်ကလဲ? ဘာကြောင့် ဤကမ္ဘာမှာရှိနေရသနည်း? ဘယ်ကိုသွားကြမည်နည်း? စသောအကြောင်းတရားတို့ကြောင့်ပင်ဖြစ်သည်။
              ထိုမေးခွန်းမျိုးကို ကျွန်တော်လည်း ခံစားခဲ့ရလေသည်။ သိဒ္ဓတ္ထသည် ထိုအဖြေများကို ရရန်အရေး ဟိန္ဒူဘာသာဆရာကြီးများထံတွင် သင်ကြားခြင်းများပြုခဲ့သော်လည်း ကျေနပ်လောက်သော အဖြေကိုမရရှိခဲ့ပေ။
              အသက် ၁၆ နှစ်တွင် ယသော်ဓယာ နှင့် လက်ထပ်ထိမ်းမြားပြီး၊ သားတော်ရာဟုလာနှင့် အခြားသော သားသမီးများကို ဖွားမြင်ခဲ့လေသည်။  သို့တိုင်အောင် သူသည် ဘ၀အတွက် အဖြေများကို ရှာကြံရန် လက်မလျှော့ခဲ့၊ အသက် ၂၉ နှစ်အရွယ်တွင် သမ္မာတရားကို ရှာဖွေရန် စည်းစိမ်ဥစ္စာ၊ သား၊ မယားတို့ကိုစွန့်ခွါ၍ ခြောက်နှစ်တိုင်တိုင် ရှာဖွေခဲ့လေသည်။ သမ္မာတရားအလင်းကို သိရှိလာပြီးနောက်တွင် ဗုဒ္ဓဘာသာတို့၏ ခေါင်းဆောင်ဖြစ်လာလေတော့သည်။

၂။အရင်ကျခြင်း၊ နောက်ကျခြင်း ဘယ်ကအရေးကြီးသနည်း?

ခရစ်တော်၏အကြောင်း သက်သေခံဝေငှရာတွင် ကျွန်ုပ်တို့အရပ်ဒေသ၌ မကြာမကြာကြားရသည်မေးခွန်းမှာ အထက်ပါအရာတွင် မည်သည်က အရေးပါသနည်း? အရင်ဦးသူလား? နောက်ကျသူလား? ဆိုသော အရာပင်ဖြစ်သည်။ တစ်စုံတစ်ဦးက -
              ``ဂေါတမက အရင်ကျတော့ သာ၍ကြီးမြတ်တယ်၊ သူကအလင်းကိုရရှိပြီး အနာဂတ္တိစကားကိုပြောကြားခဲ့တယ်၊ ဒါ့ကြောင့် သူသာပဓါန´´
              အခြားသူက-
              ``ယေရှုက နောက်မှကြွလာတယ် ဒါ့ကြောင့် သူကသာ၍ကြီးမြတ်တယ်`` ဟူသတည်း။
              သာ၍လေ့လာသည်နှင့်အမျှ ကျွန်ုပ်နားလည်လာရသည်ကား `နှစ်ဦးလုံးသည် ကောင်းသော်လည်း ဂုဏ်အင်္ဂါနှင့် ရည်ရွယ်ချက်တို့သည် လွန်စွာကွဲပြားခြားနားလှပေသည်၊ ၎င်းတို့မှာ-

ဗုဒ္ဓဂေါတမ                                                                                   
- သူမဖွားမီသူ့ကိုဘယ်ကလာသည်ကိုမသိရကြ။                           
-အိန္ဒိယဘုရင်တို့မှမွေးဖွား။                                                       
-လူသာမန်ဖြစ်၍ တရားကျင့်၍ဘုရားဖြစ်သည်ဟု လူတို့သတ်မှတ်။             
-မယ်တော်အိမ်မက်မှ သာမန်ဖွား။                                                       
-လူတို့အသွေးအသားဖြင့် သန္ဓေတည်။                                         
- နိမိတ်လက္ခဏာကြီးစွားမပြခဲ့။                                                                                                 
-ဇနီးမယးများရှိခဲ့။                                                                     
-တက်သားအဆိပ်တက်၍ အသက် ၈၀ တွင် ရည်ရွယ်ချက်မဲ့ဖြင့် ဆုံးပါးခဲ့ရ။
-ထာဝရသေခြင်း။
-သေပြီးနောက်ဘယ်ရောက်သည်ကို မည်သူမျမသိ။
-သူ၏လက်ရှိကိုမည်သူမျှ မသိ။
-ဘယ်သောအခါမှ ပြန်လာနိုင်မည်မဟုတ်။             

ယေရှုခရစ်တော်
-ဘုရားဖြစ်၍၊ ဖန်ဆင်းရှင်ဖြစ်တော်မူသည်။
-အစ္စရေးဘုရင်အနွယ်တို့မှ ၀ိညာဉ်တော်ဖြင့်ဖွား။
- ထာဝရဘုရားဖြစ်၍ ကယ်တင်အံ့သောငှါကြွလာ။
-ဘုရားအကြံတော်မြတ်အတိုင်းပြည့်စုံလာသူ။
-သွေးသားမပါ ၀ိညာဉ်တော်ဖြင့်ဖွား။
- သာမန်လူတို့ကဲ့သို့ပညာသင်ယူခဲ့ရ။
-ကြီးစွာသော နိမိတ်လက္ခဏာပြခဲ့။
-ဥာဏ်ပညာတို့၏အရှင်ဖြစ်သည်။
-ဇနီးသားမယားမရှိခဲ့။
- သက်တော် ၃၃  တွင် ကားစင်ထက်တွင် အပြစ်တရားအတွက် အသက်စွန့်လှူပူဇော်ရင်း အသက်စွန့်တော်မူခဲ့။
-အနာဂတ္တိစကားအတိုင် သေခြင်းမှ အောင်မြင်တော်မူခဲ့။
-ရက်လေးဆယ် ကိုယ်ထင်ရှားပြသခဲ့၍ ကောင်းကင်ဘုံသို့ချီဆောင်ခြင်းခံရာမျက်မြင်သက်သေရှိခဲ့။
-ခမည်းတော်လင်္ကျာဘက်တွင် ကျွန်ုပ်တို့အတွက် ကိုယ်စားပြုပေးနေသည်။
- ပြန်ကြွလာ၍ တရားစီရင်အုပ်စိုးတော်မူမည်။

အထက်ပါကွဲပြားခြားနားသော ဆယ့်သုံးချက်က သိဒ္ဓတ္ထနှင့် ခရစ်တော်ယေရှုဘုရား၏ သဘောသဘာဝကို ကွဲကွဲပြားပြားသိမြင်စေပါသည်။ ထိုကြောင့် အရင်ကျသည် နောက်ကျသည် ဆိုသည်တို့သည် အဓိကမကျ ဂုဏ်ရည်နှင့် ကြွလာခြင်းပန်းတိုင်သာ အဓိကကျ၍ အရေးပါလှပေသည်။

ဗုဒ္ဓဂေါတမသည် သမ္မာတရားကို ရှာဖွေသူ။
ယေရှုခရစ်က `ငါသည်သမ္မာတရားဖြစ်၏´ ဟုမိန့်တော်မူသောအရှင်ဖြစ်သည်။ ယောဟန် ၁၄း၆၊ ၅း၂၄။

ကယ်ချွတ်ရှင်ကြွလာခြင်းနှင့် ဆိုင်သော အနာဂတ္တိကာလ။


``မြည်းစမ်းသူသာ ရောင့်ရဲခြင်းရှိ၍၊ မမြည်းစမ်းသူသည် ၀လင်ရောင့်ရဲနိုင်လိမ့်မည်မဟုတ်´´
              ``တမလွန်နောင်ရေးအကျွတ်တရားအား ကိုယ်တိုင်ခံယူမှရပေမည်၊ ဆွေမျိုးသားခြင်းများနှင့် မစပ်ဆိုင်ပေ´´
                                          Inta Chanthavongsouk

