This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

Monday, May 31, 2010

ကာမအကျိုးဆက်နှင့် ကာမမှလွတ်ရာလမ်း။

ဟိန္ဒူနှင့် ဗုဒ္ဓဘာသာတွင် ကာမဟူသည် လူ၏မကောင်းဆုံး အမှုအရာကိုပြဆိုပြီး၊ သူ၏အပြစ်တ သဘောဘ၀အခြေအနေနှင့် သူ၏ နောက်ဘ၀ကို အဆုံးအဖြတ်ပြုသောအရာအဖြစ်ဆိုသည် ( Webster's New 20th Century Dictionary) ။
      ``လူသည် တစ်ခါတည်းသေ၍ ထို့နောက်တရားစီရင်ခြင်းခံရမည် ´´ ဟေဗြဲ ၉း၂၇။
      သမ္မာကျမ်းစာ၍ ရှင်းလင်းစွာသိရသည်မှာ လူသည်တစ်ခါတည်းမွေး၍ တစ်ခါတည်းသေခြင်းတရားကို ရင်ဆိုင်ရရန် သာရှိသည်။ ကျွန်ုပ်တို့၏ ငယ်စဉ်က သင်ကြားခဲ့ရသကဲ့သို့ အကြိမ်များစွာ မွေးဖွားခြင်းဟူသော သံသရာ အမှန်တကယ်မရှိပါ။

၁။ကာမ။
      တစ်ကြိမ်တစ်ခါတုံးက ဗုဒ္ဓ၏ နောက်လိုက် အရဟံက ကာမမှ အဘယ်သို့ လွတ်၍ အကျွတ်တရားလမ်းသို့ ရောက်နိုင်သနည်း? ဟုမေးရာတွင် ဗုဒ္ဓက အောက်ပါအတိုင်းဖြေခဲ့လေသည်။
      ``ထမ်းပိုးသည် ရေပေါ်တွင် သုံးနှစ်ပေါလောပေါ်နေပြီး၊ မျက်မမြင် လိပ်တစ်ကောင်ကိုရှာဖွေ ခိုင်း၍ ထိုသုံးနှစ် ပေါလောပေါ်နေသော ထမ်းပိုးကို မျက်မမြင်လိပ်က ရှာတွေ့ပါက သင်သည် အကျွတ်တရားလမ်းသို့ ရောက်ပေမည်´´ ဆိုသော စကားပင်ဖြစ်သည်။
      ``အပါယ်ငရဲသို့ ပို့စေသော သတ်မှတ်ချက် ဆယ်ခုတွင် တစ်ခုကို သင်ချိုးဖေါက်ပါက သင်သည် ငရဲ၍သာလှမ်းရပေမည်´´ ဆိုသောစကားပင်ဖြစ်သည်။ မြန်မာမူပြုရပါက ``တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်းကြက်သွန်´´ ပင်ဖြစ်လေသည်။
      အထက်ပါ အဖြစ်အပျက်မှတ်တမ်းများအရ ဗုဒ္ဓက ကျွန်ုပ်တို့အား ရှင်းလင်းစွာ သိမြင်စေသည်မှာ ဥပုဒ်၊ သီလ၊ ကောင်းမှု ကုသိုလ်စသော အရာများဖြင့် လူသည် မိမိကိုယ်ကို မိမိမကိုးစားနိုင်ကြောင်းပင်ဖြစ်သည်။ ထိုမျှမက အပြစ်၏ အကျိုးဆက်ကြောင့် ဗုဒ္ဓကိုယ်သော်မှ ကိုးစား၍ မရနိုင်ကြောင်း မိန့်ဆိုတော်မူခဲ့လေသည်။ အကြောင်းအရင်းနှစ်ရပ်ကိုတွေ့မြင်နိုင်ပါသည်။
      (က)။ လူသည် ဥပုဒ်၊ သီလကိုလုံခြုံအောင် မစောင့်ထိန်းနိုင်ခြင်း။
      (ခ) ဗုဒ္ဓ၍ ကယ်တင်ခြင်းမျိုး ရှိပါက အထက်ပါစကားကို ဟောကြားမည်မဟုတ်။
            သုံးနှစ်တိုင်တိုင် မြုတ်နေသော ထိုထမ်းပိုးနှင့် စပ်လျှဉ်း၍ ၊ သင်က သုံးရက်ပင်မျောလိုက်ဦးတော့ တစ်ဖန်ကန်းနေသော လိပ်ကိုရှာခိုင်းပါက အဘယ်သို့တွေ့နိုင်ပါအံ့နည်း။
      ဗုဒ္ဓက ရုပ်ပိုင်းဆိုင်ရာနှင့် စပ်လျှဉ်း၍ ( ကာယ) အပြစ်သုံးမျိုးကိုဖေါ်ပြပါသည်။ စကားနှင့်ပါတ်သက်၍လည်း ( ၀စီ ) လေးမျိုး၊ စိတ်နှင့်ပါတ်သက်၍လည်း ( မနော ) သုံးမျိုးထပ်၍ခွဲခြားပြပါသည်။
      (၁) ကာယကံ အပြစ်တွင်ကား။
            သတ်ခြင်း၊ ခိုးခြင်း၊ ကာမအရာမှာ မှားယွင်းခြင်း။
      (၂) ၀စီနှင့်ပါသတ်၍ကား။
            လိမ်ညာခြင်း၊ ကြမ်းတမ်းစွာစကားဆိုခြင်း၊ သိမ်ဖျင်းသောစကားပြောခြင်း၊ မလိုတမာပြောခြင်း။
      (၃) မနောနှင့်ပါတ်သက်၍ကား။
            ဒေါသ၊ မကောင်းကြံစည်မှု၊ တပ်မက်မူ၊ စသော အရာတို့သည် ဗုဒ္ဓ၏ စကားတော်လာ
အပြစ်တရားများပင်ဖြစ်သည်။ 


