This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

Tuesday, April 6, 2010

ကယ်တင်ရှင်နှင့်ဆိုင်သော အနာဂတ္တိစကားတော်။

ကျွန်ုပ်တို့အရပ်ဒေသတွင် လူတိုင်းသိသော အနာဂတ္တိစကားဖြစ်ငြားလည်း၊ ငယ်ရွယ်စဉ်က ကျွန်ုပ်အတွက် ထိုအရာသည် အရေးပါသည်ဟု ထင်မှတ်မထားခဲ့ပါ။ ခရစ်တော်၏ သက်တော်စဉ်ကို လေ့လာသည်နှင့်အမျှ ထိုအရာသည် သာ၍သာ၍ အရေးပါလာခဲ့ရလေတော့သည်။ တမလွန်လွတ်ရာလမ်းကို ကုသိုလ်ကောင်းမှု အားဖြင့် မရနိုင်မှန်း သိလာရပြီး ကြွလာသော ( အရိမေတ္တယျ) မေတ္တာတော်ရှင် ဘုရားအား ယုံကြည်ကိုးစားခြင်းရှိမရှိနှင့်သာ ဆိုင်ကြောင်းနားလည်လာရလေသည်။ ဗုဒ္ဓကိုယ်တော်တိုင်ပြောသော အနာဂတ္တိစကားတွင် ကျွန်တော်တွေ့လာရပါသည်။ အောက်ဖေါ်ပြပါ အကြောင်းအရာတို့သည် ( တိပိဋကကျမ်း ၂၇ အုပ်မြောက်၊ စာ ၂၃ ) ယနေ့တိုင်ရှိနေပါသည်။