ကယ်တင်ရှင်ကြွလာမည့်အနာဂတ္တိစကားတော်။

ယခင်ပြောခဲ့သကဲ့သို့ ကျွန်ုပ်တို့နိုင်ငံတွင်း တဘောင်စကားမှာ ``ဗုဒ္ဓကွယ်သွား၊ မေတ္တာဘုရား၊ ကြွမြန်း၍လာ၊ ကယ်မည်အမှန်´´ ဆိုသည့်အရာပင်ဖြစ်သည်။
              ``ထိုအရှင်သည် ကျေးလက်ဇနပုဒ်တွင် နွမ်းပါးစွာမွေးဖွားခြင်းကို ခံရငြားလည်း၊ ကြီးစွာသော တန်ခိုးရှိတော်မူ၏။ ထိုသူ၏ ခန္ဓာတွင် ဒါဏ်ချက်ရာတော်များကြောင့် ကျွန်ုပ်တို့သည်  မကြည့်မမြင်လိုကြ၊ ထိုအရှင်ကြွလာချိန်တွင် ပမာမခန့်ပြုသူများ စီရင်ခြင်းကိုခံရ၍၊ ရိုသေခန့်ငြားသောသူမူကား အပါယ်ငရဲသို့ မရောက်ရ´´ ဆိုသော ရိုးရာတဘောင့်စကားအတိုင်း ခရစ်တော်အကြောင်း လေ့လာရာတွင် ကျွန်ုပ်တို့ အချင်းအရာကာလကို ရှင်းလင်းစွာသိမြင်လာလေတော့သည်။ အထက်ပါ အကြောင်းအရာများတို့သည် ၏သည်မလွဲ အသေးစိတ်အောက်ပါအတိုင်း လေ့လာခဲ့ပါသည်။

က။  ``ဗုဒ္ဓကွယ်သွား၊ မေတ္တာဘုရား၊´´
              ဂေါတမက အထက်ပါအနာဂတ္တိစကားကို ပြောခဲ့ပြီးနှစ်ငါးရာ လေးဆယ့်သုံး ( ၅၄၃ )အရောက်တွင် ခရစ်တော်ဘုရားကြွလာတော်မူခဲ့လေသည်။ ဂေါတမက သူ၏သာသနာတွင် အမျိုးသမီး ရဟန်းပြုခဲ့ပါက သူ၏သာသနာသည် ၅၀၀သာတည်မည်ဟု ဆိုခဲ့သည့်အတိုင်း ၊ အမျိုးသမီးသည် သာသနာ့ဘောင်သို့ ၀င်ရောက်သည်ကို ကျွန်ုပ်တို့သိရှိခဲ့ကြရလေပြီ။

ခ။ ``ကျေးလက်ဇနပုဒ်၌ နွမ်းပါးစွာမွေးဖွား´´
              ခရစ်တော်သည် ကတိတော်အတိုင်း ရှင်ဘုရင်နွယ် ဒါဝိဒ်အမျိုးဖြစ်သော်လည်း၊ လက်သမားတည်းဟူသော ယောသပ်အားဖြင့် လူ့ဇာတိကို ခံယူခဲ့ကာ ကျည်လည်ခဲ့ရလေသည် ( မဿဲ ၁၃း၅၅ )။ ဖွားမြင်ခြင်းကို ခံယူရာတွင် နန်းတော်တွင်း၌ မဟုတ် နွားစားခွက်ထဲတွင်ဖြစ်သည် ( လုကာ ၂း၆-၇ )။ ဖွားမြင်တော်မူရာတွင် ဗက်သလင်ဟင်သည်လည်း လူတကာ၏ အထင်သေးခြင်းခံရသော ကျေးလက်ဇနပုဒ်ပင်ဖြစ်သည် ( မိက္ခာ ၅း၂၊ မဿဲ ၂း၁-၆ )။ အထက်ပါ အကြောင်းအချင်းအရာတို့သည် သမ္မာကျမ်းစာနှင့်သာမက ဗုဒ္ဓ၏ အနာဂတ္တိစကားတို့နှင့်လည်း ကိုက်ညီကာ ၏သည်မလွဲ ထပ်အပ်မကွာဖြစ်လေသည်။

ဂ။ ``ကြီးစွာသော တန်ခိုးရှင်´´
              ကျွန်ုပ်တို့သည် အင်္ဂလိပ်သင်ကြားရေး အတန်းတွင် ခရစ်တော်၏ သက်တော်စဉ်ကို ဖတ်ရှုရာတွင် လူထုအကြားတွင် ကြီးစွာသော တန်ခိုးများပြသတော်မူခဲ့သည်ကို တွေ့ရပါသည်။ နာမကျန်းသောသူတို့ကို ကျန်းမာစေခြင်း ( မဿဲ ၁၅း၂၉-၃၁) နတ်ဆိုးတို့ကိုနှင်ထုတ်ခြင်း ( မဿဲ ၈း၈-၃၄)၊ ရေပေါ်တွင် စင်္ကြံကြွတော်မူခြင်း ( မဿဲ ၁၄း၂၅-၂၇) ၊ သေသူတို့ကို ထမြောက်စေခြင်း ( ယော ၁၁း၃၈-၄၅ )၊ ကိုယ်တော်တိုင် သေခြင်းမာရ်ကို အောင်မြင်တော်မူခဲ့ခြင်း ( ယော ၂၀း၁-၁၀)။ ၎င်းတို့သည် လောက၌ အနှိုင်းမဲ့၊ အတုမဲ့သော ပြုတော်မူခဲ့သော ကြီးစွာသော တန်ခိုးနိမိတ်လက္ခဏာတို့ပင်ဖြစ်လေသည်။

ဃ။ ``ကြီးစွာသော ဒါဏ်ချက်တော်များ´´
              ဧ၀ံဂေလိ လေးကျမ်းတွင် မတရားစွာ ရုံးတင်စစ်ဆေးခြင်းခံရပြီး ကြီးစွာသော ရိုက်နှက်ခြင်းကို ခံရတော်မူကြောင်းကို ဖေါ်ပြထားပါသည် ( လု ၂၂း၆၃-၆၅၊ ၂၃း၁၆-၁၇၊ မဿဲ ၂၇း၂၇-၃၁)။ ထို့အပြင် ခရစ်တော်အား လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခြင်းကိုခံတော်မူခဲ့ရလေသည် ( ယော ၁၉း၁၈) သာမက နံဘေးတော်အားလှံနှင့် ထိုးဖေါက်ခဲ့ကြလေသည် ( ယော ၁၉း၃၄)။ ထိုအချင်းအရာအားလုံးတို့သည် ဗုဒ္ဓဂေါတမ၏ အနာဂတ္တိစကားတော်များတွင် ရုပ်လုံးဖေါ်ပြဆိုထားပြီးဖြစ်လေသည်။ ရိုက်နှက်ခြင်း၊ ဒါဏ်ချက်ရာအပြည့်ဖြင့် လူပုံအလယ်တွင် အရှက်ကွဲခြင်းခံရပြီး မြင်ရသူအဖို့ ကျောခိုင်းကြမည်ဟူ၍ ဆိုထားလေသည်။ လူအပေါင်းတို့သည် လက်ခံယုံကြည်မည့်အစား ပမာမခန့်ပြုကြသည်မှာ အဆန်းတကြယ်မဟုတ်တော့ပါလေ။
              သမ္မာကျမ်းစာတွင် ယော ၃း၁၈ ၌ `` ထိုသူကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ၊ မယုံကြည်သောသူမူကား ယခုပင်စီရင်ခြင်းကိုခံရပြီ´´ ဟူ၍ ဆိုထားလေသည်။ ယော ၃း၃၆ တွင် `` သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏၊ သားတော်ကို မယုံကြည်သောသူမူကား ထာဝရအသက်ကို မတွေ့ရ ဘုရားသခင်၏ အမျက်တော်သည် သူ့အပေါ်တွင်တည်နေ၏´´ ဟူ၍ ဆိုထားပါသည်။
              မဿဲ  ၁၀း၃၂-၃၃ တွင် `` အကြင်သူသည် လူတို့ရှေ့မှာငါ့ကိုဝန်ခံအံ့၊ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကိုငါဝန်ခံမည်။ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့၊ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကိုငါငြင်းပယ်မည်။
တဖန် ရောမ ၁၀း၉ တွင် `` အဘယ်သို့နည်း ဟူမူကား သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကိုသေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။´´ ဆိုထားတော်မူလေသည်။ ဗျာဒိတ် ၂၀း၁၉ တွင် ``အသက်စာစောင်၌ စာရင်းမ၀င်သော သူရှိသမျှတို့သည် မီးအိုင်ထဲသို့ ချပစ်တော်မူ၏´´ဟူ၍ဆိုထားလေသည်။ ထိုမီးအိုင်သည် လူသားတို့အတွက် ဒုတိယနှင့် နောက်ဆုံး စီရင်ခြင်းတရားပင်ဖြစ်လေသည်။ ကယ်ချွတ်ရှင်၏ အသက်စာစောင်စာရင်းတွင် ရေးမှတ်ခြင်းခံရသောသူတို့မူကား ကောင်းကင်သစ်နှင့် မြေကြီးသစ်တွင် ခရစ်တော်၏ ကတိတော်နှင့်အညီပြင်ဆင်ထားသော နန်းအမတ အန္တမပန်းတိုင် သုခချမ်းသာကို ခံစားကြရပေမည်။
              ``အပြစ်သားဖြစ်သောကြောင့် သူသည် မီးအိုင်ထဲ့သို့ ပစ်ချခြင်းခံရသည်မဟုတ်၊ ခရစ်တော်ဘုရားပေးသော အပြစ်လွတ်ခြင်းတရားကို လက်မခံသောကြောင့်သာလျှင်ဖြစ်သည်´´
Inta Chanthavongsouk

Tuesday, March 16, 2010

ဗုဒ္ဓဘာသာကို အမှန်ယုံကြည်ပါသလော?