၂။ ကာမအကျိုးဆက်။
      ဗုဒ္ဓက မှားယွင်းသောအတွေးအခေါ်များကြောင့် မြွေဖြစ်ရသော မဟာအာသောက မင်းကြီးအကြောင်းကို ဤသို့ဆိုခဲ့လေသည်။
      ``မဟာအာသောကမင်းကြီး အသက်ရှင်စဉ်က တရားဘ၀နာ ပွားမွားခြင်း၊ အလှူဒါနပေးခြင်းနှင့် နိဗ္ဗာန်ကို မျက်မှောက်ပြုရေးတို့ကို အစွမ်းကုန်ကြိုးစားကာ အမြဲမပြတ် ကျင့်ကြံအားထုတ်ခဲ့လေသည်။ သူသည် ဗုဒ္ဓ၏ လမ်းစဉ်ကို ရိုးသားစွာဖြင့် နာခံလိုက်လျှောက်၍ ဘာသာ သာသနာတွင် ကထိန်သင်္ကန်းလည်း ကြီးကျယ်ခန်းနားစွာ လှူဒါန်းခဲ့ည်။ တစ်နေ့ ဘုရားကျောင်းသို့ ဖြတ်လမ်းမှ သွားစဉ် ရေကန်၍ ငါးများမြူးတူးနေသည်ကိုတွေ့ရာ ``ဤငါးများကိုဖမ်း၍ အချဉ်ပြုကာစားရလေလျှင် အဘယ်မျှကောင်းလိမ့်မည်နည်း´´ ဟုလက်တွေ့မပါ ၊ မပြုအားဘဲ အတွေးကလေးတစ်ခုပြုမိလိုက်လေသ်ည။ အရွယ်ရလာသောအခါတွင်ကား အာသောကမင်းကြီးသည်လည်း သေလွန်သွားလေ၏။
      ကောင်းရာဘုံတံခါးသို့ ရောက်သောအခါတွင် ကောင်းရာဘုံစောင့်က ၀င်ခွင့်မပေးဘဲ သူ၏ အကုသိုလ်အကြွေးအားပေးဆပ်ရန် ပြန်သွားခိုင်းလိုက်သောကြောင့် ဟိမ၀န္တာတောင်ခြေအနီးတွင် စပါးကြီးမြွေအဖြစ်ခံယူရလေသည်။ မြွေသည် ငါးကိုစားခြင်းမှာ သဘာဝဖြစ်သောကြောင့် လှည့်လယ်ကာ ရှာဖွေစားသောက်နေရလေ၏။ ( စိတ်ဖြင့်ပင် ဤသို့ကျခံရက လက်တွေ့ စားနေသောအကျိုးကား အဘယ်သောအခါတွင် တစ်ပါတ်လည်လေဦးမည်နည်း *ဤကားစကားချပ်တည်း)။
      မဟာအာသောကမင်း မရှိသည့်နောက် သားတော် အာသောကမင်းသည် နန်းထိုင်လေ၏။ သူသည်လည်း ဥပုဒ်သီတင်းသီလတို့ကို ပြင်းထန်စွာ စောင့်စည်းလိုက်နာကာ ပျံ၍တက်နိုင်လောက်အောင်ပင် အလှူဒါနအစုစုကိုပြုလေသည်။ သူသည်လည်း သေလွန်သည့်နောက် ကေင်းရာဘုံသို့ ရောက်သောအခါ သူ၏ဖခင်အကြောင်းကို မေးမြန်လေသည်။ အဆုံးတွင်ကား သူ့ဖခင်သည် မြွေကြီးဖြစ်၍ သားစိမ်းငါးစိမ်းများကို ရှာဖွေစားသောက်နေရမှန်း သိရှိရလေသည်။
      ``ခင်များ တွေ့လိုပါက ထိုမြွေကြီး၏ လမ်းကြောင်းအတိုင်းလိုက်သွားပါ´´ ဟုဂိတ်စောင့်ကပြောဆိုလေသောအခါတွင်၊ သူသည် ထပ်ချပ်မကွာ ခြေရာခံ၍ လိုက်ရာ အဆုံးစွန်သော တောနက်ကြီးထဲ၌ အလွန်ကြီးမားသော မြွေကြီးကို တွေ့မြင်ရာ မြွေကလည်း သူ့ကိုတွေ့သဖြင့် တွေ့၍ စားမြိုရန်သာ ဆန္ဒပြင်းထန်သောလေတော့သည်။ ထို့ကြောင့် သားဖြစ်သူက စ၍ ကားဆို၏။
      ``ကျွန်ုပ်ကား လူ့ဘ၀တုံးက ဖခင်ရဲ့သားပါ´´
      ``မင့်ဟာ ငါ့သားမှန်ရင် ငါ့ခေါင်းကနေပြီး အမြီးတိုင်အောင် လမ်းလျှောက်လှည့်ပါ၊ မကျပါက သင့်အား ငါ့သားအဖြစ်အသိအမှတ်ပြုပြီး၊ ကျပါက သင့်ကို ငါစားစရာအဖြစ်သာ အသိအမှန်ပြုပေမည်´´
      သားဖြစ်သူကလည်း ကောင်းမွန်စွာ လျှောက်ပြလေသည်။ ထို့ကြောင့် မေးခွန်းထုတ်၍ မေးလေသည်မှာကား။
      ``အဘယ့်ကြောင့် သည်လိုဖြစ်ရတာလည်း အဖေ၊ အဖေသည် လူ့ဘ၀၌ အကျင့်သီလပြည့်စုံခဲ့သည်မဟုတ်ပါလား၊ ထိုဒါန၊ သီလ၊ ကောင်းမှု ကုသိုလ်တို့၏ အကျိုးဆက်ကို မခံစားရတော့ဘူးလား? နောက်ပြီး အဖေ့  အပြစ်တွေအတွက် ဘယ်မျှလောက်သော အတိုင်းအတာကာလအထိ ပေးဆပ်နေရမှာလည်း အဖေ?´´
      ``ငါ၌ ရှိသော အကြးခွံနှင့်အမျှ ငါသည် သံသရာလည်၍ ၀ဋ်ကြွေးကို ပေးဆပ်ရဦးမယ်သား´´
      အထက်ဖေါ်ပြပါဖြစ်စဉ်သည် ဗုဒ္ဓဘာသာ၌၊ သီလတို့က ပေးဆပ်ရန်ရှိသော ၀ဋ်ကြွေးများပင်ဖြစ်သည်။ ထိုကဲ့သို့သော ၀ဋ်ကြွေးအပြစ်တရားခံရန် အပြစ်တရားကို ကျခံရန်မှာ ပင်ပန်းကြီးစွာ လုပ်ဆောင်ရန် မလိုတွေးတောရုံမျပင်ဖြစ်သည်။
      အထက်ဖေါ်ပြပါနည်းတူ ယေရှုခရစ်တော်ဘုရားက မဿဲ ၅း၂၂၊၂၈ တို့တွင် သတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း အကြောင်းကိုဆိုခဲ့လေသည်။ လက်တွေ့ ကျူးလွန်ရန် မလိုစိတ်ကူးကာမျှဖြင့် ထိုအပြစ်ကို ကျူးလွန်ပြီးဖြစ်ကြောင်းဆိုခဲ့လေသည်။ အကြောင်းအရင်းမှာကား စိတ်သည် အပြစ်အားလုံးအတွက် အရင်းအမြစ်ပင်မဟုတ်ပါလား။
      ဗုဒ္ဓက သူ၏ နောက်ဆုံးသော အချိန်ကာလ ကလေးတွင် သူ၏ နောက်လိုက်တို့အား အခြားအခြားသော စကားများကိုမှာကြားမိန့်ဆိုခဲ့လေသည်။
      (၁) ရုပ်တုဆင်းတုပြုလုပ် ကိုးကွယ်ခြင်းမပြုရန်။
      (၂) ထာဝရဘုရားကို ကိုးစားမျှော်လင့်ရန်။
      (၃) အပြစ်တရားမှ လွတ်ရာလမ်းရှာရန် သို့မဟုတ် ပျက်စီးခြင်းက ၀ါးမြိုလိမ့်မည်။
      (၄) ဘုရားအား စိတ်၊ ၀ိညာဉ်၊ သမ္မာတရားဖြင့်သာ ကိုးကွယ်ခြင်းပြုရန်( အလှူဒါန အပယိကမဟုတ်)။
      (၅) ဗုဒ္ဓသာသနာ သုံးထောင်နောက်တွင် ရုပ်တုများ လွင့်ပျောက်၍ ကမ္ဘာကြီးအား မီးဖြင့် ဖျက်စီးမည်ဆိုသော စကားတို့ပင်ဖြစ်သည်။
 