  ဘုန်းတော်ကြီး သီရိဝိသုဒ္ဓိဝံက ချင်းမိုင် ( Phra Sing ) တွင် ကျွန်တော့်ကိုပေးခဲ့ခြင်းပင်ဖြစ်သည်။
ဗုဒ္ဓသည် တစ်နေရာမှ တစ်နေရာသို့သွားလာစဉ် အိန္ဒိယပြည် ဗြဟ္မဏနွယ်ဝင် တစ်ဦးက ရောက်ရှိလာပြီး အောက်ပါအတိုင်းမေးခဲ့လေသည်။
      ``အဘယ်ကဲ့သို့သော တရားရှုမှတ်ခြင်း၊ တောခိုခြင်း၊ ဥပုဒ်စောင့်ခြင်း၊ ပေးလှူခြင်းအားဖြင့် လူသည် ( သို့ )  ဗြဟ္မာတို့သည် အပြစ်တရားမှ လွတ်နိုင်အံ့နည်း? ``
ဂေါတမက-
      ``အလှူဒါနပြု၍၊ ငါးပါးသီလ၊ ရှစ်ပါးသီလတို့ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံ၍ ၂၂၈ သွယ်သော ၀ိနည်းကို နိုင်သည်သာမက ဗုဒ္ဓဘာသာဝင်စင်စစ် ထူးကဲ့လှစွာ လက်အုပ်ချီရာတွင် ထောင်သောင်းမကသော အကြိမ်ဖြင့် တစ်ရက်ကို ငါးကြိမ် ရှုမှတ်သော်လည်း ဆံခြည်၏ ရှစ်စိတ်မျသော အကျိုးတရားကို မရနိုင်ရာ။ ထိုမျှမက မိခင်ဝမ်းမှာ ရှိသော သန္ဓေသားပင် လွတ်ရာတံခါးဝသို့ မချဉ်းကပ်နိုင်ရာ´´ ဟုဆိုသောအခါ ဗြဟ္မဏက
      `` ထိုသို့ဆိုပါက အကျွန်ုပ်တို့သည် မည်သို့ ကျွတ်လွတ်ရနိုင်ပါအံ့တော့နည်း? ´´
      ``လူတို့၏ အပြစ်သည် များပြားလှသည်၊ ကောင်းကင်ထက်မြင့်၍၊ မြေထုနှင့်အမျှနက်၏၊ ကောင်းကင် နတ်တစ်ပါးသည် ၁၈ လက်မခန့်ထူ၍ ကျစ်လစ်သိပ်သည်းသော ကျောက်တုံးကိုလာ၍  နှုးညံ့သော ဂွမ်းဖြင့် ညှင်သာစွာ လာရောက်ပွတ်တိုက်၏၊ ကျောက်တုံးသည် လုံးပါးပါး၍ ပျောက်ကွယ်ငြားက အပြစ်သည်ကား ပျောက်ကွယ်ငြားအံ့၊ ငါတို့သည် ကိုယ်တိုင်ပင်လျှင် သားမယား၊ စည်းစိမ်၊ လောဘ၊ ဒေါသ၊ မောဟတွေကို ပယ်၍ ဘုန်းကြီးဖြစ်လာကာ ကိုယ်ကျင့်တရားတွင် စံပြဖြစ်သော်လည်း ၎င်းအတိုင်း ဘ၀အဆက်ဆက် ပြုသော်လည်း အပြစ်ငရဲမှ လွတ်ခြင်းငှါ မစွမ်းသာသေးချေ´´
      ``ထိုသို့ဆိုပါက ကျွန်ုပ်တို့ကား အဘယ်သို့လွတ်နိုင်ပါအံ့နည်း? ´´
      `` သင်သည် အလှူအတန်းကိုပြု၍ နောက်ကြွလာလတံ့သော ကယ်တင်ရှင်ကို စောင့်မျှော်ခြင်းက သင့်အတွက် သင့်တော်ပေလိမ့်မည်၊ သူ၏အမည်ကား အရိမေတ္တယျ ( ရန်သူဖြစ်လျှက်ပင် မေတ္တာထား သောဘုရား ) ဘုရားဟူ၍ခေါ်ပြီး ထိုကယ်ချွတ်ရှင်ဘုရားသည် ငါမရှိမှီရှိ၍ ငါ့နောက်ကြွလာပေလိမ့်မည်´´
      `` ထိုဘုရားအား အဘယ်သို့သော နိမိတ်လက္ခဏာအားဖြင့် သိနိုင်ပါအံ့နည်း?´´
      ``လောကတစ်ခွင်လုံးကို ကယ်တင်ရန်ကြွလာမည့် အရှင်၏ လက်တွင်၎င်း၊ ခြေတွင်၎င်း သံချက်ရာကို တွေ့ရလိမ့်မည်၊ နံဘေးတော်တွင်လည်း ထိုးနှက်ခြင်းကိုခံရ၍ ခေါင်းတော်တွင်လည်း ဆူးဦးရစ်ကို ဆောင်လိမ့်မည်၊ ထိုအရာကို သင်သည်မြင်တွေ့သောအခါ ထိုအရှင်သည် လူသားအားလုံးတို့အား သံသရာ ၀ဲဂယက်မှ လွတ်မြောက်စေမည့် မဂ္ဂင်ဖေါင်ကူးတိုးပင်ဖြစ်လေသည်။ သင်သည် ရတနာသုံးပါးကို တွေ့မြင် ရမည်၊ လမ်းဟောင်းကို မလိုက်လေနှင့် သံသရာမှ လွတ်နိုင်မည်မဟုတ်။ လမ်းဟောင်းကိုစွန့်ပယ်၍ အထက်အရပ်မှ ၀ိညာဉ်တော်သည် မီးသဖွယ်သင့်နှလုံးတွင် ၀င်ရောက်၍  ထာဝရကာလတိုင်အောင် အို၊ နာ၊ သေခြင်းကင်းရာ လမ်းသို့ပို့ဆောင်ပေးလိုက်မည်´´ ဟူ၍ ဖြေဆိုထားလေသည်။