“ပြောတိုင်းမယုံကြပါနှင့် ဦးစွာဆန်းစစ်လေ့လာပါ” သွန်သင်ချက်ကိုသိ၍ ယုံကြည်ခြင်းသည် မှန်သော ယုံကြည်ကိုးစားမှုနှင့် မှန်သောကိုးကွယ်သူဖြစ်၏၊ ပြောစကားကြောင့် မယုံကြည်ပါနှင့် ဦးစွာကိုယ်တိုင် ဆန်းစစ်လိုက်ပါ။
Inta Chanthavongsouk

ဗုဒ္ဓဘာသာ၏ ယုံကြည်မှု။

 
ဗုဒ္ဓ၏ အနာဂတ္တိစကားကို မပြောမှီ ချစ်သော ညီအကိုအား မိမိကိုယ်ကိုမိမိ ဆန်းစစ်စေလိုပါသည်။ ဘယ်လိုဗုဒ္ဓဘာသာလည်း? ဘယ်ကဲ့သို့သော ဘာသာဝင်လည်း? စစ်မှန်သော ဗုဒ္ဓဘာသာဝင်လား? မိရိုးဖလာ ဗုဒ္ဓဘာသာဝင်လား? ဘာတွေကွဲပြားမှုရှိနေပါသလည်း? ခေတ်အဆက်ဆက်မှ ယနေ့တိုင်လူအများစုက စစ်မှန်သော ကိုးကွယ်မှုထက် မိရိုးဖလာ ဗုဒ္ဓဘာသာ

ကိုးကွယ်သမှုပြုသူများသာဖြစ်လာကြသည်။ စစ်မှန်သော ယုံကြည်သူကား ဗုဒ္ဓ၏ သွန်သက်ချက်ကို အမှန်သိ၍ လက်တွေ့ကျင့်သုံးသောသူများပင်ဖြစ်သည်။ မိရိုးဖလာ ဗုဒ္ဓဘာသာများမှာကား လုံးလုံးနားမလည်၊ မျိုးရိုး ယဉ်ကျေးမှုအရ မျက်စိစုံမှိတ်ကာ ဆင်ကန်းတောတိုး ယုံကြည်၍ ဘာသာဝင်ဖြစ်လာကြခြင်းပင်ဖြစ်သည်။ ၎င်းတို့ကို မိရိုးဖလာ ဗုဒ္ဓဖာသာဝင်များဟူ၍ ခေါ်ပါသည်။ ခေတ်အဆက်ဆက်တွင် ကျွန်ုပ်တို့ အနွယ်ဝင်များက ဗုဒ္ဓဘာသာကို လက်ခံယုံကြည်ပြီး၊ နတ်၊ ၀ိညာဉ်နှင့် ဟိန္ဒူဘာသာလမ်းစဉ်များကိုလည်း လက်ခံကျင့်သုံးခဲ့ကြလေသည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့သည် စစ်မှန်သော ဗုဒ္ဓဘာသာလား? အမည်သာခံသော ဗုဒ္ဓဖာသာလား? ဆိုသည်ကို ဆန်းစစ်ရန်လိုအပ်လှသည်။
ခင်မင်လေးစာရပါသော အသင်သည် မိမိ၏ယုံကြည်ချက်ကို ရုပ်လုံးဖေါ်ကြည့်ပါက၊ အာရုံပြုကြည့်ပါက မိမိကိုယ်ကို ဆန်းစစ်ပြီး သမ္မာတရားဖြင့် ချိန်ထိုးကြည့်သင့်ပေပြီ၊ ထို့နောက်တွင်ကား ကျွန်ုပ်တို့နှင့်တကွ မိဘနွယ်ဝင်များတို့သည် အဘယ်သို့သောသူဆိုတာကို ရှင်းလင်းစွာသိမြင်လာပေလိမ့်မည်။

အဘယ့်ကြောင့် ရောနှောဗုဒ္ဓဘာသာ ဖြစ်ရသနည်း?

 
ကျွန်ုပ်လေ့လာဆန်းစစ်လေ့လာမိသလောက်နှင့် မှတ်သားသင်ယူလေ့လာသမျအားဖြင့် ရောနှောရခြင်း အကြောင်းတရားများကို အောက်ပါအတိုင်း တွေ့ရှိ့ရလေသည်။


၁။ အသိပညာနည်းခြင်း။
လူအများစုက ဘာသာတရားနှင့် ယုံကြည်ရာ၏ အန္တိမပန်းတိုင်းကို ရှင်းရှင်းလင်းလင်း နားမလည်ကြပါ။ ၎င်းတို့ကား ဘာသာတရားတိုင်းသည် ကောင်းရာလုပ်ရန် သွန်သင်ကြသောကြောင့် ကောင်းသည်ဟု တွေးထင်ထားကြသည်။ ယုံကြည်ကိုးကွယ်မှုသည် ထို့ထက် နက်နဲလှပါသည်။ ၎င်းဘုရားနှင့်လူ၊ သေခြင်းနှင့် ရှင်ခြင်း၊ အပါယ်ငရဲနှင့် ကျွတ်ရာလမ်း၊ လူတို့၏ ယခုဘ၀နှင့် နောင်ဘ၀တို့ကိ ဆက်နွယ်နေသောကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် ယုံကြည်ကိုးစားမှုကို ပေါ့ပေါ့တန်တန်မပြုသင့်သလို၊ အလေးထားကာ ကိုယ်စိတ်နှလုံး သုံးပါးလုံးဖြင့် လေ့လာဆန်းစစ်ကာ ယုံကြည်ကိုးကွယ်သမှုပြုရန် လွန်စွာမှပင် သတိမူသင့်လှပေသည်။


၂။ လေ့လာမှုနည်းခြင်း။
အခြားအကြောင်းကား လေ့လာမှု အားနည်းခြင်းပင်ဖြစ်သည်။ သမ္မတရားကို အမှန်တကယ်လေ့လာသောသူကား လွန်စွာနည်းပါးသောကြောင့် သေချာ ဂဃနဏ သွန်သင် ဟောပြောနိုင်သူကား လွန်စွာနည်းပါးလှလေသည်။
မြောက်မြှားစွာသော ဘုန်းတော်ကြီးများက ဘာသာရေး ပွဲလမ်းသဘင်တွင် မည်သို့ လုပ်ဆောင်ရမည်ဆိုသည့်အရေးအတွက်သာလေ့လာ သင်ကြားကြသည်။ သမ္မာတရားကို ဆင့်ကမ်းရန်ကား စူးစမ်းလေ့လာခြင်း မရှိကြ။ ကျွန်တော်သည် ငယ်စဉ်ကပင် ဘုရားကျောင်းကန်များသို့သွားပြီး သာရေးနာရေးများကို အကြိမ်ကြိမ်သွားကာ ကမကထ ဦးဆောင်ဦးရွက်ပြုခဲ့ပါသည်။ သေချာစွ လေ့လာနားထောင်ရာတွင် အခမ်းအနား အစမှအဆုံး မသိသော ဘာသာစကားဖြင့်သာ ရွက်ဖတ်ခြင်းပြုသောကြောင့် ဘာပြော၍ ပြောနေမှန်းကို ကောင်းစွာ မသိရှိခဲ့ရပါ။ လာရောက်ကြသော လူထုကြီးကလည်း လက်ကလေးကိုချီကာ ပုံသေလိုက်ပြီး သာဓု ( အာမင်) ဆိုသော စကားကို အဆုံးသတ်ပြီထင်သောနေရာတွင် ဆိုကြလေသည်။ ပါဠိဘာသာဖြင့် ရေးသားထားသော ဗုဒ္ဓစာပေသည် ဆင်ခြင်ပွားများရန် အတွက်သာဖြစ်ပြီး နားလည်ရန်ကား လွန်စွာ အားထုတ်ခြင်းကိုပြုရန်လိုအပ်လှလေသည်။
 