၃။ ကာမအပြစ်မှ လွတ်ရာလမ်း။
      ကာမအပြစ်တရားကြောင့် လူသည် ကောင်းမွန်သော တမလွန်ဘ၀ကို မရနိုင်ကြောင်း၊ ဟိန္ဒူနှင် ဗုဒ္ဓဘာသာတို့က သွန်သင်ညွှန်ပြလေသည်။ ဟိန္ဒူတို့၏ နည်းအရ လူတို့တွင် အဆင့်ဆင့်ရှိလေသည်။
      အဆင့်တစ်-
            အဆင့်တစ်တွင် ဘုရားသုံးဆူနှင့် ဘုရားမသုံးဦးပင်ဖြစ်သည်။ Vishnu ဘုရားက ကာကွယ်ပေးခြင်း၊ Siva မူကား ပျက်စီးခြင်းနှင့် Pham ဘုရားကတော့ ဖန်ဆင်းခြင်းအရှင်တို့ဖြစ်သည်။ ထိုသုံးဆူသော ဘုရားတို့သည် ဟိန္ဒူအတွက် အရေးပါလှပြီး ``ဥုံ´´ ဟူသော စကားလုံးကိုဖြစ်စေသည်။ ထို့ကြောင့်လည်း ရှေးလူကြီးသူမတို့က၄င်း လူလတ်တန်းစားတို့က၄င်း၊ ထိုအရာဖြင့်အစပြု မန်းမှုတ်ကြလေသည်။ ထို ``ဥုံ´´ သည် ဘုရားသုံးဆူကို ညွှန်းပြီး ၄င်းတို့သည် အသက်၏ မူလအမြစ်တည်ရာအဖြစ် မှတ်ယူကြလေသည်။
      အဆင့်နှစ် -
            ဟိန္ဒူတို့၏ ယုံကြည်ချက်အရ ၄င်းအဆင့်မှာကား ၊ လူ၊ နတ်၊ ၀ိညာဉ်၊ ကောင်းဆိုးစသော ရောယှက်နေသော အဆင့်ဖြစ်သည်၊ ဆိုလိုရင်းကား လူတစ်ပိုင်း၊ နတ်တစ်ပိုင်း စသော အလယ်အလတ် အဆင့်ပင်ဖြစ်သည်။
      အဆင့်သုံး -
            ထိုအဆင့်ကား နောက်ဆုံး အဆင့်ဖြစ်ပြီး ၄င်းတို့တွင် ရေ၊ မြေ၊ တောတောင်၊ ကျောက်၊ သစ်ပင်၊ လူ၊ တိရိစ္ဆာန်တို့လည်းပါဝင်နေသည်။
      လူတို့က အထက်အရပ်ကိုမျှော်သော်လည်း သူတို့၏ နေ့စဉ် အပြစ်ကြွေးက အောက်ကိုသာစွဲချပြီး၊ ၀ဋ်ကြွေးများကို ပေးဆပ်နေကြရလေသည်။ ထို့ကြောင့်လည်း ဆိုးညစ်သော လူတို့သည် အပြစ်ကာမမှ လွတ်မြောက်ရာ လမ်းမရှိဖြစ်သည်။ ၄င်းသည်ကား ဗုဒ္ဓဘာသာဝင်နှင့် ဟိန္ဒူဘာသာဝင်တို့၏ မစားရ၀ခမန်းလိလိ အိမ်မက်ကိုမက်နေခြင်းပင်ဖြစ်သည်
      ထို့ကြောင့် အထက်ပါ ဘာသာတရားများ၏ အနာဂတ္တိစကားတော်နှင့်အညီ ``နောင်တွင် ကယ်ချွတ်ရှင်ကြွလာတော်မူမည်´´ ဟူ၍ တွေ့ရလေသည်။ ဗုဒ္ဓက ထိုအရှင်သည် လူတို့အား အပြစ်ငရဲမှ ကယ်တင်၍ နန်းအမတသို့ ပို့ဆောင်မည့် မဂ္ဂင်ဖောင်အဖြစ်၎င်၊ ရွှေဖောင်ကြီးအဖြစ်၎င်း သံသရာမှ လွတ်စေမည်ဟုဆိုခဲ့လေသည်။ ဟိန္ဒူဘာသာတွင်လည်း ၀င်းပသော အဆင့်ရှိသူတို့က ပေါ်လာ၍ သူ၏အမည်ကား ကန်လီ* ဟူ၍တွင်ပြီး အပြစ်တရားတွင် မွှေ့လျှော်သူများအဖို့ ဓါးကိုယူဆောင်လာကာ စီရင်ခြင်းပြုမည်ဟု ဆိုခဲ့လေသည်။ ဤကမ္ဘာအဆုံးတွင် ကမ္ဘာအသစ် စလိုက်မည်ဟုလည်း ဆိုခဲ့သည်။
      * Quoted from the comparison of Religions, page 540 , in the Thai language.
      ကျွန်ုပ်အတွက်မူကား ဆင်းရဲ၊ ဒုက္ခ၊ အို၊ နာ၊ သေခြင်း စသော သံသရာတွင်းမှ မျှော်လင့်ချက်မရှိသော ဘ၀မှ ကြီးမားသော လွတ်မြောက်ရာလမ်းပင်ဖြစ်လေတော့သည်။ ထိုလွတ်မြောက်ရာလမ်းကား လူသားအားလုံးကို အပြစ်မှ ရွေးနှုတ်ကယ်တင်ခြင်းငှါ ကြွလာတော်မူသော ကယ်တင်ရှင် ယေရှုခရစ်တော်ပင်ဖြစ်ပေတော့သည်။ ခရစ်တော်သည်ကား ကျွန်ုပ်နှင့် လူသားအားလုံးတို့အတွက် နန်းအမတသို့ ဘေးကင်းလုံးခြုံစွာ ကူးမြောက်ရာ ရွှေမဂ္ဂင်ဖောင်ကြီးပင်ဖြစ်ပါတော့သတည်း။
      သုတ္တံ ၁၅း၂၄ ``ပညာရှိသောသူလိုက်ရာ အသက်လမ်းသည် အောက် အရပ်၊ မရဏာနိုင်ငံမှ လွှဲရှောင်၍ အထက်သို့ ပို့ဆောင်တတ်၏၊၊´´