      အောက်ဖေါ်ပြပါ  လင်္ကာသည် အနာဂတ၀ံကျမ်းမှ ဖွဲ့ဆိုထားခြင်းပင်ဖြစ်သည်။

      ``အကျွန်ုပ်တို့ပြောသော ကယ်တင်ရှင်သည် ၀တ်ဖြူစင်ကြယ်ဖြင့်
      ကြယ်စင်နှင့်အမျှ ထွန်းတောက်တော်မူ၏
      ရွှေမဂ္ဂင်ဖေါင်သဖွယ် ဆင်းကြွတော်မူ၍
      နန်းအမတကို ပို့ဆောင်တော်မူလတံ့
      အမည်နာမသည်ကား  ရန်သူဖြစ်လျှက်ပင် မေတ္တာထားသောဘုရားမည်၏
      ထိုအရှင်ကို လျှစ်လျှူမရှုဘဲ ကိုးကွယ်ဆည်းကပ်ကြကုန်အံ့´´

ဗုဒ္ဓဂေါတမ၏ အနာဂတ၀ံ စကားများနှင့် ခရစ်တော်၏ သက်တော်စဉ်ကို ချိန်ထိုးသောအခါတွင် အောက်ပါအတိုင်း ကျွန်ုပ်အဆုံးတိုင်ခဲ့လေသည်။
      ဂေါတမနှင့် ဗြဟ္မဏတို့အမေးအဖြေကား အလွန်တရာမှပင် အရေးပါလှသော မဂ္ဂင်ရှစ်ပါးသို့ဦးဆောင်ညွှန်ပြနေမှန်း သိသာလှပေသည်။ 

၁။ လောကီသားတိုင်း အပြစ်မှ လွတ်မြောက်ရန်လို။
      ဗြဟ္မဏကသူ၏ ဆန္ဒရှိသည့်အတိုင်း ဂေါတမနှင့် ဆွေးနွေးခဲ့ကြခြင်းက ကျွန်ုပ်ကို အဖိုးထိုက်သော သင်္ခန်းစာကို ရစေခဲ့သည်။ ထိုအရာကား လူမျိုးရေး၊ ဘာသာရေးခွဲခြားခြင်းမရှိ၊ နာမ်အသိစိတ်ဖြင့် လူတိုင်းသည် အပြစ်ဆိုသော ၀ဲသြဃမှ လွတ်မြောက်လိုကြခြင်းပင်ဖြစ်သည်
      လူပေါင်းမြောက်များစွာက ကိုးကွယ်ယုံကြည်မှု၏ အန္တိမပန်းတိုင်မသိရှိကြ ဘိုးစဉ်ဘောင်ဆက် ရိုးရာ ဓလေ့တို့နှင့်အညီ ဖာသိဖာသာမျက်ကန်း သဘောဖြင့် ကိုးကွယ်နေကြခြင်းပင်ဖြစ်သည်။ အမှန်တကယ် မိမိတို့၏ လိုအပ်နေချက်များကိုလည်း ကောင်းစွာနားမလည်ကြ ထို့ကြောင့်လည်း ဗုဒ္ဓပြောခဲ့သလို အကျွတ်တရားလမ်းကယ်တင်ရှင်ကိုလည်း စိတ်မ၀င်စားကြခြင်းပင်ဖြစ်သည်။
      ဗြဟ္မဏလိုလူမျိုး မိမိ၏နောင်တမလွန် အကျွတ်တရားလမ်းသို့ သိလို၍ မိမိ၏ ဘ၀အမှန်နှင့် အန္တိမ ပန်းတိုင်ကို ကောင်းစွာ ရှင်းရှင်းလင်းလင်း သိသူ မည်သူမဆိုကြုံဆုံလာမည့်အဟန့်အတား ( မာရ်နတ်မင်း ၏ တားဆီးမှု ) များအားရင်ဆိုင်ကျော်လွားကာ အကျွတ်တရားလမ်းစဉ်ကို ရှာဖွေကိုပေတော့မည်။ 
 