၃။ သမ္မာတရားကို လက်ခံရန် ရဲရင့်မှုမရှိခြင်း။
ဗုဒ္ဓဘာသာတွင် သာရေး၊ နာရေး ပွဲလမ်းသဘင်ပြုလေရာ၌ သွန်သင်ချက်အတိုင်း လိုက်နာခြင်းများ မကြာမကြာ ချိုးဖောက်တတ်ကြပါသည်။ ၎င်းကား လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု စသည်တို့ဖြင့် ရောနှောထားခြင်းကြောင့်ပင်ဖြစ်ပါသည်။ ထိုကဲ့သို့ ရိုးရာများဖြင့် ခေတ်အဆက်ဆက်က ပြုခဲ့သောကြောင့် ဘုရားလမ်းစဉ်အတိုင်းပင် ပြုပြင်ရန်လွန်စွာ ခက်ခဲလှလေသည်။
ယင်းကား အချို့သော ရဟန်းရှင်လူများက ဗုဒ္ဓဘာသာကျမ်းဂန်ကို နှံ့စပ်အောင်လေ့လာသူများရှိကောင်းရှိပေမည်။ သို့တိုင်အောင် အရိုးစွဲနေသော ရဟန်း၊ ရှင်၊ လူ များကို ကြောက်ကြရသောကြောင့် သူသိရှိခဲ့သော သမ္မတရားစစ်ကို ညွှန်ပြရန် ရဲဝံစွန့်စားရဲသော သတ္တိပြောင်ပြောင်မြောက်မြောက် မရှိခဲ့ကြ၊ ငြင်းဆန်မှုများကြုံရပြီး အဆုံး၌ သူ၏ အသက်ပင် ဆုံးရှုံးနိုင်သည်မဟုတ်ပါလော? ထို့ကြောင့်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ သမ္မတရားစစ်ကို လက်ကိုင်ဆွဲခြင်း မပြုရဲကြပေ။ ရှုပ်ထွေးပွေလီနေသော မှားယွင်းမှုများဖြင့်သာ ပြည့်နှက်နေရခြင်းပင်ဖြစ်သည်။


၎။ အသစ်သော တရားကို မဖက်တွယ်ရဲခြင်း။
ဘာသာတရားကို ကိုးစားယုံကြည်သူမှန်သမျှတို့သည် အသစ်သော ပြုပြင်ပြောင်းလဲမှု၊ အသသစ်သော ခံယူချက်တို့ကို ၀န်ခံရန် လုံလောက်သော သူရသတ္တိနည်းပါးလှပေသည်။ အကယ်၍ တစ်စုံတစ်ဦးက ဗုဒ္ဓဘာသာမှ အသစ်သော ယုံကြည်ချက်သို့ ကူးပြောင်းသွားပါက၊ သို့ သက်ဝင်ယုံကြည်ကိုးကွယ်သွားပါက ထိုသူအား “အမျိုးဖျက်၊ သာသနာဖျက်၊ နိုင်ငံတော်ကို သစ္စာဖေါက်ဖျက်သူ” အဖြစ်သတ်မှတ်ကြခြင်းပင်ဖြစ်သည်။ ရှိရင်းစွဲမှ စစ်မှန်သော တစ်ဆူတည်းသော ဘုရားမြတ်ဖြစ်သော ခရစ်တော်အား လက်ခံယုံကြည်ကြသောသူများကိုလည်း “ နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ သာသနာ” ကိုသစ္စာဖေါက်သောသူများအဖြစ် ကဲ့ရဲ့ယိုးစွပ်ကာ ၀ိုင်းပယ်သမှုပြုကာ နိုင်လိုမင်းထက် ရှုတ်ချကြလေသည်။ ထိုသို့ခံကြရသောကြောင့် ကျွန်ုပ်တို့ အာရှတွင် ခရစ်တော်၏ ၀မ်းမြောက်ဖွယ်ရာ သတင်းတော်နှင့် ကယ်တင်ခြင်းကို သိကြားကြသော်လည်း မိမိဘ၀ကို ပုံအပ်၍ ကိုးစားသမှုပြုရန်ကား လွန်စွာ ခက်ခဲစေသောအရာပင်ဖြစ်သည်။ လူထု၏ ကဲ့ရဲ့ဝေဖန်မှုတို့ကို အမှုမထားပဲ သမ္မာတရားအတိုင်း လေ့လာရန် ဆန္ဒရှိသောသူမှုကား ယုံကြည်ကိုးစားမှု အပိုင်းကို နက်နဲစွာ သိရှိခွင်ရကြပေတော့မည်။
 

၅။ နိုင်ငံရေး ဖိနှိပ်မှု။
လူထုအား မျက်ကန်းယုံကြည်စေခြင်းတွင် နိုင်ငံရေးကလည်း အစိတ်အပိုင်းတစ်ခုအနေဖြင့်ရှိလေသည်။ အစိုးရသည် လူထု၏ ဘာသာရေးကို ကြိုးကိုင်နိုင်ပါက နိုင်ငံတော်၏ စီမံခန့်ခွဲရေးတွင် လွန်စွာ လွယ်ကူလှပေသည်။ ၎င်းသည် မှန်သောအရာဖြစ်ကြောင်းကို သမိုင်းကြောင်းကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။
၃၂၁ အေဒီတွင် ကိုးကွယ်မှုအမျိုးမျိုးတို့ဖြင့် အုပ်ချုပ်ရန်ခက်ခဲနေသော လာအိုလူထုအတွက် ရှင်ဘုရင် Fa Ngum က ဗုဒ္ဓဘာသာကို သယ်ဆောင်လာခံလေသည်။ ထိုအချိန်က လာအို လူထုသည် ရုက္ခစိုး၊ အာကသစိုး၊ နတ်၊ သိကြားနှင့် ဘိုးဘွားတို့၏ ၀ိညာဉ်များ အစရှိသဖြင့် လက်လှမ်းမှီရာကို ကိုးကွယ်ကြလေသည်။ ထို့ကြောင့်လည်း လာအို ရှင်ဘုရင်က ကမ္ဘောဒီယားမှ ဘုန်းတော်ကြီးများကို ၀င်ရောက်ခွင့်ပြုကာ နိုင်ငံတော်၏ ဘာသာအဖြစ် သတ်မှတ်လိုက်လေသည်။
ထို့ကြောင့်လည်း လာအိုလူထု တရပ်လုံးသည် နိုင်ငံတော်ဘာသာဖြစ်သော ဖိအားဖြင့်၎င်း၊ အသိုင်းအ၀ိုင်းအားဖြင့်၎င်း အလိုလို ဗုဒ္ဓဘာသာဝင်များဖြစ်ကြရလေတော့သည်။ ယခုလည်း လူထုတို့သည် ဗုဒ္ဓဘာသာအကြောင်းကို၎င်း၊ ဗုဒ္ဓဂေါတမအကြောင်းကို၎င်း ဂဃနဏ နားလည်နိုင်ခြင်းမရှိဖြစ်ကြရလေသည်။
 

၆။ မာရ်နတ်၏ ပယောဂကြောင့်။
အဆုံးစွန်မှာကား ကျွန်ုပ်လေ့လာတွေ့ရှိမိသည့်အလျှောက် စာတန်မာရ်နတ်သည် ၎င်းအမှုကိစ္စကြီးငယ်အသွယ်သွယ်အတွက် ရှုပ်ထွေးစေသော အဓိက တရားခံပင်ဖြစ်လေသည်။ ဖာသိဖာသာ အကန်းယုံ ယုံကြည်ရခြင်းက စာတန်မာရ်နတ်အတွက် မဟာအခွင့်ထူးပင်ဖြစ်သည်။ မှားယွင်းသော ရိုးရာဓလေ့၊ ဘာသာတရားတို့တွင် ကျဉ်လယ်နေသော သူများကိုသူလွန်စွာနှစ်သက်ပြီး စစ်မှန်သော ဧကောဗုဒ္ဓေါ တစ်ဆူတည်းသောအရှင်၊ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်အား သိကြွမ်းစေခြင်းကိုကား နည်းလမ်းမျိုးစုံဖြင့် ဆီးတာခြင်းအမှုကိုပြုလေသည်။ အကြောင်းမှာ ခရစ်တော်ဘုရားက သူ၏နည်းပရိယာယ် အသွယ်သွယ်ကို သိမြင်တော်မူသောကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း လူသားတို့အား စစ်မှန်သော ဘုရားနှင့်ဝေးရန်အတွက် နည်းများစွာဖြင့် လှည့်စားကာ မှားယွင်းသော ကိုးကွယ်ခြင်း၊ မှားယွင်းသော ဘာသာတရားတို့မှ ကိုးကွယ်ခြင်း၊ ပူဇော်ခြင်း၊ ချီးမြောက်ခြင်းတို့ အားလုံးသည် စာတန်မာရ်နတ်ကိုသာ ကိုးကွယ်နေခြင်းပင်ဖြစ်သည်ကို လူထုတို့သည် မသိရှိကြရှာပေ။ အချို့ ဘာသာတရားတို့က စစ်မှန်သော ဘုရားအစား စာတန်မာရန်ကို ဘုရားအဖြစ် “ဘုရားတစ်ဆူ ဂူတစ်လုံး” အဖြစ်ဖြင့်ကိုးကွယ်နေကြခြင်းပင်ဖြစ်သည်။ ထို့ကြောင့်လည်း ရုပ်တုဆင်းတုတို့အား လူမြင်ကွင်းတွင်ထား၍ ကိုးကွယ်စေခြင်းဖြင့် သူ့တို့ကိုးကွယ်နေသော ဘုရားကို သူတို့မသိကြောင်းပြသနေခြင်းပင်ဖြစ်သည်။
ဥပမာအားဖြင့် ဗုဒ္ဓဘာသာတွင် မြွေ၊ နဂါး၊ ခြင်္သေ့အရုပ်ကြီးငယ်များပြုပြီး ဘုရား၊ ကျောင်းကန်စသော လူမြင်ကွင်းတွင် အရုပ် ( တိရိစ္ဆာန်) မျိုးစုံထားကာ ကိုးကွယ် ၀တ်ပြုကြလေသည်။ သမ္မာကျမ်းစာက ၎င်းတို့သည် စာတန်မာရ်နတ်ကို ကိုယ်စားပြုကြောင်း အတိအလင်းမိန့်ဆိုထားလေသည်။ ဗုဒ္ဓဘာသာဝင် အများက ထိုအရာကို မသိပဲ ရုပ်တုဆင်းတုများကို ပြုလုပ်ကာ အနေကဇာတင်၍ အသက်သွင်းသည်ဟုဆိုကာ ယနေ့တိုင်အောင်ပင် ရုပ်တုဆင်းတုများကို ကိုးကွယ်နေကြလေသည်။ စာတန်မာရ်နတ်က သူတို့၏ ညာဏ်မျက်စိကို ကွယ်စေ၍ ဖြားယောင်းသွေးဆောင်ထားခြင်းပင်ဖြစ်သည်။
ယေရှုခရစ်တော်အား စစ်မှန်သော အရှင်ဘုရားမြတ်အဖြစ် သိရှိလက်ခံယုံကြည်သောသူတို့မှာကား စာတန်မာရ်နတ်သည် မည်သူမည်ဝါဖြစ်ကြောင်း ကောင်းကောင်းသိပြီး ( ယော ၁၀း၁၀ ) ကောင်းစွာပိုင်းခြားကာ ကြောက်ရွံ့ခြင်းမရှိပဲ မှားယွင်းသော လမ်းစဉ်ကို စွန့်လွတ်ကာ သက်ဝင်ယုံကြည်ကြခြင်းပင်ဖြစ်သည်။