Tuesday, May 25, 2010

နောင်ကာလနှင့်ဆိုင်သော ဗုဒ္ဓ၏အနာဂတ္တိစကား

နောင်သောအခါ
ကမ္ဘာရှုပ်ထွေး
ကွဲပြားလူတို့ အစုစုတို့
သေကြေရိုက်နှက်
ချောင်းမြစ်ဖြစ်ဘိ
လုံခြုံလမ်းသစ်
ပညောင်ရိပ်၌
မည်သူထိုင်တန်
ကျွတ်တန်းမှန်၏
နန်းအမတမြေ
လှမ်းနိုင်လေအံ့ လှမ်းနိုင်အံ့။

၁။ ဗုဒ္ဓ၏အနာဂတ္တိစကား။
ယုံကြည်သူဖြစ်လာပြီးနောက် ခရစ်တော်၏ မဟာအမှုတော်မြတ်တွင် နှစ်ပေါင်းများစွာ သွန်သင်လာရင်း ဗုဒ္ဓ၏ ဟောဖေါ်ညွန်ပြသော တရားတော်များကို သာ၍အောက်မေ့သတိရမိပါသည်။
``သာသနာတော် နှစ်ထောင် ( ၂၅၀၀ )ကျော်၊ နောက်သော်ရောက်သောအခါ၊ တရားကင်းကြ မင်းပါပ၊ မုချအုပ်စိုးမှာ၊ ပညောင်အောက်တွင် လောကီဝင် နေရာပြင်ထား ထိုခေတ်တစ်ပါး၊ မာန်ညွတ်ကျိုးနွံသူတော်စဉ်တို့ ဖူးတွေ့ကြုံရ မြတ်ဗုဒ္ဓ´´
ထိုခေတ်ထိုအခါတွင် ဘုရားမြတ်က လောကီတစ်ခွင်လုံးအား ရွှေလက်တော်ဖြင့်စစ်၍ လူတို့အားပြုတော်မူမည်။ ထိုအခါ ဆင်တို့သည် တင်ကျန်ခြင်းမရှိ၊ ခြတို့သည်သာ တင်ကျန်ခြင်းရှိလိမ့်မည်ဟု ဆိုခဲ့လေသည်( လာအိုတစ်ဘောင့်စကား)။ ထိုတစ်ဘောင့်စကားသည် ခေတ်အဆက်ဆက်ကတည်ရှိခဲ့ပါသည်။ လာအိုလူမျိုးတို့က နှုတ်တိုက်အာဂုံဆောင်ကာ ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းလာခဲ့ကြပြီး မိမိတို့နားလည်သလို အနက်ဖွင့်ဆိုကြလေသည်။ ယုံကြည်သူဖြစ်လာပြီးနောက်၎င်း၏ အနက်အဓိပ္ပါယ်ကို လွန်စွာနက်နက်နဲနဲဖြစ်နေကြောင်း ကျွန်ုပ်သိရှိလာရလေသည်။

၂။ အနာဂတ္တိစကားအနက်ဖွင့်ခြင်း။
အောက်ဖေါ်ပြပါ အနာဂတ္တိစကားတို့သည် လွန်စွာမှပင် သိရှိရန် အရေးပါလှပေသည်။