၂။ ကုသိုလ်တပဲ ငရဲတပိဿာ။
      ဗြဟ္မဏာ၏ အမေးဖြစ်သော ``အဘယ်ကဲ့သို့သော တရားကိုရှုမှတ်ခြင်း၊ တောခိုခြင်း၊ ဥပုဒ်စောင့်ခြင်း အားဖြင့် မိမိဘ၀ကို အပြစ်တရားမှ ကင်းလွတ်ရပါအံ့နည်း? ´´ အထက်ပါမေးခွန်းသည် မေးသင့်သော မေးခွန်းဖြစ်၍ လူသားတိုင်း မေးသင့်လှသော စန်းစစ်သင့်သောအရာပင်ဖြစ်သည်။ ဗုဒ္ဓက ထိုမေးခွန်းအတွက် အဖြေစကားကို သုံးခွန်းပေးခဲ့လေသည်။
      ( ၁ ) အပြစ်ကြီးလေးမှု။
      ( ၂ ) အပြစ်နှင့် ကိုယ်ကျင့်တရားကို ကွဲပြားစွာပြောဆိုခြင်း။
      ( ၃ ) အပြစ်ကိုဖယ်ရှားရန်နည်းစနစ်။
            အပြစ်နှင့်ပါတ်သက်၍ ဗုဒ္ဓက ``အပြစ်သည် မိုးထက်မြင့်၍ မြေကြီးထက်နက်၏´´ ဆိုသော အရာသည် မည်သည့်အရာနှင့်မဆို နှိုင်းယှဉ်၍ မရနိုင်ကြောင်း ပြောဆိုခြင်းပင်ဖြစ်သည်။ အဆိုပါစကား သည် အကြွင်းမဲ့ သစ္စာစကားဖြစ်သည် လူသားတို့၏ ကိုးကွယ်ရာဖြစ်သော ဘုရားရှင်၏ စကားတော်အား နားမထောင်ခြင်းနှင့် ထိုအရှင်အစား ရုပ်တုဆင်းတုတို့ကို ပြုလုပ်ကိုးကွယ် ချီးမြောက်ခြင်းတို့သည် လူသားတို့၏ မဟာအမှားပင်ဖြစ်သော ပြစ်မှားခြင်းပင်ဖြစ်သည် ( ရောမ ၁း၂၁ )။
      လူသည် စာတန်မာရ်နတ်အားနာခံ ကိုးကွယ်ခြင်းဖြင့် အပြစ်တရားစခဲ့သည် ( ကမ္ဘာဦး ၃း၁-၇ ) ၊ တဖန် ဖန်ဆင်းရှင်အစား ဖန်ဆင်းခံအရာများကို ကိုးကွယ်ခဲ့ကြသည် ( ရောမ ၁း၂၁-၂၅ )။ ထိုအရာတို့သည် ကြီးမားဆုံးသော ကံကြီးထိုက်စေသည့် အပြစ်ဖြစ်သောကြောင့်  အပြစ်တရားကို မပယ်ခွါနိုင်ဘဲ အပြစ်၏ အဖိုးအခအဖြစ် သေခြင်းတည်းဟူသော ရလာဒ်ကို ခံစားရခြင်းပင်ဖြစ်သည်။
      ဗုဒ္ဓက အပြစ်နှင့် ကိုယ်ကျင့်တရားကို ကောင်းစွာ ရှင်းပြခဲ့ပြီး `` အကုသလံ ကုသလံ´´ ဆိုသော စကားဖြင့် အပြစ်နှင့် ကင်းလွတ်သော ကောင်းသောအမှုကို ပြုသောသူမရှိကြောင်းဆိုခဲ့လေသည်။ ထို့ကြောင့် မည်သူမဆို မိမိ၏ ကိုယ်ကျင့်တရားအားဖြင့်  အကျွတ်တရားကို ရယူလိုသောသူတိုမည်သည် ဗုဒ္ဓ၏သွန်သင်ချက်နှင့် လားလားမှ မဆိုင်လွဲမှားနေသော ဒိဌိအယူမှားများပင်ဖြစ်သည်။ လူသည် အပြစ်တရားအား မည်သို့ မှ ပယ်သတ်နိုင်စွမ်းမရှိ၊ မိမိ၏ ဘာသာတရားနှင့် အဖွဲ့အစည်းတွင်လည်း မှီခိုကိုးစား၍ မရပါ၊ အကြောင်းမူကား `` ကောင်းကင်အောက် မြေကြီးပေါ်တွင် ထိုသခင်ယေရှုခရစ်၏ နာမတော်မှ တပါး အခြားကယ်တင်နိုင်သော အရှင်မရှိ´´ ( တမန်တော် ၄း၁၂ ) ဟု အတိအလင်း ဆိုထားပါသည်။ ထို့ကြောင့်လည်း ဗုဒ္ဓက သူ၏နောက်တွင် ပေါ်ထွန်းတော်မူမည့် ရန်သူဖြစ်လျှက်ပင် မေတ္တာထားသော ကယ်ချွတ်ရှင်ကို စောင့်မျှော်ရန် အနာဂတ္တိစကားများဖြင့် ကျွန်ုပ်တို့အား မှာကြားထား ခဲ့ခြင်းပင်ဖြစ်သည်။ 
 