Thursday, March 4, 2010

ရွှေတိဂုံ စေတီ၏ အကြောင်းအရာများကိုပြခြင်း။

မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သော ရန်ကုန်မြို့၌ ရှိသော၊ ဘုရားလေးဆူတို့၏ ဓါတ်တော်စုဝေးရာဟူ၍ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ကိုးကွယ်ရာဖြစ်သော ရွှေတိဂုံစေတီ၏ အကြောင်းအရာကို ပိဋကတ်ကျမ်းဂန်တို့နှင့် လာရှိသည့်အတိုင်း စစ်ဆေး၍ဖေါ်ပြရလျှင် ရမညတိုင်း၊ ဥက္ကလပ ဇနပုဒ် ပေါက္ခရတီမြို့မှ ကုန်သည်ညီနောင် ဖြစ်သော တဖုဿနှင့် ဘလ္လိက တို့သည် လှည်းငါးရာနှင့် သွားရာ ရှင်တော်ဂေါတမသည် ဘုရားဖြစ်၍ သတ္တဌာန ၄၉ ရက်မြောက်သောနေ့တွင် လင်းလွန်းပင်အောက်၌ ၎င်းညီနောင်တို့သည် တွေ့၍ ဂေါတမမှ ဆံတော်ရှစ်ချောင်းကိုပေးလိုက်သည်ဟု ရွှေတိဂုံသမိုင်းတွင် ပြဆိုသည်။
သထုံမြို့ ရှင်မဟာဗောဓိရေးသားသော အနာဂတ၀ံကျမ်း၌ပြဆိုသည်မှာကား။ ။ တဖုဿဘလ္လိကဒွေးဘာဟိကာနံမုဌိကေသဓာတုယောဒတွာ။ ။ဟူ၍ပါဠိလာသည်နှင့်အညီ ၎င်းပါဠိကို မြန်မာလိုပြန်ဆိုရပါက။ တဖုဿဘလ္လိကဒွေးဘာဟိကာနံ တဖုဿ ဘလ္လိကာ ညီနောင်နှစ်ယောက်တို့အား။ မုဌိကေသဓာတုယော တစ်စုပ်သော ဆံတော်ကို။ ဒတွာ ပေးတော်မူ၏ဟူ၍ပြဆိုသည်။ ဆံတော်ရှစ်ချောင်းဟူ၍ မပြဆိုပါ။ ရှင်မဟာနာမရေးသားသော ၀ိနည်းမဟာဝါအဌကထာ၌ ဆံတော်မည်၍မည်မျှဟူ၍ ပိုင်ခြားခြင်းမရှိ၊ ပေးလိုက်ကြောင်းကိုသာပြဆိုသည်။ ၎င်းပြင် တဖုဿနှင့် ဘလ္လိက ညီနောင်တို့၏ နေရပ်ဌာနေ၊ မြို့ရွာများကို အင်္ဂုတ္တရအဌကထာ တဖုဿဝတ္ထု၌ပြဆိုသည်မှာ ၎င်းညီနောင် နှစ်ဦးတို့သည် ရှင်ဂေါတမပေးလိုက်သော ဆံတော်ကို မိမိတို့နေရပ်ဌာနဖြစ်သော အလိတဉ္စနမြို့သို့ ယူလာပြီးလျှင် ၎င်းမြို့တံခါးအနီး အ၀၌ စေတီပြုလုပ်၍ ကိုးကွယ်လေသည်ဟူ၍ပြဆိုသည်။ ရှင်ဓမ္မပါလရေးသားသော ထေရ်ရာကထာ၊ ဘလ္လိကထေရ်၏ သုတ်အဖွင့်တွင်ပြဆိုသည်မှာကား ၎င်းညီနောင်တို့သည် ရာဇဂြိုဟ်ပြည်တွင် ရှင်တော်ဂေါတမတရားကိုနာရ၍ ညီဘလ္လိကသည် ရဟန္တာဖြစ်သွားသည်ဟူ၍ပြဆိုသည်။ အင်္ဂုတ္ထိုရ်ဝတ္ထု၌ ၎င်းဘလ္လိက အမည်ကို ဘတ္တိကဟူ၍လည်းခေါ်သည်။ ။ထို့ကြောင့်ရွှေတိဂုံ သမိုင်းတွင် ပြဆိုသော အရာများနှင့် ပိဋကတ်ကျမ်းတို့တွင် ပြဆိုမှုများတို့သည် အလျှဉ်းမတူကြပါ။ သို့ဖြစ်၍ ၎င်းသမိုင်းစာဆိုသည့်အတိုင်း ဟုတ်သည် မဟုတ်သည်ကိုသာ၍သိရန်၊ ရွေးချယ်၍ကောက်နှုတ်ပြလိုက်ပါသည်။ ကြီးကျယ်သောအမှားများကိုသာလျှင် ကောက်နှုတ်၍ အချုပ်ဖေါ်ပြပါမည်။ ၎င်းသမိုင်းစာတို့ကို စာအုပ်တွင် ရေးပြရလျှင် ဂဏ္ဍဘာရဖြစ်၍ ကျမ်း၏၀န်ကို လေးမည်တစ်ကြောင်း။ ဘတ်ရှုသူတို့လည်း စိတ်မရှင်းမည်ကို စိုးသောကြောင့်တစ်ကြောင်း ထို့ကြောင့် သေးသိမ်သော အမှားတို့ကို ချွင်းချန်၍ ကြီးမားသော အမှားများကိုသာလျှင် ထုတ်နှုတ်ဖေါ်ပြသွားပါမည်။
ရွှေတိဂုံသမိုင်း၌ တချက်ပြဆိုသည်မှာ ၎င်းညီနောင် တဖုဿနှင့် ဘလ္လိကတို့သည် ရွှေတိဂုံစေတီ၏ တည်ရာ ဥက္ကလာပမြို့က အနောက်မဇ္ဈိမဒေသ ရှင်တော်ဂေါတမရှိရာ ဗောဓိပင် အနီးလင်းလွန်းပင်နေရာသို့ လှည်းငါးရာနှင့် ကုန်ရောင်းသွားသည်ဆိုသော စကားသည် မဟုတ်နိုင်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းမဇ္ဈိမဒေသနှင့် မြန်မာနိုင်ငံအကြားတွင် မြစ်ဘယ်မျှလောက်ခြားသည် တောင်ရိုးတောင်တန်းဘယ်မျှလောက်ကြီးကျယ်စွာခြားနားသည်ကို ယခုမျက်မှောက်ခေတ်နှင့် နှိုင်းစာလျှင်၎င်း၊ တိုင်းထွာလျှင်၎င်း သိနိုင်ပါသည်။