က။ ဗုဒ္ဓပြောကြား နောင်ကာလစကား။
သာသနာ ၂၅၀၀ နောက်ပိုင်း။
သာသနာ ၂၅၀၀ နောက်ပိုင်းရောက်သောအခါတွင် ကမ္ဘာကြီးသည် ယိုယွင်းပျက်စီးမည်ဖြစ်ကြောင်းဆို၏။ ထိုခေတ်ထိုအခါကာလကို ယခုမြင်တွေ့ရပါမည်။ ခရစ်တော်ဘုရားမူကား သာ၍ ရှင်းလင်းသော အနာဂတ္တိစကားကို ဖေါ်ကျူးထားလေသည်။ ရှင်မဿဲ ခရစ်ဝင် ၂၄ တွင် ကမ္ဘာလောကကြီး၏ နောက်ဆုံးသော ဆုတ်ကပ်ကာလအကြောင်းကို၎င်း၊ လူတို့သည် ဘုရားတရားကင်းကွာလာကြမည်ကို၎င်း ဖွင့်ဆိုထားသည်။ တဖြည်းဖြည်းနှင့် တပြည်နှင့်တစ်ပြည် စစ်မက်ဘေး အန္တရယ်များ၊ တောတောင်ပြိုခြင်း၊ ငလျှင်မလှုပ်ခြင်း၊ မိစ္ဆာဒိဌိဘာသာရေးဆရားများ၊ မနာလိုဝန်သိုခြင်း၊ လှည့်ဖြားခြင်း ညှင်းပန်းနှိုပ်စက်ခြင်းစသည်တို့ရှိလိမ့်မည်ဖြစ်ကြောင်းဆို၏။ ၎င်းတို့သည်ဖြစ်ပေါ်နေသည်သာမက ကျွန်ုပ်တို့အား အစဉ်ခြောက်လှန့်နေသည်မဟုတ်ပါလား။ လောကကြီးသည် ထိုထက်သာ၍ဆိုးဝါးလာကာ နောက်ဆုံးသောကာလသည် အဆုံးသတ်နိဂုံးတိုင်ရပေမည်။
ဗုဒ္ဓက နှစ် ၅၀၀၀ နောက်ပိုင်းတွင် ကမ္ဘာကြီးကို မီးဖြင့် ဖျက်စီး၍ လွတ်မြောက်သူမရှိဟု ဆိုခဲ့သည်။ ဗုဒ္ဓပြောခဲ့သည့်အတိုင်း ခရစ်တော်ပြောခဲ့သည့်အတိုင်း ခရစ်တော်ဘုရားက ကြွလာတော်မူသောအခါ ထပ်တူဆိုခဲ့၏၊ ထိုနေ့ရက်ကို ဘုရားမှတစ်ပါး မည်သူမျှ အတိအကျမသိနိုင်ကြောင်း အတိအလင်း ဆိုခဲ့သည်။ သို့တိုင်အောင် နောက်ဆုံးသော ကာလသည် အမှန်ပင် ပြည့်စုံလာမည့်အကြောင်း ကမ္ဘာသည် အဆုံးတိုင်ရပေမည်။ နောက်ဆုံးသောကာလတွင် ဘုရားရှင်က လက်ရှိကမ္ဘာကြီးအား မီးဖြင့် ဖျက်စီးမည့်အကြောင်း ဗျာဒိတ် ၂၀း၉ တွင် သမ္မာကျမ်းစာက ဖေါ်ပြထားပါသည်။ ဗုဒ္ဓဘာသာက၎င်း၊ ခရစ်ယာန်က၎င်း ထိုအရာအတွက် အတိအလင်းမီးနှင့် ဖျက်စီးမည်ကို တစ်သံတည်းဆိုခဲ့ကြလေသည်။
ချစ်စွာသော သူတော်စဉ်အပေါင်းတို့ ထိုအရာများ ဤလောကတွင် ဖြစ်ပေါ်နေပါက မိမိတို့၏ ဘ၀နောင်ရေးအတွက် အသင့်ရှိပြီလား? မည်ကဲ့သို့သော နည်းလမ်းဖြင့် ကျွတ်ရာလမ်းကို ရောက်ရန် မျှော်လင့်ကာ အသက်ရှင်နေပါသနည်း? ထိုမေးခွန်းအတွက် အချိန်မနှောင်းခင် အဖြေပေးရန် အသင့်ရှိ သင့်လှပေသည် မဟုတ်ပါလား?

ခ။ ပညောင်သုံးခက်အရိပ်အောက်၌ လောကသားတို့ ခိုနားရမည်။
လူပေါင်းထောင်သောင်းများစွာသော သူတို့က ပညောင်သုံးခက်အရိပ်ကို အလွန်ပင်စိတ်ဝင်စားကြလေသည်။ ထိုအရိပ်ပေးသော ပညောင်သုံးခက်သည် ကွဲပြားသော လမ်းစဉ်များပင်ဖြစ်သည်။
နိုင်ငံရေးသမားတို့က နိုင်ငံရေးအသွင်ဖြင့်၎င်း၊ ဗုဒ္ဓဘာသာက ဗုဒ္ဓဘာသာဖြင့်၎င်း၊ အခြားသောသူတို့ကလည်း သူတို့၏ အခြားသော လမ်းစဉ်ဖြင့်၎င်း နားလည်သလို အနက်ဖွင့်ကြလေသည်။

(၁) နိုင်ငံရေးဖွင့်ဆိုချက်။
နိုင်ငံရေးသမားတို့က လွတ်လပ်သော ဒီမိုကရေစီ ( သို့ ) ကွန်မြူနစ်စသော ( သို့ ) လူမှုဖွံ့ဖြိုးရေးစသော လမ်းစဉ်သုံးခုဖြင့် ဖွင့်ဆိုကြသည်။

(၂) ဗုဒ္ဓဘာသာဖွင့်ဆိုချက်။
ပညောင်သုံးခက်သည် ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာမြတ်သုံးပါးပင်ဖြစ်သည်။

(၃) တိုက်ရိုက်ဖွင့်ဆိုချက်။
ထိုညောင်သုံးခက်သည် အမှန်တကယ်ပင် ညောင်သုံးခက်ကို ဆိုလိုသည်ဟု အနက်ဖွင့်ကြလေသည်။ ထိုသို့ဆိုပါက သုံးခုဟူသော ဝေါဟာရအရ လောကီလူသားတို့သည် ထိုအပင်အောက်တွင် အမှန်စုနိုင်ရန်အရေး သတ်ဖြတ် ဖျက်ဆီးခြင်းများရှိနေကြရပေတော့မည်။

(၄) သုံးပွင့်ဆိုင်ဖွင့်ဆိုချက်။
ကျွန်တော့်၏ ယုံကြည်ချက်နှင့် နားလည်မှုအရာ ဂေါတမသည် ဘုးရားရှင်အား ညွှန်ပြခြင်းသာဖြစ်သည်။ သုံးခုဟူသော စကားအလာအရ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် တည်းဟူသော သုံးပါးတစ်ဆူဘုရား၏ မေတ္တာတော်အရိပ်အောက်တွင် အတူတကွ စုရုံးကြခြင်းပင်ဖြစ်သည်။
ဗုဒ္ဓက သူ၏နောက်လိုက်များအား နောင်တွင်ကြွလာမည့် ကယ်တင်ရှင်ကို စောင့်မျှော်ရန် ဟောကြားခဲ့လေသည်။ ဤလောကတွင် မည်ကဲ့သို့သော လူမျိုး၊ တိုင်း၊ နိုင်ငံဖြစ်နေပါစေ ထိုသုံးပါးတစ်ဆူ ဘုရားရှင်၏ ကျေးဇူးတရားအောက်တွင် နားခိုဖြေသိပ့်၍ အကျွတ်တရားလမ်းကို ရယူပိုင်ဆိုင်နိုင်ပါသည်။