၃။ ဗုဒ္ဓပြောသောကယ်ချွတ်ရှင်။
      သမ္မာကျမ်းစာတွင် ယောဟန် ၄း၂၅ တွင်ကြည့်ပါက ဗုဒ္ဓခေတ်တွင် အိန္ဒိယလူမျိုးများက ကယ်တင်ရှုကို မျှော်လင့်နေသကဲ့သို့ ဂျူးလူမျိုးတို့ကလည်း ကယ်တင်ရှင်ကို မျှော်လင့်စောင့်စားနေခဲ့ကြပါသည်။ အိန္ဒိယအနွယ်များနှင့် ဗုဒ္ဓဘာသာဝင်အားလုံးတို့က ဘုရားရှင်ကို၎င်း၊ ရှမာရိနှင့် ဂျူးတို့က၎င်း မေရှိယ ( ကယ်ချွတ်ရှင် ) ကိုမျှော်လင့်နေကြသည်မှာ တစ်ဆူတည်းသော ကယ်တင်ရှင် ယေရှုခရစ်တော်ဘုရားကိုပင် မျှော်လင့်စောင့်စားနေကြခြင်းပင်ဖြစ်သည်။ ကြွလာတော်မူမည့် `ဘုရားရှင်သည်´ ဗုဒ္ဓ၏ အနာဂတ္တိစကား နှင့် ထပ်တူ ခရစ်တော်၏ သက်တော်စဉ်တွင် လုံးဝဥဿုံ ပြည့်စုံစေခဲ့ပါသည်။
      ခရစ်တော်၏ ဒုက္ခရစရိယာကို ကြားနာရသည်တွင် ဗုဒ္ဓ၏ဆိုလိုရင်းကို ကောင်းစွာ သဘောပေါက် နားလည်လာခဲ့ရသည်။ လက်ဖ၀ါးတော်နှင့် ခြေတော်အစုံတွင် သံမှိုစွဲခြင်းခံရမည်ဆိုသည့်အတိုင်း ခရစ်တော် အား လောကီအမိုက်သားတို့က ပြုခဲ့ကြပါသည်။  သောမက ``ငါသည် ခြေတော်နှင့် လက်တော်၊ နံဘေးတော်ရှိ ဒါဏ်ချက်ရာအား ကိုယ်တိုင် ကိုင်တွယ်ခြင်းမပြုရသ၍ မယုံ´´ ဟူ၍ ဆိုခဲ့သည် မဟုတ်ပါလား?။ ခရစ်တော်သည် အလုံပိတ်ထားသော အိမ်အတွင်းသို့ ကြွရောက်တော်မူလာပြီးလျှင် ``ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေ…… သောမသင်သည် ငါ၏လက်ခြေနှင့် နံဘေးတော်အား လာ၍ကြည်ရှုလော ယုံမှားခြင်းမရှိလင့် … ´´ ဟူ၍ မိန်တော်မူခဲ့လေသည် ( ယောဟန် ၂၀း ၂၅-၂၇ )။
      နံဘေးတော်တွင် လှံချက်ရာသည် အထင်အရှား၊ ရောမစစ်သည် တစ်ဦးက ထိုးဖေါက်ခဲ့သောအခါ နံဘေးတော်မှ အသွေးတော်နှင့် ရေသည် စီးကြတော်မူလေသည် ( ယောဟန် ၁၉း၃၄ )။ ဦးရစ်တော်ရှိ ဒါဏ်ချက်တော်တို့သည်ကား ဆူးရစ်သရဖူ၏ အကျိုးဆက်ကြောင့်ပင်ဖြစ်သည် ( မဿဲ ၂၇း၂၉ )။ ထို့အတူ ``ဤသူသည်ကား ယုဒလူတို့၏ ရှင်ဘုရင်ပေတည်း´´ ဆိုသော လှောင်ပြောင်ကဲ့ရဲ့ခြင်းပင် မဟုတ်လော (မဿဲ ၂၇း၃၅ )။ 
 