၎င်းအပြင် ဆံတော်ကို ယူလာစဉ်အခါက ၎င်းဆံတော်ကို ဌာပနာပြု၍ ကိုးကွယ်ဘို့ရာ ရှေးအထက်က ရှင်တော်ဂေါတမ၏ နောင်တော်ဖြစ်သော ကကုသံ၊ ဂေါဏဂုံ၊ ကဿဖစသော ဘုရားသုံးဆူတို့၏ တောင်ဝှေးတော်၊ ရေသနှုတ်တော်၊ ဓမ္မခရိုင်တော်များ ဌာပနာရာအရပ်ကို အသက်ကြီးသူလူမှစ၍ ဘုမ္မစိုး၊ ရုက္ခစိုး၊ နတ်၊ သိကြားမင်းမှစ၍၎င်း၊ ရေသဖန်းပင်စောင့်နတ် ၊ အိန္ဒရနတ်၊ ဂေါဝိလနတ် ၎င်းနတ်သုံးပါးတို့အားမေးရာ ၎င်းနတ်သားသုံးယောက်တို့ကလည်း အကျွန်ုပ်တို့သည် အသက်တမ်းအားဖြင့် ကမ္ဘာတစ်ဝက်မျှသာ ရှိပါသေးသောကြောင့် ဘုရားသုံးဆူတို့၏ ဓါတ်တော်များကို ဌာပနာရာအရပ်အား မသိကြပါဟုဆိုကြလေသည်။  ၎င်းသမိုင်းစာအရ ပိဋကတ်နှင့် အကိုက်ညီပေ။ ပိဋကတ်က ပြဆိုသည်မှာ အန္တရကပ်ခြောက်ဆယ့်လေးကပ်ကိုမှ မဟာကပ်ကြီးတကပ်ဟုပြဆိုသောကြောင့်၎င်း၊ ၎င်းမဟာကပ်ကြီးလေးကပ်ကို တကမ္ဘာဟုခေါ်သည်၊ ၎င်းဘုရားသုံးဆူတို့တွင် ကကုသံ ဘုရားသည် အန္တရကပ် ရှစ်ကပ်မြောက်တွင်ပွင့်သည်။ ကိုးကပ်မြောက်တွင် ဂေါဏဂုံ ပွင့်သည်။ ဆယ်ကပ်မြောက်တွင် ကဿဖပွင့်သည်ဟုပြဆိုထားလေသည်။ ထို့ကြောင့် ဘုရားလေးဆူတို့ပွင့်သော အချိန်ကာလသည် ကမ္ဘာတ၀က်မရှိသေး၊ ကမ္ဘာတ၀က် ရောက်ဘို့ရာကို မဆိုထားနှင့်ဦး မဟာကပ်တ၀က်ရောက်ဘို့ရာကိုမှ အန္တရကပ်နှစ်ဆယ့်တကပ်လိုသေးသည်။ ထို့ကြောင့် သမိုင်းစာတွင်ပြဆိုသော ကမ္ဘာတ၀က်ရှိသည့် ရေသဖန်းပင်စောင့်နတ်၊ အိန္ဒရနတ်၊ ဂေါပိရနတ်တို့သည် ရွှေတိဂုံသမိုင်းစာ၌ပြဆိုသည့်အတိုင်း အသက်ရှိရိုးမှန်သည်ဆိုပါလျှင်၊ ၎င်းရွှေတိဂုံ သမိုင်းစာပြဆိုသည့်အတိုင်းမှန်ပါကလည်း ၎င်းဘုရားသုံးဆူတို့၏ အကြောင်းအရာကို သိစရာရှိသည်။ ဤကားစဉ်းစာရန်နှင့် အမှားကိုထောက်ပြခြင်းပင်ဖြစ်သည်
၎င်းပြင် ရွှေတိဂုံသမိုင်း၌ ပြဆိုပြန်သည်မှာ ၎င်းဘုရားသုံးဆူတို့၏ ဌာပနာရာအရပ်ကိုသိသော ဒိက္ခိဏနတ်၊ ယောဟဏိနတ်၊ မှော်ဘီနတ်၊ အမြိဿာရနတ်၊ ဆူးလေနတ်ဟူ၍ နတ်သားငါးယောက်တို့ကို သိကြားမင်းခေါ်၍မေးရာ၊ အကျွန်ုပ်တို့၏ အသက်သည် တကမ္ဘာစီရှိပါပြီဟု ပြောသည်။ ထိုသို့ပြောသောအခါ ဘုရားသုံးဆူတို့၏ ဓါတ်တော်ဌာပနာရာအရပ်တို့ကိုမေးလေရာ ထိုနတ်သားငါးယောက်တို့အနက် ဆူးလေနတ်သားပြောသည်မှာ သူသည် ကကုသံ ဘုရားလက်ထက်တွင် ဘီလူးအဖြစ်နှင့် ဖူးတွေ့ရဘူးပါသည် ထိုအခါက ပေးတော်မူသော ဓမ္မခရိုင်အား ၎င်းကုန်း၌ပင် ဌာပနာထား၍ကိုးကွယ်ပါသည်ဟုလျှောက်ဆိုလေသည်။ ဒုတိယတဖန် မှော်ဘီနတ်ကိုမေးသောအခါတွင် မှော်ဘီနတ်ကပြောသည်မှာ အကျွန်ုပ်သည် ဂေါဏဂုံ ဘုရားလက်ထက်က ဘီလူးအဖြစ်နှင့် ဖူးတွေ့ရ၍ အကျွန်ုပ်ကိုးကွယ်ဘို့ရန်ပေးတော်မူသော ရေသနုတ်တော်ကို ၎င်းကုန်းပေါ်မှာပင် ဌာပနာပြု၍ ကိုးကွယ်ပါသည်ဟုလျှောက်လေသည်။ ၎င်းနောက် နတ်သားတစ်ယောက်ကို မေးပြန်သော် ၎င်းနတ်သားက ပြောပြန်သည်မှာ အကျွန်ုပ်သည် ကဿဖ ဘုရားလက်ထက်က ဘီလူးအဖြစ်နှင့် ဖူးတွေ့စဉ်က အကျွန်ုပ်ကိုးကွယ်ဖို့ တောင်ဝှေးတော်ကိုပေးသနားတော်မူပါသည် ၎င်းတော်ဝှေးတော်အား ၎င်းကုန်း၌ပင် ဌာပနာပြုထားပါသည်ဟုလျှောက်လေသည်။ ၎င်းနောက် အခြားနတ်သား တစ်ယောက်ကိုမေးပြန်သော် ၎င်းနတ်သားက အကျွန်ုပ်သည် ဂေါတမဘုရားဖြစ်သည်ကို သိပါသည်ဟုပြောသည်။ ၎င်းနောက် နတ်သားတစ်ယောက်ကိုမေးပြန်သော် အခြားနတ်သားတစ်ယောက်က အကျွန်ုပ်သည် ကမ္ဘာကုန်သည့်တိုင်အောင် ၎င်းဓါတ်တော်ကို စောင့်ရှောက်ရပါမည်ဟု ပြောဆိုလေသည်။ ၎င်းနတ်သား ငါးယောက်တို့တွင် ဆူးလေနတ်နှင့် မှော်ဘီနတ်သာလျှင်  ကကုသံ ဘုရားဓါတ်တော်နှင့် ဂေါဏဂုံ ဘုရားဓါတ်တော်ကို ထိန်းသိမ်းရကြောင်းကိုသာလျှင် သမိုင်းစာတွင်ပြဆိုသည်။ ကျန်နတ်သား သုံးယောက်တို့သည် မည်သည့်နတ်၊ မည်သည့်ဘုရားဓါတ်တော်ကိုစောင့်ရှောက်ရကြောင်း အတိအလင်းနှင့် ကမ္ဘာမည်၍မည်မျှ စသည်တို့ကိုဖေါ်ပြထားခြင်းမရှိပါ