ဂ။ ဘုရား။
``…… မျက်နှာတော်အား ဖူးမျှော်ရမည်´´
ထိုအနာဂတ္တိစကားက ဗုဒ္ဓ ( သို့ ) သိဒ္ဓတ္ထက သူ့ကိုယ်သူ ဘုရားဟူ၍ မညွှန်းဆိုခဲ့သလို၊ ဘုရားတည်ရှိတော်မူကြောင်းကိုလည်း ငြင်းပယ်တော်မူခြင်းမပြုခဲ့ပါ။ သူကိုယ်၌က ဘုရားဖြစ်ခဲ့ပါလျှင် ``သင်သည် ငါ၏ မျက်နှာကိုဖူးမျှော်ရမည်´´ ဟုသာဆိုပေမည်။ ၎င်းအစား ``သင်သည် ဘုရားမျက်နှာတော်အား ဖူးမျှော်ရမည်´´ ဟုဆိုသောကြောင့် ထိုဘုရားရှင်ကား သူ၏နောက်တွင် ကြွလာတော်မူသော ကယ်တင်ရှင် ယေရှုခရစ်တော်ဘုရားပင်ဖြစ်လေတော့သည်တကား။ ယေရှုခရစ်တော်ဘုရားက ဗုဒ္ဓကွယ်လွန်ပြီးနောက် ၅၄၃ နှစ်အကြာတွင် ပေါ်ထွန်းတော်မူခဲ့လေခြင်းဖြစ်သည်မှာ ဗုဒ္ဓ၏ စကားဦး အနာဂတ္တိစကားတို့နှင့်အညီ ဗုဒ္ဓသာသနာ၏ အနားအဆုံးသတ် သာသနာ ၅၀၀ အတွင်းတွင်ဖြစ်သည်ကိုကား အတိအကျပင်ဖြစ်လေသည်။

ဃ။ ထိုက်တန်သောသူ။
`` ထိုက်တန်သောသူသည် မျက်နှာတော်ကို ဖူးတွေ့ရမည်´´
အဘယ်ကဲ့သို့သော လူပုဂ္ဂိုလ်က ထိုက်တန်သနည်း? လူပေါင်းများစွာက နည်းလမ်းစုံဖြင့်အနက်ဖွင့်ဆိုကြ၏။ ထိုက်တန်သောသူသည် နက်နဲ၍ မြင်တွေ့ရန်ခက်ခဲလှသော အရာများကိုလည်း မြင်တွေ့ခံစားနားလည်နိုင်ခွင့်ရှိသည်ကို ကျွန်ုပ်တို့ ကောင်းစွာသဘောပေါက်ခဲ့သည်။ ``ထိုက်တန်သောသူ´´ ဟူသောစကားကို ဗုဒ္ဓ၏ အနာဂတ္တိစကားတွင် ထိုသို့သောသူများကို ရည်ညွှန်းခြင်းပင်ဖြစ်သည်။ ထိုစကားကို သိမြင်၍ နားလည်သောသူသည် ကောင်းစွာသော အနက်အဓိပ္ပယ်ကို နားလည်သောကြောင့် ``ထိုက်တန်သောသူ´´ ဟူ၍ဆိုလိုခြင်းပင်ဖြစ်သည်။ ဗုဒ္ဓက ``ငါ၏သွန်သက်ချက် နှုတ်ကပတ်တော်ကို နားလည်ပါက ငါသည် အဘယ်သူဖြစ်သည်ကို သိလိမ့်မည်´´ ဟုဆိုထားလေသည်။
ဘုရားကို ယုံကြည်ကိုးစားသော မည်သူမဆို ``နှုတ်ကပတ်တော်´´သည် မည်သူဖြစ်ကြောင်း၊ မည်သူ့ကိုဆိုလိုကြောင်းသိပေမည်။ ထို ``နှုတ်ကပတ်တော်´´ သည် ဗုဒ္ဓ၏ အနာဂတ္တိစကားတော်အဖြစ် ကောင်းစွာနားလည်ရပေသည်။ ဤနေရာတွင် ``နှုတ်ကပတ်တော်´´သည် ယေရှုခရစ်တော်ပင်ဖြစ်သည်။ ထိုအရာကို ရှင်ယောဟန်က ကောင်းစွာရှင်းပြထားခဲ့လေသည်။ ``
အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်ဘည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ´´ တဖန် ``နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။´´``ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။´´ ( ယောဟန် ၁း၁-၃၊၁၄၊၁၈)။
ထိုယေရှုခရစ်တော်သည်ကား ကျွန်ုပ်တို့ ဘိုးဘေးများ မျှော်လင့်စောင့်စားနေခဲ့ကြသော ကယ်တင်ရှင်မြတ်ဘုရားစင်စစ်ပင်ဖြစ်လေသည်သာမက ဗုဒ္ဓ၏ အနာဂတ္တိစကားတို့၏ အချုပ်အခြာလည်းဖြစ်တော်မူလေသည်။
ကျွန်ုပ်တို့၏ ဘေးဘိုးအစဉ်အဆက်တို့သည် ဆွမ်း၊ ကွမ်းများကို ကျောင်းကန်ဘုရားများသို့ ပို့ဆောင်ရာ၌ ရေကိုလည်းယူသကဲ့သို့/ ဆရာတော်ကြီးများကလည်း ရွတ်ဖတ်သရဈာယ်ကျသောအခါတွင် ရေစက်သွန်းရင်း `` ဤသို့ပြုရ ကုသလကြောင့် အို၊ နာကင်းရာ မြတ်နိဗ္ဗာန်ကို ဆောင်ပို့စေ၍၊ နောက်လာလတံသော ကယ်ချွတ်ရှင်မြတ်အား ဖူးတွေ့ရသူဖြစ်ကြစေ´´ ဟူ၍ ဆုပေးခြင်းအမှုကို ပြုကြလေသည်။ ``ယေရှုခရစ်တော်ဘုရားက ရှမာရိ အမျိုးသမီးအား ``
ယေရှုကလည်း၊ သင်နှင့်စကားပြောသော ငါသည် မေရှိပင်ဖြစ်သည်ဟု မိန့်တော်မူ၏။ ´´ ( ယောဟန် ၄း၂၆)၊ တဖန် ဖိလိပ္ပုအားလည်း ``သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေရကြ။ ယခုမှစ၍ ခမည်းတော်ကို သိမြင်ကြ၏ ဟုမိန့်တော်မူသည်။ ´´ ( ယောဟန် ၁၄း၇ ) ဟုမိန်ဆိုတော်မူခဲ့လေသည်။
ထိုခရစ်တော်သည်ကား ဗုဒ္ဓက နောင်ကာလအချိန်တွင် ဤလောကကို ကယ်တင်မည့် ကယ်ချွတ်ရှင်ဖြစ်ကြောင်းကို အနာဂတ္တိစကားတို့က ညွှန်ပြနေခြင်းပင်ဖြစ်လေတော့သည်။