၎။ထိုအရှင်သည် မဂ္ဂင်ဖေါင်ကူးတိုးပင်ဖြစ်သည်။
      ၎င်းသည်ကား သံသရာဝဋ်ဆင်းရဲမှ လွတ်ငြိမ်းရာ ``ငါသည် လမ်းခရီး၊ သမ္မာတရား၊ အသက်ဖြစ်၏´´ ဆိုသော ခရစ်တော်ဘုရားပင်ဖြစ်သည်။ ``သင်တို့သည် စိုးရိမ်ပူပန်ခြင်း မရှိကြနှင့် ဘုရားသခင်ကိုလည်း ယုံကြည်ကြလော၊ ငါ့ကိုလည်း ယုံကြည်ကြလော ငါ၏ အဖအိမ်၌ နေစရာ အခန်းများစွာရှိ၏၊ သင်တို့နေစရာအဘို့ပြင်ဆင်ခြင်းငှါ  ငါသွားရမည်၊ သို့မဟုတ်လျှင် မဟုတ်ကြောင်းငါပြောမည်…. ငါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏၊ အသက်လည်းဖြစ်၏၊ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံတော်သို့ မရောက်ရာ´´ ဟူ၍ ခရစ်တော်ဘုရား မိန့်တော်မူခဲ့လေသည် ( ယောဟန် ၁၄း၁-၃၊၆ )။ ဘုရားရှင်ပြင်ဆင်ပေးသော မဂ္ဂင်ဖေါင်ကူးတိုးဖြင့် လူတို့သည် အကန့်အသတ်မရှိ တိုးဝင်ကာ အကျွတ်တရားလမ်း နန်းအမတကို တက်လှမ်းနိုင်ကြပေသည်။ 
 
၅။ မီးလျှံကဲ့သို့သော ဥပစ္ဇျာယ်ဆရာ နှလုံးတွင် ကိန်းဝပ်မည်။
      ၎င်းသည် သန့်ရှင်းသော ၀ိညာဉ်တော်ကို ညွှန်းဆိုခြင်းဖြစ်သည်။ ``ငါ့ကိုချစ်လျှင် ငါ့ပညာတ်တို့ကို စောင့်ရှောက်ကြလော …  ခမည်းတော်သည် သမ္မာတရားကိုပြသော ၀ိညာဉ်တော်တည်းဟူသော တစ်ပါးသော ဥပစ္ဇျာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အား ပေးတော်မူမည်´´ ( ယောဟန် ၁၄း၁၅-၁၆ )။ အထက်ပါ ကတိတော်နှင့်အညီ တပည့်သာဝကတို့သည် တည်ရှိနေရာ အထက်ခန်းမအတွင်းသို့ မီးလျှံသဖွယ် ဥပစ္ဇျာယ်ဆရာသည် ကြွဆင်းတော်မူခဲ့လေသည်။ 
 
