၁။ ကမ္ဘာပျက်ခြင်းအကြောင်း။
ကိံကရဏာ ဧဝံလောကောဝိနဿတိ။ ။ အကုသလကရဏာ အကုသလမူလေဟိ၊ ဥဿန္နေသု ဧဝံလောကော ဝိနဿတိ။ ။ အဓိပ္ပါယ်ကား။ ။ အကုသိုလ်မူလ အကြောင်းကြောင့် ပျက်၏ဟုလာ၏။
၁။ ရာဂများသောအခါ မီးဖျက်လေ၏။
၂။ ဒေါသများသောအခါ ရေဖျက်လေ၏။
၃။ မောဟများသောအခါ လေဖျက်လေ၏။
ဟုပြပြီးမှ၊ ကေစိဝါဒ တည်းဟူသော တပါးသောသူ၏ အယူဟူ၍။
၁။ ဒေါသများသောအခါ မီးဖျက်၏။
၂။ ရာဂများသောအခါ ရေဖျက်၏။
၃။ မောဟများသောအခါ လေဖျက်၏ဟူ၍ သတ္တင်္ဂုတ္တရပါဠိတော်၊ သတ္တသူရိယ သုတ်၌ ဆိုလေ၏။
နေ ၁ စင်း။ —အလုံးစုံ သစ်ပင်များသော။
နေ ၂ စင်း။ —မြစ်ငယ်၊ ထုံးအိုင်ခန်း။
နေ ၃ စင်း။ —မြစ်ကြီးငါးသွယ်ခန်း။
နေ ၄ စင်း။ —အိုင်ကြီးငါးသွယ်ခန်း။
နေ ၅ စင်း။ —သမုဒ္ဒရာ ၄ စင်းခန်း။
နေ ၆ စင်း။ —မြေကြီးနှင့် မြင့်မိုရ်မီးဖိုကဲ့သို့ အခိုးအလျှံဖြစ်။
နေ ၇ စင်း။ —အကုန်အစင် ကျွမ်းလောင်ကုန်၏။
၂။ ကမ္ဘာပျက်သောအခါ သတ္တဝါမပါ။
လောကဗြူဟာ နတ်တို့ကြွေးကြော်သံကြောင့်၊ လူတို့တရားအားထုတ်၍ အဆင့်ဆင့် အထက်နတ်ပြည် မီးလွတ်ရာဘုံ၌ဖြစ်၏။
အပါယ်လေးဘုံသားတို့လည်း၊ အပရာပရိယကံကြောင့်၊ အပါယ်မှလွတ်၍၊ ဗြဟ္မာ့ဘုံသို့ရောက်ကုန်၏။ (မိစ္ဆတ္ထအရိယာ ကျွတ်ပုံ) ကဌာန်း ပါဠိတော်။ အာပါရိကော၊ ကပ္ပဌောသံဃတေကော စူလဝါပါဠိတော်၊ ဣတိဝုတ်ပါဠိတော်လာ သံဃာသင်းခွဲသောသူ ငရဲကပ်တကပ် ခံရ၏။
ထိုရေသည် အစဉ်အတိုင်းတက်သည်မှ အစဉ်အတိုင်းလွမ်းမိုးစေ၍ နစ်မြုတ်နေသော ဗြဟ္မာပြည် တည်ရာ အရပ်၌ ဗြဟ္မာပြည် ထင်းရှာစွာဖြစ်လေ၏။ နတ်ပြည်တည်ရာအရပ်၌ နတ်ပြည်ထင်ရှားစွာ ဖြစ်လေ၏။ လူတို့ဖြစ်ရာ ဌာန၌ကား၊ ရသပထဝီ တည်းဟူသော မြေသည် ကောင်းစွာ ရေပေါ်ထိပ်ထက်တည်လပ်၍၊ မနုဿ လောကဓါတ်ဖြစ်လေ၏။
ပါဠိ။ ။ သမ္ပတိ မဟာ မေဃော ဥဌဟိတွာကောဋိ သတသ ဟဿံ။ ။စက္ကဝါဠေသုသဗ္ဗ ဍဍ္ဎုဌာနပူရေတွာ အန္တရဓါယတိ။ ။ဣတော၊ စိတောပဟရိတွာ ဥဒကံသဏ္ဍပေန္တာကမေနဥဒကံဘဿတိ။
မှတ်ရန်။ ။ ပဏ္ဍိတဝေဒနိယ ဒီပဏီကျမ်း မျက်နှာ ၁၇၆၌၊ စိတ်သည် လောကကို ဖန်ဆင်းကြောင်း။ စိတ္တေဿဧကဓမ္မဿ၊ သဗ္ဗောဝသမဒ္ဓဂူ။ ။ သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်။ ။လောကေ၊ လောကကို။ စိတ္တေန၊ စိတ်သည်။ နိယတိ၊ ဖြစ်အောင်ဆောင်တတ်၏။ ဖျက်လည်း ဖျက်ဆီးတတ်၏။ လောကေ၊ လောကကို။ စိတ္တေန၊ စိတ်သည်။ ပရိကဿတိ၊ ပြုပြင်တတ်၏။ စိတ္တဿ၊ စိတ်ဟူဆိုအပ်သော။ ဧကဓမ္မဿံ၊ တခုသောတရား၏။ ဝသံ၊ အလိုသို့။ သဗ္ဗေဝ၊ အလုံးစုံသော တရားတို့ပင်။ အဒ္ဓဂူ၊ အစဉ်လိုက်ရကုန်၏။
ဤပါဠိတော်လာရှိသည့်အတိုင်း။ စိတ်ကြောင့် လောကဖြစ်ကြောင်း၊ လောကကြီးကို စိတ်သည် ပြုပြင်ဖန်ဆင်းကြောင်းကိုဆိုသော်၊ ဤလောကကြီးသည် ဘယ်သူ၏ စိတ်ကြောင့် ဖန်ဆင်းလျှက် ရှိသနည်း။ ၄င်းစိတ်၏ အလိုကို သိတတ်သော သဘောသဘာဝကား ဘယ်တရားပါနည်း။ ဥတု၌၊ စိတ်ရှိပါသလော။ ထိုသို့ဆိုသော်၊ ဥတုသည်၊ ကြံစည်ခြင်း၊ စီစဉ်ခြင်း၊ ဆင်ခြင်ပိုင်းခြားခြင်း ရှိနိုင်ပါသလော။ ကံ၌လည်း ထိုသဘောများပါပါသလောဟု များစွာစဉ်းစားစရာရှိလေသည်။
ခရစ်ယာန်။ ။ လောကဓါတ်မှစ၍၊ လောကဓါတ်၌ရှိလေသမျှသော အရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်။ တမန်တော် ၁၇း၂၄။ အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။ ကမ္ဘာဦး ၁း၁ ၄င်းအချက်အတိုင်း ဤကမ္ဘာလောကကြီးကို ဘုရားသခင်၏ စိတ်အကြံတော်အားဖြင့် ဖြစ်ကြောင်း ထင်ရှားလျှက်ရှိလေသည်။
0 comments:
Post a Comment