င။ နန်အမတ ရောက်မည့်သူနှင့် မရောက်မည့်သူ။
``ခြတို့သည်ကား တင်ကျန်ရစ်လိမ့်မည်…´´
တင်ကျန်သောခြတို့သည်ကား သာမန်လူတန်းစား လက်လုက်လက်စားစသောသူများကို ညွှန်းဆိုခြင်းဖြစ်သည်။ လောကစည်းစိမ်ကြွယ်ဝချမ်းသာခြင်းဖြင့် ပူပန်စိုးရိမ်ကာ ဘုရားတရားကို မျက်ကွယ်ပြုနေသော သူများကို မရည်ညွှန်းပါ။ ထိုသို့သော သူတို့၏စိတ်သည် စိတ်မသာညည်းတွားသောသူတို့သည် ဘုရားရှင်ထံသို့ဝင်ရောက်လာရန် ဆန္ဒအသင့် လွယ်ကူစွာရှိကြလေသည်။
တင်ကျန်ခြင်းမရှိသော ဆင်သည် ရာထူး၊ ဂုဏ်၊ ပကာသနတို့ဖြင့် အတ္တတစ်လူလူလွင့်ထူနေသော သူများကိုဆိုလိုခြင်းဖြစ်သည်။ ထိုပုဂ္ဂိုလ်တို့သည်ကား လူရှေ့တွင် သိမ်ငယ်မည်၊ ရာထူးဂုဏ်ရှိန်ညိုးမည်ကို စိုးသောကြောင့် မိမိမာန်ခ၀ါချရန် လွန်စွာခက်ခဲသည်နှင့်အညီ ``ရိုသေမန်ညွန်ကျိုး´´ ဟူသော စကားကို နှုတ်တွင် သွင်သွင်ဆိုသော်လည်း လက်တွေ့တွင်ကား ဘုရားဘုန်းထက် လူဘုန်းကိုသာ ရလိုသောကြောင့် ဘုရားရှင်ထံ ၀င်ရောက်ရန် လွန်စွာ ခဲယဉ်းလှပေသည်။
သမ္မာကျမ်းစာတွင်လည်း အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် ကာလသုံးတန်အတွက် ထိုသူတို့ကို ဘုရားထံမရောက်နိုင်သည့်အကြောင့်ကို တွေ့ရလေသည်။ ချမ်းသာလျှက် လူဆင်းရဲ ( လုကာ ၁၂း၁၆-၂၁)၊ ကပ်စေးနဲသူဌေး (လုကာ ၁၆း၁၉-၃၁)၊ သူဌေးသား ( လုကာ ၁၈း၁၈-၃၀)။ ဘုရင်အဂရိပနှင့် အရာရှိကြီများ ( တမန်တော် ၂၅-၂၆)၊ နိကောဒင် ( ယောဟန် ၃း၁-၂၁ ) စသည်ဖြင့် တွေ့ရပါသည်။ အထက်ပါ ပုဂ္ဂိုလ်တို့သည် သူတို့၏ ဂုဏ်၊ စည်းစိမ်၊ ရာထူး၊ အခွင့်အလမ်းများကို ခင်တွယ် တပ်မက်သောကြောင့် ဘုရားရှင်ထံတော်မှောက်သို့ အရောက်ဝင်ရန် လွန်စွာခဲယဉ်းလှကြောင့် အတိအလင်းဆိုထားလေသည်။ ထို့ကြောင့်လည်း ``
တဖန် ငါဆိုသည်ကား၊ ကုလားအုပ်သည် အပ်နဖားကိုလျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။´´ ( မဿဲ ၁၉း၂၄ ) ဟု မိန့်ဆိုထားခဲ့လေသည်။
အမှန်တကယ်ရဲရင့်သော သူတို့မူကား ဘုရားထံတော်မှောက်တွင် မာန်ခ၀ါချကာ မိမိ၏ ယခုဘ၀နောင်ဘ၀အရေး အကျွတ်တရား နန်းအမတအတွက် ခိုင်မာသော ဆုံးဖြတ်ချက်ကို ချကာ `` ဘုရားမှတစ်ပါး အားကိုးစရာ အခြားမရှိ´´ ဆိုသော စကားနှင့်အညီ ဘုရားကိုသာ ကိုးစားယုံကြည်ရဲကြပေမည်။