၎င်းသမိုင်းစာအရ စဉ်းစားစရာရှိသည်မှာ နတ်သားငါးယောက်တို့သည် ဤကမ္ဘာတွင် အသက်အားဖြင့် တကမ္ဘာစီရှိသည်ဟူ၍ သမိုင်းစာတွင်ပြဆိုသည်ကတချက်၊ ၎င်းအပြင် ပြဆိုသောအရာမှာ ၎င်းနတ်သားငါးယောက်တို့တွင် သုံးယောက်သော နတ်သားတို့မှာ ဘုရားတစ်ဆူလျှင် ဘီလူးအဖြစ်နှင့် တွေ့ကြုံရသည်ဟူ၍ဆိုထားချေသည်။ ထို့ကြောင့် ၎င်းနှစ်ချက်ကို စဉ်းစားထောက်ရှုပါလျှင် အဘယ်မျှလောက် မှားသည်ကို မြင်တွေ့နိုင်ပေသည်။ သို့သော် သေချာစေရန် ထောက်ပြပါဦးမည်။ ၎င်းဘုရားလေးဆူတို့သည် အန္တရရှစ်ကပ်မြောက်မှစ၍ ဆယ့်တစ်ကပ်မြောက် အတွင်းမှာ ပွင့်ကြသည်ဟု ပိဋကတ်မှာ ပြဆိုသည်တစ်ချက်၊ ၎င်းနတ်သားငါးယောက်တို့တွင်လည်း သုံးယောက်သော နတ်သားတို့သည် ဘုရားသုံးဆူတို့အပွင့်တွင် ဘီလူးအဖြစ်နှင့် တွေ့ကြုံဘူးလေသည်ကတစ်ချက်၊ ၎င်းနတ်သားတို့အသက်သည်လည်း တကမ္ဘာစီရှိကြပြီဟု ပြဆိုသောအချက်တို့ကို တစ်ခုနှင့်တစ်ခု တိုက်ဆိုင်စစ်ဆေး၍ ကြည့်ရှုလျှင်ယခုပြဆိုသော ဘုရားလေးဆူတို့သည် ဤဘဒ္ဓကမ္ဘာတွင်းမှာသာလျှင်ပွင့်ကြကုန်သည်ဟု ပိဋကတ်တွင်ပြဆိုသောကြောင့် ၎င်းရွှေတိဂုံသမိုင်းစာတွင် ပြဆိုသော နတ်သားငါးယောက်တို့၏ အသက်တကမ္ဘာစီရှိသည်ဟု ပြဆိုခြင်းသည်လည်း ပိဋကတ်ကျမ်းစကားနှင့် မညီသည့်အပြင် မိမိရေးသားသော သမိုင်းစာတွင် ရှေ့စကားနောက် စကားမညီသောကြောင့် သိသာရန် ရွှေတိဂုံ သမိုင်းစာမှားချက်ကို ၀ကွက်၍ ရှင်းပြလိုက်ပါသည်။ ၎င်းအပြင်  သမိုင်းစာတွင် ပြဆိုပြန်သည်မှာ ၎င်းဆံတော်ဓါတ်ကို ဥက္ကလပမင်းကြီးနှင့်တကွ တဖုဿ၊ ဘလ္လိက ညီနောင်တို့ ဌပနာတိုက်တွင်းစဉ်အခါက ၎င်းဌာပနာတိုက်ထဲသို့ ဆံတော်ဓါတ်နှင့်အတူ တည့်သွင်းသည်မှာ ၎င်းဥက္ကလာပမင်းကြီးအရုပ်မှစ၍ မိဖုရားမောင်းမမိဿံ၊ ဆွေတော်မျိုးတော်တို့၏ အရုပ်၊ တဖုဿနှင့် ဘလ္လိက၊ ညီနောင်သမီးခင်ပွန်းတို့၏ အရုပ်စသည်တို့ကို သွန်းလုပ်၍ ထည်းထားကြကုန်သည်။ ၎င်းအပြင် လင်္ကျာရံ ရှင်သာရိပုတ္တရာအရုပ်၊ လက်ဝဲရံ ရင်မောဂ္ဂလံအရုပ်မှစ၍ အသီမိရဟန္တာ ရှစ်ကျိပ်တို့၏ အရုပ်တို့ကိုလည်း သွန်းလုပ်၍ထည့်ထားကုန်၏ဟု သမိုင်းစာတွင်ပြဆိုသည်။ ၎င်းပြဆိုခြင်းသည် မဟုတ်နိုင်ရာ အဘယ့်ကြောင့်ဆိုသော် တဖုဿ ဘလ္လိက ညီနောင်တို့သည် ရှင်တော်ဂေါတမနှင့် တွေ့ရှိစဉ်အခါက ရှင်တော်ဂေါတမသည် ဘုရားအဖြစ်သို့ရောက်၍ ၄၉ ရက်မျှသာရှိသေးသည်၊ မည်သူ့ကိုမှ မည်သည့်တရားကိုမှ မဟောရသေး၊ မည်သည့်ဇာတ်နိပါတ်ကိုမှလည်း မထုတ်ဖေါ်ရသေး၊ ဤအခါက တဖုဿ ဘလ္လိက ညီနောင်တို့သည် ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ ဆိုသော ဒွေးဝါစိက သရဏဂုံကိုသာလျှင် ခံယူရလေသည်ဟု ဗုဒ္ဓ၀င် အဌကထာကျမ်းတွင်ပြဆိုထားလေသည်။ ထို့ကြောင့် ၎င်းဆံတော်ကို ဌာပနာ စည်းစဉ်အခါက ဌာပနာတိုက်ထဲသို့ လင်္ကျာရံ၊ လက်ဝဲရံမှစ၍ အသီမိရှစ်ကျိပ်ရဟန္တာတို့၏ အရုပ်ကို သွန်းလုပ်၍ ဌာပနာသည်ဟု သမိုင်းစာတွင် ပြဆိုခြင်းများတို့သည် ၎င်းသမိုင်းစာတွင် ရေးသည့်အတိုင်း မမှန်ကြောင်းကို သက်သေခံပြထားသောကြောင့် ရှင်းလင်းစွာသိမြင်ရလေသည်။ အကယ်၍ ရှင်တော်ဂေါတမရှိစဉ်အခါက တဖုဿ၊ ဘလ္လိကတို့အား ဆံတော်ကို ကိုးကွယ်ဘို့ရာပေးသည်ဆိုစေဦးတော့၊ တဖုဿ၊ ဘလ္လိကတို့ စေတီတည်သည်ဆိုစေဦးတော့ ဤမြန်မာနိုင်ငံတွင် မဟုတ်နိုင်ရာဖြစ်သတည်း။  ဤကား ရွှေတိဂုံစေတီ၏ သမိုင်းအကြောင်းအရာတို့ကို စစ်ဆေး၍ပြလိုက်ခြင်းပင်ဖြစ်သတည်း။