၆။ ရတနာသုံးပါး အဖြစ်တော်ဘုရား။
      ၎င်းရတနာသုံးပါးသည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်ကို ညွှန်းဆိုခြင်းပင် ဖြစ်သည် ၊ ( မဿဲ ၃း၁၃-၁၇ ) အထက်ပါကျမ်းစာတော်မြတ်တွင်ကား ``ထိုအခါယေရှုသည် ဗတ္တိဇံကို ခံအံ့သောငှါ ဂါလိလဲပြည်မှယော်ဒန်မြစ်နား ယောဟန်ထံသို့ ကြွတော်မူ၏။ ယောဟန်ကလည်း၊ အကျွန်ုပ် သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကိုခံရမည်အကြောင်း ရှိပါသည်ဖြစ်၍၊ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူသလော ဟု ယေရှုကိုဆီးတားလေ၏။ ယေရှုကလည်းအလုံးစုံသောတရားတို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ်၍၊  ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါယောဟန်သည်ဝန်ခံလေ၏။ ယေရှုသည် ဗတ္တိဇံ ကိုခံတော်မူပြီးလျှင်၊ ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကို မြင်ရ၍၊ ဤသူကားငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း ဟု ကောင်းကင်ကအသံတော်ဖြစ်လေ၏။´´ ဗျာဒိတ် ၄း၂-၃ တွင်လည်း `` ထိုအခါ ဝိညာဉ်တော်ကို ငါသည် ချက်ခြင်းခံရ၍၊ ကောင်းကင်ဘုံ၌ ပလ္လင်တခုတည်လျက်ရှိ၏။ ပလ္လင်ပေါ်မှာထိုင်သောသူ လည်းရှိ၏။ ထိုသူ၏အဆင်း အရောင်သည် နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်နှင့်တူ၏။´´ အတိအလင်းမိန့်မြွတ်ထားလေသည်။ 
 
၇။ အရိမေတ္တယျအဓိပ္ပါယ် ကယ်ချွတ်ရှင်။
      မေတ္တယျ အဓိပ္ပါယ်ကား မေတ္တာရှင်၊ ကရုဏာရှင်၊ ကျေးဇူးပြုသောအရှင်ပင်ဖြစ်သည်။ ဤလောကတွင် ခရစ်တော်ဘုရား၏ မေတ္တာ၊ ကရုဏာနှင့် ယှဉ်လောက်သော သူတစ်စုံတစ်ဦးမှ မရှိခဲ့ပါ။ ခရစ်တော်သည် လောကီသားတို့အား ကားတိုင်ပေါ်၌ အသက်တော်ကို စွန့်တော်မူသည့်တိုင်အောင် အပြစ်သားများ ဖြစ်ကြသော လောကီသားတို့အား ကရုဏာထားတော်မူခဲ့လေသည်။ ခရစ်တော်ဘုရား ယုံကြည်လက်ခံ သော သူတို့သည် ပျက်စီးခြင်းသို့မရောက် ထာဝရ အပြစ်စီရင်ခြင်းမှ လွတ်ကင်းလေသည် ( ယောဟန် ၃း၁၆၊ ၅း၂၄၊ ၁ ယော ၄း၇ )။ ထို့ကြောင့်လည်း ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် ကြောင့် အသေခံတော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏ ( ရောမ ၅း၈၊ ယောဟန် ၁၅း၁၃ )။ ကျွန်ုပ် ဗုဒ္ဓဘာသာတွင် ဘုရားနှင့်လူသည် ရန်ဘက်ဟူ၍ဖြစ်စရာ အကြောင်းလုံးဝမရှိပါလေ၊ သမ္မာကျမ်းစာတွင်ကား ဘုရားဖန်ဆင်းတော်မူခဲ့သောလူသည် နားမထောင်ခြင်းကြောင့် ဘုရားစာရေ၊ တရားစာရေသင့်ကာ အပြစ်သား၊ ရန်သူဘ၀သို့ ရောက်ခဲ့ရကြောင်းကို အတိအလင်းပင် ဆိုထားခဲ့လေ သည်။ ဖန်ဆင်းခံများဖြစ်သောကြောင့် ``ငါတို့သည်ကား နွယ်တော်သားပင် ဘုရားမျိုးပင် ဖြစ်ကြလေ သည်´´ ဟုစာဆိုရှိခဲ့ကြခြင်းပင်ဖြစ်သည် 
 