၃။ မေတ္တာရှင် ဘုရားက လူတိုင်းကိုချစ်၍ အခွင့်အလမ်းပေးတော်မူခြင်း။
ဘုရားရှင်က ကျွန်ုပ်တို့အား ``တင်ကျန်သောခြ၊ တင်ကျန်ခြင်းမရှိသောဆင်´´ မိမိလိုရာအတိုင်းဖြစ်နိုင်သော အခွင့်အရေးကို ပေးထားတော်မူပါသည်။ ဘုရားမှတစ်ပါး အားကိုရာမရှိ ဆိုသောစကားအတိုင်း ``ဘုရားကို ရှာကြံသူ ´´အဖြစ် သို့မဟုတ် မိမိကိုယ်သာ ကိုးစားရာ ``ဘုရားမလို ငါသာဗိုလ်´´ ဆိုသောစကားကို၎င်း ရွေးချယ်ခွင့်ပေးထားပါသည်။ မှန်သော သစ္စာစကားသည်ကား ဘုရားရှင်သည် လောကီသားတို့အား ချစ်တော်မူ၍ အမှုများကို ပြုပေးတော်မူခဲ့ပါပြီ၊ ``ဘုရားဖက်၍ အသက်ဆက်´´ ကာ အကျွတ်တရားကို ရယူရန်သာလိုကြောင်း သိခွင့်လည်းပေးခဲ့ပါပြီ၊ သို့တိုင်အောင် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး စသော အတ္တအစွဲအလမ်းတရားတို့ဖြင့် ဘုရားမြတ်၏ ဖွင့်ပေးထားတော်မူသော လမ်းစဉ်ကို၎င်း မဂ္ဂင်ဖောင်တော်ကို၎င်း ယနေ့တိုင် ကျွန်ုပ်တို့ ဥပေက္ခာပြု၊ လျစ်လျှူရှုနေကြဆဲပင်ဖြစ်သည်။ ဦးဆုံးဘုရားရှင်၏ လုပ်ဆောင်ချက်ကား ရှေးဘိုးဘေး ပုရောဖက်များအားဖြင့် ကယ်ချွတ်ရှင်ကြွလာမည့်အကြောင်းကို ဟောဖေါ်ညွှန်ပြတော်မူခဲ့လေသည်။ တဖန် အချိန်တန်သောအခါတွင် သားတော် ယေရှုခရစ်တော်ဘုရားအား စေလွတ်ကာ သူ၏ကိုယ်စား လူသားအားလုံးအတွက် ကိုယ်စားပြုယတြာအဖြစ်တော်ခံယူခြင်းအားဖြင့် အပါယ်ငရဲမှ မြတ်သော နန်းအမတလမ်းကိုဖွင့်ပေးစေခဲ့ပါသည်။ ထို့နောက်တွင်ကား သေခြင်းမာန်ကို အောင်မြင်စေခဲ့ပြီး ကျွန်ုပ်တို့အားလုံးကို စိတ်ချမှုအပြည့်ပေးတော်မူခဲ့ပါသည်။ ``မရဏာကို အောင်မြင်တော်မူခြင်း´´ အရှင်မြတ်အဖြစ်သက်သေပြုတော်မူစေခဲ့ပါသည်။ ထို့နောက်မှာကား ၎င်းအမှုအရာ အလုံးစုံတို့ကို ကျွန်ုပ်တို့ လောကီသားများသိရှိစေရန် သမ္မာကျမ်းစာတွင် မှတ်တမ်းပြု၍ ကျွန်ုပ်တို့သိရှိစေရန် ဘုရားမြတ်ရှင်က စောင့်ထိန်းကွယ်ကာတော်မူခဲ့ပါသည်။
ထိုကြီးမြတ်လှသော ဘုရားမြတ်၏မေတ္တာတော်ကို ဆင်ခြင်အောက်မေ့ကြပါစို့၊ ကျွန်ုပ်တို့သာ ဘုရားရှင်နေရာတွင် ဆိုပါက ``ထိုသို့ပြုနိုင်ဦးမည်လော?´´ ကျွန်ုပ်တို့စိတ်မျိုးဖြင့်ရှိတော်မမူသော ဘုရားရှင်၏ ကျေးဇူးတော်အစုံ၊ ဂုဏ်တော်အနန္တတို့အား အောက်မေ့ကျေးဇူးတင်ကြပါစို့၊ ထိုဘုရားရှင်သည် ကျွန်ုပ်တို့အပေါ်တွင် အနာဂတဿ ညာဏ်တော်အားဖြင့် အနှိုင်းမဲ့ မေတ္တာတော်အားဖြင့် အပြစ်ကို ခွင့်လွတ်နိုင်ရေး လမ်းမဂ်တရားကို ဖွင့်ပေးတော်မူကာ နန်းအမတသို့ အရောက်ပို့ဆောင်ပေးလိုသော ဘုရားမြတ်ပင်ဖြစ်သောကြောင့် ယုံကြည်ကိုးစားထိုက်လှပေသည်။

၎။ တင်ကျန်ခြင်း မရှိသောဆင်တို့၏ အကြောင်းတရား။
ရွှေရေစစ်ဖြင့် စစ်သောအခါတင်ကျန်ခြင်းမရှိသော ဆင်တို့မှာ လူကုံတန်၊ ကြွယ်ဝချမ်းသာသူ၊ ရာထူးဂုဏ်ရှိန်ရှိသူများ ကိုဆိုလိုခြင်းဖြစ်သည်။ တင်ကျန်ခြင်း မရှိရခြင်းမှာ မိမိတို့သည် တစ်ခြားသောသူများထက် သာလွန်ထူးကဲ့သောသူများအဖြစ် ထင်မှတ်ထားကြသောကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း နှိုပ်ချရန် လွန်စွာခဲယဉ်းလှပြီး သူတို့ဘ၀တွင် မည်သူတစ်ဦးတစ်ယောက်၏ အကူအညီမလို နောက်ဆုံး ဘုရားမြတ်ရှင်၏ ကျေးဇူးတော်ကိုပင်မလိုဟု ထင်မှတ်သောကြောင့် ပင်ဖြစ်သည်။ ဘုရား၏ ဓမ္မတာနှင့် လူတို့၏သဘောသဘာဝတို့သည် သုံးနှင့်လေးပမာ ဆန့်ကျင်ဘက်ဖြစ်သည်။ သမ္မာကျမ်းစာတွင်ကြည့်ပါက
မဿဲ ၂၃း၁၂ တွင်လည်း ``အကြင်သူသည် မိမိကိုမြှောက်အံ့၊ ထိုသူသည် နှိမ်ချခြင်းသို့ ရောက်လတံ့။ အကြင်သူသည် မိမိကိုနှိမ်ချအံ့၊ ထိုသူသည် မြှောက်ခြင်းသို့ ရောက်လတံ့။ ´´ ဟုဆိုထားလေသည်။
ကွဲပြားခြားနားသောအရာများထဲမှ တစ်ခုကိုပြပါက ``လူသည် ပေးကမ်းလိုသလော ( သို့ ) မိမိကိုယ်ကျိုးအတွက် ဆုတောင်းလိုသလော?´´ ဆိုသောအချက်ကပင် ကွာခြားနေပေသည်။ ဘုရားရှင်က ``
အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏၊ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏၊ ထိုသူသည် အသက်ကိုတွေ့လိမ့်မည်။´´ ( မဿဲ ၁၆း၂၅ )။ 

မိတ်ဆွေသည် အထက်ပါစကားများကို ကြားနာရချိန်တွင် အဘယ်သို့ ထင်မြင်ပါသနည်း? အဘယ်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးဖြစ်လိုပါသနည်း? တင်ကျန်ရစ်သောခြ သို့တည်းမဟုတ် အပါယ်ခံရသောဆင် မည်သည့်အသွင်ကို ရယူလိုပါသနည်း? ဘုရားရှင်၏ ရွှေရေစစ်တော်ဖြင့် စစ်သောအခါ လွန်သွားလိုသလော? တင်ကျန်လိုသလော? တင်ကျန်သောခြသူငယ်ဖြစ်လိုပါသလော? ဆင်ခြင်ပွားများ၍ ဘုရားလက်ကိုင်ပြုနိုင်သူဖြစ်ပါစေလို့ စာရေးသူဆန္ဒပြုပါတယ်။