စေတီ၏ မူလပြုလုပ်သည့် အကြောင်းအရာကိုပြခြင်း။

ယခုမြန်မာပြည်တွင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် စေတီအဆောက်အဦးတို့ကို အတင့်အတယ်၊ အလှအပများဖြင့် ပြုလုပ်၍ ကိုးကွယ်ခြင်းနည်းလမ်းများမှာ အဘယ်ကဆင်းသက်လာသောနည်းများဖြစ်ပါသနည်းဟုဆိုရသော်၊ ရှေးမာဂဓလူမျိုးများကပင် ဆင်းသက်လာသောနည်းများပင်ဖြစ်လေသည်။ အဘယ်အရာကိုထောက်၍ ရှေးအစဉ်အဆက်က စေတီရှိကြောင်းကို သိရသနည်းဆိုလျှင် ရှင်ဂေါတမရှိစဉ်အခါကပင် ဝေသာလီပြည်၏ မြို့ထောင့်တွင်၊ စပလေစေတီရှိသည်။ ရှေးမာဂဓ အဘယ်အရာကို အထိမ်းအမှတ်ပြု၍ စေတီပြုလုပ်ပါသနည်းဆိုသော် မာဂဓလူမျိုးတို့သည် မိမိတို့မြို့သည် စည်ပင်ဖွံ့ဖြိုး၍ လူနေအခြွေအရံ အုတ်အုတ်သောင်းသောင်း မရှိစေခြင်းငှါ၎င်း၊  ၎င်းမြို့၏ အဆက်မပျက်မစီး ရှည်စေခြင်းငှါ၎င်း မြို့ရိုးပြင်ဘက်၊ မြို့ထောင့်တို့၌ စေတီအဆောက်အဦးကိုပြုလုပ်တတ်ကြလေသည်။ ၎င်းစေတီအတွင်း၌ အဘယ်အရာကို ဌာပနာပြုလုပ်ကြပါသနည်းဆိုသော်၊ ဗေဒင်ကျမ်းလာ နက္ခတ်တို့လာသည့်အတိုင်း အချိန်၊ အခါ၊ ကာလ၊ စသည်တို့ကို ရွေးချယ်၍ ယဇ်နတ်ပူဇော်ရန် ရေတွင်းမျှလောက်၊ အကျယ်အ၀န်း၊ အနက်ရှိသော တွင်းကြီးထဲသို့ ဘောဇဉ်ခဲဘွယ်နှင့်တကွ အစားအသောက်အပြည့်အစုံတို့ကို ပြင်ဆင်ပြီးလျှင်၊ ၎င်းတွင်းပေါ်က အုတ်ဖြင့်စီမံ၍ စပါးပုံသဏ္ဍာန်ဖြစ်စေ၊ ချည်ဝင်ပုံသဏ္ဍာန်ဖြစ်စေ အင်္ဂတေသရွက်တို့ဖြင့် မွမ်းမံပြီးလျှင် အတင့်အတယ် အဘွယ်အရာပြုလုပ်ထားတတ်ကြလေသည်။ ၎င်းအရာကို မြို့စတေးသည်ဟူ၍လည်းခေါ်ကြသည်။ စေတီဟူ၍လည်းခေါ်ကြသည်။ ထူပါရုံဟုလည်းခေါ်သည်။ ပါသာဒဟူ၍လည်းခေါ်သည်။ ကူဟူ၍လည်းခေါ်သည်။
၎င်းအကြောင်းကို သာ၍ထင်ရှားစေခြင်းငှါ သက်သေခံကျမ်းဂန်ပါဠိတို့နှင့်ပြပေဦးမည်။ ၎င်းရှေးအထက်က မာဂဓလူမျိုးတို့ အသုံးအစွဲပြုသော နာမပညတ်၊ ဝေါဟာရ အရပ်ရပ်တို့ကို ဓါတ်ပစ္စည်းနည်းနှင့်တကွ မောဂ္ဂလာန်မဂဓသဒ္ဒါကျမ်း၌ ထိုသို့သောမြို့ကို အကြောင်းပြု၍။ ။ယုထုကူနံဒီဃောစ၊ ဟူ၍သဒ္ဒါကျမ်း၌ လေ့လာသောအခါ နောင်လာနောက်သားတို့ လိမ္မာကျွမ်းကျင်စေရန် ဥဒါဟရုဏ် ထုတ်ဆောင်၍ သုတ်တင်ပြလေသည်မှာ။ ။ထုအဘိတ္တဝေ။ ကုသဒ္ဒေ။ ။ဧတေဟိပေါဟောတိ။ ဧတေသံဒီဃောစ။ ဒီဃ၀ိဓါနသာမတ္တိယာသြတ္တဘာဝေါ။ ။စေတီယံ။ ။ကပန္တိနဒန္တိဧတ္ထာတိကူပေါ။ ။ဥဒါပနံ။ ဤကား ယုထုကူနံဒီဃောစ၊ ဟူ၍ပါဠိလာရှိသည်နှင့်အညီ သုတ်၏ အရာအတိတ်ကိုထုတ်ဆောင်၍ အစိတ်ပြသော ဥဒါဟရုဏ်သုတ်၏ အစဉ်ပါဠိများဖြစ်သတည်း။ ၎င်းအရာတွင် သိသာရုံမျသာ။ မြန်မာလို ပြန်ဆို၍ပြပါမည်။
ဧတ္ထ ဤမြို့၌။ ယုမိဿနော၊ အခြွေအရံများစေခြင်းငှါ၎င်း။ ထုအဘိတ္တဝေ၊ တင့်တယ်ဘွယ်ရာ အသရေရှိစေခြင်းငှါ၎င်း။ ကုသဒ္ဒေ၊ အသံမစဲစေခြင်းငှါ၎င်း။ ဒီဃ၀ိဓါနသာမတ္တိယာ၊ အရှည်သဖြင့် အစီအရင်နှင့်ပြည့်စုံ၍။ သြတ္တဘာဝေါ၊ စိုးရိမ်ကြောက်ရွှံ့ဘွယ် မရှိစေခြင်းငှါ၎င်း။ ဧတ္ထတိ၊ ဤမြို့၌။ ယုဝန္တိသဟာဝတ္တန္တိ၊ တပြိုင်နက်တည်းနှင့်တကွစီရင်သော။ ယူပေါ၊ လူယောင်္ကျား၏။ ယညယဌိ၊ ယဇ်ပူဇော်သောဌာနကို။ ပါသာဒေါ၊ ပြဿဒ်ဟူ၍၎င်း။ ထ၀ိယတီတိ၊ ထိုသို့တည်ထားရာအရပ်ကို။ ထူပေါ၊ ထူပါရုံဟူ၍၎င်း။ စေတိယံ စေတီဟူ၍၎င်း။  ဧတ္ထတိ၊ ဤအရပ်၌။ ကပန္တိနဒန္တိ၊ ငိုကြွေးမြည်တမ်းခြင်းကြောင့်လည်း။ ကူပေါ၊ ကူ (ဂူ)လည်းမည်ကုန်၏။ ဥဒပါနံ၊ ရေတွင်းလည်းရ၏။ ဧတေဟိ၊ ထိုအလုံးစုံတို့ကို။ ပေါ၊ ပစ္စည်းသက်သည်။ ဟောတိ၊ ဖြစ်၏။
ပေါ၊ ပစ္စည်းသက်၏ ဟူ၍ပြဆိုသော သဒ္ဒါ၏ပရိယာယ်အဓိပ္ပါယ်မှာ၊ မြို့ရွာစီရင်ခြင်း၊ အသရေရှိစေခြင်း၊ ဘေးရန်ကင်းစေခြင်း အကျိုးကိုရခြင်းသည်၊ မြို့စတေးခံရသော ( ပေါသော) ယောင်္ကျား၏ အကြောင်းခံကြောင့်ဖြစ်သတည်းဟု ဆိုလိုသတည်း။ ၎င်းပြင်လည်း ထူပါရုံ၊ စေတီ၊ ကူ (ဂူ) ဟူ၍ အစရှိသော နာမည်တို့သည်လည်း ၎င်းအစရှိသော နာမည်ကိုအစွဲပြု၍ခေါ်ဆိုလေသတည်း။ မဂဓခေါ် ပါသဒဟူသောအရာ၏အမည်ကို မြန်မာပြဿဒ်ဟူသောအမည်နှင့် နှိုင်းယှဉ်၍ခေါ်သည်။ ထူပေါ ဆိုသော အမည်ကို မြန်မာ၌နှိုင်းယှဉ်စရာမရှိသောကြောင့် ၎င်းမာဂဓအမည်ကိုပင် ကြောင်းတူသံကွဲ၊ ထူပါရုံဟူ၍၎င်း မည့်ခေါ်လေသည်။ စေတီ၊ ကူ (ဂူ) ဆိုသောအရာ၏ အမည်မျှားသည် မြန်မာ၌ နှိုင်းယှဉ်စရာ မရှိသောကြောင့် အထက်ပါနည်းအတိုင်း ကြောင်းတူသံကွဲအသံစွဲကာ မည့်ခေါ်သောအမည်များပင်ဖြစ်လေသည်။ ၎င်းမြန်မာအခေါ် အမည်နာမ စကားအချို့တို့သည် မာဂဓပါဠိပျက်စကားဖြစ်ကုန်၏။
ထို့ကြောင့် မြန်မာပြည်၌ ပြဿဒ်၊ စေတီ၊ ထူပါရုံ၊ ကူ (ဂူ) ဟူ၍ခေါ်ပြီးသမုတ်ကြလေသည်။ ၎င်းအရပ်ဌာန အမည်တို့သည် မာဂဓ လူမျိုးတို့က ဆင်းသက်ကြောင်းကို ထင်ရှားစေသည်ကို အကြောင်းပြု၍ မည့်ခေါ်ကြခြင်းပင်ဖြစ်သည်။  ၎င်းကို မောဂ္ဂလံမာဂဓသဒ္ဒါကျမ်းကပြဆိုသည့်အတိုင်းသိရလေသည်။  မြန်မာပြည်မှာလည်း ရှေးအထက်က ကျန်ရစ်မင်းသည်၊ အာနန္ဒာစေတီကို တည်လုပ်စဉ်အခါက မောင်ညိုသား မောင်ဖြူကို၊ ဌာပနာတိုက်သွင်းကြောင်းကို နတ်ရာဇ၀င်ဟောင်တစ်စောင်တွင် တွေ့ရလေသည်။ သထုံရှင်ဘုရင် မနူဟာမင်းလက်ထက်တွင်လည်း လူစွမ်းကောင်း ကုလား ဗျတ်ဝိကို ဖမ်းဆီး၍ သတ်ပြီးလျှင် လက်နှစ်ဖက်၊ ခြေနှစ်ဖက်တို့ကို မြို့ထောင့်လေးထောင့်မှာ စတေးပြီးလျှင် ဥက္ခောင်းကို မြို့တံခါးဝမှာ မြုပ်၍ ကိုယ်အသွေးအသားတို့ကို မြို့ရိုးပတ်လည်မှာလှည့်စေ၍ လိမ်းကျန်သည်ဟု ရာမညရာဇ၀င်သ စာတန်းဟောင်းတစ်စောင်တွင် တွေ့ဘူးလေသည်။ ဤကား စေတီ၏ မူလပြုလုပ်ခြင်း အကြောင်းအရာတို့ကို စစ်ဆေး၍ပြသလိုက်ခြင်းပင်ဖြစ်လေသည်။