၈။ ကောင်းကင်ဘုံလော၊ နိဗ္ဗာန်လော?
      နှစ်ခုလုံးသည် သေသည်၏ အခြားတစ်ဖက်၌ ယုံကြည်ကြသော်လည်း နားလည်မှုခြင်းကား လုံးဝ မတူညီကြပါ။ ဗုဒ္ဓဘာသာတွင် အဓိပ္ပါယ်နှစ်မျိုးဖြင့် ယုံကြည်ကြပါသည်။ ၎င်းမှာ -
      ( ၁ ) လူသည် သေပြီးနောက်အရာခပ်သိမ်းချုပ်ငြိမ်းခြင်း။
      ( ၂ ) အို၊ နာ၊ သေခြင်းကင်းသော အန္တိမသုခချမ်းသာဘုံ ဟူ၍ဖြစ်သည်။
      ခရစ်ယာန်တို့၏ ယုံကြည်ချက်ကား ကောင်းကင်ဘုံသည် ဘုရားမြတ် စံပါယ်တော်မူရာဖြစ်ပြီး၊ ဘုရားအနွယ်ဝင် သူတော်စဉ်တို့သည် ထိုနေရာ၌ အန္တိမ သုခချမ်းသာကို ခံစားကြရမည်ဖြစ်သည်။ ကောင်းကင်ဘုံသည် ပိုင်ရှင်ရှိသောကြောင့် လူတို့သည် ကြိုက်ရာနည်းလမ်းဖြင့် သွား၍မရနိုင်ရာ၊ ချမှတ်ထားသော နည်းလမ်းဖြင့်သာ သွားရောက်နိုင်သည်။ ယေရှုခရစ်တော်ဘုရားက သွား၍ နေစရာအရပ် အခန်းများကို ပြင်ဆင်မည်ဟု မိန့်တော်မူသောပိုင်ရှင်ပင်ဖြစ်ပါသည် ( ယောဟန် ၁၄း၁-၃ )။ ထိုအတူ လမ်းခရီးလည်းဖြစ်တော်မူပါသည် ``ငါသည် လမ်းခရီး၊ သမ္မာတရား၊ အသက်လည်းဖြစ်၏ ငါ့ကို အမှီမပြု လျှင် အဘယ်သူမျှ ခမည်းတော်ထံတော်သို့ မရောက်နိုင်´´ ( ယောဟန် ၁၄း၆ )။ ထိုနည်းတူ `` ကောင်းကင်နိုင်ငံတော်၏ တံခါးဝင်ပေါက်´´ ဖြစ်ကြောင်းလည်း ဆိုထားမိန့်တော်မူခဲ့လေသည် ( ယောဟန် ၁၀း၉-၁၀ ) `` ငါသည် တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ်မည်။ သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်ဖြင့်ပြည့်စုံစေခြင်းငှါ လာသတည်း။ ´´။ 
      ကောင်းကင် သို့မဟုတ် နိဗ္ဗာန်သို့ ၀င်ရောက်ရာလမ်းသည် ခရစ်တော်ဘုရားမှ တစ်ပါး အခြားလမ်းခရီးမရှိကြောင်းကို ကျွန်တော် ကောင်းစွာသိမြင်လာရပါလေတော့သည်။